ပဲရစ်မြို့အနီးမှ အားလပ်ရက်အပန်းဖြေစံအိမ် ပေါင် ၅၀၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည်

ပဲရစ်မြို့အနီးမှ အားလပ်ရက်အပန်းဖြေစံအိမ် ပေါင် ၅၀၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည် - Property News in Myanmar from iMyanmarHouse.com
1 Sep 2022 10:31 am တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သာယာလှပသော အားလပ်ရက်အပန်းဖြေအိမ်တစ်လုံး ပိုင်ဆိုင်လိုသူများအတွက် ပြင်သစ်နိုင်ငံတွင် ပေါင် ၅၀၀၀၀ မျှဖြင့် ကျေးလက်စံအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာပြီ ဖြစ်သည်။

ယနေ့ အိမ်ခြံမြေလောက ဈေးနှုန်းများအရ အတော် တန်သည့် ဈေးနှုန်းဖြစ်ပြီး ပြည်ပတွင်အိမ်တစ်လုံး ပိုင်ဆိုင်ရန် အိပ်မက်မက်နေသူများအတွက် လက်တွေ့ဖြစ်လာစေမည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။

စံအိမ်မှာ အိပ်ခန်း ၂ ခန်းပါ အိမ်ဖြစ်ပြီး ပဲရစ်မြို့မှ အနည်းငယ်သာဝေးကွာသည့် Bessines-Sur-Gartempe အရပ်တွင် တည်ရှိကာ Bersac-sur-Rivalier ဆီသို့ လှမ်းမျှော်ကြည့်ရှုနိုင်သည့် မယုံနိုင်ဖွယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

စံအိမ်အနေအထားမှာ အတော်ကောင်းမွန်ပြီး ခေါ်ဈေးမှာ ပေါင် ၅၁၉၄၈ မျှသာ ဖြစ်သည်။

(အရမ်းမိုက်..ဓာတ်ပုံ- Jam Press)

(ဧည့်ခန်း- ဓာတ်ပုံ- Jam Press)

စံအိမ်တွင်းသို့ အပေါ်ထပ်မှလည်းကောင်း (သို့မဟုတ်) မြေညီထပ်မှလည်းကောင်း ဝင်ရောက်နိုင်သည်။

အပေါ်ထပ်တွင် ပန်းဥယျာဉ်ကို တွေ့မြင်နေရသည့် မီးဖိုဆောင်တစ်ခု၊ မီးလင်းဖိုတစ်ခုပါသော ဧည့်ခန်းတစ်ခန်းတို့ကို တွေ့ရမည် ဖြစ်သည်။

ထိုအထပ်တွင် ရေချိုးခန်းလည်း တစ်ခန်းရှိပြီး ကြီးမားသည့် King-size အိပ်ယာထည့်သွင်းနိုင်သော အိပ်ခန်းတစ်ခန်းနှင့် မိသားစုရေချိုးခန်းတစ်ခုတို့လည်း ရှိသည်။

(ကျေနပ်စရာ…ဓာတ်ပုံ- Jam Press)

(မီးဖိုဆောင်နေရာ- ဓာတ်ပုံ- Jam Press)

မြေညီထပ်တွင် အဝတ်လဲခန်း၊ ဒုတိယအိပ်ခန်း၊ အသုံးအဆောင်ပစ္စည်းခန်းနှင့် ဂိုဒေါင်တို့ရှိသည်။

ဒုတိယအိပ်ခန်းမှ လသာဆောင်နှင့် ဥယျာဉ်တို့သို့ ပေါက်သည်။

ပန်းဥယျာဉ်အတွင်းကား အရိပ်ရသည့်နေရာများစွာရှိပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်နေရာရှိသည်။

ခြံပြင်ဘက်တွင် သီးသန့်ကားရပ်နားရန်နေရာလည်း ရှိသည်။

(ပန်းဥယျာဉ်- ဓာတ်ပုံ Jam Press)

(ပန်းချီကားတစ်ချပ်အလား….ဓာတ်ပုံ- Jam Press)

(နှစ်လိုတိမ်းမူးဖွယ်ရာ…ဓာတ်ပုံ- Jam Press)

ဤယာတောအိမ်သည် အနီးဆုံးကျေးရွာ၊ ဈေးဆိုင်၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ အရက်ဘားများရှိသော Bessiness-Sur-Gartempe မြို့ရင်ပြင်တို့မှ ၁ ဒသမ ၃ ကီလိုမီတာမျှသာ ဝေးကွာသည်။

စံအိမ်ကို Leggett မှတဆင့် အရောင်းဈေးကွက်တင်ထားခြင်းဖြစ်ပြီး စာရေးဆရာတစ်ဦးအတွက်ဆိုလျှင် အနားယူစာရေးသည့်နေရာအဖြစ်သုံးရန် လွန်စွာကောင်းမွန်သည့်နေရာ ဖြစ်သည်။ ပြင်သစ်ကျေးလက်ဒေသ၏ လှပသာယာသော ရှုမျှော်ခင်းများကြည့်ရင်း စာရေးရမည်မှာ အိပ်မက်ဆန်လှသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A rustic holiday home near Paris could be yours for £50,000 (metro)

[Zawgyi]

ပဲရစ္ျမိဳ႕အနီးမွ အားလပ္ရက္အပန္းေျဖစံအိမ္ ေပါင္ ၅၀၀၀၀ မွ်ျဖင့္ ဝယ္ယူႏိုင္မည္

သာယာလွပေသာ အားလပ္ရက္အပန္းေျဖအိမ္တစ္လံုး ပိုင္ဆိုင္လိုသူမ်ားအတြက္ ျပင္သစ္ႏိုင္ငံတြင္ ေပါင္ ၅၀၀၀၀ မွ်ျဖင့္ ေက်းလက္စံအိမ္တစ္လံုး အေရာင္းေစ်းကြက္ဝင္လာျပီ ျဖစ္သည္။

ယေန႔ အိမ္ျခံေျမေလာက ေစ်းႏႈန္းမ်ားအရ အေတာ္ တန္သည့္ ေစ်းႏႈန္းျဖစ္ျပီး ျပည္ပတြင္အိမ္တစ္လံုး ပိုင္ဆိုင္ရန္ အိပ္မက္မက္ေနသူမ်ားအတြက္ လက္ေတြ႔ျဖစ္လာေစမည့္ အခြင့္အလမ္းတစ္ခုလည္း ျဖစ္သည္။

စံအိမ္မွာ အိပ္ခန္း ၂ ခန္းပါ အိမ္ျဖစ္ျပီး ပဲရစ္ျမိဳ႕မွ အနည္းငယ္သာေဝးကြာသည့္ Bessines-Sur-Gartempe အရပ္တြင္ တည္ရွိကာ Bersac-sur-Rivalier ဆီသို႔ လွမ္းေမွ်ာ္ၾကည့္ရႈႏိုင္သည့္ မယံုႏိုင္ဖြယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

စံအိမ္အေနအထားမွာ အေတာ္ေကာင္းမြန္ျပီး ေခၚေစ်းမွာ ေပါင္ ၅၁၉၄၈ မွ်သာ ျဖစ္သည္။

(အရမ္းမိုက္..ဓာတ္ပံု- Jam Press)

(ဧည့္ခန္း- ဓာတ္ပံု- Jam Press)

စံအိမ္တြင္းသို႔ အေပၚထပ္မွလည္းေကာင္း (သို႔မဟုတ္) ေျမညီထပ္မွလည္းေကာင္း ဝင္ေရာက္ႏိုင္သည္။

အေပၚထပ္တြင္ ပန္းဥယ်ာဥ္ကို ေတြ႔ျမင္ေနရသည့္ မီးဖိုေဆာင္တစ္ခု၊ မီးလင္းဖိုတစ္ခုပါေသာ ဧည့္ခန္းတစ္ခန္းတို႔ကို ေတြ႔ရမည္ ျဖစ္သည္။

ထိုအထပ္တြင္ ေရခ်ဳိးခန္းလည္း တစ္ခန္းရွိျပီး ၾကီးမားသည့္ King-size အိပ္ယာထည့္သြင္းႏိုင္ေသာ အိပ္ခန္းတစ္ခန္းႏွင့္ မိသားစုေရခ်ဳိးခန္းတစ္ခုတို႔လည္း ရွိသည္။

(ေက်နပ္စရာ…ဓာတ္ပံု- Jam Press)

(မီးဖိုေဆာင္ေနရာ- ဓာတ္ပံု- Jam Press)

ေျမညီထပ္တြင္ အဝတ္လဲခန္း၊ ဒုတိယအိပ္ခန္း၊ အသံုးအေဆာင္ပစၥည္းခန္းႏွင့္ ဂိုေဒါင္တို႔ရွိသည္။

ဒုတိယအိပ္ခန္းမွ လသာေဆာင္ႏွင့္ ဥယ်ာဥ္တို႔သို႔ ေပါက္သည္။

ပန္းဥယ်ာဥ္အတြင္းကား အရိပ္ရသည့္ေနရာမ်ားစြာရွိျပီး ဟင္းသီးဟင္းရြက္ စိုက္ပ်ဳိးရန္ေနရာရွိသည္။

ျခံျပင္ဘက္တြင္ သီးသန္႔ကားရပ္နားရန္ေနရာလည္း ရွိသည္။

(ပန္းဥယ်ာဥ္- ဓာတ္ပံု Jam Press)

(ပန္းခ်ီကားတစ္ခ်ပ္အလား….ဓာတ္ပံု- Jam Press)

(ႏွစ္လိုတိမ္းမူးဖြယ္ရာ…ဓာတ္ပံု- Jam Press)

ဤယာေတာအိမ္သည္ အနီးဆံုးေက်းရြာ၊ ေစ်းဆိုင္၊ ေကာ္ဖီဆိုင္၊ စားေသာက္ဆိုင္၊ အရက္ဘားမ်ားရွိေသာ Bessiness-Sur-Gartempe ျမိဳ႕ရင္ျပင္တို႔မွ ၁ ဒသမ ၃ ကီလိုမီတာမွ်သာ ေဝးကြာသည္။

စံအိမ္ကို Leggett မွတဆင့္ အေရာင္းေစ်းကြက္တင္ထားျခင္းျဖစ္ျပီး စာေရးဆရာတစ္ဦးအတြက္ဆိုလွ်င္ အနားယူစာေရးသည့္ေနရာအျဖစ္သံုးရန္ လြန္စြာေကာင္းမြန္သည့္ေနရာ ျဖစ္သည္။ ျပင္သစ္ေက်းလက္ေဒသ၏ လွပသာယာေသာ ရႈေမွ်ာ္ခင္းမ်ားၾကည့္ရင္း စာေရးရမည္မွာ အိပ္မက္ဆန္လွသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A rustic holiday home near Paris could be yours for £50,000 (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service