Boycott လုပ်ခြင်းခံနေရသော ရန်ဘီးကပူးရ်နှင့် အားလိယဘတ်တို့၏ နေအိမ် (ရန်ဘီးကပူး၏ မွန်ဘိုင်းစံအိမ်)

Boycott လုပ်ခြင်းခံနေရသော ရန်ဘီးကပူးရ်နှင့် အားလိယဘတ်တို့၏ နေအိမ် (ရန်ဘီးကပူး၏ မွန်ဘိုင်းစံအိမ်) - Property News in Myanmar from iMyanmarHouse.com
5 Sep 2022 10:50 am တွင် တင်ခဲ့သည်
1405 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ဘီးကပူးသည် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ Pali Hills တွင် နေအိမ်ခန်းတစ်ခုပိုင်ဆိုင်ထားပြီး ၎င်း၏ မင်္ဂလာပွဲကို ထိုနေရာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

သို့သော် ရန်ဘီးကပူးနှင့် အားလိယဘတ်တို့သည် မကြာမီတွင် ရန်ဘီးကပူး၏မိဘအိမ်သို့ ပြောင်းရွှေ့နေထိုင်ရန် အစီအစဉ်ရှိသည်။

ရန်ဘီးကပူး၏ လက်ရှိ အိမ်လိပ်စာကား Wing - A, Vastu Building, Aerial View Co-op Housing Society, Nargis Dutt Road, Pali Hill, Mumbai – 400050 ဖြစ်သည်။

ရန်ဘီးကပူး မိဘနေအိမ်လိပ်စာ- 56, Krishna Raj, Pali Hill, Bandra West, Mumbai - 400050.

(ရန်ဘီး ကပူးစံအိမ် တန်ကြေး)

ရန်ဘီး ကပူး၏ အိမ်သည် မွန်ဘိုင်းမြို့၏ ဈေးအကြီးဆုံးနေရာများအနက်မှတစ်ခုတွင် တည်ရှိသည်။

ရန်ဘီးကပူးက အဆိုပါအိမ်ခန်းကို ဝယ်ယူခဲ့ရာတွင် ၁ စတုရန်းပေလျှင် ရူပီး ၁ ဒသမ ၄၂ သိန်းအထိ ပေးကာ ဝယ်ခဲ့ခြင်းဖြစ်ပြီး ရူပီး သန်း ၃၅၀ ပေးခဲ့ရသည်။

(ရန်ဘီးကပူးနေအိမ်အတွင်းပိုင်းနှင့် ဒီဇိုင်း)

ရန်ဘီးကပူး၏ နေအိမ်မှာ Vastu အဆောက်အအုံ၏ ၇ လွှာတွင် တည်ရှိပြီး ကားပါကင်နေရာ ၂ ခု ပိုင်ဆိုင်ထားသည်။

ယခုအခန်းမှာ သူ၏ မိဘနေအိမ်တည်ရှိရာနေရာနှင့်လည်း အလွန်နီးသည်။

ရန်ဘီးကပူး၏ အခန်းကို နာမည်ကျော် အိမ်တွင်းအလှဆင်မှု ဒီဇိုင်နာ ဂေါရီခန်းက လက်ရာမြောက်လှပစွာ မွမ်းမံပေးထားသည်။

ဂေါရီခန်းသည် ဘောလိဝုဒ်စူပါထိပ်သီး ရှာရွတ်ခန်၏ ဇနီးလည်း ဖြစ်သည်။

ဂေါရီခန်း၏ လက်ရာကို ရန်ဘီးကပူး၏ မိဘများဖြစ်သော ရီရှီကပူးနှင့် နီတူ ကပူးတို့လည်း အလွန်သဘောကျသည်။

(ရန်ဘီးကပူးနှင့် အားလိယဘတ်တို့ ပြောင်းရွှေ့နေထိုင်မည့်အိမ်)

Vastu အဆောက်အအုံရှိ ယခုအခန်းသို့ ပြောင်းရွှေ့မနေထိုင်မီက ရန်ဘီးကပူးသည် မွန်ဘိုင်းမြို့၊ Bandra အရပ်ရှိ Krishna Raj စံအိမ်တွင် မိဘများနှင့် အတူနေထိုင်ခဲ့သည်။

ထွက်ပေါ်နေသော သတင်းများသာမှန်မည်ဆိုပါက ရန်ဘီးကပူးသည် ဇနီးဖြစ်သူ အားလိယဘတ်နှင့်အတူ မိဘများ၏ Krishna Raj စံအိမ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ဖွယ်ရာ ရှိသည်။ ရန်ဘီးကပူး၏ ဖခင် ရီရှီ ကပူး (ကွယ်လွန်) နှင့် မိခင်ဖြစ်သူ နီတူ ကပူးတို့က အဆိုပါစံအိမ်ကို ၁၉၈၀ ပြည့်လွန်ကာလများအတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၁၅ ထပ်အဆောက်အအုံဖြစ်ပြီး လက်ရှိတွင် ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေရာ အပြီးသတ်ရန် အတန်ကြာဦးမည် ဖြစ်သည်။

သို့သော် နီတူ ကပူးနှင့်အတူ အားလိယဘတ်နှင့် ရန်ဘီးကပူးတို့ အတူနေမည့် ပထမဆုံး အထပ် ၂ ထပ်မှာမူ အပြီးသတ်လုနီးပြီ ဖြစ်သည်။

ရန်ဘီးကပူးတို့ ဇနီးမောင်နှံက ကွယ်လွန်သွားသော ဖခင် ရီရှီကပူးအတွက် နေအိမ်အတွင်း အခန်းတစ်ခန်း ရည်စူးထားရှိမည်ဖြစ်ပြီး ထိုအခန်းတွင် ဖခင်နှစ်သက်သော ကုလားထိုင်၊ စာအုပ်စင်နှင့် အခြားအရေးပါသော ပစ္စည်းပစ္စယများ ထားရှိပေးသွားမည် ဖြစ်သည်။

အားလိယဘတ်နှင့် ရန်ဘီးကပူးတို့သည် ၎င်းတို့၏ချစ်ဗိမ္မာန်ကို မွမ်းမံမှုများအတွက် အစီအစဉ်ဆွဲခြင်း၊ ဒီဇိုင်းဆွဲခြင်းများကို အချိန်များစွာယူကာ လုပ်ဆောင်လျက်ရှိပြီး ဆောက်လုပ်ရေးဆိုက်သို့ အတူသွားရောက်ကြသည်ကို မကြာခဏတွေ့ရသည်။

(ရန်ဘီးကပူး ကြွယ်ဝမှု)

ရန်ဘီးကပူးသည် ဘောလိဝုဒ်၏ စူပါထိပ်သီးကြယ်ပွင့်ဖြစ်ပြီး ၎င်း၏ ရုပ်ရှင်ဇာတ်ကားများစွာမှာ စံချိန်ချိုးသည် ချည်းဖြစ်ကာ ဘောလိဝုဒ်၏ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသားများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ရန်ဘီးကပူး၏ ချမ်းသာကြွယ်ဝမှုမှာ ရူပီး သန်း ၃၂၂၀ ဝန်းကျင်ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ သူ၏ ရုပ်ရှင်အများစုမှာ ဝင်ငွေသောက်သောက်လဲရသည်အထိ အောင်မြင်လေ့ရှိပြီး ရန်ဘီးကပူးက ရုပ်ရှင်တစ်ကားလျှင် သရုပ်ဆောင်ကြေး ရူပီး သန်း ၇၀၀ ယူသည်။

သတင်းများအရ မကြာမီ ရုံတင်ပြသမည့် Animal ဟူသော ရုပ်ရှင်အတွက် ရန်ဘီးကပူးက ရူပီး သန်း ၈၅၀ သရုပ်ဆောင်ကြေးယူထားသည်ဟု ဆိုသည်။

အိန္ဒိယတွင် ရုပ်ရှင်ဇာတ်ကားအချို့ကို Boycott လုပ်ရန် အွန်လိုင်းမှတဆင့် တိုက်တွန်းတောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။

(စက်တင်ဘာ ၉ ရက်တွင် ပြသမည့် ဇာတ်ကား)

Laal Singh Chaddha , 'Raksha Bandhan' နှင့် 'Dobaaraa' ဇာတ်ကားများအပြင် ရန်ဘီးကပူးနှင့် အားလိယဘတ်တို့ စုံတွဲသရုပ်ဆောင်ထားသော 'Brahmastra: Part 1- Shiva' ဇာတ်ကားကိုလည်း Boycott လုပ်ရန် တောင်းဆိုလျက်ရှိကြသည်။ အဆိုပါဇာတ်ကားတွင် အမီတာဘဂျမ်းလည်း ပါဝင်သရုပ်ဆောင်ထားသည်ဟု သိရပြီး စက်တင်ဘာ ၉ ရက်တွင် ရုံတင်ပြသရန် စီစဉ်ထားသည်။

တွစ်တာလူမှုကွန်ရက်တွင် ဘာသာရေးကို ထိခိုက်စေသည့် ပြောကြားချက်များ သရုပ်ဆောင်တို့က ပြောထားသည့် ဗွီဒီယိုဖိုင်များကို လူမှုကွန်ရက်သုံးစွဲသူတို့က #BoycottBrahmastra ဟု ရေးသားကာ မျှဝေလျက်ရှိကြသည်။

(ရန်ဘီးကပူးအား Boycott လုပ်ရန် တောင်းဆိုကြသည့်အကြောင်းရင်း)

ရန်ဘီးကပူးသည် Aamir Khan ၏ PK ဇာတ်ကားတွင် ဂြိုဟ်သားအဖြစ် ဧည့်သရုပ်ဆောင်နေရာမှ ပါဝင်ခဲ့သည်။

ထိုဇာတ်ကားထဲတွင် ရန်ဘီးကပူးက အကာအကွယ်အစီအရင်တစ်ခုအနေဖြင့် ဟိန္ဒူဘုရားများ၏ စတစ်ကာပုံများကို ပါးတွင်ကပ်ထားခဲ့ရာ ဟိန္ဒူတို့က စော်ကားမှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ထို့အပြင် လွန်ခဲ့သော ၁၀ နှစ်ခန့်က ရန်ဘီးကပူးသည် အင်တာဗျူးတစ်ခုတွင် အမဲသားအလွန်ကြိုက်ကြောင်း ပြောထားမှုအပေါ်လည်း ဟိန္ဒူတို့က မကျေနပ်ချေ။

(အားလိယဘတ်အား Boycott လုပ်ရန် တောင်းဆိုကြခြင်းအကြောင်းရင်း)

အားလိယဘတ်က ဟိန္ဒူရိုးရာ Kanyaadaan လုပ်ခြင်းမှာ နှိမ်ခြင်း၊ ဖိနှိပ်ခြင်းတစ်ရပ်ဖြစ်ကြောင်း ပြောဖူးသည်။

Kanyaadaan လုပ်ခြင်းမှာ ဟိန္ဒူရိုးရာထိမ်းမြားမင်္ဂလာအခမ်းအနားများတွင် မပါမဖြစ် ဖြစ်သည်။သတို့သမီး၏ဖခင်က သမီးဖြစ်သူကို သတို့သားအား လက်ဆောင်အဖြစ် ပေးကမ်းခြင်း ဓလေ့ဖြစ်၏။

သတို့သမီး၏ ညာဘက်လက်ကို ဖခင်ဖြစ်သူက ကိုင်ကာ သတို့သား၏ ညာဘက်လက်တွင်း လက်ချင်းထပ်ပေးကာ သမီးဖြစ်သူအား လက်တွဲဖော်အဖြစ် လက်ခံပါရန် သတို့သားအား တောင်းဆိုကာ ပေးကမ်းခြင်း ဖြစ်သည်။

ခေတ်လူငယ်အများစုအကြား အဆိုပါဓလေ့မှာ များစွာခေတ်နောက်ကျနေပြီဟု ပြောဆိုမှုများရှိလာသည်။

ထို့အပြင် အားလိယဘတ်က အင်တာဗျူးတစ်ခုတွင် “ကျွန်မကို မကြိုက်ဘူးဆိုရင် ကျွန်မရဲ့ ဇာတ်ကားတွေ မကြည့်နဲ့ပေါ့” ဟု ပြောခဲ့မှုမှာလည်း လူမှုကွန်ရက်တွင် များစွာဂယက်ရိုက်ခဲ့ဖူးသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside the Ranbir Kapoor House with Alia Bhatt - A Swanky Apartment in Pali Hill Updated: Apr 22, 2022, 16:00 IST (magicbricks)

 

 

 

[Zawgyi]

Boycott လုပ္ျခင္းခံေနရေသာ ရန္ဘီးကပူးရ္ႏွင့္ အားလိယဘတ္တို႔၏ ေနအိမ္ (ရန္ဘီးကပူး၏ မြန္ဘိုင္းစံအိမ္)

 

ရန္ဘီးကပူးသည္ အိႏိၵယႏိုင္ငံ၊ မြန္ဘိုင္းျမိဳ႕Pali Hills တြင္ ေနအိမ္ခန္းတစ္ခုပိုင္ဆိုင္ထားျပီး ၎၏ မဂၤလာပြဲကို ထိုေနရာတြင္ က်င္းပခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ရန္ဘီးကပူးႏွင့္ အားလိယဘတ္တို႔သည္ မၾကာမီတြင္ ရန္ဘီးကပူး၏မိဘအိမ္သို႔ ေျပာင္းေရႊ႕ေနထုိင္ရန္ အစီအစဥ္ရွိသည္။

ရန္ဘီးကပူး၏ လက္ရွိ အိမ္လိပ္စာကား Wing - A, Vastu Building, Aerial View Co-op Housing Society, Nargis Dutt Road, Pali Hill, Mumbai – 400050 ျဖစ္သည္။

ရန္ဘီးကပူး မိဘေနအိမ္လိပ္စာ- 56, Krishna Raj, Pali Hill, Bandra West, Mumbai - 400050.

(ရန္ဘီး ကပူးစံအိမ္ တန္ေၾကး)

ရန္ဘီး ကပူး၏ အိမ္သည္ မြန္ဘိုင္းျမိဳ႕၏ ေစ်းအၾကီးဆံုးေနရာမ်ားအနက္မွတစ္ခုတြင္ တည္ရွိသည္။

ရန္ဘီးကပူးက အဆိုပါအိမ္ခန္းကို ဝယ္ယူခဲ့ရာတြင္ ၁ စတုရန္းေပလွ်င္ ရူပီး ၁ ဒသမ ၄၂ သိန္းအထိ ေပးကာ ဝယ္ခဲ့ျခင္းျဖစ္ျပီး ရူပီး သန္း ၃၅၀ ေပးခဲ့ရသည္။

(ရန္ဘီးကပူးေနအိမ္အတြင္းပိုင္းႏွင့္ ဒီဇိုင္း)

ရန္ဘီးကပူး၏ ေနအိမ္မွာ Vastu အေဆာက္အအံု၏ ၇ လႊာတြင္ တည္ရွိျပီး ကားပါကင္ေနရာ ၂ ခု ပိုင္ဆိုင္ထားသည္။

ယခုအခန္းမွာ သူ၏ မိဘေနအိမ္တည္ရွိရာေနရာႏွင့္လည္း အလြန္နီးသည္။

ရန္ဘီးကပူး၏ အခန္းကို နာမည္ေက်ာ္ အိမ္တြင္းအလွဆင္မႈ ဒီဇိုင္နာ ေဂါရီခန္းက လက္ရာေျမာက္လွပစြာ မြမ္းမံေပးထားသည္။

ေဂါရီခန္းသည္ ေဘာလိဝုဒ္စူပါထိပ္သီး ရွာရြတ္ခန္၏ ဇနီးလည္း ျဖစ္သည္။

ေဂါရီခန္း၏ လက္ရာကို ရန္ဘီးကပူး၏ မိဘမ်ားျဖစ္ေသာ ရီရွီကပူးႏွင့္ နီတူ ကပူးတို႔လည္း အလြန္သေဘာက်သည္။

(ရန္ဘီးကပူးႏွင့္ အားလိယဘတ္တို႔ ေျပာင္းေရႊ႕ေနထုိင္မည့္အိမ္)

Vastu အေဆာက္အအံုရွိ ယခုအခန္းသို႔ ေျပာင္းေရႊ႕မေနထုိင္မီက ရန္ဘီးကပူးသည္ မြန္ဘိုင္းျမိဳ႕၊ Bandra အရပ္ရွိ Krishna Raj စံအိမ္တြင္ မိဘမ်ားႏွင့္ အတူေနထုိင္ခဲ့သည္။

ထြက္ေပၚေနေသာ သတင္းမ်ားသာမွန္မည္ဆိုပါက ရန္ဘီးကပူးသည္ ဇနီးျဖစ္သူ အားလိယဘတ္ႏွင့္အတူ မိဘမ်ား၏ Krishna Raj စံအိမ္သို႔ ျပန္လည္ေျပာင္းေရႊ႕ေနထုိင္ဖြယ္ရာ ရွိသည္။ ရန္ဘီးကပူး၏ ဖခင္ ရီရွီ ကပူး (ကြယ္လြန္) ႏွင့္ မိခင္ျဖစ္သူ နီတူ ကပူးတို႔က အဆုိပါစံအိမ္ကို ၁၉၈၀ ျပည့္လြန္ကာလမ်ားအတြင္းက ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၁၅ ထပ္အေဆာက္အအံုျဖစ္ျပီး လက္ရွိတြင္ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ေနရာ အျပီးသတ္ရန္ အတန္ၾကာဦးမည္ ျဖစ္သည္။

သို႔ေသာ္ နီတူ ကပူးႏွင့္အတူ အားလိယဘတ္ႏွင့္ ရန္ဘီးကပူးတို႔ အတူေနမည့္ ပထမဆံုး အထပ္ ၂ ထပ္မွာမူ အျပီးသတ္လုနီးျပီ ျဖစ္သည္။

ရန္ဘီးကပူးတို႔ ဇနီးေမာင္ႏွံက ကြယ္လြန္သြားေသာ ဖခင္ ရီရွီကပူးအတြက္ ေနအိမ္အတြင္း အခန္းတစ္ခန္း ရည္စူးထားရွိမည္ျဖစ္ျပီး ထိုအခန္းတြင္ ဖခင္ႏွစ္သက္ေသာ ကုလားထုိင္၊ စာအုပ္စင္ႏွင့္ အျခားအေရးပါေသာ ပစၥည္းပစၥယမ်ား ထားရွိေပးသြားမည္ ျဖစ္သည္။

အားလိယဘတ္ႏွင့္ ရန္ဘီးကပူးတို႔သည္ ၎တို႔၏ခ်စ္ဗိမၼာန္ကို မြမ္းမံမႈမ်ားအတြက္ အစီအစဥ္ဆြဲျခင္း၊ ဒီဇိုင္းဆြဲျခင္းမ်ားကို အခ်ိန္မ်ားစြာယူကာ လုပ္ေဆာင္လ်က္ရွိျပီး ေဆာက္လုပ္ေရးဆိုက္သို႔ အတူသြားေရာက္ၾကသည္ကို မၾကာခဏေတြ႔ရသည္။

(ရန္ဘီးကပူး ၾကြယ္ဝမႈ)

ရန္ဘီးကပူးသည္ ေဘာလိဝုဒ္၏ စူပါထိပ္သီးၾကယ္ပြင့္ျဖစ္ျပီး ၎၏ ရုပ္ရွင္ဇာတ္ကားမ်ားစြာမွာ စံခ်ိန္ခ်ဳိးသည္ ခ်ည္းျဖစ္ကာ ေဘာလိဝုဒ္၏ သရုပ္ေဆာင္ေၾကးအျမင့္ဆံုးမင္းသားမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

ရန္ဘီးကပူး၏ ခ်မ္းသာၾကြယ္ဝမႈမွာ ရူပီး သန္း ၃၂၂၀ ဝန္းက်င္ခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။ သူ၏ ရုပ္ရွင္အမ်ားစုမွာ ဝင္ေငြေသာက္ေသာက္လဲရသည္အထိ ေအာင္ျမင္ေလ့ရွိျပီး ရန္ဘီးကပူးက ရုပ္ရွင္တစ္ကားလွ်င္ သရုပ္ေဆာင္ေၾကး ရူပီး သန္း ၇၀၀ ယူသည္။

သတင္းမ်ားအရ မၾကာမီ ရံုတင္ျပသမည့္ Animal ဟူေသာ ရုပ္ရွင္အတြက္ ရန္ဘီးကပူးက ရူပီး သန္း ၈၅၀ သရုပ္ေဆာင္ေၾကးယူထားသည္ဟု ဆိုသည္။

အိႏိၵယတြင္ ရုပ္ရွင္ဇာတ္ကားအခ်ဳိ႕ကို Boycott လုပ္ရန္ အြန္လိုင္းမွတဆင့္ တိုက္တြန္းေတာင္းဆိုမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

(စက္တင္ဘာ ၉ ရက္တြင္ ျပသမည့္ ဇာတ္ကား)

Laal Singh Chaddha , 'Raksha Bandhan' ႏွင့္ 'Dobaaraa' ဇာတ္ကားမ်ားအျပင္ ရန္ဘီးကပူးႏွင့္ အားလိယဘတ္တို႔ စံုတြဲသရုပ္ေဆာင္ထားေသာ 'Brahmastra: Part 1- Shiva' ဇာတ္ကားကိုလည္း Boycott လုပ္ရန္ ေတာင္းဆိုလ်က္ရွိၾကသည္။ အဆိုပါဇာတ္ကားတြင္ အမီတာဘဂ်မ္းလည္း ပါဝင္သရုပ္ေဆာင္ထားသည္ဟု သိရျပီး စက္တင္ဘာ ၉ ရက္တြင္ ရံုတင္ျပသရန္ စီစဥ္ထားသည္။

တြစ္တာလူမႈကြန္ရက္တြင္ ဘာသာေရးကို ထိခုိက္ေစသည့္ ေျပာၾကားခ်က္မ်ား သရုပ္ေဆာင္တို႔က ေျပာထားသည့္ ဗီြဒီယိုဖိုင္မ်ားကို လူမႈကြန္ရက္သံုးစြဲသူတုိ႔က #BoycottBrahmastra ဟု ေရးသားကာ မွ်ေဝလ်က္ရွိၾကသည္။

(ရန္ဘီးကပူးအား Boycott လုပ္ရန္ ေတာင္းဆိုၾကသည့္အေၾကာင္းရင္း)

ရန္ဘီးကပူးသည္ Aamir Khan ၏ PK ဇာတ္ကားတြင္ ျဂိဳဟ္သားအျဖစ္ ဧည့္သရုပ္ေဆာင္ေနရာမွ ပါဝင္ခဲ့သည္။

ထိုဇာတ္ကားထဲတြင္ ရန္ဘီးကပူးက အကာအကြယ္အစီအရင္တစ္ခုအေနျဖင့္ ဟိႏၵဴဘုရားမ်ား၏ စတစ္ကာပံုမ်ားကို ပါးတြင္ကပ္ထားခဲ့ရာ ဟိႏၵဴတို႔က ေစာ္ကားမႈတစ္ရပ္အျဖစ္ ရႈျမင္ၾကသည္။ ထို႔အျပင္ လြန္ခဲ့ေသာ ၁၀ ႏွစ္ခန္႔က ရန္ဘီးကပူးသည္ အင္တာဗ်ဴးတစ္ခုတြင္ အမဲသားအလြန္ၾကိဳက္ေၾကာင္း ေျပာထားမႈအေပၚလည္း ဟိႏၵဴတို႔က မေက်နပ္ေခ်။

(အားလိယဘတ္အား Boycott လုပ္ရန္ ေတာင္းဆိုၾကျခင္းအေၾကာင္းရင္း)

အားလိယဘတ္က ဟိႏၵဴရိုးရာ Kanyaadaan လုပ္ျခင္းမွာ ႏွိမ္ျခင္း၊ ဖိႏွိပ္ျခင္းတစ္ရပ္ျဖစ္ေၾကာင္း ေျပာဖူးသည္။

Kanyaadaan လုပ္ျခင္းမွာ ဟိႏၵဴရိုးရာထိမ္းျမားမဂၤလာအခမ္းအနားမ်ားတြင္ မပါမျဖစ္ ျဖစ္သည္။ သတို႔သမီး၏ဖခင္က သမီးျဖစ္သူကို သတို႔သားအား လက္ေဆာင္အျဖစ္ ေပးကမ္းျခင္း ဓေလ့ျဖစ္၏။

သတို႔သမီး၏ ညာဘက္လက္ကို ဖခင္ျဖစ္သူက ကိုင္ကာ သတို႔သား၏ ညာဘက္လက္တြင္း လက္ခ်င္းထပ္ေပးကာ သမီးျဖစ္သူအား လက္တြဲေဖာ္အျဖစ္ လက္ခံပါရန္ သတို႔သားအား ေတာင္းဆိုကာ ေပးကမ္းျခင္း ျဖစ္သည္။

ေခတ္လူငယ္အမ်ားစုအၾကား အဆိုပါဓေလ့မွာ မ်ားစြာေခတ္ေနာက္က်ေနျပီဟု ေျပာဆိုမႈမ်ားရွိလာသည္။

ထို႔အျပင္ အားလိယဘတ္က အင္တာဗ်ဴးတစ္ခုတြင္ “ကၽြန္မကို မၾကိဳက္ဘူးဆိုရင္ ကၽြန္မရဲ႕ ဇာတ္ကားေတြ မၾကည့္နဲ႔ေပါ့” ဟု ေျပာခဲ့မႈမွာလည္း လူမႈကြန္ရက္တြင္ မ်ားစြာဂယက္ရိုက္ခဲ့ဖူးသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside the Ranbir Kapoor House with Alia Bhatt - A Swanky Apartment in Pali Hill Updated: Apr 22, 2022, 16:00 IST (magicbricks)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service