ချစ်စဖွယ်ကောင်းသော အလှတစ်ခုသာ ရှိပါလျှင်....
ချစ်စဖွယ်ကောင်းသော အလှတစ်ခုသာ ရှိပါလျှင်.... - Property Knowledge in Myanmar from iMyanmarHouse.com
13 Sep 2022 10:19 am တွင် တင်ခဲ့သည်
7084 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ဘဝက တွေးထင်မထားတာတွေ ဖြစ်လာတတ်တယ်။ဒီနေ့ဒီနေရာမှာ ဒီလိုရှိနေပေမယ့် မနက်ဖြန် ဘာဖြစ်မလဲလို့ ဘယ်သူမှသိမထားကြပါဘူး။အကြမ်းဖျင်းလေးလောက်သာ တွက်ထားနိုင်ကြတာပါပဲ။ မသိနိုင်တဲ့ ကံကြမ္မာတွေရဲ့အကြောင်းကလောကမှာအများသားပါလား။
ဒီကနေ့ ဆုတ်ပြတ်နုံခြာတဲ့ဘဝ ဖြစ်နေပေမယ့်။မနက်ဖြန်မှာ ဘဝရဲ့တစ်ဆစ်ချိုးက ဘာလဲ၊ဘယ်လဲ။ ဘယ်သူ သိနိုင်သလဲ။ဘယ်သူမှမသိနိုင်၊မသိနိုင်လို့လည်း ငါတကောကောပြီး မာန်တွေတတ်နေကြတာပါ။
ဘယ်သူမှမနှောင့်ယှက်ဦးတော့ တစ်ချိန်မဟုတ်၊တစ်ချိန်တော့ ကိုယ်ခန္ဓာကိုယ်က ကိုယ့်ကိုယ်ပြန်ပြီး အနှောင့်အယှက်ပေးမှာပါပဲ။ဒီတော့ အသိမဲ့လောက်အောင်တော့ မာန်မာနတွေ မတက်မိကြဖို့ပါပဲ။
အခု လူမှုကွန်ရက်မှာ မြင်ရတဲ့မြင်ကွင်းလေးတစ်ခုကနေပြီး အတွေးလေးတွေပေါ်လာတာကို ရေးချင်မိတာပါ။
ဒါလေးကတော့ ရေသန့်ဘူးကောက်တဲ့ကောင်လေးတစ်ယောက်ကို ဇွဲထက်ရွှေဆိုင်ကခေါ်ပြီး ရွှေကြော်ငြာ ခေါရိုက်တဲ့ ကိစ္စပါ။ဒါတွေဟာလူတိုင်းတော့မဖြစ်နိုင်ပါဘူး။ထူးခြားတာလေးတွေသူ့ဆီမှာ ပါလာတာကနေ အစပြုတာပါပဲ။ထူးခြားတိုင်းကောင်းလားဆိုတော့ အဲလိုလည်းမဟုတ်ပါဘူး။ လူတိုင်းအာရုံစိုက်နိုင်တဲ့ ချစ်စဖွယ်ကောင်းသော တစ်စုံတစ်ခုက သူ့မှာရှိနေဖို့ပါပဲ။
အဲဒီကလေးမှာ ထူးခြားတာရှိပါတယ်။ မျက်လုံးလေးက အသက်ပါပဲ။သူ့မှာ ဥပတိရုပ်ကလေးကလည်း နွံနစ်ကြာ လို့ခေါ်လို့ရမှာပါ။တစ်ချိန်မှာ ကောင်းကောင်းပွင့်လန်းနိုင်တဲ့ အနေအထားမှာရှိပါတယ်။ လက်ရှိမှာ ပင်ပင်ပန်းပန်း ရုန်းကန်နေရပေမယ့် မျက်လုံးမှာရှိတဲ့ အကြည်ဓာတ်လေးက လန်းဆန်းနေတာကိုတွေရပါတယ်။ ဒီဓာတ်လေးကပဲ လက်ရှိအခြေအနေကနေ ဘဝပြောင်းဖို့လမ်းစ ဖြစ်လာနေပါပြီ။ဘဝမမေ့ဘဲ ရိုးသားမှုနဲ့ ရှေ့ဆက်သွားနိုင်မယ် ဆိုရင် ကလေးရဲ့ဘဝဟာ ရှေ့လျှောက်ပိုပြီးလှပဖို့ပဲရှိမှာပါ။
လူတိုင်းမှာ ပြီးပြည့်စုံတဲ့ ကောင်းခြင်းတွေဆိုတာ အပြည့်အစုံရှိနိုင်ဖို့က ရှားပါတယ်။ဒီထဲမှာ ချစ်ဖွယ်သော ကောင်းခြင်းကတော့ ပိုလို့ရှားပါတယ်။တချို့သော သရုပ်ဆောင်တွေတောင်မှ လှပါရက်ကယ်နဲ့၊ခေါင်းဆောင် မင်းသမီး ဖြစ်နိုင်ပါရက်ကယ်နဲ့၊မာနနှုတ်ခမ်းနဲ့ မာနမျက်လုံးတွေပါနေတော့ ချစ်ဖွယ်သော တစ်စုံတစ်ခုကလျော့ သွားပါတယ်။သရုပ်ဆောင်သက်တမ်းလည်း သိပ်ရှည်တာ မတွေ့ရပါဘူး။
အိမ်ထောင်သည်တွေ မတိုင်ခင် သမီးရည်းစာဘဝ တစ်ဦးနဲ့တစ်ဦး အလွန်ပြီးပြည့်စုံလို့ ချစ်ကြတာမဟုတ်ပါဘူး။ တစ်စုံတစ်ခုသောချစ်စဖွယ်လေးတွေကို မြင်ပြီးနှစ်သက်ကြရင်းက ပေါင်းဖော်မိကြတာပါ။
တချို့က စကားပြောပုံလေးကို နှစ်သက်လို့၊ တချို့ကလမ်းလျှောက်ဟန်လေးကို နှစ်သက်လို့၊တချို့က မျက်လုံးလေးတွေလှလို့၊တချို့က ဆံပင်ရှည်လေးတွေနဲ့လိုက်လို့၊တချို့က အသားအရေလှလို့၊ခြေချောင်း လက်ချောင်းလေးတွေလှလို့ဆိုတဲ့ စတဲ့ ကွဲပြားတဲ့အမြင်လေးတွေနဲ့ အလှလေးတွေကို မြင်ပြီး နှစ်သက်ကြတာပါပဲ။
ဒါတွေဟာပြောင်းလဲခြင်း သဘောတွေဆောင်တယ်ဆိုတာကို သိပေမယ့် လူတွေအနေနဲ့ ဒီလိုချစ်စဖွယ်သော ဟန်ပန်မူယာလေးတွေကို အခြေခံပြီးအရင်ဆုံးနှစ်သက် သဘောကျကြတာပါ။စိတ်ဓာတ်အမူအကျင့်ဆိုတာက ဆက်ဆံပြီးနောက်မှသိရတဲ့ကိစ္စပါ။စိတ်ဓာတ်လေးတွေပါ ချစ်စဖွယ် လှပကောင်းမွန်နေမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲလို့သာ ဆိုလိုက်ပါရစေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(Photo Credit)
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
(Photo Credit)
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service