ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား........

ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား........ - Property Knowledge in Myanmar from iMyanmarHouse.com
5 Sep 2022 9:53 am တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ညဦးကတော့ အိပ်ရင်း ဆီးသွားချင်မှာ စိုးလို့ ရေသိပ်မသောက်ဘဲ အိပ်လိုက်တယ်။ ညတစ်ရေးနိုး လာတော့ အာခေါင်တွေက ခြောက်ပြီး ရေတအား ငတ်လာလို့ ရေတွေ တဝ သောက်လိုက်မိတယ်။ ရေသောက်လိုက်မှပဲ ကောင်းကောင်း အိပ်ပျော်သွားတော့တယ်။

ဒီလိုမျိုး တစ်ကြိမ်၊ နှစ်ကြိမ် လုပ်မိစဉ်က ဘာရယ်လို့ မတွေးမိပေမယ့် ရက်တွေ ဆက်တိုက်လို ဖြစ်လာတဲ့အခါကျတော့ ခေါင်းထဲမှာ တွေးမိလာတာက ဒီလိုမျိုး ညတစ်ရေးနိုး ရေသောက်တာက ကောင်းရဲ့လား။

ကျောက်ကပ်တွေ ဘာတွေများ ထိခိုက်မလား။ အခြားရော ဘယ်လိုတွေ ထိခိုက်နိုင်သေးလဲဆိုပြီး စိတ်ပူနေတဲ့သူလေးတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား…….. ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့အတွက် နေ့စဉ် ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။ တစ်နေ့လုံးရော အိပ်စက်နေစဉ်မှာပါ အသက်ရှူတာ၊ ချွေးထွက်တာ၊ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုတွေကြောင့် ရေကို ဆုံးရှုံးနေရသလို ဆီးသွားတာ၊ ဝမ်းသွားတာတွေကြောင့်လည်း ရေကို ဆုံးရှုံးနေရပါတယ်။

အချို့တွေက အိပ်ချိန်အတွင်း ဆုံးရှုံးသွားမယ့်ရေတွေကို ကြိုတင် ဖြည့်တင်းတဲ့ အနေနဲ့ မအိပ်ခင်မှာ ရေတစ်ခွက် သောက်တတ်ကြပါတယ်။ ဒီလို သောက်လိုက်တဲ့အခါ ညလယ်မှာ ဆီးထသွားတာမျိုး ရှိပေမယ့် ရေတအားငတ်လို့ တရေးနိုးလာတယ်ဆိုတာမျိုးကတော့ ဖြစ်ခဲပါတယ်။

ရေဆာတယ်။ ရေငတ်တယ်ဆိုတာက ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးနေပြီဆိုတာကို ဖော်ပြတဲ့ လက္ခဏာ တစ်ရပ်ပါ။ ဒါကြောင့် တစ်ရေးနိုး ရေဆာလာတဲ့အခါ ရေကို သောက်လိုက်ပါလို့ အကြံပြုပါရစေ။

ရေဆာချိန်မှာ ရေသောက်လိုက်တာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ရေဓာတ်တွေကို ဖြည့်တင်းပေးလိုက်တာပါ။

တစ်ရေးနိုး ရေသောက်သင့်ရဲ့လား …….. အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းလေးကို ဆက်ရရင် ရေဆာချိန်မှာ ရေသောက်လိုက်တာ ကောင်းတယ်ဆိုပေမယ့် တစ်ရေးနိုးတိုင်း ရေဆာလို့ ရေသောက်တာက ကျန်းမာရေးကိုများ ထိခိုက်စေနိုင်သလားဆိုတော့ မထိခိုက်စေနိုင်ပါဘူး။

တကယ်ကတော့ ညအိပ်ရာ မဝင်ခင်မှာ ရေဖန်ခွက် တစ်ခွက်စာ သောက်လိုက်တာက အစာခြေစနစ်ကို ကျန်းမာစေသလို ၇ နာရီ ကနေ ၈ နာရီလောက် ကြာတဲ့ အိပ်ချိန်အတွင်းမှာ ခန္ဓာကိုယ်မှာ ရေဓာတ် ပြတ်လပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

ဒါပေမယ့် အိပ်ခါနီး ရေသောက်တာက လူတိုင်းလိုလို လုပ်မိမယ့် အမူအကျင့် တစ်ခုတော့ မဟုတ်ပါဘူး။ အချို့တွေက မအိပ်ခင် ရေတစ်ခွက် သောက်ရတာကို ကြိုက်ပေမယ့် ညအိပ်ရင်း ဆီးခဏခဏ ထသွားရမှာ စိုးလို့ မကြိုက်တဲ့သူတွေလည်း အများအပြားပါ။

ဒီလိုနဲ့ ညအိပ်ခါနီး ရေမသောက်တဲ့အခါ အိပ်နေစဉ်မှာ ရေဓာတ် လိုအပ်မှုကြောင့် ရေတွေဆာရင်း တစ်ရေးနိုး၊ နှစ်ရေးနိုးတွေ ဖြစ်လာပါတော့တယ်။ ဒီလိုနိုးလာတဲ့အခါ ရေကလည်းဆာ မသောက်ရင်လည်း အိပ်မပျော်တာကြောင့် သောက်ရင်း ကျန်းမာရေများ ထိခိုက်မလား စိတ်ပူနေတယ်ဆိုရင်တော့ စိတ်မပူဘဲ ရေဆာပြေအောင် သောက်လိုက်ပါနော်။

ညလယ်မှာ ရေဆာတာကို ရေသောက်တာကြောင့် ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဒါပေမယ့် သတိထားရမှာ တစ်ချက်က ရေအရမ်းဆာပြီး တစ်ရေးနိုးလာတဲ့အခါ ရေကို တစ်ခွက်ထပ် ပိုပြီး မသောက်ဖို့ပါ။

တစ်ရေးနိုးလို့ ရေတစ်ခွက်သောက်လိုက်တာက ခန္ဓာကိုယ်တွင်းက ကျောက်ကပ် အပါအဝင် အခြား အစိတ်အပိုင်းတွေကို မထိခိုက်စေသလို အစာခြေစနစ်ကို ကျန်းမာစေပြီး အိပ်ရာနိုးတဲ့အခါ ဝမ်းပျော့ပျော့ သွားစေဖို့တောင် ထောက်ကူပေးနိုင်ပါတယ်။

ကဲ…… တစ်ရေးနိုးမှာ ရေဆာပြီး နိုးလာရင် ရေတစ်ခွက်သောက်ပြီး ပြန်အိပ်လိုက်ပါ။ ကျန်းမာရေးကိုလည်း မထိခိုက်စေပါဘူးနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

ညတစ္ေရးႏိုး ေရေသာက္တာက က်န္းမာေရးကို ထိခိုက္ေစသလား........

 

ညဦးကေတာ့ အိပ္ရင္း ဆီးသြားခ်င္မွာ စိုးလို႔ ေရသိပ္မေသာက္ဘဲ အိပ္လိုက္တယ္။ ညတစ္ေရးႏိုး လာေတာ့ အာေခါင္ေတြက ေျခာက္ၿပီး ေရတအား ငတ္လာလို႔ ေရေတြ တဝ ေသာက္လိုက္မိတယ္။ ေရေသာက္လိုက္မွပဲ ေကာင္းေကာင္း အိပ္ေပ်ာ္သြားေတာ့တယ္။

ဒီလိုမ်ိဳး တစ္ႀကိမ္၊ ႏွစ္ႀကိမ္ လုပ္မိစဥ္က ဘာရယ္လို႔ မေတြးမိေပမယ့္ ရက္ေတြ ဆက္တိုက္လို ျဖစ္လာတဲ့အခါက်ေတာ့ ေခါင္းထဲမွာ ေတြးမိလာတာက ဒီလိုမ်ိဳး ညတစ္ေရးႏိုး ေရေသာက္တာက ေကာင္းရဲ႕လား။

ေက်ာက္ကပ္ေတြ ဘာေတြမ်ား ထိခိုက္မလား။ အျခားေရာ ဘယ္လိုေတြ ထိခိုက္ႏိုင္ေသးလဲဆိုၿပီး စိတ္ပူေနတဲ့သူေလးေတြမ်ား ႐ွိလား။ ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလးက သင့္အတြက္ပါ။

ညတစ္ေရးႏိုး ေရေသာက္တာက က်န္းမာေရးကို ထိခိုက္ေစသလား…….. ခႏၶာကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာေတြ ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္ေစဖို႔အတြက္ ေန႔စဥ္ ေရကို ျပည့္ျပည့္ဝဝ ေသာက္ဖို႔ လိုပါမယ္။ တစ္ေန႔လုံးေရာ အိပ္စက္ေနစဥ္မွာပါ အသက္႐ွဴတာ၊ ေခြၽးထြက္တာ၊ အစာေျခစနစ္ရဲ႕ လုပ္ေဆာင္မႈေတြေၾကာင့္ ေရကို ဆုံး႐ႈံးေနရသလို ဆီးသြားတာ၊ ဝမ္းသြားတာေတြေၾကာင့္လည္း ေရကို ဆုံး႐ႈံးေနရပါတယ္။

အခ်ိဳ႕ေတြက အိပ္ခ်ိန္အတြင္း ဆုံး႐ႈံးသြားမယ့္ေရေတြကို ႀကိဳတင္ ျဖည့္တင္းတဲ့ အေနနဲ႔ မအိပ္ခင္မွာ ေရတစ္ခြက္ ေသာက္တတ္ၾကပါတယ္။ ဒီလို ေသာက္လိုက္တဲ့အခါ ညလယ္မွာ ဆီးထသြားတာမ်ိဳး ႐ွိေပမယ့္ ေရတအားငတ္လို႔ တေရးႏိုးလာတယ္ဆိုတာမ်ိဳးကေတာ့ ျဖစ္ခဲပါတယ္။

ေရဆာတယ္။ ေရငတ္တယ္ဆိုတာက ခႏၶာကိုယ္က ေရဓာတ္ ဆုံး႐ႈံးေနၿပီဆိုတာကို ေဖာ္ျပတဲ့ လကၡဏာ တစ္ရပ္ပါ။ ဒါေၾကာင့္ တစ္ေရးႏိုး ေရဆာလာတဲ့အခါ ေရကို ေသာက္လိုက္ပါလို႔ အၾကံျပဳပါရေစ။

ေရဆာခ်ိန္မွာ ေရေသာက္လိုက္တာ ခႏၶာကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို အေကာင္းဆုံး လုပ္ေဆာင္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ ေရဓာတ္ေတြကို ျဖည့္တင္းေပးလိုက္တာပါ။

တစ္ေရးႏိုး ေရေသာက္သင့္ရဲ႕လား …….. အေပၚမွာ ေျပာခဲ့တဲ့ အေၾကာင္းေလးကို ဆက္ရရင္ ေရဆာခ်ိန္မွာ ေရေသာက္လိုက္တာ ေကာင္းတယ္ဆိုေပမယ့္ တစ္ေရးႏိုးတိုင္း ေရဆာလို႔ ေရေသာက္တာက က်န္းမာေရးကိုမ်ား ထိခိုက္ေစႏိုင္သလားဆိုေတာ့ မထိခိုက္ေစႏိုင္ပါဘူး။

တကယ္ကေတာ့ ညအိပ္ရာ မဝင္ခင္မွာ ေရဖန္ခြက္ တစ္ခြက္စာ ေသာက္လိုက္တာက အစာေျခစနစ္ကို က်န္းမာေစသလို ၇ နာရီ ကေန ၈ နာရီေလာက္ ၾကာတဲ့ အိပ္ခ်ိန္အတြင္းမွာ ခႏၶာကိုယ္မွာ ေရဓာတ္ ျပတ္လပ္တာမ်ိဳး မျဖစ္ေစဖို႔ ေထာက္ကူေပးပါတယ္။

ဒါေပမယ့္ အိပ္ခါနီး ေရေသာက္တာက လူတိုင္းလိုလို လုပ္မိမယ့္ အမူအက်င့္ တစ္ခုေတာ့ မဟုတ္ပါဘူး။ အခ်ိဳ႕ေတြက မအိပ္ခင္ ေရတစ္ခြက္ ေသာက္ရတာကို ႀကိဳက္ေပမယ့္ ညအိပ္ရင္း ဆီးခဏခဏ ထသြားရမွာ စိုးလို႔ မႀကိဳက္တဲ့သူေတြလည္း အမ်ားအျပားပါ။

ဒီလိုနဲ႔ ညအိပ္ခါနီး ေရမေသာက္တဲ့အခါ အိပ္ေနစဥ္မွာ ေရဓာတ္ လိုအပ္မႈေၾကာင့္ ေရေတြဆာရင္း တစ္ေရးႏိုး၊ ႏွစ္ေရးႏိုးေတြ ျဖစ္လာပါေတာ့တယ္။ ဒီလိုႏိုးလာတဲ့အခါ ေရကလည္းဆာ မေသာက္ရင္လည္း အိပ္မေပ်ာ္တာေၾကာင့္ ေသာက္ရင္း က်န္းမာေရမ်ား ထိခိုက္မလား စိတ္ပူေနတယ္ဆိုရင္ေတာ့ စိတ္မပူဘဲ ေရဆာေျပေအာင္ ေသာက္လိုက္ပါေနာ္။

ညလယ္မွာ ေရဆာတာကို ေရေသာက္တာေၾကာင့္ က်န္းမာေရးကို မထိခိုက္ေစႏိုင္ပါဘူး။ ဒါေပမယ့္ သတိထားရမွာ တစ္ခ်က္က ေရအရမ္းဆာၿပီး တစ္ေရးႏိုးလာတဲ့အခါ ေရကို တစ္ခြက္ထပ္ ပိုၿပီး မေသာက္ဖို႔ပါ။

တစ္ေရးႏိုးလို႔ ေရတစ္ခြက္ေသာက္လိုက္တာက ခႏၶာကိုယ္တြင္းက ေက်ာက္ကပ္ အပါအဝင္ အျခား အစိတ္အပိုင္းေတြကို မထိခိုက္ေစသလို အစာေျခစနစ္ကို က်န္းမာေစၿပီး အိပ္ရာႏိုးတဲ့အခါ ဝမ္းေပ်ာ့ေပ်ာ့ သြားေစဖို႔ေတာင္ ေထာက္ကူေပးႏိုင္ပါတယ္။

ကဲ…… တစ္ေရးႏိုးမွာ ေရဆာၿပီး ႏိုးလာရင္ ေရတစ္ခြက္ေသာက္ၿပီး ျပန္အိပ္လိုက္ပါ။ က်န္းမာေရးကိုလည္း မထိခိုက္ေစပါဘူးေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service