အရေပြားပေါ်က ခပ်ဝိုင်းဝိုင်း အကွက်က စုန်းစုပ်တာ တဲ့လား ......

အရေပြားပေါ်က ခပ်ဝိုင်းဝိုင်း အကွက်က စုန်းစုပ်တာ တဲ့လား ...... - Property Knowledge in Myanmar from iMyanmarHouse.com
14 Sep 2022 11:33 am တွင် တင်ခဲ့သည်
2837 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မနေ့ညက အိပ်တဲ့အထိ ဘာအကွက်မှ ရှိမနေပါဘူး။ မနက်နိုးတော့မှ တဆစ်ဆစ် နာတယ်ဆိုပြီး ကြည့်လိုက်တော့ ပေါင်မှာ အကွက်လိုက်ကြီး ဖြစ်နေတယ်။ ခပ်ညိုညိုကြီး ဘာဖြစ်တာလဲ မသိဘူး။ သိလောက်မယ်ထင်တဲ့ သူတွေကို မေးကြည့်တော့လည်း စုန်းစုပ်တာ တဲ့။ စုန်းက ချစ်လို့ စုပ်တာ မုန်းရင် လုပ်တယ်။ ဘာမှ သွားမလုပ်နဲ့နော်။ ဒီအတိုင်းသာ ထားလိုက် သူ့ဘာသာ သူပျောက်သွားလိမ့်မယ်။

ဘယ်သူလဲ သိချင်ရင်တော့ နနွင်းမှုန့်လေး လိမ်း ဒါမှမဟုတ်ရင် စကောကို သွေးလိမ်းထားလိုက် လုပ်ထားတဲ့ စုန်းက စကော လာငှားလိမ့်မယ်။ နနွင်း လာချေးလိမ့်မယ်ဆိုတာတွေကို ငယ်ကတည်းက ကြားဖူးခဲ့မယ် ထင်ပါတယ်။

ဒါက တကယ်လား ….. ယုံတမ်း စကား သက်သက်လား …… သိပ္ပံနည်းလမ်းကျကျ လေ့လာမှု ရလဒ်တွေကရော ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

အရေပြားပေါ်က ခပ်ဝိုင်းဝိုင်း အကွက်က စုန်းစုပ်တာတဲ့လား ………

အရေပြားပေါ်မှာ ညက မရှိပါဘူး မနက်မှ ဖြစ်လာတာဆိုတဲ့ အညိုရောင် ခပ်ဝိုင်းဝိုင်း အကွက်တွေက စုန်းစုပ်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာပါ။

ဒီလို အညိုအမည်းကွက်တွေ ဖြစ်ရတာက တစ်ချက် မကပါဘူး။ အကြောင်းအရင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကို အတူတူဆက်ကြည့်လိုက်ရအောင်လား …….

အရေပြားမှာ ဘာကြောင့် အညိုအမည်း ဖြစ်ရတာလဲ …….

အရေပြားမှာ အညိုအမည်း ဖြစ်ရတဲ့ အကြောင်းအရင်းက အရေပြားအောက်ဘက်မှာ သွေးတွေ စုသွားတာကြောင့်ပါ။ သေးငယ်တဲ့ ဆံချည်မျှင် သွေးကြောလေးတွေ ပျက်စီးတာကြောင့် အရေပြားမှာ အညိုအမည်း စွဲရတာပါ။

ဒီလို ဖြစ်တာကလည်း ပြုတ်ကျတာ၊ တစ်ခုခုကို အားနဲ့ ဝင်တိုက်မိတာ၊ အရေပြားပေါ်ကို ဝိတ်ပါတဲ့အရာ တစ်ခုခုက အရှိန်နဲ့ ကျလာတဲ့အခါမျိုးမှာ အရေပြားမှာ အညိုအမည်း စွဲနိုင်ပါတယ်။ အားပြင်းပြင်းနဲ့ ထိခိုက်မယ်မယ်ဆိုရင်တော့ အရိုးတွေအထိပါ ထိခိုက်နိုင်ပြီး အတွင်းပိုင်းထဲက သွေးယိုစီးတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

ပြင်းပြင်းထန်ထန် ထိခိုက်မိတာကြောင့် အညိုအမည်းစွဲတာဆိုရင် ရက်သတ္တပတ် အတော်ကြာ ကုသရပေမယ့် သိပ်မပြင်းထန်ဘူးဆိုရင်တော့ ရက်အနည်းငယ်အတွင်းမှာ သက်သာသွားနိုင်ပါတယ်။

အညိုအမည်း စွဲတဲ့ အကြောင်းအရင်းကို လူတိုင်း မှတ်မိမယ် ထင်လား ……

အညိုအမည်း စွဲတာက လူတိုင်းမှာ ဖြစ်တတ်ပါတယ်။ ဖြစ်တဲ့အကြောင်းအရင်းကို သေချာ မှတ်မိသူက ရှားပါတယ်။ လူအများစုက အညိုအမည်း စွဲတဲ့အခါ အရေပြားမှာ အကွက်ပေါ်လာမှ သိတာဖြစ်သလို တဆစ်ဆစ် နာမှ သိကြတာ များပါတယ်။

အရေပြားပေါ်က ခပ်ဝိုင်းဝိုင်း အကွက်က စုန်းစုပ်တာ မဟုတ်ပါဘူး။

အရေပြားပေါ်က ခပ်ဝိုင်းဝိုင်း အညိုအမည်း အကွက်တွေက စုန်းစုပ်တာ မဟုတ်ပါဘူး။ ဒီအချက်တွေကြောင့် ဖြစ်ရတာပါ။

မျိုးရိုးလိုက်တာ

အရေပြားမှာ အညိုအမည်းဖြစ်တာက မျိုးရိုး လိုက်တတ်တဲ့ အခြေအနေ တစ်ရပ်ပါ။ မိဘတွေ၊ ဆွေမျိုးတွေထဲမှာ အညိုအမည်းစွဲတာ ဖြစ်လွယ်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အညိုအမည်း ဖြစ်လွယ်ပါတယ်။

ဆေးဝါးတွေ

သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း အရေပြားမှာ အညိုအမည်းအကွက်တွေ ဖြစ်လွယ်နိုင်ပါတယ်။ အကြောင်းကတော့ အချို့သော ဆေးဝါးတွေက သွေးကျဲစေတာ၊ သွေးထွက် များစေတာတွေကြောင့် အရေပြားမှာ အညိုအမည်း စွဲတာမျိုးတွေ ခံစားရနိုင်ပါတယ်။

အသက်အရွယ်

အသက်အရွယ် ရလာတဲ့အခါ သွေးကြောတွေက အားနည်းလာသလို အရေပြားတွေကလည်း ပါးလာပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း အနည်းငယ် ထိခိုက်မိရုံနဲ့ အရေပြားမှာ အညိုအမဲ အကွက်တွေ ဖြစ်နိုင်ပါတယ်။

အရက်သောက်တာ

အရက်အလွန်အကျွံ သောက်တာကလည်း အသည်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျစေနိုင်သလို သွေးခဲနိုင်စွမ်း ကျစေပြီး အရေပြားမှာ အညိုအမည်းစွဲတာမျိုးတွေ ခံစားရနိုင်ပါတယ်။

အသည်းရောဂါ

အသည်းရောဂါတွေ ဖြစ်ကြတဲ့ အသည်းခြောက်တာ၊ အသည်းမှာ အမာရွတ်ဆဲလ်တွေ များတာ၊ အသည်းက သွေးတိတ်စေတဲ့ပရိုတင်းတွေကို လုံလောက်အောင် မထုတ်နိုင်တော့တဲ့အခါမျိုးမှာ အရေပြားမှာ အညိုအမည်းတွေ ဖြစ်တာ အကွက်ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

သွေးကျဲတာ

မျိုးရိုးလိုက်တာကြောင့် ဖြစ်ဖြစ် ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်ဖြစ် သွေးကျဲတာ၊ သွေးခဲနှေးတာမျိုး ခံစားရတဲ့အခါမျိုးမှာ သွေးထွက်တာ ပုံမှန် မဟုတ်တဲ့ အခြေအနေကို ခံစားရနိုင်ပါတယ်။

ဒီလို ခံစားရတဲ့ အခါမျိုးမှာလည်း အရေပြားမှာ အညိုအမည်း စွဲတာမျိုး ခံစားရနိုင်ပါတယ်။

ဗီတာမင် ချို့တဲ့တာ

အချို့သော ဗီတာမင်တွေက ခန္ဓာကိုယ်မှာ အနာကျက်စေဖို့နဲ့ သွေးခဲစေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့တဲ့အခါ သွားဖုံး သွေးယိုတာ၊ အနာမကျက်တာ၊ အညိုအမည်း စွဲလွယ်တာမျိုး ခံစားရနိုင်ပါတယ်။

ဗီတာမင် K နည်းတာကလည်း သွေးမြန်မြန် တိတ်အောင် သွေးခဲစေဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

သွေးကြောတွေ ရောင်ရမ်းခြင်း (Vasculitis)

သွေးကြောတွေ ရောင်တာကို ခံစားရတဲ့ အခါမျိုးမှာလည်း သွေးထွက် များတာ၊ အညိုအမဲ စွဲတာတွေကို ခံစားရနိုင်ပါတယ်။ သွေးကြောတွေ ရောင်ရမ်းခြင်း (Vasculitis) ကိုခံစားရတဲ့အခါ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာ၊ ခြေလက်တွေ ထုံကျဉ်တာ၊ ပါးစပ်ထဲမှာ အနာဖြစ်တာ၊ အရေပြားမှာ အထုအပိမ့်တွေ ဖြစ်တာ၊ အရေပြားပေါ်မှာ ခရမ်းရောင် အကွက်တွေ ဖြစ်တာမျိုးကို ခံစားရနိုင်ပါတယ်။

ကင်ဆာ

အရေပြားပေါ်မှာ အညိုအမည်း အကွက်တွေ ဖြစ်တာက တစ်ခါတလေမှာ ကင်ဆာရောဂါ လက္ခဏာ တစ်ရပ် ဖြစ်နေတတ်ပါတယ်။ ကင်ဆာထဲမှာမှ သွေးကင်ဆာလိုမျိုး ကင်ဆာ အမျိုးအစားက သွေးတွေနဲ့ ရိုးတွင်းခြင်ဆီတွေကို ထိခိုက်စေနိုင်ပါတယ်။

ကဲ ……. အရေပြားမှာ ဖြစ်တဲ့ အညိုအမည်းစွဲတာက စုန်းစုပ်တာ မဟုတ်ပါဘူး။ အခုလို ကျန်းမာရေးပြဿနာတွေကြောင့်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: hellosayarwon

 

[Zawgyi]

အေရျပားေပၚက ခပ္ဝိုင္းဝိုင္း အကြက္က စုန္းစုပ္တာ တဲ့လား ......

 

မေန႔ညက အိပ္တဲ့အထိ ဘာအကြက္မွ ႐ွိမေနပါဘူး။ မနက္ႏိုးေတာ့မွ တဆစ္ဆစ္ နာတယ္ဆိုၿပီး ၾကည့္လိုက္ေတာ့ ေပါင္မွာ အကြက္လိုက္ႀကီး ျဖစ္ေနတယ္။ ခပ္ညိဳညိဳႀကီး ဘာျဖစ္တာလဲ မသိဘူး။ သိေလာက္မယ္ထင္တဲ့ သူေတြကို ေမးၾကည့္ေတာ့လည္း စုန္းစုပ္တာ တဲ့။ စုန္းက ခ်စ္လို႔ စုပ္တာ မုန္းရင္ လုပ္တယ္။ ဘာမွ သြားမလုပ္နဲ႔ေနာ္။ ဒီအတိုင္းသာ ထားလိုက္ သူ႕ဘာသာ သူေပ်ာက္သြားလိမ့္မယ္။

ဘယ္သူလဲ သိခ်င္ရင္ေတာ့ နႏြင္းမႈန္႔ေလး လိမ္း ဒါမွမဟုတ္ရင္ စေကာကို ေသြးလိမ္းထားလိုက္ လုပ္ထားတဲ့ စုန္းက စေကာ လာငွားလိမ့္မယ္။ နႏြင္း လာေခ်းလိမ့္မယ္ဆိုတာေတြကို ငယ္ကတည္းက ၾကားဖူးခဲ့မယ္ ထင္ပါတယ္။

ဒါက တကယ္လား ….. ယုံတမ္း စကား သက္သက္လား …… သိပၸံနည္းလမ္းက်က် ေလ့လာမႈ ရလဒ္ေတြကေရာ ဘာေတြျဖစ္မလဲဆိုတာကို ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ေနာ္။

အေရျပားေပၚက ခပ္ဝိုင္းဝိုင္း အကြက္က စုန္းစုပ္တာတဲ့လား ………

အေရျပားေပၚမွာ ညက မ႐ွိပါဘူး မနက္မွ ျဖစ္လာတာဆိုတဲ့ အညိဳေရာင္ ခပ္ဝိုင္းဝိုင္း အကြက္ေတြက စုန္းစုပ္တာ မဟုတ္ပါဘူး။ ခႏၶာကိုယ္မွာ က်န္းမာေရး ျပႆနာ တစ္ခုခု ႐ွိေနတယ္ဆိုတာကို ေဖာ္ျပေနတဲ့ လကၡဏာပါ။

ဒီလို အညိဳအမည္းကြက္ေတြ ျဖစ္ရတာက တစ္ခ်က္ မကပါဘူး။ အေၾကာင္းအရင္း အမ်ိဳးမ်ိဳး ႐ွိႏိုင္ပါတယ္။ ဘာေတြျဖစ္မလဲဆိုတာကို အတူတူဆက္ၾကည့္လိုက္ရေအာင္လား …….

အေရျပားမွာ ဘာေၾကာင့္ အညိဳအမည္း ျဖစ္ရတာလဲ …….

အေရျပားမွာ အညိဳအမည္း ျဖစ္ရတဲ့ အေၾကာင္းအရင္းက အေရျပားေအာက္ဘက္မွာ ေသြးေတြ စုသြားတာေၾကာင့္ပါ။ ေသးငယ္တဲ့ ဆံခ်ည္မွ်င္ ေသြးေၾကာေလးေတြ ပ်က္စီးတာေၾကာင့္ အေရျပားမွာ အညိဳအမည္း စြဲရတာပါ။

ဒီလို ျဖစ္တာကလည္း ျပဳတ္က်တာ၊ တစ္ခုခုကို အားနဲ႔ ဝင္တိုက္မိတာ၊ အေရျပားေပၚကို ဝိတ္ပါတဲ့အရာ တစ္ခုခုက အ႐ွိန္နဲ႔ က်လာတဲ့အခါမ်ိဳးမွာ အေရျပားမွာ အညိဳအမည္း စြဲႏိုင္ပါတယ္။ အားျပင္းျပင္းနဲ႔ ထိခိုက္မယ္မယ္ဆိုရင္ေတာ့ အ႐ိုးေတြအထိပါ ထိခိုက္ႏိုင္ၿပီး အတြင္းပိုင္းထဲက ေသြးယိုစီးတာမ်ိဳးအထိ ျဖစ္ႏိုင္ပါတယ္။

ျပင္းျပင္းထန္ထန္ ထိခိုက္မိတာေၾကာင့္ အညိဳအမည္းစြဲတာဆိုရင္ ရက္သတၱပတ္ အေတာ္ၾကာ ကုသရေပမယ့္ သိပ္မျပင္းထန္ဘူးဆိုရင္ေတာ့ ရက္အနည္းငယ္အတြင္းမွာ သက္သာသြားႏိုင္ပါတယ္။

အညိဳအမည္း စြဲတဲ့ အေၾကာင္းအရင္းကို လူတိုင္း မွတ္မိမယ္ ထင္လား …… အညိဳအမည္း စြဲတာက လူတိုင္းမွာ ျဖစ္တတ္ပါတယ္။ ျဖစ္တဲ့အေၾကာင္းအရင္းကို ေသခ်ာ မွတ္မိသူက ႐ွားပါတယ္။ လူအမ်ားစုက အညိဳအမည္း စြဲတဲ့အခါ အေရျပားမွာ အကြက္ေပၚလာမွ သိတာျဖစ္သလို တဆစ္ဆစ္ နာမွ သိၾကတာ မ်ားပါတယ္။

အေရျပားေပၚက ခပ္ဝိုင္းဝိုင္း အကြက္က စုန္းစုပ္တာ မဟုတ္ပါဘူး။

အေရျပားေပၚက ခပ္ဝိုင္းဝိုင္း အညိဳအမည္း အကြက္ေတြက စုန္းစုပ္တာ မဟုတ္ပါဘူး။ ဒီအခ်က္ေတြေၾကာင့္ ျဖစ္ရတာပါ။

မ်ိဳး႐ိုးလိုက္တာ

အေရျပားမွာ အညိဳအမည္းျဖစ္တာက မ်ိဳး႐ိုး လိုက္တတ္တဲ့ အေျခအေန တစ္ရပ္ပါ။ မိဘေတြ၊ ေဆြမ်ိဳးေတြထဲမွာ အညိဳအမည္းစြဲတာ ျဖစ္လြယ္တယ္ဆိုရင္ သင္ကိုယ္တိုင္ကလည္း အညိဳအမည္း ျဖစ္လြယ္ပါတယ္။

ေဆးဝါးေတြ

ေသာက္သုံးေနရတဲ့ ေဆးဝါးေတြေၾကာင့္လည္း အေရျပားမွာ အညိဳအမည္းအကြက္ေတြ ျဖစ္လြယ္ႏိုင္ပါတယ္။ အေၾကာင္းကေတာ့ အခ်ိဳ႕ေသာ ေဆးဝါးေတြက ေသြးက်ဲေစတာ၊ ေသြးထြက္ မ်ားေစတာေတြေၾကာင့္ အေရျပားမွာ အညိဳအမည္း စြဲတာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။

အသက္အ႐ြယ္

အသက္အ႐ြယ္ ရလာတဲ့အခါ ေသြးေၾကာေတြက အားနည္းလာသလို အေရျပားေတြကလည္း ပါးလာပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာလည္း အနည္းငယ္ ထိခိုက္မိ႐ုံနဲ႔ အေရျပားမွာ အညိဳအမဲ အကြက္ေတြ ျဖစ္ႏိုင္ပါတယ္။

အရက္ေသာက္တာ

အရက္အလြန္အကြၽံ ေသာက္တာကလည္း အသည္းရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို က်ေစႏိုင္သလို ေသြးခဲႏိုင္စြမ္း က်ေစၿပီး အေရျပားမွာ အညိဳအမည္းစြဲတာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။

အသည္းေရာဂါ

အသည္းေရာဂါေတြ ျဖစ္ၾကတဲ့ အသည္းေျခာက္တာ၊ အသည္းမွာ အမာ႐ြတ္ဆဲလ္ေတြ မ်ားတာ၊ အသည္းက ေသြးတိတ္ေစတဲ့ပ႐ိုတင္းေတြကို လုံေလာက္ေအာင္ မထုတ္ႏိုင္ေတာ့တဲ့အခါမ်ိဳးမွာ အေရျပားမွာ အညိဳအမည္းေတြ ျဖစ္တာ အကြက္ျဖစ္တာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။

ေသြးက်ဲတာ

မ်ိဳး႐ိုးလိုက္တာေၾကာင့္ ျဖစ္ျဖစ္ က်န္းမာေရးျပႆနာ တစ္ခုခုေၾကာင့္ ျဖစ္ျဖစ္ ေသြးက်ဲတာ၊ ေသြးခဲေႏွးတာမ်ိဳး ခံစားရတဲ့အခါမ်ိဳးမွာ ေသြးထြက္တာ ပုံမွန္ မဟုတ္တဲ့ အေျခအေနကို ခံစားရႏိုင္ပါတယ္။

ဒီလို ခံစားရတဲ့ အခါမ်ိဳးမွာလည္း အေရျပားမွာ အညိဳအမည္း စြဲတာမ်ိဳး ခံစားရႏိုင္ပါတယ္။

ဗီတာမင္ ခ်ိဳ႕တဲ့တာ

အခ်ိဳ႕ေသာ ဗီတာမင္ေတြက ခႏၶာကိုယ္မွာ အနာက်က္ေစဖို႔နဲ႔ ေသြးခဲေစဖို႔ လုပ္ေဆာင္ေပးပါတယ္။ ခႏၶာကိုယ္မွာ ဗီတာမင္ C ခ်ိဳ႕တဲ့တဲ့အခါ သြားဖုံး ေသြးယိုတာ၊ အနာမက်က္တာ၊ အညိဳအမည္း စြဲလြယ္တာမ်ိဳး ခံစားရႏိုင္ပါတယ္။

ဗီတာမင္ K နည္းတာကလည္း ေသြးျမန္ျမန္ တိတ္ေအာင္ ေသြးခဲေစဖို႔ အဟန္႔အတား ျဖစ္ေစႏိုင္ပါတယ္။

ေသြးေၾကာေတြ ေရာင္ရမ္းျခင္း (Vasculitis)

ေသြးေၾကာေတြ ေရာင္တာကို ခံစားရတဲ့ အခါမ်ိဳးမွာလည္း ေသြးထြက္ မ်ားတာ၊ အညိဳအမဲ စြဲတာေတြကို ခံစားရႏိုင္ပါတယ္။ ေသြးေၾကာေတြ ေရာင္ရမ္းျခင္း (Vasculitis) ကိုခံစားရတဲ့အခါ အသက္႐ွဴတာ ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္တာ၊ ေျခလက္ေတြ ထုံက်ဥ္တာ၊ ပါးစပ္ထဲမွာ အနာျဖစ္တာ၊ အေရျပားမွာ အထုအပိမ့္ေတြ ျဖစ္တာ၊ အေရျပားေပၚမွာ ခရမ္းေရာင္ အကြက္ေတြ ျဖစ္တာမ်ိဳးကို ခံစားရႏိုင္ပါတယ္။

ကင္ဆာ

အေရျပားေပၚမွာ အညိဳအမည္း အကြက္ေတြ ျဖစ္တာက တစ္ခါတေလမွာ ကင္ဆာေရာဂါ လကၡဏာ တစ္ရပ္ ျဖစ္ေနတတ္ပါတယ္။ ကင္ဆာထဲမွာမွ ေသြးကင္ဆာလိုမ်ိဳး ကင္ဆာ အမ်ိဳးအစားက ေသြးေတြနဲ႔ ႐ိုးတြင္းျခင္ဆီေတြကို ထိခိုက္ေစႏိုင္ပါတယ္။

ကဲ ……. အေရျပားမွာ ျဖစ္တဲ့ အညိဳအမည္းစြဲတာက စုန္းစုပ္တာ မဟုတ္ပါဘူး။ အခုလို က်န္းမာေရးျပႆနာေတြေၾကာင့္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service