အတက်လေးတွေ ထွက်ပြီး စိမ်းနေတဲ့ အာလူး လေးတွေကို စားသင့်လား

အတက်လေးတွေ ထွက်ပြီး စိမ်းနေတဲ့ အာလူး လေးတွေကို စားသင့်လား - Property Knowledge in Myanmar from iMyanmarHouse.com
3 Sep 2022 2:38 pm တွင် တင်ခဲ့သည်
1059 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အာလူး လေးတွေကို ဝယ်ပြီး မချက်ပြုတ်ဖြစ်ဘဲ ကြာလာတဲ့အခါမှာ အတက်လေးတွေထွက်လာတာကို တွေ့ဖူးကြမှာပါ။ အဲလို အတက်လေးတွေ ထွက်လာတဲ့ အာလူးလေးတွေကို စားမယ်ဆိုရင် အန္တရာယ်ရှိလား၊ မရှိလားဆိုပြီး အတွေးလေးတွေ ဖြစ်မိတဲ့ သူတွေအတွက် ဒီဆောင်းပါးလေးမှာ အာလူးနဲ့ ကျန်းမာရေးအကြောင်းကို မျှဝေပေးသွားမှာပါ။

အာလူးဟာ ကျန်းမာရေးကို ကောင်းကျိုးတွေ အများကြီးပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အာလူးကို ကြော်စား၊ ချက်စား၊ ပေါင်းစား၊ ကင်စား စတဲ့ နည်းလမ်းမျိုးစုံနဲ့ အစားအသောက်မျိုးစုံမှာ ထည့်သွင်းစားသုံးကြပါတယ်။ အာလူးမှာ solanine နဲ့ chaconine လို့ခေါ်တဲ့ glycoalkaloid သဘာဝပစ္စည်းလေးနှစ်မျိုး ပါဝင်ပါတယ်။ အဲဒီပစ္စည်းလေးတွေဟာ အနည်းငယ်ပဲ စားသုံးမယ်ဆိုရင်တော့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ၊ သွေးတွင်း အဆီဓာတ်နဲ့ အချိုဓာတ်တွေကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပေမယ့် အရမ်းအများကြီး ဖြစ်သွားမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။ ပုံမှန် မပုပ်နေ၊ မစိမ်းနေ၊ အတက်မထွက်နေတဲ့ အာလူးမှာ အဲဒီ သဘာဝပစ္စည်းလေးတွေက ပါသင့်သလောက် အနည်းငယ်ပဲပါပေမယ့် အတက်လေးတွေထွက်လာတဲ့အခါမှာ glycoalkaloid ပမာဏဟာ ပုံမှန်ထက် ပိုများလာပါတယ်။

အာလူး ရဲ့ ဘယ်အစိတ်အပိုင်းမှာ glycoalkaloids ပမာဏ ပိုများသလဲ။

အာလူးတစ်ခုလုံးမှာ solanine နဲ့ chaconine လို့ခေါ်တဲ့ glycoalkaloid လေးတွေပါဝင်ပေမယ့် ပမာဏ အများဆုံးရှိနိုင်တဲ့ နေရာတွေကတော့ အာလူးရဲ့ မျက်လုံးလို နေရာလေးတွေ၊ အတက်လေးတွေ၊ စိမ်းနေတဲ့နေရာလေးတွေ နဲ့ အရွက်တွေမှာပဲဖြစ်ပါတယ်။ အနည်းဆုံးကတော့ အာလူးရဲ့ အတွင်းသားလေးတွေပဲ ဖြစ်ပါတယ်။

အတက်တွေကို ဖယ်ပြီးစားရင်ရော အန္တရာယ်နိုင်သေးလား။

အရှေ့မှာ ဖော်ပြခဲ့သလို glycoalkaloid ပမာဏများတဲ့ အတက်၊ အရွက်၊မျက်လုံးနဲ့ စိမ်းနေတဲ့ နေရာလေးတွေကို ဖယ်ပြီးမှ စားမယ်ဆိုရင်တော့ အဆိပ်အတောက် ပမာဏကို နည်းသွားနိုင်ပါတယ်။ ဒါ့အပြင် အခွံကို သေချာနွှာမယ်၊ ကျက်အောင် ကြော်ပြီးမှ စားမယ်ဆိုရင်လည်း glycoalkaloid ပမာဏနည်းသွားစေနိုင်တယ်လို့ ပြောထားပေမယ့် ပိုပြီး တိကျသေချာတဲ့ လေ့လာချက်တွေ မတွေ့ရသေးပါဘူး။ ဒါ့ကြောင့် အာလူးတွေက စိမ်းနေပြီ၊ အတက်တွေ ထွက်လာပြီဆိုရင်တော့ လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

အတက်အလက်တွေရှိတဲ့ အာလူးတွေ၊ glycoalkaloid များတဲ့ နေရာတွေကို စားမိရင် ဘာဆိုးကျိုးတွေ ဖြစ်နိုင်လဲ။

ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုကတော့ စားမိတဲ့ ပမာဏအပေါ်မူတည်ပါတယ်။

၁။ အနည်းငယ်ပဲစားမိတယ်ဆိုရင်တော့ အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဗိုက်နာခြင်း လောက်ပဲ ဖြစ်နိုင်ပေမယ့်

၂။ အများကြီး စားမိလိုက်မယ်ဆိုရင်တော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း နဲ့ အချို့သူတွေမှာ အရမ်းဆိုးရွားရင် အသက်အန္တရာယ် ရှိလာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အာလူး တွေကို ဘယ်လို နည်းလမ်းတွေနဲ့ သိမ်းဆည်းထားသင့်သလဲ။

အာလူးတွေကို အေးမြခြောက်သွေ့ပြီး နေရောင်နဲ့တိုက်ရိုက်မထိတွေ့နိုင်တဲ့ မှောင်တဲ့ နေရာမျိုးမှာ သိမ်းဆည်းမယ်ဆိုရင် glycoalkaloid ပမာဏနည်းစေပြီး အတက်အလက်ထွက်တာကိုလည်း နည်းစေပါတယ်။ ပုပ်နေတဲ့ အာလူးတွေရှိမယ်ဆိုရင်လည်း သေသေချာချာဖယ်ပြီး ကျန်တဲ့ အာလူးအကောင်းတွေကို သေချာခြောက်အောင် ထားပြီး သိမ်းထားသင့်ပါတယ်။ ဒါ့အပြင် ကြက်သွန်နီတွေ နဲ့လည်း အတူတူထားပြီး မသိုလှောင်ထားသင့်ပါဘူး။ ဒီလိုနည်းမှန်လမ်းမှန်နဲ့ သိမ်းမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုပြိး အထောက်အကူပြုမှာပါ။

နောက်ဆုံးအချက်အနေနဲ့ အာလူးတွေကို လိုအပ်သလောက်ပဲ ဝယ်ပြီး စားသုံးတာက အကောင်းဆုံးဖြစ်တဲ့အတွက် မလိုအပ်ဘဲ အများကြီးဝယ်ပြီး အကြာကြီး သိုလှောင်ထားတာတွေကို ရှောင်ကြဖို့ အတက်အလက်တွေထွက်လာတဲ့ အာလူးတွေကို၊ စိမ်းနေတာတွေကို ဖြစ်နိုင်ရင် မစားကြဖို့ အကြံပေးချင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon (Khine Phoo Ngon)

 

 

[Zawgyi]

အတက္ေလးေတြ ထြက္ၿပီး စိမ္းေနတဲ့ အာလူး ေလးေတြကို စားသင့္လား

 

အာလူး ေလးေတြကို ဝယ္ၿပီး မခ်က္ျပဳတ္ျဖစ္ဘဲ ၾကာလာတဲ့အခါမွာ အတက္ေလးေတြထြက္လာတာကို ေတြ႕ဖူးၾကမွာပါ။ အဲလို အတက္ေလးေတြ ထြက္လာတဲ့ အာလူးေလးေတြကို စားမယ္ဆိုရင္ အႏၲရာယ္႐ွိလား၊ မ႐ွိလားဆိုၿပီး အေတြးေလးေတြ ျဖစ္မိတဲ့ သူေတြအတြက္ ဒီေဆာင္းပါးေလးမွာ အာလူးနဲ႔ က်န္းမာေရးအေၾကာင္းကို မွ်ေဝေပးသြားမွာပါ။

အာလူးဟာ က်န္းမာေရးကို ေကာင္းက်ိဳးေတြ အမ်ားႀကီးေပးႏိုင္တဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း အာလူးကို ေၾကာ္စား၊ ခ်က္စား၊ ေပါင္းစား၊ ကင္စား စတဲ့ နည္းလမ္းမ်ိဳးစုံနဲ႔ အစားအေသာက္မ်ိဳးစုံမွာ ထည့္သြင္းစားသုံးၾကပါတယ္။ အာလူးမွာ solanine နဲ႔ chaconine လို႔ေခၚတဲ့ glycoalkaloid သဘာဝပစၥည္းေလးႏွစ္မ်ိဳး ပါဝင္ပါတယ္။ အဲဒီပစၥည္းေလးေတြဟာ အနည္းငယ္ပဲ စားသုံးမယ္ဆိုရင္ေတာ့ ေရာဂါပိုးေတြကို တိုက္ဖ်က္ႏိုင္တဲ့ အစြမ္းသတၱိေတြ၊ ေသြးတြင္း အဆီဓာတ္နဲ႔ အခ်ိဳဓာတ္ေတြကို ထိန္းညႇိေပးႏိုင္တဲ့ အစြမ္းသတၱိေတြ ႐ွိေပမယ့္ အရမ္းအမ်ားႀကီး ျဖစ္သြားမယ္ဆိုရင္ေတာ့ ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ ျဖစ္ေစပါတယ္။ ပုံမွန္ မပုပ္ေန၊ မစိမ္းေန၊ အတက္မထြက္ေနတဲ့ အာလူးမွာ အဲဒီ သဘာဝပစၥည္းေလးေတြက ပါသင့္သေလာက္ အနည္းငယ္ပဲပါေပမယ့္ အတက္ေလးေတြထြက္လာတဲ့အခါမွာ glycoalkaloid ပမာဏဟာ ပုံမွန္ထက္ ပိုမ်ားလာပါတယ္။

အာလူး ရဲ႕ ဘယ္အစိတ္အပိုင္းမွာ glycoalkaloids ပမာဏ ပိုမ်ားသလဲ။

အာလူးတစ္ခုလုံးမွာ solanine နဲ႔ chaconine လို႔ေခၚတဲ့ glycoalkaloid ေလးေတြပါဝင္ေပမယ့္ ပမာဏ အမ်ားဆုံး႐ွိႏိုင္တဲ့ ေနရာေတြကေတာ့ အာလူးရဲ႕ မ်က္လုံးလို ေနရာေလးေတြ၊ အတက္ေလးေတြ၊ စိမ္းေနတဲ့ေနရာေလးေတြ နဲ႔ အ႐ြက္ေတြမွာပဲျဖစ္ပါတယ္။ အနည္းဆုံးကေတာ့ အာလူးရဲ႕ အတြင္းသားေလးေတြပဲ ျဖစ္ပါတယ္။

အတက္ေတြကို ဖယ္ၿပီးစားရင္ေရာ အႏၲရာယ္ႏိုင္ေသးလား။

အေ႐ွ႕မွာ ေဖာ္ျပခဲ့သလို glycoalkaloid ပမာဏမ်ားတဲ့ အတက္၊ အ႐ြက္၊မ်က္လုံးနဲ႔ စိမ္းေနတဲ့ ေနရာေလးေတြကို ဖယ္ၿပီးမွ စားမယ္ဆိုရင္ေတာ့ အဆိပ္အေတာက္ ပမာဏကို နည္းသြားႏိုင္ပါတယ္။ ဒါ့အျပင္ အခြံကို ေသခ်ာႏႊာမယ္၊ က်က္ေအာင္ ေၾကာ္ၿပီးမွ စားမယ္ဆိုရင္လည္း glycoalkaloid ပမာဏနည္းသြားေစႏိုင္တယ္လို႔ ေျပာထားေပမယ့္ ပိုၿပီး တိက်ေသခ်ာတဲ့ ေလ့လာခ်က္ေတြ မေတြ႕ရေသးပါဘူး။ ဒါ့ေၾကာင့္ အာလူးေတြက စိမ္းေနၿပီ၊ အတက္ေတြ ထြက္လာၿပီဆိုရင္ေတာ့ လႊင့္ပစ္လိုက္တာ အေကာင္းဆုံးပါပဲ။

အတက္အလက္ေတြ႐ွိတဲ့ အာလူးေတြ၊ glycoalkaloid မ်ားတဲ့ ေနရာေတြကို စားမိရင္ ဘာဆိုးက်ိဳးေတြ ျဖစ္ႏိုင္လဲ။

ေရာဂါလကၡဏာေတြရဲ႕ ျပင္းထန္မႈကေတာ့ စားမိတဲ့ ပမာဏအေပၚမူတည္ပါတယ္။

၁။ အနည္းငယ္ပဲစားမိတယ္ဆိုရင္ေတာ့ အန္ျခင္း၊ ဝမ္းေလွ်ာျခင္းနဲ႔ ဗိုက္နာျခင္း ေလာက္ပဲ ျဖစ္ႏိုင္ေပမယ့္

၂။ အမ်ားႀကီး စားမိလိုက္မယ္ဆိုရင္ေတာ့ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း၊ ေသြးေပါင္က်ျခင္း၊ ေသြးခုန္ႏႈန္းျမန္ျခင္း နဲ႔ အခ်ိဳ႕သူေတြမွာ အရမ္းဆိုး႐ြားရင္ အသက္အႏၲရာယ္ ႐ွိလာတဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။

အာလူး ေတြကို ဘယ္လို နည္းလမ္းေတြနဲ႔ သိမ္းဆည္းထားသင့္သလဲ။

အာလူးေတြကို ေအးျမေျခာက္ေသြ႕ၿပီး ေနေရာင္နဲ႔တိုက္႐ိုက္မထိေတြ႕ႏိုင္တဲ့ ေမွာင္တဲ့ ေနရာမ်ိဳးမွာ သိမ္းဆည္းမယ္ဆိုရင္ glycoalkaloid ပမာဏနည္းေစၿပီး အတက္အလက္ထြက္တာကိုလည္း နည္းေစပါတယ္။ ပုပ္ေနတဲ့ အာလူးေတြ႐ွိမယ္ဆိုရင္လည္း ေသေသခ်ာခ်ာဖယ္ၿပီး က်န္တဲ့ အာလူးအေကာင္းေတြကို ေသခ်ာေျခာက္ေအာင္ ထားၿပီး သိမ္းထားသင့္ပါတယ္။ ဒါ့အျပင္ ၾကက္သြန္နီေတြ နဲ႔လည္း အတူတူထားၿပီး မသိုေလွာင္ထားသင့္ပါဘူး။ ဒီလိုနည္းမွန္လမ္းမွန္နဲ႔ သိမ္းမယ္ဆိုရင္ က်န္းမာေရးအတြက္ ပိုၿပိး အေထာက္အကူျပဳမွာပါ။

ေနာက္ဆုံးအခ်က္အေနနဲ႔ အာလူးေတြကို လိုအပ္သေလာက္ပဲ ဝယ္ၿပီး စားသုံးတာက အေကာင္းဆုံးျဖစ္တဲ့အတြက္ မလိုအပ္ဘဲ အမ်ားႀကီးဝယ္ၿပီး အၾကာႀကီး သိုေလွာင္ထားတာေတြကို ေ႐ွာင္ၾကဖို႔ အတက္အလက္ေတြထြက္လာတဲ့ အာလူးေတြကို၊ စိမ္းေနတာေတြကို ျဖစ္ႏိုင္ရင္ မစားၾကဖို႔ အၾကံေပးခ်င္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon (Khine Phoo Ngon)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service