အဲလိဇဘက်ဘုရင်မကြီး ကံတော်ကုန်ပြီးနောက် ဥယျာဉ်တော်စံအိမ် အငှားဈေးကွက်တင်ထားမှု တော်ဝင်မိသားစုက ဈေးကွက်မှ ပြန်လည်ရုပ်သိမ်း

အဲလိဇဘက်ဘုရင်မကြီး ကံတော်ကုန်ပြီးနောက် ဥယျာဉ်တော်စံအိမ် အငှားဈေးကွက်တင်ထားမှု တော်ဝင်မိသားစုက ဈေးကွက်မှ ပြန်လည်ရုပ်သိမ်း - Property News in Myanmar from iMyanmarHouse.com
14 Sep 2022 10:48 am တွင် တင်ခဲ့သည်
531 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ဘုရင်မကြီး နတ်ရွာစံသွားချိန်တွင် တော်ဝင်မိသားစုက Sandringham ဥယျာဉ်အိမ်တော်ကို Airbnb တွင် တင်ထားခြင်းမှ ပြန်လည်ရုပ်သိမ်းလိုက်သည်။ ဓာတ်ပုံ- Neil Longdin)

အဲလိဇဘက်ဘုရင်မကြီး မကွယ်လွန်မီတွင် ဥယျာဉ်တော်စံအိမ်ကို နာမည်ကျော် အိမ်ခြံမြေအငှားဝက်ဘ်ဆိုက် တွင် တင်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ငှားရမ်းရန် စာရင်းပေးထားသူများ ရှိသည်။

အဆိုပါစံအိမ်တော်သည် တော်ဝင်မိသားစု၏ ခရစ္စမတ်ပွဲတော်များကျင်းပရာ နေရာအဖြစ် အစဉ်အလာမပျက်အသုံးပြုခဲ့သော ဧက ၆၀၀ ကျယ်သည့် ခြံဝန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။

ဘုရင်မကြီးသည် နှစ်စဉ် ခရစ္စမတ်မိန့်ခွန်းကို Sandringham ရဲတိုက်ကြီးမှတဆင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်လေ့ရှိသည်။

၂၀၁၉ ခုနှစ်အတွင်း တော်ဝင်မိသားစုက ဥယျာဉ်တော်စံအိမ်ကို အငှားဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါစံအိမ်သည် ဘုရင်မကြီး အဲလိဇဘက်၏ ဥယျာဉ်တော်မှူးကြီးစံအိမ်အဖြစ် အသုံးပြုခဲ့သည်။

ဘုရင်မကြီး နတ်ရွာမစံမီတစ်ရက်အလိုတွင် အငှားဈေးကွက်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။…

(Sandringham ရဲတိုက်ကြီးမှတဆင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ဘုရင်မကြီးက တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ပုံ။ ဓာတ်ပုံ- Royal UK)

“ဘုရင်မကြီး နတ်ရွာစံသွားပြီးတဲ့နောက် ဈေးကွက်တင်ကုမ္ပဏီက ဒီစံအိမ်ကို ပြန်လည်ရုပ်သိမ်းထားပါတယ်။ စံအိမ်ကို ဈေးကွက်က ပြန်ရုပ်သိမ်းတာက ကြော်ငြာလက်ခံပေးတဲ့ကုမ္ပဏီနဲ့ ပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပါပဲ”ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

“Sandringham အိမ်တော်ဟာ တော်ဝင်အိမ်တော်တစ်လုံးဖြစ်တဲ့အတွက် အများပြည်သူတွေ နေထိုင်ခွင့် ရရှိနိုင်မှု အတိုင်းအတာက အကန့်အသတ်ရှိပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ယခင်ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ အုတ်ဖြင့်ဆောက်လုပ်ထားသော ၂ ထပ်စံအိမ်တွင် လူ ၈ ဦးအထက် နေထိုင်နိုင်ကြောင်း ဖော်ပြသည်။

(ဘုရင်မကြီး၏ Sandringham ရဲတိုက်ဝန်းအတွင်းမှာ ဥယျာဉ်တော်စံအိမ်။ ဓာတ်ပုံ-Neil Longdin)

(ခြံဝန်းအတွင်း- ဓာတ်ပုံ- Neil Longdin)

(ညစာစားခန်း။ ဓာတ်ပုံ-Neil Longdin)

(မီးဖိုဆောင်။ ဓာတ်ပုံ-Neil Longdin)

(အိပ်ခန်း ၄ ခုအနက်မှ တစ်ခန်း။ ဓာတ်ပုံ-Neil Longdin)

ဘုရင်မကြီးသည် ခွေးများကို ချစ်တတ်သူဖြစ်ရာ ဈေးကွက်တင်မှတ်တမ်းတွင် အိမ်မွေးတိရ စ္ဆာန်များ ခေါ်လာနိုင်ကြောင်း ဖော်ပြထားသည်။

“ဘုရင်မကြီး၏ Sandringham စံအိမ်တော်ဝန်းအတွင်းမှ ဥယျာဉ်တော်စံအိမ်ကို Airbnb တွင် ဈေးကွက်တင်ပေးခွင့်ရသည့်အတွက် ကျွန်ုပ်တို့အလွန်ဝမ်းမြောက်မိပါသည်”ဟု Airbnb ၏ ဥရောပမြောက်ပိုင်း အထွေထွေမန်နေဂျာ Amanda Cupples က ပြောသည်။ ထိုသို့ ပြောကြားမှုမှာ ဘုရင်မကြီး နတ်ရွာစံကြောင်း သတင်းများထွက်မလာမီ အချိန်ပိုင်းလေးကမှ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Royal family yanks Queen’s garden house from Airbnb after death (nypost)

[Zawgyi]

အဲလိဇဘက္ဘုရင္မၾကီး ကံေတာ္ကုန္ျပီးေနာက္ ဥယ်ာဥ္ေတာ္စံအိမ္ အငွားေစ်းကြက္တင္ထားမႈ ေတာ္ဝင္မိသားစုက ေစ်းကြက္မွ ျပန္လည္ရုပ္သိမ္း

(ဘုရင္မၾကီး နတ္ရြာစံသြားခ်ိန္တြင္ ေတာ္ဝင္မိသားစုက Sandringham ဥယ်ာဥ္အိမ္ေတာ္ကို Airbnb တြင္ တင္ထားျခင္းမွ ျပန္လည္ရုပ္သိမ္းလိုက္သည္။ ဓာတ္ပံု- Neil Longdin)

အဲလိဇဘက္ဘုရင္မၾကီး မကြယ္လြန္မီတြင္ ဥယ်ာဥ္ေတာ္စံအိမ္ကို နာမည္ေက်ာ္ အိမ္ျခံေျမအငွားဝက္ဘ္ဆိုက္ တြင္ တင္ထားခဲ့ျခင္းျဖစ္ျပီး ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလအထိ ငွားရမ္းရန္ စာရင္းေပးထားသူမ်ား ရွိသည္။

အဆိုပါစံအိမ္ေတာ္သည္ ေတာ္ဝင္မိသားစု၏ ခရစၥမတ္ပြဲေတာ္မ်ားက်င္းပရာ ေနရာအျဖစ္ အစဥ္အလာမပ်က္အသံုးျပဳခဲ့ေသာ ဧက ၆၀၀ က်ယ္သည့္ ျခံဝန္းၾကီး၏ အစိတ္အပိုင္းတစ္ရပ္လည္း ျဖစ္သည္။

ဘုရင္မၾကီးသည္ ႏွစ္စဥ္ ခရစၥမတ္မိန္႔ခြန္းကို Sandringham ရဲတိုက္ၾကီးမွတဆင့္ ရုပ္ျမင္သံၾကားမွ ထုတ္လႊင့္ေလ့ရွိသည္။

၂၀၁၉ ခုႏွစ္အတြင္း ေတာ္ဝင္မိသားစုက ဥယ်ာဥ္ေတာ္စံအိမ္ကို အငွားေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါစံအိမ္သည္ ဘုရင္မၾကီး အဲလိဇဘက္၏ ဥယ်ာဥ္ေတာ္မွဴးၾကီးစံအိမ္အျဖစ္ အသံုးျပဳခဲ့သည္။

ဘုရင္မၾကီး နတ္ရြာမစံမီတစ္ရက္အလိုတြင္ အငွားေစ်းကြက္သို႔ ျပန္လည္ေရာက္ရွိလာခဲ့ျခင္းလည္း ျဖစ္သည္။…

(Sandringham ရဲတိုက္ၾကီးမွတဆင့္ ၂၀၁၂ ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ ရက္တြင္ ဘုရင္မၾကီးက တိုက္ရိုက္ရုပ္သံထုတ္လႊင့္မႈမ်ား ျပဳလုပ္ခဲ့ပံု။ ဓာတ္ပံု- Royal UK)

“ဘုရင္မၾကီး နတ္ရြာစံသြားျပီးတဲ့ေနာက္ ေစ်းကြက္တင္ကုမၸဏီက ဒီစံအိမ္ကို ျပန္လည္ရုပ္သိမ္းထားပါတယ္။ စံအိမ္ကို ေစ်းကြက္က ျပန္ရုပ္သိမ္းတာက ေၾကာ္ျငာလက္ခံေပးတဲ့ကုမၸဏီနဲ႔ ပိုင္ရွင္ေတြရဲ႕ ဆံုးျဖတ္ပိုင္ခြင့္ပါပဲ”ဟု သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

“Sandringham အိမ္ေတာ္ဟာ ေတာ္ဝင္အိမ္ေတာ္တစ္လံုးျဖစ္တဲ့အတြက္ အမ်ားျပည္သူေတြ ေနထုိင္ခြင့္ ရရွိႏိုင္မႈ အတိုင္းအတာက အကန္႔အသတ္ရွိပါတယ္”ဟု ၎က ျဖည့္စြက္ေျပာၾကားသည္။

ယခင္ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ အုတ္ျဖင့္ေဆာက္လုပ္ထားေသာ ၂ ထပ္စံအိမ္တြင္ လူ ၈ ဦးအထက္ ေနထုိင္ႏိုင္ေၾကာင္း ေဖာ္ျပသည္။

(ဘုရင္မၾကီး၏ Sandringham ရဲတိုက္ဝန္းအတြင္းမွာ ဥယ်ာဥ္ေတာ္စံအိမ္။ ဓာတ္ပံု-Neil Longdin)

(ျခံဝန္းအတြင္း- ဓာတ္ပံု- Neil Longdin)

(ညစာစားခန္း။ ဓာတ္ပံု-Neil Longdin)

(မီးဖိုေဆာင္။ ဓာတ္ပံု-Neil Longdin)

(အိပ္ခန္း ၄ ခုအနက္မွ တစ္ခန္း။ ဓာတ္ပံု-Neil Longdin)

ဘုရင္မၾကီးသည္ ေခြးမ်ားကို ခ်စ္တတ္သူျဖစ္ရာ ေစ်းကြက္တင္မွတ္တမ္းတြင္ အိမ္ေမြးတိရ စၦာန္မ်ား ေခၚလာႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

“ဘုရင္မၾကီး၏ Sandringham စံအိမ္ေတာ္ဝန္းအတြင္းမွ ဥယ်ာဥ္ေတာ္စံအိမ္ကို Airbnb တြင္ ေစ်းကြက္တင္ေပးခြင့္ရသည့္အတြက္ ကၽြႏု္ပ္တို႔အလြန္ဝမ္းေျမာက္မိပါသည္”ဟု Airbnb ၏ ဥေရာပေျမာက္ပိုင္း အေထြေထြမန္ေနဂ်ာ Amanda Cupples က ေျပာသည္။ ထိုသို႔ ေျပာၾကားမႈမွာ ဘုရင္မၾကီး နတ္ရြာစံေၾကာင္း သတင္းမ်ားထြက္မလာမီ အခ်ိန္ပိုင္းေလးကမွ ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Royal family yanks Queen’s garden house from Airbnb after death (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service