ဖေဖေရွတ်၍ ရခဲ့သော နှလုံးလှကဗျာများ (၁၂)
ဖေဖေရွတ်၍ ရခဲ့သော နှလုံးလှကဗျာများ (၁၂) - Property Knowledge in Myanmar from iMyanmarHouse.com
8 Sep 2022 1:24 pm တွင် တင်ခဲ့သည်
986 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ကဗျာမှာပါတဲ့ ချစ်ခြင်းမုန်းခြင်း၊ဝမ်းသာခြင်း၊ပျော်ရွှင်ခြင်း၊ရဲရင့်ခြင်း၊ကြောက်ရွံ့ခြင်းတွေကို ကလေးငယ်လေး တွေဖြစ်သော်လည်း ခံစားတတ်ကြသည်။
ကြောက်ရွံ့စရာလို့ဖြစ်အောင် သီဆိုပြလိုက်ရင် ကြောက်သွားတတ်သည်ကိုတွေ့ရသည်။ရဲစေသည့် ကဗျာလေးတွေကိုလည်း ထိုအတိုင်းပင် ရဲစေအောင်ဆိုပြလိုက်သည့်အခါ သူတို့ပါလိုက်ပြီး ရဲရင့်သည့် ဟန်တို့ပေါ်လာသည်။
ပျော်စရာကဗျာလေးတွေလည်းရှိသည်။ဆိုပြသူက ပျော်အောင်ဆိုပြပါမှ ကလေးက ပျော်သွားသည်။ကဗျာကို ခံစားစေချင်လျှင် ကဗျာကိုခံစားတတ်သည့်သူများက ဌာန်တွေဟန်တွေနှင့်ရွတ်ဖတ်ပြမှ ကဗျာက ပိုပြီးအသက် ဝင်လာသည်။သရုပ်ပီလာပါသည်။
ဆရာကြီးမင်းသုဝဏ်၏ “သဘက်ဆေး”ဆိုသည့် ကဗျာကို သမီးကိုဖတ်ပြသင်ပေးရာ သမီးကကောင်းကောင်း သင်ယူသည်။နောက်တော့မေးသည်။ကဗျာထဲပါသည့် ဖုတ်သဘက်သည် ကြောက်စရာမှန်းသိသွားတော့သည်။ အဲဒီနောက် “သဘက်ဆေး”ကဗျာဖတ်လျှင် ကြောက်လို့ မဖတ်ခိုင်းတော့ပေ။
ဖုတ်သဘက်ဆိုတာရှိရင် ဘုန်းကြီးပေးတဲ့ ဆေးရှိတယ်လေ။အဲဒီဆေးကဘာလဲ လို့မေးရင် “ဗုဒ္ဓံ၊ဓမ္မံ၊သံဃံလေ တဲ့” ဒီလိုတော့သူသိသည်။အဲဒါရွတ်ပေါ့သမီးရဲ့။အဲဒါရွတ်ရင် ဖုတ်သဘက်တွေ ထွက်ပြေးရောပေါ့သမီးရယ်လို့ ပြောတော့ သဘောကြသော်လည်း ထိုအချိန်ကစပြီး ရွတ်ပြမယ်လုပ်တိုင်းတားတော့သည်။ဒီ “သဘက်ဆေး” ကဗျာလေးကို ဖော်ပြလိုက်ပါသည်။
နွားရိုင်းသွင်းချိန် ပြင်မထွက်နဲ့
ဖုတ်သဘက်တွေ လိုက်တတ်တယ်။
ဖုတ်သဘက်တွေ ကြောက်တဲ့ဆေးကို
ဘုန်းကြီးပေးလို့ ရှိပါတယ်။
သူငယ်ချင်းရယ် သဘက်ဆေးကို
ကျွဲရုပ်လေးနဲ့ လဲပါကွယ်။
ဗုဒ္ဓံ-ဓမ္မံ-သံဃံ-ရွတ်ကွဲ့
သရဲလွှတ်လို့ ပြေးလိမ့်မယ်။
ရွတ်ကွယ် ရွတ်ကွယ်။
နောက်တစ်ခုလည်း ဖော်ပြချင်ပါသေးသည်။
ဆရာကြီးဇဝန၏ ကဗျာများက အပျော်ဓာတ်လေးတွေပါသည်။ သမီးပျော်အောင်လည်းဆိုပြရသည်။ သူကြိုက်သွားလျှင် ဖေဖေထပ်ဆိုပြဦးလို့ လုပ်ပါတော့သည်။နှစ်ခေါက်သုံးခေါက် ဆိုပြပြီး သမီးကိုပါ လိုက်ဆိုစေခွင့်ပြုလိုက်လျှင် ခဏနေ ထိုကဗျာကိုသူရသွားပါတော့သည်။
ဆရာကြီးဇဝန၏ကဗျာတစ်ပုဒ်ဖြစ်သော “ဆရာဝန်ကြီးဦးဇီးကွက်”ကဗျာကို သင်ပေးသည်။ကျီးတစ်ကောင်ဟာ ဆရာဝန်ကြီးဦးဇီးကွက်ထံ ရောက်လာပြီး သူ့ဖင်ထဲဝင်နေသည့် လောက်စာလုံးကိုထုတ်ခိုင်တဲ့အကြောင်းကို စပ်ထားတာဖြစ်သည်။ ငွေမက်သည့်ဆရာဝန်နှင့် ကပ်စေးနဲသည့်ကျီး။ကျီးဖင်ထဲက လောက်စာလုံးကို ဆရာဝန်ဖြစ်သည့် ဇီးကွက်က ထုတ်ပေးခဲ့သော်လည်း နောက်ပိုင်းကျီးက ကုသခမပေးခဲ့ပေ။ထို့ကြောင့် ဇီးကွက်ကစိတ်ဆိုးပြီး ညပိုင်းတွင်ကြီးရှိရာသို့လာပြီး ကျီး၏ဦးခေါင်းကိုထိုးဖောက်ရာ ဦးနှောက်ထွက်ပြီး ကျီးသေ၏။ကဗျာလေးကကောင်းတော့ ဖော်ပြပါရစေ။
ဆရာဝန်ကြီး ဦးဇီးကွက်
အမ်ဘီဘီအက်(အိပ်စဝိုင်ဇက်)
တစ်နေ့နံနက် စောစောမှာ
မောင်မောင်ကြီးညို ရောက်လို့လာ
လုပ်ပါ နုတ်ပါ ထုတ်ပါအုံး
ကျွန်တော်ဖင်က လောက်စာလုံး
“ဘယ့်နှယ့်တုံးကွယ့် မောင်မောင်ညို
လောက်စာလုံးတောင် မရှောင်မျို
ငတ်လှသကို အစားပုပ်
မအံ့ဩပေါင် မောင်ဝမ်းချုပ်”
“မဟုတ်ပါဘူး ဆရာရယ်
ကျွန်တော်မှန်ရာ ပြောပါ့မယ်
နွားကျောင်းသားငယ်လေးနဲ့ပစ်
လောက်စာလုံးဝင် ဖင်ဝတစ်”
“ဖြစ်ရလေတယ် အံ့စဖွယ်
မပူပါနဲ့ ပျောက်စေ့မယ်
ထွက်ကျလွယ်အောင် ရေနဲ့ဆေး
ဆရာဝန်ခသုံးဆယ်ပေး”
မောင်မောင်ညိုလေး ရောဂါစင်
ဆေးကုသခမပေးချင်
ညအိပ်ချိန်တွင် ဦးဇီးကွက်
ခေါင်းလာဖောက်လို့ ဦးနှောက်ထွက်။
ဒေါက်တာဇီးကွက် ဦးငွေမက်
အမ်ဘီဘီအက်(အိပ်စဝိုင်ဇက်)။ ။
ကျွန်တော်က ကဗျာလေးများကို ပျော်စရာမြင်ကွင်းလေးအဖြစ်မြင်အောင် အရင်လုပ်ပြပြီး ဆိုပြသင်ပြပေးသည်။ ပုံပြင်သည်ကလေးတို့အတွက် အကောင်းဆုံးဖတ်စာဖြစ်၏။ထို့အတူ ကဗျာသည်လည်း ကလေးတို့အတွက် စကားသင်ယူရာ ဘာသာရပ်တစ်ခုဖြစ်တယ်လို့ပြောရင် လွန်မယ်လို့မထင်ပါဘူး။
အခုနောက်ပိုင်း ကလေးကဗျာများအပါအဝင် ယခင်က ကဗျာများကို ပေါင်းချုပ်အနေနှင့် အတော်များများ ပြန်ပြီးထုတ်ဝေလာရာ ကျွန်တော်တို့ရင်သွေးလေးများအတွက် အကောင်းဆုံးဖြည့်စွက်စာများကို ရရှိနိုင်၍ အလွန်ပင်ဝမ်းသာရပါကြောင်း စာရှုသူမိတ်ဆွေ အပေါင်းကို အသိပေးလိုက်ရပါသည်။ ဆက်ချင်ပါသေးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရွတ်ကွယ် ရွတ်ကွယ်။
ဆရာဝန်ကြီး ဦးဇီးကွက်
ငတ်လှသကို အစားပုပ်
“မဟုတ်ပါဘူး ဆရာရယ်
“ဖြစ်ရလေတယ် အံ့စဖွယ်
ဆရာဝန်ခသုံးဆယ်ပေး”
ဆေးကုသခမပေးချင်
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service