Amazon သူဌေးကြီး Jeff Bezos ၏ဇနီးဟောင်း ဒေါ်လာ သန်း ၅၀ ကျော်ဖိုး နေအိမ် ၂ လုံးလှူ

Amazon သူဌေးကြီး Jeff Bezos ၏ဇနီးဟောင်း ဒေါ်လာ သန်း ၅၀ ကျော်ဖိုး နေအိမ် ၂ လုံးလှူ - Property News in Myanmar from iMyanmarHouse.com
13 Sep 2022 11:37 am တွင် တင်ခဲ့သည်
694 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Amazon သူဌေးကြီး ဂျက်ဘေးဇော့စ် (Jeff Bezos) ၏ ဇနီးဟောင်း မက္ကင်ဇီ စကော့ထ်သည် ကျွန်ုပ်တို့ဘဝတသက်တာ သိရသမျှတွင် ရက်ရက်ရောရော လှူဒါန်းမှုများ အပြုလုပ်ဆုံး အမျိုးသမီးတစ်ဦး ဖြစ်သည်။

မက္ကင်ဇီ စကော့ထ်သည် Amazon ၏ ရှယ်ယာ ၄ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၇ ဘီလီယံရှိသည်။

ယခုနှစ် အစောပိုင်းက မက္ကင်ဇီသည် သူမ၏ ရှယ်ယာ ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံဖိုး ရောင်းထုတ်ခဲ့သည်။

မက္ကင်ဇီသည် အဖွဲ့အစည်းအမျိုးမျိုးနှင့် ပရဟိတအဖွဲ့များစွာသို့ ကန်ဒေါ်လာ ၁၂ ဘီလီယံကျော် လှူဒါန်းထားပြီး ဖြစ်သည်။

ယခုအခါတွင်လည်း မက္ကင်ဇီက ကာလကြာရှည်ပိုင်ဆိုင်ခဲ့သော တန်ဖိုးကြီးစံအိမ်ကြီးများကို လှူဒါန်းလိုက်ပြီ ဖြစ်သည်။

ပရဟိတအဖွဲ့တစ်ခုဖြစ်သော “ကယ်လီဖိုးနီးယား အသိုက်အဝန်း ဖောင်ဒေးရှင်း-CCF”က ကြေညာသည်မှာ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ် သော မက္ကင်ဇီသည် ကန်ဒေါ်လာ ၅၅ သန်း တန်ကြေးရှိသော စံအိမ် ၂ လုံး ၎င်းတို့အဖွဲ့အား လှူဒါန်းခဲ့ကြောင်း ကြေညာသည်။

မက္ကင်ဇီသည် ဂျက်ဘေးဇော့စ်နှင့် ကွာရှင်းပြတ်စဲပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း အထက်တန်းပြ ဆရာတစ်ဦးဖြစ်သူ Dan Jewett နှင့် လက်ထပ်ခဲ့သည်။

မက္ကင်ဇီလှူဒါန်းလိုက်သောအိမ်များမှာ လော့စ်အိန်ဂျလိမြို့၏ ဈေးအကြီးဆုံးရပ်ကွက်ဖြစ်ပြီး ဟောလိဝုဒ်ကြယ်ပွင့်များ၊ ကမ္ဘာကျော်များနှင့် သူဌေးကြီးများ အခြေချနေထိုင်ကြသည့် နာမည်ကျော် Beverly Hills တွင် တည်ရှိသည်။

မက္ကင်ဇီစကော့ထ်သည် စာရေးဆရာမတစ်ဦးလည်ဖြစ်ပြီး Amazon သူဌေးကြီး ဂျက်ဘေးဇော့စ်နှင့် အိမ်ထောင်သက် ၂၅ နှစ်အကြာ ၂၀၁၉ ခုနှစ်တွင် ကွာရှင်းလိုက်ပြီးနောက် ယခုအိမ် ၂ လုံးကို ဂျက်ဘေးဇော့စ်ထံမှ ရခဲ့ခြင်း ဖြစ်သည်။

(ဂျက်ဘေးဇော့စ်နှင့် မက္ကင်ဇီစကော့ထ်တို့ စုံတွဲ ၂၀၀၇ ခုနှစ်အတွင်း ဤစံအိမ်ကို ဝယ်ခဲ့ရာတွင် ကန်ဒေါ်လာ ၂၄ ဒသမ ၄၅ သန်း ပေးခဲ့ရသည်။ ဓာတ်ပုံ-Coldwell Banker Residential)

(ဒုတိယမြောက် ဤအိမ်ကို ဂျက်ဘေးဇော့စ်က ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်း ပေးရသည်။ ဓာတ်ပုံ- Nicholas Property Group)

ဂျက်ဘေးဇော့စ်နှင့် မက္ကင်ဇီတို့ ပထမဝယ်ခဲ့သောအိမ်မှာ ခြံအကျယ်အဝန်း ၂ ဧကရှိပြီး ဆိုလာစွမ်းအင်သုံး စံအိမ်ဖြစ်သည်။

စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၀၀၀ နီးပါးရှိပြီး အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါသည်။

ယင်းနောက် ၂၀၁၇ ခုနှစ်တွင် ၎င်းတို့စုံတွဲသည် တစ်လမ်းတည်းတွင်ရှိသော အခြားအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့သည်။

ဒုတိယမြောက်စံအိမ်မှာ ၁၉၅၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောအိမ်ဖြစ်ပြီး စံအိမ်အကျယ် ၄၅၀၀ စတုရန်းပေ ရှိသည်။

အိမ် ၂ လုံးလုံးမှာ Coldwater Canyon Park အနီး N.Alpine Drive လမ်းပေါ်တွင် တည်ရှိသည်။

စံအိမ်များ လက်ခံရရှိခဲ့သည့် ပရဟိတအဖွဲ့ CCF ၏ ထုတ်ပြန်ချက်အရ အဆိုပါစံအိမ်များကို ဖြစ်နိုင်သမျှ မြန်မြန်ရောင်းချရန် စီစဉ်နေပြီး ရရှိလာမည့်ငွေ၏ ၉၀ ရာခိုင်နှုန်းကို တန်ဖိုးသင့်နေအိမ်များ ကူညီထောက်ပံ့ရေးကဏ္ဍအတွက် အသုံးပြုသွားမည်ဟု ဆိုသည်။

အခြား ၁၀ ရာခိုင်နှုန်းကိုမူ လော့စ်အိန်ဂျလိသို့ ကမ္ဘာတစ်ဝန်းမှ အခြေချရန် ရောက်ရှိလာသူများအား အကူအညီပေးမည့် အစီအစဉ်တွင် အသုံးပြုသွားမည် ဖြစ်သည်။

မက္ကင်ဇီသည် ကယ်လီဖိုးနီးယားသို့ အရောက်အပေါက်နည်းသောကြောင့် ယခုစံအိမ်များကို လှူဒါန်းလိုက်ခြင်း ဖြစ်ဟန်ရသည်။

မက္ကင်ဇီသည် ဆန်ဖရန်စစ္စကိုဇာတိဖြစ်ကာ ဆီယက်တဲတွင်သာ ကာလကြာရှည်နေထိုင်သူ ဖြစ်သည်။

ဆီယက်တဲတွင် ဂျက်ဘေးဇော့စ်နှင့် မက္ကင်ဇီတို့သည် Medina အရပ်ရှိ ကြီးမားသောစံအိမ်ကြီးတစ်လုံးတွင် အတူနေခဲ့ကြဖူးသည်။

ယင်းစံအိမ်ကြီးမှာ ရေကန်ကြီးတစ်ခုဘေးတွင်ရှိပြီး ရေကန်ကမ်းစပ်နှင့် ထိတွေ့မှု ပေါ ၃၁၀ ခနှ့်ရှိကာ လှေအိမ်တစ်ခုလည်း ပါသည်။

မက္ကင်ဇီ လက်ရှိနေထိုင်သည်မှာ အဆိုပါစံအိမ်ကြီးမှ ကားဖြင့် ၅ မိနစ်သာ သွားရသည့် Hunts Point အရပ်တွင် နေထိုင်သည်။

(ဆီယက်တဲရှိ ဤစံအိမ် အမည်မသိဝယ်လက်တစ်ဦးက ကန်ဒေါ်လာ ၃၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူထားပြီး ဝယ်ယူသူမှာ မက္ကင်ဇီစကော့ထ်ဖြစ်ဖွယ်ရှိသည်ဟု ယူဆကြသည်။ ဓာတ်ပုံ-Michael Walmsley)

(ရေကန်ကို အပေါ်စီးမှ တွေ့မြင်နိုင်သည့် လသာဆောင်။ ဓာတ်ပုံ -Michael Walmsley)

(စိမ်းလန်းသော သစ်ပင်များ ဝန်းရံနေသော နေစာလှုံခန်း။ ဓာတ်ပုံ-Michael Walmsley)

(ဝင်ပေါက်နေရာ။ ဓာတ်ပုံ- Michael Walmsley)

(စတုရန်းပေ ၉၄၀၀ ကျယ်ဝန်းသော Hunts Point စံအိမ်ကို ဒေသတွင်း ဗိသုကာပညာရှင် Jim Olson က ဒီဇိုင်းရေးဆွဲပေးခဲ့သည်။ ဓာတ်ပုံ-Michael Walmsley)

(ဧည့်ခန်း)

ဂျက်ဘေးဇော့စ်နှင့် မက္ကင်ဇီစကော့ထ်တို့ ကွာရှင်းပြတ်စဲကြောင်း ကြေညာအပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် Hunts Point စံအိမ်မှာ ကန်ဒေါ်လာ ၃၇ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ဝယ်လက်မှာ အမည်မဖော်သော်လည်း မက္ကင်ဇီစကော့ထ်ဖြစ်သည်ဟူသော သတင်းများစွာရှိသည်။

စတုရန်းပေ ၉၄၀၀ ကျယ်ဝန်းသော စံအိမ်မှာ ခေတ်ပြိုင်ဗိသုကာဟန်ဖြစ်ပြီး ကန်ဒေါ်လာ ၄၀၀၀၀၀ ကျော် သုံးစွဲကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။

ခြံအကျယ် ၃ ဒသမ ၂၇ ဧကရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၄ ခန်းဖြင့် ဖွဲ့စည်းထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos’ ex-wife Mackenzie Scott donates $55M mansions to charity (nypost)

[Zawgyi]

Amazon သူေဌးၾကီး Jeff Bezos ၏ဇနီးေဟာင္း ေဒၚလာ သန္း ၅၀ ေက်ာ္ဖုိး ေနအိမ္ ၂ လံုးလွဴ

Amazon သူေဌးၾကီး ဂ်က္ေဘးေဇာ့စ္ (Jeff Bezos) ၏ ဇနီးေဟာင္း မကၠင္ဇီ စေကာ့ထ္သည္ ကၽြႏု္ပ္တို႔ဘဝတသက္တာ သိရသမွ်တြင္ ရက္ရက္ေရာေရာ လွဴဒါန္းမႈမ်ား အျပဳလုပ္ဆံုး အမ်ဳိးသမီးတစ္ဦး ျဖစ္သည္။

မကၠင္ဇီ စေကာ့ထ္သည္ Amazon ၏ ရွယ္ယာ ၄ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားျပီ သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၃၇ ဘီလီယံရွိသည္။

ယခုႏွစ္ အေစာပိုင္းက မကၠင္ဇီသည္ သူမ၏ ရွယ္ယာ ေဒၚလာ ၈ ဒသမ ၅ ဘီလီယံဖုိး ေရာင္းထုတ္ခဲ့သည္။

မကၠင္ဇီသည္ အဖြဲ႔အစည္းအမ်ဳိးမ်ဳိးႏွင့္ ပရဟိတအဖြဲ႔မ်ားစြာသို႔ ကန္ေဒၚလာ ၁၂ ဘီလီယံေက်ာ္ လွဴဒါန္းထားျပီး ျဖစ္သည္။

ယခုအခါတြင္လည္း မကၠင္ဇီက ကာလၾကာရွည္ပိုင္ဆိုင္ခဲ့ေသာ တန္ဖုိးၾကီးစံအိမ္ၾကီးမ်ားကို လွဴဒါန္းလိုက္ျပီ ျဖစ္သည္။

ပရဟိတအဖြဲ႔တစ္ခုျဖစ္ေသာ “ကယ္လီဖုိးနီးယား အသိုက္အဝန္း ေဖာင္ေဒးရွင္း-CCF”က ေၾကညာသည္မွာ အသက္ ၅၂ ႏွစ္အရြယ္ရွိျပီျဖစ္ ေသာ မကၠင္ဇီသည္ ကန္ေဒၚလာ ၅၅ သန္း တန္ေၾကးရွိေသာ စံအိမ္ ၂ လံုး ၎တို႔အဖြဲ႔အား လွဴဒါန္းခဲ့ေၾကာင္း ေၾကညာသည္။

မကၠင္ဇီသည္ ဂ်က္ေဘးေဇာ့စ္ႏွင့္ ကြာရွင္းျပတ္စဲျပီးေနာက္ ၂၀၂၁ ခုႏွစ္အတြင္း အထက္တန္းျပ ဆရာတစ္ဦးျဖစ္သူ Dan Jewett ႏွင့္ လက္ထပ္ခဲ့သည္။

မကၠင္ဇီလွဴဒါန္းလိုက္ေသာအိမ္မ်ားမွာ ေလာ့စ္အိန္ဂ်လိျမိဳ႕၏ ေစ်းအၾကီးဆံုးရပ္ကြက္ျဖစ္ျပီး ေဟာလိဝုဒ္ၾကယ္ပြင့္မ်ား၊ ကမၻာေက်ာ္မ်ားႏွင့္ သူေဌးၾကီးမ်ား အေျခခ်ေနထုိင္ၾကသည့္ နာမည္ေက်ာ္ Beverly Hills တြင္ တည္ရွိသည္။

မကၠင္ဇီစေကာ့ထ္သည္ စာေရးဆရာမတစ္ဦးလည္ျဖစ္ျပီး Amazon သူေဌးၾကီး ဂ်က္ေဘးေဇာ့စ္ႏွင့္ အိမ္ေထာင္သက္ ၂၅ ႏွစ္အၾကာ ၂၀၁၉ ခုႏွစ္တြင္ ကြာရွင္းလိုက္ျပီးေနာက္ ယခုအိမ္ ၂ လံုးကို ဂ်က္ေဘးေဇာ့စ္ထံမွ ရခဲ့ျခင္း ျဖစ္သည္။

(ဂ်က္ေဘးေဇာ့စ္ႏွင့္ မကၠင္ဇီစေကာ့ထ္တို႔ စံုတြဲ ၂၀၀၇ ခုႏွစ္အတြင္း ဤစံအိမ္ကို ဝယ္ခဲ့ရာတြင္ ကန္ေဒၚလာ ၂၄ ဒသမ ၄၅ သန္း ေပးခဲ့ရသည္။ ဓာတ္ပံု-Coldwell Banker Residential)

(ဒုတိယေျမာက္ ဤအိမ္ကို ဂ်က္ေဘးေဇာ့စ္က ၂၀၁၇ ခုႏွစ္အတြင္း ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၁၂ ဒသမ ၉ သန္း ေပးရသည္။ ဓာတ္ပံု- Nicholas Property Group)

ဂ်က္ေဘးေဇာ့စ္ႏွင့္ မကၠင္ဇီတို႔ ပထမဝယ္ခဲ့ေသာအိမ္မွာ ျခံအက်ယ္အဝန္း ၂ ဧကရွိျပီး ဆိုလာစြမ္းအင္သံုး စံအိမ္ျဖစ္သည္။

စပိန္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၁၂၀၀၀ နီးပါးရွိျပီး အိပ္ခန္း ၇ ခန္းႏွင့္ ေရခ်ဳိးခန္း ၇ ခန္း ပါသည္။

ယင္းေနာက္ ၂၀၁၇ ခုႏွစ္တြင္ ၎တို႔စံုတြဲသည္ တစ္လမ္းတည္းတြင္ရွိေသာ အျခားအိမ္တစ္လံုးကို ကန္ေဒၚလာ ၁၂ ဒသမ ၉ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ဒုတိယေျမာက္စံအိမ္မွာ ၁၉၅၆ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာအိမ္ျဖစ္ျပီး စံအိမ္အက်ယ္ ၄၅၀၀ စတုရန္းေပ ရွိသည္။

အိမ္ ၂ လံုးလံုးမွာ Coldwater Canyon Park အနီး N.Alpine Drive လမ္းေပၚတြင္ တည္ရွိသည္။

စံအိမ္မ်ား လက္ခံရရွိခဲ့သည့္ ပရဟိတအဖြဲ႔ CCF ၏ ထုတ္ျပန္ခ်က္အရ အဆိုပါစံအိမ္မ်ားကို ျဖစ္ႏိုင္သမွ် ျမန္ျမန္ေရာင္းခ်ရန္ စီစဥ္ေနျပီး ရရွိလာမည့္ေငြ၏ ၉၀ ရာခိုင္ႏႈန္းကို တန္ဖုိးသင့္ေနအိမ္မ်ား ကူညီေထာက္ပံ့ေရးက႑အတြက္ အသံုးျပဳသြားမည္ဟု ဆိုသည္။

အျခား ၁၀ ရာခိုင္ႏႈန္းကိုမူ ေလာ့စ္အိန္ဂ်လိသို႔ ကမၻာတစ္ဝန္းမွ အေျခခ်ရန္ ေရာက္ရွိလာသူမ်ားအား အကူအညီေပးမည့္ အစီအစဥ္တြင္ အသံုးျပဳသြားမည္ ျဖစ္သည္။

မကၠင္ဇီသည္ ကယ္လီဖုိးနီးယားသို႔ အေရာက္အေပါက္နည္းေသာေၾကာင့္ ယခုစံအိမ္မ်ားကို လွဴဒါန္းလိုက္ျခင္း ျဖစ္ဟန္ရသည္။

မကၠင္ဇီသည္ ဆန္ဖရန္စစၥကိုဇာတိျဖစ္ကာ ဆီယက္တဲတြင္သာ ကာလၾကာရွည္ေနထုိင္သူ ျဖစ္သည္။

ဆီယက္တဲတြင္ ဂ်က္ေဘးေဇာ့စ္ႏွင့္ မကၠင္ဇီတို႔သည္ Medina အရပ္ရွိ ၾကီးမားေသာစံအိမ္ၾကီးတစ္လံုးတြင္ အတူေနခဲ့ၾကဖူးသည္။

ယင္းစံအိမ္ၾကီးမွာ ေရကန္ၾကီးတစ္ခုေဘးတြင္ရွိျပီး ေရကန္ကမ္းစပ္ႏွင့္ ထိေတြ႔မႈ ေပါ ၃၁၀ ခန္႔ွရိွကာ ေလွအိမ္တစ္ခုလည္း ပါသည္။

မကၠင္ဇီ လက္ရွိေနထုိင္သည္မွာ အဆိုပါစံအိမ္ၾကီးမွ ကားျဖင့္ ၅ မိနစ္သာ သြားရသည့္ Hunts Point အရပ္တြင္ ေနထိုင္သည္။

(ဆီယက္တဲရွိ ဤစံအိမ္ အမည္မသိဝယ္လက္တစ္ဦးက ကန္ေဒၚလာ ၃၇ ဒသမ ၅ သန္းျဖင့္ ဝယ္ယူထားျပီး ဝယ္ယူသူမွာ မကၠင္ဇီစေကာ့ထ္ျဖစ္ဖြယ္ရွိသည္ဟု ယူဆၾကသည္။ ဓာတ္ပံု-Michael Walmsley)

(ေရကန္ကို အေပၚစီးမွ ေတြ႔ျမင္ႏိုင္သည့္ လသာေဆာင္။ ဓာတ္ပံု -Michael Walmsley)

(စိမ္းလန္းေသာ သစ္ပင္မ်ား ဝန္းရံေနေသာ ေနစာလံႈခန္း။ ဓာတ္ပံု-Michael Walmsley)

(ဝင္ေပါက္ေနရာ။ ဓာတ္ပံု- Michael Walmsley)

(စတုရန္းေပ ၉၄၀၀ က်ယ္ဝန္းေသာ Hunts Point စံအိမ္ကို ေဒသတြင္း ဗိသုကာပညာရွင္ Jim Olson က ဒီဇိုင္းေရးဆြဲေပးခဲ့သည္။ ဓာတ္ပံု-Michael Walmsley)

(ဧည့္ခန္း)

ဂ်က္ေဘးေဇာ့စ္ႏွင့္ မကၠင္ဇီစေကာ့ထ္တို႔ ကြာရွင္းျပတ္စဲေၾကာင္း ေၾကညာအျပီး ၂၀၁၉ ခုႏွစ္၊ ဧျပီလတြင္ Hunts Point စံအိမ္မွာ ကန္ေဒၚလာ ၃၇ ဒသမ ၅ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့သည္။

ဝယ္လက္မွာ အမည္မေဖာ္ေသာ္လည္း မကၠင္ဇီစေကာ့ထ္ျဖစ္သည္ဟူေသာ သတင္းမ်ားစြာရွိသည္။

စတုရန္းေပ ၉၄၀၀ က်ယ္ဝန္းေသာ စံအိမ္မွာ ေခတ္ျပိဳင္ဗိသုကာဟန္ျဖစ္ျပီး ကန္ေဒၚလာ ၄၀၀၀၀၀ ေက်ာ္ သံုးစြဲကာ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။

ျခံအက်ယ္ ၃ ဒသမ ၂၇ ဧကရွိျပီး အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္းျဖင့္ ဖြဲ႔စည္းထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos’ ex-wife Mackenzie Scott donates $55M mansions to charity (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service