ကြက်မောက်သီးစေ့ စားလို့ရလား

ကြက်မောက်သီးစေ့ စားလို့ရလား - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2022 10:58 am တွင် တင်ခဲ့သည်
708 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရတယ်ဆိုတာ လူတိုင်း သိထားပြီး ဖြစ်ပေမယ့် ကြက်မောက်သီးစေ့ကို စားလို့ရတယ်ဆိုတာကိုတော့ သိသူရှားမယ် ထင်ပါတယ်။ ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရသလို ကြက်မောက်သီးစေ့ကိုလည်း စားလို့ ရပါတယ်။ ဒီတော့ ကြက်မောက်သီးစေ့ စားရင် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကြက်မောက်သီးစေ့ ဆိုတာ

ကြက်မောက်သီးစေ့ ဆိုတာက အခွံပေါ်မှာ အမွှေးလေးတွေပါပြီး အနီရဲရဲလေးနဲ့ ခွာလိုက်ရင် အခဲက အသားလွှာ ဖြူဖြူလေးကို စားပြီးချိန်မှာ ထွက်လာတဲ့ အစေ့လေးပါ။ ကြက်မောက်သီးရဲ့ အစေ့ပေါ့။

ကြက်မောက်သီးစေ့မှာပါတဲ့ အာဟာရ

ကြက်မောက်သီးစေ့မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

ကာဗိုဟိုက်ဒရိတ်

အမျှင်ဓာတ်

အဆီဓာတ်

ပရိုတင်း

Thiamine (ဗီတာမင် B1)

Riboflavin (ဗီတာမင် B2)

Niacin (ဗီတာမင် B3)

ဗီတာမင် B6

ဗီတာမင် C

သံဓာတ်

မဂ္ဂနီဆီယမ်

မဂ္ဂနိစ်

ဖော့စဖရပ်

ပိုတက်ဆီယမ်

ဇင့်တို့ ပါဝင်နေပါတယ်။

ကြက်မောက်သီးစေ့ စားလို့ရလား

ကြက်မောက်သီးစေ့ စားလို့ရလား ဆိုတော့ စားလို့ ရပါတယ်။ အစိမ်းတော့ စားလို့ မရဘူးပေါ့။ အစိမ်းစားရင် အဆိပ်သင့်နိုင်တာကြောင့်ပါ။ ကြက်မောက်သီးစေ့ကို ပြုတ်ပြီးတော့ ဖြစ်ဖြစ်၊ မီးဖုတ်ပြီးတော့ ဖြစ်ဖြစ် စားလို့ရပါတယ်။

ကြက်မောက်သီးစေ့ ကျန်းမာရေး ကောင်းစေသလား

ကြက်မောက်သီးစေ့ကို ပြုတ်ပြီး ဒါမှမဟုတ် မီးကင်ပြီး စားပေးမယ်ဆိုရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ကြက်မောက်သီးစေ့က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တတ်သူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။ Maple ရွက်၊ အုတ်ဂျုံတို့လိုမျိုး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

ဆီးချို သက်သာစေတယ်

ကြက်မောက်သီးစေ့က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေ စားပေးလို့ ရပါတယ်။ ဆီးချိုကြောင့် ခံစားရနိုင်တဲ့ လက္ခဏာတွေ သက်သာစေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထိန်းညှိပေးနိုင်ပါတယ်။

သွေးတိုး ကျစေတယ်

ကြက်မောက်သီးစေ့ကို မီးကင်ပြီး စားတာက သွေးတိုးကျစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ စားပေးလို့ ရပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ကြက်မောက်သီးစေ့က အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အစာခြေစနစ် ပြဿနာတွေ ကင်းစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

အစာအိမ် ကျန်းမာစေတယ်

ကြက်မောက်သီးစေ့ စားပေးတာက အစာအိမ် ပြဿနာ ကင်းစေနိုင်ပါတယ်။ အစာအိမ်အောင့်တာ၊ လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။ အစာအိမ်ပြဿနာတွေ ကင်းစေဖို့ စားပေးလို့ ရပါတယ်။ ရင်ပူတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်

ကြက်မောက်သီးစေ့က သွေးကြောတွေထဲမှာရှိတဲ့ သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးတွင်းအဆီများတာ၊ သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်

ကြက်မောက်သီးစေ့ရဲ့ နောက်ထပ် အာနိသင် တစ်ရပ်ကတော့ နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးရဲ့ တာဝန်တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေတာပါ။ နှလုံးစည်းချက် မှန်စေသလို ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ကြွက်သားတွေ ကျန်းမာစေတယ်

ကြက်မောက်သီးစေ့က ပရိုတင်း ကြွယ်ဝသလို သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြွက်သားတက်စေနိုင်သလို ကြွက်သားနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ရောင်ရမ်းတာ ကြွက်သားဒဏ်ဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

စိတ်ခံစားမှု ကောင်းစေတယ်

ကြက်မောက်သီးစေ့က စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ရော အပြုသဘောဆောင်တဲ့ အတွေးတွေ ဖြစ်ပေါ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

အိပ်ပျော်စေတယ်

ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ကြက်မောက်သီးစေ့က ကူညီပေးနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြေလျော့စေပြီး စိတ်ဖိစီးမှု ကင်းစေသလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။

အသားအ​ရေ ကျန်းမာစေတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို ဗီတာမင်တွေ ပါဝင်နေတာ​ကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နေလောင်တာ၊ အမည်းစက်၊ အမာရွတ်တွေ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြား ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ကြက်မောက်သီးစေ့က လူတိုင်းနဲ့ တည့်ပေမယ့်...

ရောဂါအခံရှိသူတွေ

ကလေးငယ်လေးတွေ

ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ

နို့တိုက်မိခင်တွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ ဓာတ်မတည့်မှု ခံစားရလေ့ရှိသူတွေကတော့ မစားသင့်ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]







ကာဗိုဟိုက်ဒရိတ်

အမျှင်ဓာတ်

အဆီဓာတ်

ပရိုတင်း

Thiamine (ဗီတာမင် B1)

Riboflavin (ဗီတာမင် B2)

Niacin (ဗီတာမင် B3)

ဗီတာမင် B6

ဗီတာမင် C

သံဓာတ်

မဂ္ဂနီဆီယမ်

မဂ္ဂနိစ်

ဖော့စဖရပ်

ပိုတက်ဆီယမ်








ဆီးချို သက်သာစေတယ်


သွေးတိုး ကျစေတယ်




အစာအိမ် ကျန်းမာစေတယ်










အိပ်ပျော်စေတယ်


အသားအ​ရေ ကျန်းမာစေတယ်




ရောဂါအခံရှိသူတွေ

ကလေးငယ်လေးတွေ






Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service