အပြာရောင်မြို့တော်၊ ဆေးခြောက်မြို့ (သို့) ရှက်ဖ်ရှာဝင်

အပြာရောင်မြို့တော်၊ ဆေးခြောက်မြို့ (သို့) ရှက်ဖ်ရှာဝင် - Property News in Myanmar from iMyanmarHouse.com
8 Sep 2022 10:45 am တွင် တင်ခဲ့သည်
946 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မော်ရိုကိုနိုင်ငံတွင် နာမည်ကျော် အပြာရောင်မြို့တော်တစ်ခုရှိပြီး ရှက်ဖ်ရှာဝင် (Chefchaouen) ဟု ခေါ်ကာ အခြားအခေါ်မှာ မော်ရိုကို၏ ပုလဲပြာဟုလည်း ခေါ်သည်။

ရှက်ဖ်ရှာဝင်မြို့ကလေး၏ လမ်းသွယ်လမ်းကြားများ၊ အဆောက်အအုံများအားလုံးမှာ အပြာရောင်အတိပြီးနေသည်။

အကယ်ပင် တစ်မြို့လုံးအပြာရောင်လော။ သို့မဟုတ် လမ်းအနည်းငယ်သာ အပြာရောင်လော။

(ရှက်ဖ်ရှာဝင်၏ သမိုင်းမှန်)

ရှက်ဖ်ရှာဝင်မြို့ကလေးကို မော်ရိုကိုနိုင်ငံ၊ ရစ်ဖ်တောင်တန်းပေါ်တွင် စပိန်မှ ထွက်ပြေးလာသော ဂျူးနှင့် မူးရ်လူမျိုးတို့က ၁၄၇၁ ခုနှစ် (မြန်မာနိုင်ငံတွင် ရှင်စောပုဘုရင်မကြီးလက်ထက်ခန့်) က တည်ထောင်ခဲ့သည်။

ရှက်ဖ်ရှာဝင်မြို့ အပြာရောင်ဖြစ်နေခြင်းနှင့်စပ်လျဉ်းပြီး အမျိုးမျိုးပြောဆိုမှုများရှိသည်။ အချို့ကပြောသည်မှာ ဟစ်တလာ၏ရန်မှ ထွက်ပြေးတိမ်းရှောင်ကာ အခြေချလာသောဂျူးလူမျိုးများက အပြာရောင်ဆေးသုတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောကြသည်။

အချို့ကမူ ခြင်မလာစေရန် အပြာရောင်သုတ်ထားခြင်းသာဖြစ်သည်ဟုဆို၏။ အချို့ကလည်း အပြာရောင်ဟူသည်မှာ ပင်လယ်ကို ကိုယ်စားပြုခြင်းဖြစ်သည်ဟုလည်း ပြောကြသည်။

မည်သည့်အချက်က အမှန်ဖြစ်သည်ကိုမူ မသိနိုင်ချေ။ သို့သော် တစ်မြို့လုံး အပြာရောင်ဖုံးလွှမ်းနေခြင်းအားဖြင့် မြို့ကလေးမှာ ကမ္ဘာကျော်လာသည်ကမူ အကျိုးရလဒ်တစ်ခုပင်။ ရှက်ဖ်ရှာဝင်မြို့ကလေးမှာ မော်ရိုကိုနိုင်ငံမြောက်ပိုင်း ရစ်ဖ်တောင်တန်းများပေါ်တွင် တည်ရှိရာ ပတ်ဝန်းကျင်ရှုမျှော်ခင်းများကား ရင်သပ်ရှုမောဖွယ်ပင်။

မြို့ကလေးသို့ ရောက်လျှင် စတင်သတိပြုခံစားရမည်မှာ အလွန့်အလွန်အေးခြင်းဖြစ်၏။ ထို့ကြောင့် အပြာရောင်မြို့တော်သို့ အလည်အပတ်သွားမည်ဆိုလျှင် အနွေးထည်ကောင်းကောင်း ယူဆောင်သွားပါ။

ရှက်ဖ်ရှာဝင်သို့ ရောက်သူတိုင်း မြေအောက်ရေပူချိုးအိမ်များရှိရာသို့ သေချာပေါက်သွားကြရသည်။

အလွန်အေးစိမ့်လှသည့်အချိန်များအတွင်း ရေချိုးအိမ်တွင် သူစိမ်းတစ်ဦးက သင့်အားချေးတိုက်ကာ ရေပူချိုးပေးခြင်းခံရသည့်အရသာမှာ မည်သည့်အရာနှင့်မျှ မတူချေ။

အေးချမ်းဆိတ်ငြိမ်ခြင်း၊ အနားယူအပန်းဖြေရန် အလွန်ကောင်းခြင်းအပြင် လွန်စွာမှလည်း လှပကာ ချစ်ဖွယ်ကောင်းသည့်မြို့ဖြစ်နေပြန်သည်။

အဖော်မပါတစ်ကိုယ်တည်း ခရီးဆန့်လိုသူများအတွက် တကယ့်နေရာကောင်းလေးတစ်ခု။

ရှက်ဖ်ရှာဝင်သည် လည်ပတ်သွားလာ ဓာတ်ပုံရိုက်မည့် ဓာတ်ပုံဝါသနာရှင်များအတွက် နိဗ္ဗာန်ဘုံ။

ရှက်ဖ်ရှာဝင်သည် မြို့ကြီးပြကြီးများနှင့် အလှမ်းဝေးသောကြောင့် အစစအရာရာ ဈေးကြီးသည်။

ထို့ကြောင့် ရှက်ဖ်ရှာဝင်သို့ ရောက်လျှင်မလိုအပ်ဘဲ ဈေးမဝယ်ပါနှင့်။ ရှက်ဖ်ရှာဝင်သည် အပန်းဖြေရန်အတွက်သာကောင်းသောမြို့ကလေးဖြစ်၏။

မည်သည့်နေရာသို့သွားရမည်၊ မည်သည့်နေရာ ရောက်ဖူးသင့်သည်ဟူသည့်အချက်များ ခေါင်းထဲ မထည့်ပါနှင့်။

ရှက်ဖ်ရှာဝင်သို့ရောက်လျှင် ခြေဦးတည့်ရာသာသွားလာပြီး အပြာရောင်မြို့တော်၏ အလှတရားကို လွတ်လွတ်လပ်လပ် ခံစားကြည့်ပါ။

မော်ရိုကိုနိုင်ငံတွင် ရှက်ဖ်ရှာဝင်သည် ကမ္ဘာလှည့်ခရီးသည်များ သွားလာလည်ပတ်မှုအများဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ပဉ္စလက်ဆန်ဆန် အပြာရောင်အတိပြီးနေသော မြို့ကလေးမှာ အလွန်လှပပြီး unique ဖြစ်သည့်အတွက် ယင်းအလှကို ခံစားရန် တောင်ပေါ်သို့သွားရသည်မှာ တန်ပါသည်။ ရှက်ဖ်ရှာဝင်မြို့ကလေးသို့ အလည်အပတ်သွားခဲ့သည့် ခရီးသွားဘလော့ဂါတစ်ဦးက ရေးသားထားပုံမှာ........

“ရှက်ဖ်ရှာဝင်သို့ ရောက်ပြီးနောက် တစ်ညတွင် ထူးခြားသော Chez Hicham စားသောက်ဆိုင်၌ ကျွန်မတို့နှစ်ဦး ညစာစားခဲ့ကြပါသည်။ ချစ်စဖွယ် လသာဆောင်ကလေးတစ်ခုရှိသော အပေါ်ထပ်တွင် နေရာယူခဲ့ကြ၏။ ရာသီဥတုကလည်း အတော်ကောင်းပါသည်။ သို့သော် အလွန်အေးလှသဖြင့် မီးလင်းဖိုးဘေးနေရာတွင် ထိုင်ခဲ့ကြသည်။ ယင်းနောက် မြို့ကလေး၏ စိတ်ဝင်စားဖွယ် အစားအသောက်တစ်မျိုးကို စတင်စားသောက်ခဲ့ကြသည်။”

“ရှက်ဖ်ရှာဝင်သို့ရောက်လျှင် ဒိန်ခဲဆလတ် (cheese salad) ကို စားသောက်ကြည့်ရန် ကျွန်မ အထူးအကြံပြုလိုပါသည်။ ဆလတ်ရွက်ပေါ်တွင် ဆိတ်ဒိန်ခဲတပုံတပင်၊ သစ်ကြားသီးများ၊ စပျစ်သီးခြောက်များပါဝင်ပြီး အားလုံးမှာ အရသာရှိသည်။ ဒဲနီယယ်နှင့် ကျွန်မ တစ်ဦးနှင့် တစ်ဦး တိတ်တဆိတ် ဝန်ခံဖြစ်ခဲ့သည်မှာ ဒိန်ခဲဆလတ်သည် မော်ရိုကိုတွင် ကျွန်မတို့အကြိုက်ဆုံး အစားအစာဖြစ်သည်ကိုပင်။ နောင်အခါတွင် ကျွန်မ၏ အကြံပြုချက်အတိုင်း ရှက်ဖ်ရှာဝင်သို့ အလည်အပတ်ရောက်ရှိသူများလည်း ဒိန်ခဲဆလတ်ကို စားကြည့်ကြရာ အလွန်ကောင်းမွန်သည်မှာ အမှန်ဖြစ်ကြောင်း ကျွန်မထံ စာရေးသားကြပါသည်။”

မော်ရိုကိုသို့ အလည်အပတ်သွားမည့် အမျိုးသမီးခရီးသည်များ မည်သို့ ဝတ်ဆင်သင့်သနည်း။ မော်ရိုကို ရောက်လျှင် အမျိုးသမီးများသည် ဒူး၊ ပခုံး၊ ဗိုက်၊ ကျောနှင့် ရင်ဘတ်တို့ လုံခြုံအောင် ဝတ်ဆင်ရမည် ဖြစ်ပါသည်။

(ရှက်ဖ်ရှာဝင်ကို မသွားမီ ဘာတွေ သိထားသင့်လဲ)

*ဒေသခံများနှင့် တသားတည်းဖြစ်လိုပါက “ရှက်ဖ်”ကို ဖြုတ်လိုက်ပြီး ရှာဝင်ဟု သုံးစွဲပါ။ *ဆေးခြောက်ရောင်းဖို့ ဒေသခံတွေ သင့်ထံချဉ်းကပ်လာပါက မအံ့သြပါနှင့်။ ထိုဒေသသည် မော်ရိုကိုတွင် ဆေးခြောက်အဓိကထုတ်လုပ်သည့်နေရာများ၌ တစ်ခုအပါအဝင် ဖြစ်၏။

*ကားရပ်နားရန် ခက်သော်လည်း ရနိုင်ပါသည်။ နှစ်ညတာအတွက်ဆိုလျှင် မော်ရိုကိုငွေ ၅၀ ဝန်းကျင်ခန့် ပေးရသည်။

*ရှက်ဖ်ရှာဝင်မြို့ကလေး၏ အံ့သြဖွယ်အချက်မှာ တစ်နိုင်ငံလုံးတွင် ပြင်သစ်စကားနှင့် အာရဗီစကား လွှမ်းမိုးထားသော်လည်း ရှက်ဖ်ရှာဝင်တွင်မူ စပိန်နှင့် အာရဗီသာပြောကြခြင်းဖြစ်သည်။

ယခင်က စပိန်တို့သည် စပိန်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် တိုင်းပြည်တည်ငြိမ်စေရန် မော်ရိုကိုတွင် ရှိနေခဲ့ကြသည်။ နောက်ပိုင်း ၁၉၅၆ ခုနှစ်တွင် စပိန်၏ အကာအကွယ်ပေးမှု ပြီးဆုံးသွားချိန်တိုင် စပိန်သြဇာနှင့် ယဉ်ကျေးမှုတို့ ဒေသတွင်းတွင် ဆက်လက်တည်ရှိနေသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: THE TRUTH ABOUT MOROCCO’S BLUE CITY, CHEFCHAOUEN (heartmybackpack)

 

 

 

[Zawgyi]

အျပာေရာင္ျမိဳ႕ေတာ္၊ ေဆးေျခာက္ျမိဳ႕(သို႔) ရွက္ဖ္ရွာဝင္

 

ေမာ္ရိုကိုႏိုင္ငံတြင္ နာမည္ေက်ာ္ အျပာေရာင္ျမိဳ႕ေတာ္တစ္ခုရွိျပီး ရွက္ဖ္ရွာဝင္ (Chefchaouen) ဟု ေခၚကာ အျခားအေခၚမွာ ေမာ္ရိုကို၏ ပုလဲျပာဟုလည္း ေခၚသည္။

ရွက္ဖ္ရွာဝင္ျမိဳ႕ကေလး၏ လမ္းသြယ္လမ္းၾကားမ်ား၊ အေဆာက္အအံုမ်ားအားလံုးမွာ အျပာေရာင္အတိျပီးေနသည္။

အကယ္ပင္ တစ္ျမိဳ႕လံုးအျပာေရာင္ေလာ။ သို႔မဟုတ္ လမ္းအနည္းငယ္သာ အျပာေရာင္ေလာ။

(ရွက္ဖ္ရွာဝင္၏ သမိုင္းမွန္)

ရွက္ဖ္ရွာဝင္ျမိဳ႕ကေလးကို ေမာ္ရိုကိုႏိုင္ငံ၊ ရစ္ဖ္ေတာင္တန္းေပၚတြင္ စပိန္မွ ထြက္ေျပးလာေသာ ဂ်ဴးႏွင့္ မူးရ္လူမ်ဳိးတို႔က ၁၄၇၁ ခုႏွစ္ (ျမန္မာႏိုင္ငံတြင္ ရွင္ေစာပုဘုရင္မၾကီးလက္ထက္ခန္႔) က တည္ေထာင္ခဲ့သည္။

ရွက္ဖ္ရွာဝင္ျမိဳ႕ အျပာေရာင္ျဖစ္ေနျခင္းႏွင့္စပ္လ်ဥ္းျပီး အမ်ဳိးမ်ဳိးေျပာဆိုမႈမ်ားရွိသည္။ အခ်ဳိ႕ကေျပာသည္မွာ ဟစ္တလာ၏ရန္မွ ထြက္ေျပးတိမ္းေရွာင္ကာ အေျခခ်လာေသာဂ်ဴးလူမ်ဳိးမ်ားက အျပာေရာင္ေဆးသုတ္ခဲ့ၾကျခင္းျဖစ္သည္ဟု ေျပာၾကသည္။

အခ်ဳိ႕ကမူ ျခင္မလာေစရန္ အျပာေရာင္သုတ္ထားျခင္းသာျဖစ္သည္ဟုဆို၏။ အခ်ဳိ႕ကလည္း အျပာေရာင္ဟူသည္မွာ ပင္လယ္ကို ကိုယ္စားျပဳျခင္းျဖစ္သည္ဟုလည္း ေျပာၾကသည္။

မည္သည့္အခ်က္က အမွန္ျဖစ္သည္ကိုမူ မသိႏိုင္ေခ်။ သို႔ေသာ္ တစ္ျမိဳ႕လံုး အျပာေရာင္ဖံုးလႊမ္းေနျခင္းအားျဖင့္ ျမိဳ႕ကေလးမွာ ကမၻာေက်ာ္လာသည္ကမူ အက်ဳိးရလဒ္တစ္ခုပင္။ ရွက္ဖ္ရွာဝင္ျမိဳ႕ကေလးမွာ ေမာ္ရိုကိုႏိုင္ငံေျမာက္ပိုင္း ရစ္ဖ္ေတာင္တန္းမ်ားေပၚတြင္ တည္ရွိရာ ပတ္ဝန္းက်င္ရႈေမွ်ာ္ခင္းမ်ားကား ရင္သပ္ရႈေမာဖြယ္ပင္။

ျမိဳ႕ကေလးသို႔ ေရာက္လွ်င္ စတင္သတိျပဳခံစားရမည္မွာ အလြန္႔အလြန္ေအးျခင္းျဖစ္၏။ ထို႔ေၾကာင့္ အျပာေရာင္ျမိဳ႕ေတာ္သို႔ အလည္အပတ္သြားမည္ဆိုလွ်င္ အေႏြးထည္ေကာင္းေကာင္း ယူေဆာင္သြားပါ။

ရွက္ဖ္ရွာဝင္သို႔ ေရာက္သူတိုင္း ေျမေအာက္ေရပူခ်ဳိးအိမ္မ်ားရွိရာသို႔ ေသခ်ာေပါက္သြားၾကရသည္။

အလြန္ေအးစိမ့္လွသည့္အခ်ိန္မ်ားအတြင္း ေရခ်ဳိးအိမ္တြင္ သူစိမ္းတစ္ဦးက သင့္အားေခ်းတိုက္ကာ ေရပူခ်ဳိးေပးျခင္းခံရသည့္အရသာမွာ မည္သည့္အရာႏွင့္မွ် မတူေခ်။

ေအးခ်မ္းဆိတ္ျငိမ္ျခင္း၊ အနားယူအပန္းေျဖရန္ အလြန္ေကာင္းျခင္းအျပင္ လြန္စြာမွလည္း လွပကာ ခ်စ္ဖြယ္ေကာင္းသည့္ျမိဳ႕ျဖစ္ေနျပန္သည္။

အေဖာ္မပါတစ္ကိုယ္တည္း ခရီးဆန္႔လိုသူမ်ားအတြက္ တကယ့္ေနရာေကာင္းေလးတစ္ခု။

ရွက္ဖ္ရွာဝင္သည္ လည္ပတ္သြားလာ ဓာတ္ပံုရိုက္မည့္ ဓာတ္ပံုဝါသနာရွင္မ်ားအတြက္ နိဗၺာန္ဘံု။

ရွက္ဖ္ရွာဝင္သည္ ျမိဳ႕ၾကီးျပၾကီးမ်ားႏွင့္ အလွမ္းေဝးေသာေၾကာင့္ အစစအရာရာ ေစ်းၾကီးသည္။

ထို႔ေၾကာင့္ ရွက္ဖ္ရွာဝင္သို႔ ေရာက္လွ်င္မလိုအပ္ဘဲ ေစ်းမဝယ္ပါႏွင့္။ ရွက္ဖ္ရွာဝင္သည္ အပန္းေျဖရန္အတြက္သာေကာင္းေသာျမိဳ႕ကေလးျဖစ္၏။

မည္သည့္ေနရာသို႔သြားရမည္၊ မည္သည့္ေနရာ ေရာက္ဖူးသင့္သည္ဟူသည့္အခ်က္မ်ား ေခါင္းထဲ မထည့္ပါႏွင့္။

ရွက္ဖ္ရွာဝင္သို႔ေရာက္လွ်င္ ေျခဦးတည့္ရာသာသြားလာျပီး အျပာေရာင္ျမိဳ႕ေတာ္၏ အလွတရားကို လြတ္လြတ္လပ္လပ္ ခံစားၾကည့္ပါ။

ေမာ္ရိုကိုႏိုင္ငံတြင္ ရွက္ဖ္ရွာဝင္သည္ ကမၻာလွည့္ခရီးသည္မ်ား သြားလာလည္ပတ္မႈအမ်ားဆံုးေနရာမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္။

ပဥၥလက္ဆန္ဆန္ အျပာေရာင္အတိျပီးေနေသာ ျမိဳ႕ကေလးမွာ အလြန္လွပျပီး unique ျဖစ္သည့္အတြက္ ယင္းအလွကို ခံစားရန္ ေတာင္ေပၚသို႔သြားရသည္မွာ တန္ပါသည္။ ရွက္ဖ္ရွာဝင္ျမိဳ႕ကေလးသို႔ အလည္အပတ္သြားခဲ့သည့္ ခရီးသြားဘေလာ့ဂါတစ္ဦးက ေရးသားထားပံုမွာ........

“ရွက္ဖ္ရွာဝင္သို႔ ေရာက္ျပီးေနာက္ တစ္ညတြင္ ထူးျခားေသာ Chez Hicham စားေသာက္ဆိုင္၌ ကၽြန္မတို႔ႏွစ္ဦး ညစာစားခဲ့ၾကပါသည္။ ခ်စ္စဖြယ္ လသာေဆာင္ကေလးတစ္ခုရွိေသာ အေပၚထပ္တြင္ ေနရာယူခဲ့ၾက၏။ ရာသီဥတုကလည္း အေတာ္ေကာင္းပါသည္။ သို႔ေသာ္ အလြန္ေအးလွသျဖင့္ မီးလင္းဖိုးေဘးေနရာတြင္ ထုိင္ခဲ့ၾကသည္။ ယင္းေနာက္ ျမိဳ႕ကေလး၏ စိတ္ဝင္စားဖြယ္ အစားအေသာက္တစ္မ်ဳိးကို စတင္စားေသာက္ခဲ့ၾကသည္။”

“ရွက္ဖ္ရွာဝင္သို႔ေရာက္လွ်င္ ဒိန္ခဲဆလတ္ (cheese salad) ကို စားေသာက္ၾကည့္ရန္ ကၽြန္မ အထူးအၾကံျပဳလိုပါသည္။ ဆလတ္ရြက္ေပၚတြင္ ဆိတ္ဒိန္ခဲတပံုတပင္၊ သစ္ၾကားသီးမ်ား၊ စပ်စ္သီးေျခာက္မ်ားပါဝင္ျပီး အားလံုးမွာ အရသာရွိသည္။ ဒဲနီယယ္ႏွင့္ ကၽြန္မ တစ္ဦးႏွင့္ တစ္ဦး တိတ္တဆိတ္ ဝန္ခံျဖစ္ခဲ့သည္မွာ ဒိန္ခဲဆလတ္သည္ ေမာ္ရိုကိုတြင္ ကၽြန္မတို႔အၾကိဳက္ဆံုး အစားအစာျဖစ္သည္ကိုပင္။ ေနာင္အခါတြင္ ကၽြန္မ၏ အၾကံျပဳခ်က္အတိုင္း ရွက္ဖ္ရွာဝင္သို႔ အလည္အပတ္ေရာက္ရွိသူမ်ားလည္း ဒိန္ခဲဆလတ္ကို စားၾကည့္ၾကရာ အလြန္ေကာင္းမြန္သည္မွာ အမွန္ျဖစ္ေၾကာင္း ကၽြန္မထံ စာေရးသားၾကပါသည္။”

ေမာ္ရိုကိုသို႔ အလည္အပတ္သြားမည့္ အမ်ဳိးသမီးခရီးသည္မ်ား မည္သို႔ ဝတ္ဆင္သင့္သနည္း။ ေမာ္ရိုကို ေရာက္လွ်င္ အမ်ဳိးသမီးမ်ားသည္ ဒူး၊ ပခံုး၊ ဗိုက္၊ ေက်ာႏွင့္ ရင္ဘတ္တို႔ လံုျခံဳေအာင္ ဝတ္ဆင္ရမည္ ျဖစ္ပါသည္။

(ရွက္ဖ္ရွာဝင္ကို မသြားမီ ဘာေတြ သိထားသင့္လဲ)

*ေဒသခံမ်ားႏွင့္ တသားတည္းျဖစ္လုိပါက “ရွက္ဖ္”ကို ျဖဳတ္လိုက္ျပီး ရွာဝင္ဟု သံုးစြဲပါ။ *ေဆးေျခာက္ေရာင္းဖုိ႔ ေဒသခံေတြ သင့္ထံခ်ဥ္းကပ္လာပါက မအံ့ၾသပါႏွင့္။ ထိုေဒသသည္ ေမာ္ရိုကိုတြင္ ေဆးေျခာက္အဓိကထုတ္လုပ္သည့္ေနရာမ်ား၌ တစ္ခုအပါအဝင္ ျဖစ္၏။

*ကားရပ္နားရန္ ခက္ေသာ္လည္း ရႏိုင္ပါသည္။ ႏွစ္ညတာအတြက္ဆိုလွ်င္ ေမာ္ရိုကိုေငြ ၅၀ ဝန္းက်င္ခန္႔ ေပးရသည္။

*ရွက္ဖ္ရွာဝင္ျမိဳ႕ကေလး၏ အံ့ၾသဖြယ္အခ်က္မွာ တစ္ႏိုင္ငံလံုးတြင္ ျပင္သစ္စကားႏွင့္ အာရဗီစကား လႊမ္းမိုးထားေသာ္လည္း ရွက္ဖ္ရွာဝင္တြင္မူ စပိန္ႏွင့္ အာရဗီသာေျပာၾကျခင္းျဖစ္သည္။

ယခင္က စပိန္တို႔သည္ စပိန္၏ အခ်ဳပ္အျခာအာဏာကို ကာကြယ္ရန္ႏွင့္ တိုင္းျပည္တည္ျငိမ္ေစရန္ ေမာ္ရိုကိုတြင္ ရွိေနခဲ့ၾကသည္။ ေနာက္ပိုင္း ၁၉၅၆ ခုႏွစ္တြင္ စပိန္၏ အကာအကြယ္ေပးမႈ ျပီးဆံုးသြားခ်ိန္တိုင္ စပိန္ၾသဇာႏွင့္ ယဥ္ေက်းမႈတို႔ ေဒသတြင္းတြင္ ဆက္လက္တည္ရွိေနသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: THE TRUTH ABOUT MOROCCO’S BLUE CITY, CHEFCHAOUEN (heartmybackpack)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service