အဲလိဇဘက်ဘုရင်မကြီး ကံတော်ကုန်ခဲ့ရာ စကော့တလန်မှရဲတိုက်ကြီးနှင့် ဘဝအမှတ်တရများ

အဲလိဇဘက်ဘုရင်မကြီး ကံတော်ကုန်ခဲ့ရာ စကော့တလန်မှရဲတိုက်ကြီးနှင့် ဘဝအမှတ်တရများ - Property News in Myanmar from iMyanmarHouse.com
12 Sep 2022 10:24 am တွင် တင်ခဲ့သည်
1451 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဗြိတိန်ဓနသဟာယနိုင်ငံအပေါင်း၏ ပြည့်ရှင် အဲလိဇဘက်ဘုရင်မကြီးသည် ပြီးခဲ့သော စက်တင်ဘာလ ၈ ရက်၊ ကြာသပတေးနေ့က ငြိမ်းချမ်းစွာ နတ်ရွာစံကံတော်ကုန်သွားခဲ့ပြီး သက်တော် ၉၆ နှစ်ဖြစ်သည်။

ဘုရင်မကြီးသည် စကော့တလန်နိုင်ငံရှိ သူချစ်သော ဘယ်မိုးရယ်လ် ရဲတိုက်ကြီးတွင် ဆေးဘက်ကြည့်ရှုစောင့်ရှောက်မှုအောက်၌ စံမြန်းရင်း နတ်ရွာစံခဲ့ခြင်းဖြစ်သည်။ ဘယ်မိုးရယ်လ်ရဲတိုက်သည် ဘုရင်မကြီးအတွက် သက်တောင့်သက်သာအရှိဆုံးနေရာအဖြစ် ခံစားခဲ့ရသောနေရာတစ်ခု ဖြစ်၏။

ရဲတိုက်ကြီးသို့ အလည်အပတ်ရောက်ဖူးသူတိုင်းက အမိုက်စားဖြစ်ကြောင်းနှင့် အိပ်မက်ဆန်ဆန် နေရာတစ်ခုဖြစ်ကြောင်း ဝန်ခံကြသည်။

ဘယ်မိုးရယ်လ်ရဲတိုက်ကြီးသည် ကျယ်ဝန်းလှသော ကျေးလက်အပန်းဖြေအိမ်တော်ဖြစ်ပြီး အင်္ဂလန်ထီးနန်းကို ကာလကြာရှည်စိုးစံခဲ့သူ ဘုရင်မကြီးသည် တခါက ရဲတိုက်ကြီးအတွင်း ပန်းကန်ကိုယ်တိုင်ဆေးခဲ့ဖူးသည်။

စကော့တလန်ရှိ ဤနွေရာသီစံအိမ်တော်တွင် ဘုရင်မကြီးနှင့် သူ၏ဘိုးဘေးမင်းဆက်များက နွေကာလတိုင်း နှစ်စဉ်အသုံးပြုခဲ့သည်မှာ ရာစုနှစ် ၂ ခုနီးပါး ရှိခဲ့သည်။

စကော့တလန်မြောက်ပိုင်း အဘာဒင်းရှိုင်းယားဒေသ၊ Dee မြစ်ကမ်းတွင် တည်ရှိကာ အိပ်ခန်း ၁၁ ခန်းပါဝင်သည်။

အဆိုပါရဲတိုက်ကြီးတွင် ဖိလစ်မင်းသားကြီးနှင့် အဲလိဇဘက်ဘုရင်မကြီးတို့ ၁၉၄၆ ခုနှစ်တွင် စေ့စပ်မင်္ဂလာပွဲ ကျင်းပခဲ့သည်။

ဗြိတိန်ဓနသဟာယနိုင်ငံများအတွင်းရှိ သူမ အကြိုက်ဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုသည်။

(ဘယ်မိုရယ်လ်ရဲတိုက်သည် တော်ဝင်မိသားစုအတွက် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကာလတလျှောက်လုံး နွေရာသီစံအိမ်တော်ဖြစ်ခဲ့သည်။ ဓာတ်ပုံ- Andrew Milligan – WPA Pool/Getty Images)

 

(အဲလိဇဘက်ဘုရင်မကြီး (II) ကို ၁၉၇၂ ခုနှစ်တွင် ဘယ်မိုးရယ်လ် ရဲတိုက်ကြီးအတွင်း ပညာလေ့လာဆည်းပူးမှုများ ပြုလုပ်နေသည်ကို တွေ့ရပုံ။ ဓာတ်ပုံ-Fox Photos/Getty Images)

နှစ်စဉ်နှစ်တိုင်း ပူအိုက်သောကာလများသို့ ရောက်ပြီဆိုလျှင် ဘုရင်မကြီးသည် မင်းညီမင်းသား၊ မင်းသမီးများအပြင် အခြားထင်ရှားကျော်ကြားသော ဧည့်သည်တော်ကြီးများနှင့်အတူ ဘယ်မိုးရယ်လ် ရဲတိုက်ကြီးတွင် ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိခဲ့သည်။

ဘယ်မိုးရယ်လ်ရဲတိုက်ကြီးတွင် နေထိုင်ရမှု၏ ခံစားချက်မှာ ဘက်ကင်ဟမ်နန်းတော်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်၏။

ဘက်ကင်ဟမ်နန်းတော်မှာ မည်သည့်အရာနှင့် တူသနည်းဟူမူ နယူးယောက်ရှိ ဆိတ်ငြိမ်သောတောအုပ်တစ်ခုထဲမှာ တန်ဖိုးကြီးစံအိမ်တစ်လုံးမျိုးနှင့်တူသည်။

 

(ဘုရင်မကြီးသည် စကော့တလန်မှ ဘယ်မိုးရယ်လ်ရဲတိုက်ကြီးကို အထူးနှစ်သက်မြတ်နိုးသည်။ ဓာတ်ပုံ-Getty Images)

 

(၁၉၇၆ ခုနှစ်အတွင်း ဘယ်မိုးရယ်လ်ရဲတိုက်တွင် အဲလိဇဘက်ဘုရင်မကြီးနှင့် ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့ အနားယူခဲ့ကြပုံ။ ဓာတ်ပုံ- Bettmann Archive)

 

(အဲလ်ိဇဘက်ဘုရင်မကြီးသည် စက်တင်ဘာလ ၆ ရက်က ကွန်ဆာဗေးတစ်ပါတီမှ အသစ်ရွေးကောက်ခံရသော ခေါင်းဆောင် Liz Truss ကို လက်ခံတွေ့ဆုံခြင်းမပြုမီ ဘယ်မိုးရယ်လ်ရဲတိုက်ကြီး၏ ပုံဆွဲခန်းအတွင်း စောင့်ဆိုင်းနေပုံ။ ဓာတ်ပုံ- WPA Pool/Getty Images)

ဘုရင်မကြီးနှင့် သူ၏ဆွေတော်မျိုးတော်တို့သည် တခါက ဘယ်မိုးရယ်လ်ရဲတိုက်ကြီးတွင် ရှိခဲ့စဉ် သာမာန်လူများကဲ့သို့ ပြုမူပြောဆိုနေထိုင်ခဲ့ကြဖူးကြောင်း တော်ဝင်စာကြည့်တိုက်မှူးဟောင်း ဂျိန်းရောဘတ်စ်က တယ်လီဂရပ်သတင်းဌာနအား ၂၀၁၁ ခုနှစ်တွင် ပြောပြခဲ့ဖူးသည်။

The Guardian သတင်းဌာန၏ ဖော်ပြချက်အရ ဘုရင်မကြီးတွင် “ဘုရင်မ ဖြစ်ရတာ ကောင်းတယ်”ဟု ပုံဖော်ပန်းထိုးထားသော ကူရှင်တစ်လုံးရှိသည်ဟု ဆိုသည်။

ဘုရင်မကြီးသည် နားနေခန်းအတွင်းရှိ လျှပ်စစ်အပူပေးစက်တပ်ဆင်ထားသော မီးလင်းဖိုရှေ့၊ စာရွက်စာတမ်း တပုံတပင်၊ စာအုပ်များ၊ တရုတ်အလှဆင်ပစ္စည်းများနှင့် မိသားစုဓာတ်ပုံများ ထားရှိရာနေရာတွင် အရေးကြီးသည့် အခမ်းအနားများ ကျင်းပလေ့ရှိသည်ဟု ဆိုသည်။

(ဘယ်မိုးရယ်လ်ရဲတိုက်ကြီးသည် ဘုရင်မကြီး၏ အပျော်ရွှင်ဆုံးနေရာဖြစ်ခဲ့သည်။ Getty Images)

“ဒီနေရာဟာ ကမ္ဘာပေါ်မှာ အလှဆုံးနေရာပါ။ အဲဒီမှာ အဘွားက အပျော်ဆုံးလို့ ထင်ပါတယ်။ သူက စကော့တလန်ကုန်းမြင့်ဒေသကို တကယ်ကို နှစ်သက်မြတ်နိုးတယ်လို့ ကျွန်မ ထင်ပါတယ်”ဟု ဘုရင်မကြီး၏ မြေးတော် မင်းသမီး Eugenie က ယခုနှစ် ဇွန်လအတွင်း ပြောခဲ့ဖူးသည်။

“လမ်းလျှောက်တာတွေ၊ ပျော်ပွဲစားထွက်တာတွေ၊ ခွေးတွေ…ခွေးတွေက အများကြီးပဲ။ ခွေးတွေရယ်၊ လူတွေရယ် တချိန်လုံး ဝင်လာလိုက်၊ ထွက်သွားလိုက်နဲ့ပေါ့။ အဘိုးနဲ့ အဘွားအတွက် ချစ်စရာကောင်းတဲ့ အခြေစိုက်နေရာတစ်ခုပါပဲ။ ကျွန်မတို့ကတော့ သူတို့ကို ကြည့်ဖို့လာရတာပဲ။ အဲ့မှာက အပန်းဖြေဖို့ အရမ်းကောင်းတယ်လေ”

(တော်ဝင် ဝေဒနာ)

(ဘုရင်မကြီးက ဘယ်မိုးရယ်လ်ကို နှစ်သက်သော်လည်း ထိုနေရာသို့ လာရောက်ဖူးသူတိုင်းမှာမူ ထပ်တူမခံစားကြရချေ။ ဓာတ်ပုံ-AGF/Universal Images Group via G)

(ချားလ်စ်မင်းသားနှင့် ကြင်ယာတော် ဒိုင်ယာနာတို့လည်း ဘယ်မိုးရယ်လ်တွင် ဟန်းနီးမွန်းခရီး ထွက်ခဲ့ဖူး သည်ဟုဆိုသည်။ ဓာတ်ပုံ-Tim Graham Photo Library via Get)

ဘုရင်မကြီးအတွက် ဘယ်မိုးရယ်လ်သည် အရူးအမူးနှစ်သက်ဖွယ်နေရာဖြစ်နေသော်လည်း အခြားတော်ဝင်မိသားစုဝင်အားလုံးအပြင် ဗြိတိန်ဝန်ကြီးချုပ်ပင်လျှင် ဘုရင်မကြီးကဲ့သို့ မခံစားကြရ။

ဝေလမင်းသမီး ဒိုင်ယာနာက ဘယ်မိုးရယ်လ်ကို မနှစ်သက်ရသည့် အကြောင်းရင်းများစွာရှိသည်။

အဓိကအချက်ကား ချားလ်စ်မင်းသားနှင့် ၁၉၈၁ ခုနှစ်တွင် ဘယ်မိုးရယ်လ်သို့ ဟန်းနီးမွန်းခရီးထွက်ရသည်မှာ စိတ်ကူးယဉ်မဆန်လှသောကြောင့်ဖြစ်ကြောင်း Sally Bedell Smith ရေးသားသည့် အတ္ထုပ္ပတ္တိစာအုပ်တစ်ခုဖြစ်သော “Elizabeth the Queen: The Life of a Modern Monarch” အမည်ရှိ စာအုပ်အတွင်း ရေးသားဖော်ပြထားသည်။

ဘယ်မိုးရယ်လ်ကို မနှစ်သက်ကြောင်းပြသရန်အတွက် ဒိုင်ယာနာသည် စကော့တလန်ရှိ တော်ဝင်မျိုးနွယ်တို့အကြား ခပ်ဆိုးဆိုးမိန်းခလေးတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ခဲ့ကြောင်း မင်းသားကြီး ဖိလစ်က စာရေးဆရာမ Sally ကို ပြောဖူးသည်။

“မနက်စာစားဖို့ သူ ပေါ်မလာဘူး။ နေ့လယ်စာ စားချိန်ဆို နားကြပ်တပ်ပြီး သီချင်းတွေ နားထောင်နေတယ်။ ပြီးရင် လမ်းလျှောက်ဖို့၊ ပြေးဖို့ ပျောက်သွားရော”

Sally ၏ စာအုပ်တွင် ဖော်ပြချက်အရ “ဒိုင်ယာနာသည် အဆိုပါရဲတိုက်ကြီးအတွင်း ခြောက်ခြားဖွယ်ဖြစ်ရပ်နှင့်လည်း ကြုံခဲ့ဖူးသည်။ အခန်းတစ်ခုထဲမှ ထွက်လိုက်ပြီဆိုလျှင် အနောက်မှ မီးလုံးကို ပိတ်လိုက်သော လူတစ်ယောက် အမြဲရှိနေသည်။”ဟု ဆိုသည်။

ဒိုင်ယာနာသည် ကားအက်ဆီးဒင့် ဆိုးဆိုးရွားရွားဖြစ်ပွားကြောင်း သတင်းထွက်လာချိန်တွင် မင်းသား ဝီလျံနှင့် ဟယ်ရီတို့မှာ ဘယ်မိုးရယ်လ်ရဲတိုက်ကြီးတွင် ရှိနေခဲ့ချိန် ဖြစ်သည်။ ဘယ်မိုးရယ်လ်ရဲတိုက်ကို မနှစ်သက်သည်မှာ ဒိုင်ယာနာတစ်ဦးတည်း မဟုတ်။

ဝန်ကြီးချုပ် တိုနီဘလဲကလည်း ရဲတိုက်ကြီးသည် ဆန်းကြယ်မှု၊ အိပ်မက်ဆန်မှုနှင့် လွန်စွာခြောက်ခြားဖွယ် ကောင်းမှုတို့ ပေါင်းစပ်ထားသည့်နေရာဖြစ်ကြောင်း ပြောဖူးပြီး ဝန်ကြီးချုပ် မာဂရက် သက်ချာကလည်း အပြစ်သားများ အပြစ်ဆေးကြောသည့်နေရာသဖွယ်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။

(ဘယ်မိုးရယ်လ်ရဲတိုက်ကြီးတွင် အဲလိဇဘက်ဘုရင်မကြီးက ကိုယ်တိုင်ပန်းကန်ဆေးခဲ့ဖူးသည်မှာလည်း ထူးခြားဖြစ်ရပ်ပင်။ ဓာတ်ပုံ-Getty Images)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Credit: Inside Balmoral Castle, where Queen Elizabeth died at 96 (nypost)

 

 

 

 

[Zawgyi]

အဲလိဇဘက္ဘုရင္မၾကီး ကံေတာ္ကုန္ခဲ့ရာ စေကာ့တလန္မွရဲတိုက္ၾကီးႏွင့္ ဘဝအမွတ္တရမ်ား

 

ျဗိတိန္ဓနသဟာယႏိုင္ငံအေပါင္း၏ ျပည့္ရွင္ အဲလိဇဘက္ဘုရင္မၾကီးသည္ ျပီးခဲ့ေသာ စက္တင္ဘာလ ၈ ရက္၊ ၾကာသပေတးေန႔က ျငိမ္းခ်မ္းစြာ နတ္ရြာစံကံေတာ္ကုန္သြားခဲ့ျပီး သက္ေတာ္ ၉၆ ႏွစ္ျဖစ္သည္။

ဘုရင္မၾကီးသည္ စေကာ့တလန္ႏိုင္ငံရွိ သူခ်စ္ေသာ ဘယ္မိုးရယ္လ္ ရဲတိုက္ၾကီးတြင္ ေဆးဘက္ၾကည့္ရႈေစာင့္ေရွာက္မႈေအာက္၌ စံျမန္းရင္း နတ္ရြာစံခဲ့ျခင္းျဖစ္သည္။ ဘယ္မိုးရယ္လ္ရဲတိုက္သည္ ဘုရင္မၾကီးအတြက္ သက္ေတာင့္သက္သာအရွိဆံုးေနရာအျဖစ္ ခံစားခဲ့ရေသာေနရာတစ္ခု ျဖစ္၏။

ရဲတိုက္ၾကီးသို႔ အလည္အပတ္ေရာက္ဖူးသူတိုင္းက အမိုက္စားျဖစ္ေၾကာင္းႏွင့္ အိပ္မက္ဆန္ဆန္ ေနရာတစ္ခုျဖစ္ေၾကာင္း ဝန္ခံၾကသည္။

ဘယ္မိုးရယ္လ္ရဲတိုက္ၾကီးသည္ က်ယ္ဝန္းလွေသာ ေက်းလက္အပန္းေျဖအိမ္ေတာ္ျဖစ္ျပီး အဂၤလန္ထီးနန္းကို ကာလၾကာရွည္စိုးစံခဲ့သူ ဘုရင္မၾကီးသည္ တခါက ရဲတုိက္ၾကီးအတြင္း ပန္းကန္ကိုယ္တိုင္ေဆးခဲ့ဖူးသည္။

စေကာ့တလန္ရွိ ဤေႏြရာသီစံအိမ္ေတာ္တြင္ ဘုရင္မၾကီးႏွင့္ သူ၏ဘိုးေဘးမင္းဆက္မ်ားက ေႏြကာလတိုင္း ႏွစ္စဥ္အသံုးျပဳခဲ့သည္မွာ ရာစုႏွစ္ ၂ ခုနီးပါး ရွိခဲ့သည္။

စေကာ့တလန္ေျမာက္ပိုင္း အဘာဒင္းရႈိင္းယားေဒသ၊ Dee ျမစ္ကမ္းတြင္ တည္ရွိကာ အိပ္ခန္း ၁၁ ခန္းပါဝင္သည္။

အဆိုပါရဲတိုက္ၾကီးတြင္ ဖိလစ္မင္းသားၾကီးႏွင့္ အဲလိဇဘက္ဘုရင္မၾကီးတို႔ ၁၉၄၆ ခုႏွစ္တြင္ ေစ့စပ္မဂၤလာပြဲ က်င္းပခဲ့သည္။

ျဗိတိန္ဓနသဟာယႏိုင္ငံမ်ားအတြင္းရွိ သူမ အၾကိဳက္ဆံုးေနရာမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္ဟု ဆိုသည္။

(ဘယ္မိုရယ္လ္ရဲတိုက္သည္ ေတာ္ဝင္မိသားစုအတြက္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀၀ ကာလတေလွ်ာက္လံုး ေႏြရာသီစံအိမ္ေတာ္ျဖစ္ခဲ့သည္။ ဓာတ္ပံု- Andrew Milligan – WPA Pool/Getty Images)

(အဲလိဇဘက္ဘုရင္မၾကီး (II) ကို ၁၉၇၂ ခုႏွစ္တြင္ ဘယ္မိုးရယ္လ္ ရဲတိုက္ၾကီးအတြင္း ပညာေလ့လာဆည္းပူးမႈမ်ား ျပဳလုပ္ေနသည္ကို ေတြ႔ရပံု။ ဓာတ္ပံု-Fox Photos/Getty Images)

ႏွစ္စဥ္ႏွစ္တိုင္း ပူအိုက္ေသာကာလမ်ားသို႔ ေရာက္ျပီဆုိလွ်င္ ဘုရင္မၾကီးသည္ မင္းညီမင္းသား၊ မင္းသမီးမ်ားအျပင္ အျခားထင္ရွားေက်ာ္ၾကားေသာ ဧည့္သည္ေတာ္ၾကီးမ်ားႏွင့္အတူ ဘယ္မိုးရယ္လ္ ရဲတိုက္ၾကီးတြင္ ေပ်ာ္ရႊင္စြာ ျဖတ္သန္းေလ့ရွိခဲ့သည္။

ဘယ္မိုးရယ္လ္ရဲတိုက္ၾကီးတြင္ ေနထုိင္ရမႈ၏ ခံစားခ်က္မွာ ဘက္ကင္ဟမ္နန္းေတာ္ႏွင့္ ျပဒါးတစ္လမ္း သံတစ္လမ္းျဖစ္၏။

ဘက္ကင္ဟမ္နန္းေတာ္မွာ မည္သည့္အရာႏွင့္ တူသနည္းဟူမူ နယူးေယာက္ရွိ ဆိတ္ျငိမ္ေသာေတာအုပ္တစ္ခုထဲမွာ တန္ဖုိးၾကီးစံအိမ္တစ္လံုးမ်ဳိးႏွင့္တူသည္။

(ဘုရင္မၾကီးသည္ စေကာ့တလန္မွ ဘယ္မိုးရယ္လ္ရဲတိုက္ၾကီးကို အထူးႏွစ္သက္ျမတ္ႏိုးသည္။ ဓာတ္ပံု-Getty Images)

(၁၉၇၆ ခုႏွစ္အတြင္း ဘယ္မိုးရယ္လ္ရဲတိုက္တြင္ အဲလိဇဘက္ဘုရင္မၾကီးႏွင့္ ၾကင္ယာေတာ္ ဖိလစ္မင္းသားၾကီးတို႔ အနားယူခဲ့ၾကပံု။ ဓာတ္ပံု- Bettmann Archive)

(အဲလိ္ဇဘက္ဘုရင္မၾကီးသည္ စက္တင္ဘာလ ၆ ရက္က ကြန္ဆာေဗးတစ္ပါတီမွ အသစ္ေရြးေကာက္ခံရေသာ ေခါင္းေဆာင္ Liz Truss ကို လက္ခံေတြ႔ဆံုျခင္းမျပဳမီ ဘယ္မိုးရယ္လ္ရဲတိုက္ၾကီး၏ ပံုဆြဲခန္းအတြင္း ေစာင့္ဆိုင္းေနပံု။ ဓာတ္ပံု- WPA Pool/Getty Images)

ဘုရင္မၾကီးႏွင့္ သူ၏ေဆြေတာ္မ်ဳိးေတာ္တို႔သည္ တခါက ဘယ္မိုးရယ္လ္ရဲတိုက္ၾကီးတြင္ ရွိခဲ့စဥ္ သာမာန္လူမ်ားကဲ့သို႔ ျပဳမူေျပာဆိုေနထိုင္ခဲ့ၾကဖူးေၾကာင္း ေတာ္ဝင္စာၾကည့္တိုက္မွဴးေဟာင္း ဂ်ိန္းေရာဘတ္စ္က တယ္လီဂရပ္သတင္းဌာနအား ၂၀၁၁ ခုႏွစ္တြင္ ေျပာျပခဲ့ဖူးသည္။

The Guardian သတင္းဌာန၏ ေဖာ္ျပခ်က္အရ ဘုရင္မၾကီးတြင္ “ဘုရင္မ ျဖစ္ရတာ ေကာင္းတယ္”ဟု ပံုေဖာ္ပန္းထုိးထားေသာ ကူရွင္တစ္လံုးရွိသည္ဟု ဆိုသည္။

ဘုရင္မၾကီးသည္ နားေနခန္းအတြင္းရွိ လွ်ပ္စစ္အပူေပးစက္တပ္ဆင္ထားေသာ မီးလင္းဖိုေရွ႕၊ စာရြက္စာတမ္း တပံုတပင္၊ စာအုပ္မ်ား၊ တရုတ္အလွဆင္ပစၥည္းမ်ားႏွင့္ မိသားစုဓာတ္ပံုမ်ား ထားရွိရာေနရာတြင္ အေရးၾကီးသည့္ အခမ္းအနားမ်ား က်င္းပေလ့ရွိသည္ဟု ဆိုသည္။

(ဘယ္မိုးရယ္လ္ရဲတိုက္ၾကီးသည္ ဘုရင္မၾကီး၏ အေပ်ာ္ရႊင္ဆံုးေနရာျဖစ္ခဲ့သည္။ Getty Images)

“ဒီေနရာဟာ ကမၻာေပၚမွာ အလွဆံုးေနရာပါ။ အဲဒီမွာ အဘြားက အေပ်ာ္ဆံုးလို႔ ထင္ပါတယ္။ သူက စေကာ့တလန္ကုန္းျမင့္ေဒသကို တကယ္ကို ႏွစ္သက္ျမတ္ႏိုးတယ္လို႔ ကၽြန္မ ထင္ပါတယ္”ဟု ဘုရင္မၾကီး၏ ေျမးေတာ္ မင္းသမီး Eugenie က ယခုႏွစ္ ဇြန္လအတြင္း ေျပာခဲ့ဖူးသည္။

“လမ္းေလွ်ာက္တာေတြ၊ ေပ်ာ္ပြဲစားထြက္တာေတြ၊ ေခြးေတြ…ေခြးေတြက အမ်ားၾကီးပဲ။ ေခြးေတြရယ္၊ လူေတြရယ္ တခ်ိန္လံုး ဝင္လာလိုက္၊ ထြက္သြားလိုက္နဲ႔ေပါ့။ အဘိုးနဲ႔ အဘြားအတြက္ ခ်စ္စရာေကာင္းတဲ့ အေျခစိုက္ေနရာတစ္ခုပါပဲ။ ကၽြန္မတို႔ကေတာ့ သူတို႔ကို ၾကည့္ဖုိ႔လာရတာပဲ။ အဲ့မွာက အပန္းေျဖဖို႔ အရမ္းေကာင္းတယ္ေလ”

(ေတာ္ဝင္ ေဝဒနာ)

(ဘုရင္မၾကီးက ဘယ္မိုးရယ္လ္ကို ႏွစ္သက္ေသာ္လည္း ထိုေနရာသို႔ လာေရာက္ဖူးသူတိုင္းမွာမူ ထပ္တူမခံစားၾကရေခ်။ ဓာတ္ပံု-AGF/Universal Images Group via G)

(ခ်ားလ္စ္မင္းသားႏွင့္ ၾကင္ယာေတာ္ ဒိုင္ယာနာတို႔လည္း ဘယ္မိုးရယ္လ္တြင္ ဟန္းနီးမြန္းခရီး ထြက္ခဲ့ဖူး သည္ဟုဆုိသည္။ ဓာတ္ပံု-Tim Graham Photo Library via Get)

ဘုရင္မၾကီးအတြက္ ဘယ္မိုးရယ္လ္သည္ အရူးအမူးႏွစ္သက္ဖြယ္ေနရာျဖစ္ေနေသာ္လည္း အျခားေတာ္ဝင္မိသားစုဝင္အားလံုးအျပင္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ပင္လွ်င္ ဘုရင္မၾကီးကဲ့သို႔ မခံစားၾကရ။

ေဝလမင္းသမီး ဒိုင္ယာနာက ဘယ္မိုးရယ္လ္ကို မႏွစ္သက္ရသည့္ အေၾကာင္းရင္းမ်ားစြာရွိသည္။

အဓိကအခ်က္ကား ခ်ားလ္စ္မင္းသားႏွင့္ ၁၉၈၁ ခုႏွစ္တြင္ ဘယ္မိုးရယ္လ္သို႔ ဟန္းနီးမြန္းခရီးထြက္ရသည္မွာ စိတ္ကူးယဥ္မဆန္လွေသာေၾကာင့္ျဖစ္ေၾကာင္း Sally Bedell Smith ေရးသားသည့္ အတၳဳပၸတၱိစာအုပ္တစ္ခုျဖစ္ေသာ “Elizabeth the Queen: The Life of a Modern Monarch” အမည္ရွိ စာအုပ္အတြင္း ေရးသားေဖာ္ျပထားသည္။

ဘယ္မိုးရယ္လ္ကို မႏွစ္သက္ေၾကာင္းျပသရန္အတြက္ ဒိုင္ယာနာသည္ စေကာ့တလန္ရွိ ေတာ္ဝင္မ်ဳိးႏြယ္တို႔အၾကား ခပ္ဆိုးဆိုးမိန္းခေလးတစ္ေယာက္ကဲ့သို႔ ျပဳမူေနထိုင္ခဲ့ေၾကာင္း မင္းသားၾကီး ဖိလစ္က စာေရးဆရာမ Sally ကို ေျပာဖူးသည္။

“မနက္စာစားဖို႔ သူ ေပၚမလာဘူး။ ေန႔လယ္စာ စားခ်ိန္ဆို နားၾကပ္တပ္ျပီး သီခ်င္းေတြ နားေထာင္ေနတယ္။ ျပီးရင္ လမ္းေလွ်ာက္ဖုိ႔၊ ေျပးဖုိ႔ ေပ်ာက္သြားေရာ”

Sally ၏ စာအုပ္တြင္ ေဖာ္ျပခ်က္အရ “ဒိုင္ယာနာသည္ အဆိုပါရဲတိုက္ၾကီးအတြင္း ေျခာက္ျခားဖြယ္ျဖစ္ရပ္ႏွင့္လည္း ၾကံဳခဲ့ဖူးသည္။ အခန္းတစ္ခုထဲမွ ထြက္လိုက္ျပီဆိုလွ်င္ အေနာက္မွ မီးလံုးကို ပိတ္လိုက္ေသာ လူတစ္ေယာက္ အျမဲရွိေနသည္။”ဟု ဆိုသည္။

ဒိုင္ယာနာသည္ ကားအက္ဆီးဒင့္ ဆိုးဆိုးရြားရြားျဖစ္ပြားေၾကာင္း သတင္းထြက္လာခ်ိန္တြင္ မင္းသား ဝီလ်ံႏွင့္ ဟယ္ရီတို႔မွာ ဘယ္မိုးရယ္လ္ရဲတိုက္ၾကီးတြင္ ရွိေနခဲ့ခ်ိန္ ျဖစ္သည္။ ဘယ္မိုးရယ္လ္ရဲတိုက္ကို မႏွစ္သက္သည္မွာ ဒိုင္ယာနာတစ္ဦးတည္း မဟုတ္။

ဝန္ၾကီးခ်ဳပ္ တိုနီဘလဲကလည္း ရဲတိုက္ၾကီးသည္ ဆန္းၾကယ္မႈ၊ အိပ္မက္ဆန္မႈႏွင့္ လြန္စြာေျခာက္ျခားဖြယ္ ေကာင္းမႈတို႔ ေပါင္းစပ္ထားသည့္ေနရာျဖစ္ေၾကာင္း ေျပာဖူးျပီး ဝန္ၾကီးခ်ဳပ္ မာဂရက္ သက္ခ်ာကလည္း အျပစ္သားမ်ား အျပစ္ေဆးေၾကာသည့္ေနရာသဖြယ္ျဖစ္ေၾကာင္း ေျပာခဲ့ဖူးသည္။

(ဘယ္မိုးရယ္လ္ရဲတိုက္ၾကီးတြင္ အဲလိဇဘက္ဘုရင္မၾကီးက ကိုယ္တိုင္ပန္းကန္ေဆးခဲ့ဖူးသည္မွာလည္း ထူးျခားျဖစ္ရပ္ပင္။ ဓာတ္ပံု-Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Credit: Inside Balmoral Castle, where Queen Elizabeth died at 96 (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service