ရေနွေးထဲမှာ လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ ...?

ရေနွေးထဲမှာ လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ ...? - Property Knowledge in Myanmar from iMyanmarHouse.com
31 Aug 2022 12:14 pm တွင် တင်ခဲ့သည်
1013 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဆိုလိုတာက ရေနွေးထဲမှာ လက်ဖက်ခြောက် ခတ်သောက်တယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ခုခေတ်မှာ ဟိုအရွက်ခြောက်လေးတွေ၊ ဒီအရွက်ခြောက်လေးတွေ ခတ်သောက်တတ်ကြတော့ ဘယ်လိုအရွက်က ဘယ်လို အာနိသင်ရှိလဲ။ တွေ့တဲ့ အရွက်လေးတွေ၊ ခြံထဲမှာ စိုက်ထားတဲ့ အရွက်လေးတွေ သောက်မယ့်အတူတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ herbal teaလေးတွေ သောက်တာက ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။ ဆက်ပြီးတော့ ဘယ်လိုherbal teaလေးတွေက ဘယ်လိုအကျိုးကျေးဇူးပေးနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

ချာမိုမိုင်း လက်ဖက်ရည်ကြမ်း

ချာမိုမိုင်း လက်ဖက်ရည်က စိတ်ကို တည်ငြိမ်စေတဲ့နေရာမှာ နာမည်ကြီးတဲ့အတွက် အိပ်မပျော်တဲ့သူတွေ လက်စွဲပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေမှာ မီးနေသည်၈၀ကို ချာမိုမိုင်းလက်ဖက်ရည်ကြမ်း ၂ပတ်လောက်တိုက်လိုက်တဲ့အခါ ကောင်းကောင်းအိပ်ပျော်ပြီး စိတ်ကျတာတွေလည်း သက်သာပါတယ်တဲ့။

ချာမိုမိုင်းဟာ အိပ်ပျော်စေရုံသာမက ရောင်ရမ်းသာကို သက်သာစေပြီး ပိုးသေစေတဲ့ သတ္တိရှိတာကို တွေ့ရပါတယ်။ အသည်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။ လေ့လာချက်တစ်ခုမှာ ချာမိုမိုင်း လက်ဖက်ရည်ကြမ်းကို သောက်ပေးတာက ရာသီမလာခင် ခံစားရတာတွေကို သက်သာစေပြီး နောက်ထပ်လေ့လာချက်တွေအရ ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။

နောက်ထပ်လေ့လာမှုတွေ လိုအပ်သေးပေမယ့် ချာမိုမိုင်းက ကျန်းမာရေးအတွက် သင့်တော်တာတော့ အမှန်ပါပဲ။

ပင်စိမ်း လက်ဖက်ရည်ကြမ်း

ပင်စိမ်းရွက်ကို တော်တော်များများက လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။ အဓိကကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သောက်ကြပေမယ့် သူ့မှာ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ၊ ကင်ဆာကို သက်သာစေတဲ့ အစွမ်းတွေ၊ ပိုးသေစေတဲ့ သတ္တိတွေ အများကြီး ရှိပါတယ်။

နောက်ဆုံးလေ့လာချက်တွေအရတော့ ပင်စိမ်းရွက်က အူလမ်းကြောင်း မူမမှန်တဲ့ရောဂါ (irritable bowel syndrome)ကို သက်သာစေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်မှာ အစာမကြေတာ၊ ပျို့အန်တာ၊ ဗိုက်ရစ်တာ ဖြစ်လာပြီဆိုရင် ပင်စိမ်း လက်ဖက်ရည်ကြမ်းလေး စမ်းသောက်ကြည့်နိုင်ပါတယ်။

ချင်းလက်ဖက်ရည်ကြမ်း

ပူရှိန်းရှိန်း စပ်တပ်တပ် ချင်းတက်လေးမှာ ဓာတ်တိုးဆန့်ကျင်သတ္တိအပါအဝင် တခြားသော ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။ သူဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ခုခံအားကို တက်စေပါတယ်။ ပျို့အန်တာကို သက်သာစေတဲ့ နေရာမှာတော့ ဆရာတစ်ဆူပါပဲ။

ဒါကြောင့် ကားမူးတာက စလို့ ကိုယ်ဝန်လနုချိန်မှာ ပျို့တာအလယ် ကင်ဆာဆေးတွေကြောင့် ပျို့အန်တာအထိ သုံးလို့ရပါတယ်။ ဒါ့ပြင် အစာအိမ်အနာ၊ ဝမ်းချုပ်တာနဲ့ အစာမကြေတာတွေကို သက်သာစေတဲ့အပြင် အမျိုးသမီးတွေ ရာသီချိန်မှာ ကိုက်ခဲတာကိုလည်း သက်သာစေပါတယ်တဲ့။

ခေါင်ရန်း လက်ဖက်ရည်ကြမ်း

ခေါင်ရန်းပန်းတွေနဲ့ စိမ်ထားတဲ့ ရေနွေးကြမ်းဖြစ်ဖြစ်၊ အအေးဖျော်ထားတာ ဖြစ်ဖြစ် သောက်ပေးတာက စိတ်ကိုကြည်စေပါတယ်။ သူရဲ့ အဓိက ကောင်းကျိုးကတော့ သွေးတိုးကျစေတာပဲ ဖြစ်ပါတယ်။

လေ့လာချက်တွေကတော့ ဆက်လုပ်ရဦးမှာပါ။ ဒါပေမယ့် သတိထားရမှာက သူ့ကို hydrochlorothiazideလို့ ခေါ်တဲ့ ဆီးဆေးနဲ့ တွဲမသောက်သင့်ပါဘူး။ နှစ်ခုပေါင်းပြီး ဓာတ်ပြုတတ်ပါတယ်။ နောက်ပြီး အက်စပရင်နဲ့ တွဲမသောက်ပါနဲ့။ အနည်းဆုံး ၃-၄နာရီ လောက်တော့ ခြားပြီးသောက်ပေးပါ။

ဆေးပြောင်းပန်း လက်ဖက်ရည်ကြမ်း

ဆေးပြောင်းပန်းရဲ့ နာမည်ကြီး အစွမ်းကတော့ အအေးမိတာကို ကာကွယ်ပေးပြီး ဖြစ်လာရင်လည်း အချိန်တိုတိုနဲ့ သက်သာစေတာပါပဲ။ လေ့လာချက်တွေအရ ဆေးပြောင်းပန်းပင်က ခုခံအားကို တက်စေတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်တဲ့။ လေ့လာမှုတွေ ထပ်လုပ်ရဦးမယ်ဆိုပေမယ့် အနည်းဆုံးတော့ ရေနွေးကြမ်း နွေးနွေးလေးက လည်ပင်းနာတာကို သက်သာစေပြီး နှာပွင့်စေတာတော့ အမှန်ပါပဲ။

လက်ဖက်နီ ရေနွေးကြမ်း

လက်ဖက်နီနဲ့ ပတ်သတ်လို့ သူက အရိုးတွေကို သန်မာစေပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ လက်ဖက်နီကို ၆ပတ် ဆက်တိုက်သောက်ပေးတာက သွေးထဲက မကောင်းတဲ့ LDL ကိုလက်စထရောတွေကို ကျစေပြီး ကောင်းတဲ့ HDL ကိုလက်စထရောတွေကို တက်စေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပိုပြီးသေချာအောင် လေ့လာမှုတွေ ထပ်ပြီး လုပ်ရဦးမှာပါ။

ကလျာဏီပင် ရေနွေးကြမ်း

ကလျာဏီနဲ့ ပတ်သတ်ပြီး ပါးစပ်ပြော ကျန်းမာရေးကောင်းကျိုးတွေ ရှိနေပေမယ့် ခုတော့ သိပ္ပံနည်းကျ လေ့လာချက်တွေ လုပ်လာကြပါပြီ။ ကလျာဏီပင်ဟာ လူကြီးတွေမှာ မှတ်ဉာဏ်ချို့ယွင်းမှုကို သက်သာစေတယ်လို့ ဆိုကြပါတယ်။ ဒါ့ပြင် အူမကြီးကို ကျန်းမာစေခြင်း၊ နှလုံးရောဂါကို ကာကွယ်ပေးခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရှိနေပါတယ်။

သံပရိုသီး ရေနွေးကြမ်း

သံပရိုသီးဟာလည်း သံပရာသီးလိုပဲ စိတ်ကိုကြည်လင်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ လေ့လာချက်တွေအရ သံပရိုသီး ရေနွေးကြမ်းသောက်သုံးတဲ့သူတွေဟာ အသားအရေကြည်လင်လာပါတယ်တဲ့။ စိတ်ဖိစီးမှုသက်သာပြီး ဓာတ်တိုးဆန့်ကျင်သတ္တိတွေလည်း ရှိပါတယ်တဲ့။ ထပ်ပြီး လေ့လာရဦးမယ်ဆိုပေမယ့် နှလုံးကိုပါ ကျန်းမာစေတယ်လို့ ဆိုကြပါတယ်။

Rose hip ရေနွေးကြမ်း

Rose hipဆိုတာ နှင်းဆီပင်တစ်မျိုးရဲ့ အသီးပါတဲ့။ ဗီတာမင်စီနဲ့ တခြားကောင်းကျိုးပြု ဒြပ်ပေါင်းတွေ ပါဝင်တဲ့ ဒီအသီးဟာ ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါကြောင့် အဆစ်အမြစ်နာရောဂါနဲ့ လေးဖက်နာရောဂါတွေ ကုသတဲ့နေရာတဲ့နေရာမှာ သုံးဖို့ ပညာရှင်တွေ လေ့လာနေကြပါတယ်။

ဒါ့ပြင် လူ၃၂ယောက်ကို Rose hip ရေနွေးကြမ်း ၁၂ပတ်သောက်ပြီး စမ်းသပ်ကြည့်တဲ့အခါ ဝမ်းဗိုက်က အဆီတွေ ကျသွားပါတယ်တဲ့။ နောက်ပြီး ဓာတ်တိုးဆန့်ကျင်သတ္တိရှိတာကြောင့် အရေပြားကို တင်းရင်းစေပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်တဲ့။

ပင်မှည့်သီးပွင့် ရေနွေးကြမ်း

ပင်မှည့်သီးပွင့်လေးတွေကို ဟိုးအရင်ကတည်းက အိပ်ပျော်စေဖို့အတွက် ရေနွေးကြမ်းအနေနဲ့ သောက်ခဲ့ကြပါတယ်။ ဒါဟာ တကယ်ပဲလားဆိုတာကို ပညာရှင်တွေ စလေ့လာနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ညဘက် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ပင်မှည့်သီးပွင့်လေးတွေကို လက်ဖက်ခြောက် ခပ်သောက်ကြည့်တာ မမှားပါဘူးနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ေရေႏြးထဲမွာ လက္ဖက္ေျခာက္အျပင္ သင္ဘာေတြ ထည့္ေဖ်ာ္ေသာက္လို႔ရေသးလဲ ...?

 

ဆိုလိုတာက ေရေႏြးထဲမွာ လက္ဖက္ေျခာက္ ခတ္ေသာက္တယ္ဆိုတာ ထူးဆန္းတဲ့ ကိစၥ မဟုတ္ပါဘူး။ ဒါေပမယ့္ ခုေခတ္မွာ ဟိုအ႐ြက္ေျခာက္ေလးေတြ၊ ဒီအ႐ြက္ေျခာက္ေလးေတြ ခတ္ေသာက္တတ္ၾကေတာ့ ဘယ္လိုအ႐ြက္က ဘယ္လို အာနိသင္႐ွိလဲ။ ေတြ႕တဲ့ အ႐ြက္ေလးေတြ၊ ျခံထဲမွာ စိုက္ထားတဲ့ အ႐ြက္ေလးေတြ ေသာက္မယ့္အတူတူ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ herbal teaေလးေတြ ေသာက္တာက ပိုၿပီးက်န္းမာေရးနဲ႔ ညီၫြတ္တာေပါ့။ ဆက္ၿပီးေတာ့ ဘယ္လိုherbal teaေလးေတြက ဘယ္လိုအက်ိဳးေက်းဇူးေပးႏိုင္လဲဆိုတာ ဆက္ၾကည့္ရေအာင္။

ခ်ာမိုမိုင္း လက္ဖက္ရည္ၾကမ္း

ခ်ာမိုမိုင္း လက္ဖက္ရည္က စိတ္ကို တည္ၿငိမ္ေစတဲ့ေနရာမွာ နာမည္ႀကီးတဲ့အတြက္ အိပ္မေပ်ာ္တဲ့သူေတြ လက္စြဲပဲ ျဖစ္ပါတယ္။ ေလ့လာခ်က္ေတြမွာ မီးေနသည္၈၀ကို ခ်ာမိုမိုင္းလက္ဖက္ရည္ၾကမ္း ၂ပတ္ေလာက္တိုက္လိုက္တဲ့အခါ ေကာင္းေကာင္းအိပ္ေပ်ာ္ၿပီး စိတ္က်တာေတြလည္း သက္သာပါတယ္တဲ့။

ခ်ာမိုမိုင္းဟာ အိပ္ေပ်ာ္ေစ႐ုံသာမက ေရာင္ရမ္းသာကို သက္သာေစၿပီး ပိုးေသေစတဲ့ သတၱိ႐ွိတာကို ေတြ႕ရပါတယ္။ အသည္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္တဲ့။ ေလ့လာခ်က္တစ္ခုမွာ ခ်ာမိုမိုင္း လက္ဖက္ရည္ၾကမ္းကို ေသာက္ေပးတာက ရာသီမလာခင္ ခံစားရတာေတြကို သက္သာေစၿပီး ေနာက္ထပ္ေလ့လာခ်က္ေတြအရ ဆီးခ်ိဳသမားေတြမွာ ေသြးတြင္းသၾကားဓာတ္ကို ထိန္းေပးပါတယ္။

ေနာက္ထပ္ေလ့လာမႈေတြ လိုအပ္ေသးေပမယ့္ ခ်ာမိုမိုင္းက က်န္းမာေရးအတြက္ သင့္ေတာ္တာေတာ့ အမွန္ပါပဲ။

ပင္စိမ္း လက္ဖက္ရည္ၾကမ္း

ပင္စိမ္း႐ြက္ကို ေတာ္ေတာ္မ်ားမ်ားက လက္ဖက္ရည္ၾကမ္း လုပ္ေသာက္ၾကပါတယ္။ အဓိကကေတာ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို က်န္းမာေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ ေသာက္ၾကေပမယ့္ သူ႕မွာ ဓာတ္တိုးဆန္႔က်င္ႏိုင္တဲ့ ဂုဏ္သတၱိေတြ၊ ကင္ဆာကို သက္သာေစတဲ့ အစြမ္းေတြ၊ ပိုးေသေစတဲ့ သတၱိေတြ အမ်ားႀကီး ႐ွိပါတယ္။

ေနာက္ဆုံးေလ့လာခ်က္ေတြအရေတာ့ ပင္စိမ္း႐ြက္က အူလမ္းေၾကာင္း မူမမွန္တဲ့ေရာဂါ (irritable bowel syndrome)ကို သက္သာေစေၾကာင္း ေတြ႕႐ွိခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ သင့္မွာ အစာမေၾကတာ၊ ပ်ိဳ႕အန္တာ၊ ဗိုက္ရစ္တာ ျဖစ္လာၿပီဆိုရင္ ပင္စိမ္း လက္ဖက္ရည္ၾကမ္းေလး စမ္းေသာက္ၾကည့္ႏိုင္ပါတယ္။

ခ်င္းလက္ဖက္ရည္ၾကမ္း

ပူ႐ွိန္း႐ွိန္း စပ္တပ္တပ္ ခ်င္းတက္ေလးမွာ ဓာတ္တိုးဆန္႔က်င္သတၱိအပါအဝင္ တျခားေသာ ေကာင္းက်ိဳးေတြ အမ်ားႀကီး ႐ွိေနပါတယ္။ သူဟာ ေရာင္ရမ္းမႈကို သက္သာေစၿပီး ခုခံအားကို တက္ေစပါတယ္။ ပ်ိဳ႕အန္တာကို သက္သာေစတဲ့ ေနရာမွာေတာ့ ဆရာတစ္ဆူပါပဲ။

ဒါေၾကာင့္ ကားမူးတာက စလို႔ ကိုယ္ဝန္လႏုခ်ိန္မွာ ပ်ိဳ႕တာအလယ္ ကင္ဆာေဆးေတြေၾကာင့္ ပ်ိဳ႕အန္တာာအထိ သုံးလို႔ရပါတယ္။ ဒါ့ျပင္ အစာအိမ္အနာ၊ ဝမ္းခ်ဳပ္တာနဲ႔ အစာမေၾကတာေတြကို သက္သာေစတဲ့အျပင္ အမ်ိဳးသမီးေတြ ရာသီခ်ိန္မွာ ကိုက္ခဲတာကိုလည္း သက္သာေစပါတယ္တဲ့။

ေခါင္ရန္း လက္ဖက္ရည္ၾကမ္း

ေခါင္ရန္းပန္းေတြနဲ႔ စိမ္ထားတဲ့ ေရေႏြးၾကမ္းျဖစ္ျဖစ္၊ အေအးေဖ်ာ္ထားတာ ျဖစ္ျဖစ္ ေသာက္ေပးတာက စိတ္ကိုၾကည္ေစပါတယ္။ သူရဲ႕ အဓိက ေကာင္းက်ိဳးကေတာ့ ေသြးတိုးက်ေစတာပဲ ျဖစ္ပါတယ္။

ေလ့လာခ်က္ေတြကေတာ့ ဆက္လုပ္ရဦးမွာပါ။ ဒါေပမယ့္ သတိထားရမွာက သူ႕ကို hydrochlorothiazideလို႔ ေခၚတဲ့ ဆီးေဆးနဲ႔ တြဲမေသာက္သင့္ပါဘူး။ ႏွစ္ခုေပါင္းၿပီး ဓာတ္ျပဳတတ္ပါတယ္။ ေနာက္ၿပီး အက္စပရင္နဲ႔ တြဲမေသာက္ပါနဲ႔။ အနည္းဆုံး ၃-၄နာရီ ေလာက္ေတာ့ ျခားၿပီးေသာက္ေပးပါ။

ေဆးေျပာင္းပန္း လက္ဖက္ရည္ၾကမ္း

ေဆးေျပာင္းပန္းရဲ႕ နာမည္ႀကီး အစြမ္းကေတာ့ အေအးမိတာကို ကာကြယ္ေပးၿပီး ျဖစ္လာရင္လည္း အခ်ိန္တိုတိုနဲ႔ သက္သာေစတာပါပဲ။ ေလ့လာခ်က္ေတြအရ ေဆးေျပာင္းပန္းပင္က ခုခံအားကို တက္ေစတဲ့အတြက္ ေရာဂါပိုးေတြကို တိုက္ထုတ္ေပးပါတယ္တဲ့။ ေလ့လာမႈေတြ ထပ္လုပ္ရဦးမယ္ဆိုေပမယ့္ အနည္းဆုံးေတာ့ ေရေႏြးၾကမ္း ေႏြးေႏြးေလးက လည္ပင္းနာတာကို သက္သာေစၿပီး ႏွာပြင့္ေစတာေတာ့ အမွန္ပါပဲ။

လက္ဖက္နီ ေရေႏြးၾကမ္း

လက္ဖက္နီနဲ႔ ပတ္သတ္လို႔ သူက အ႐ိုးေတြကို သန္မာေစၿပီး ႏွလုံးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးတယ္လို႔ ဆိုပါတယ္။ ေနာက္ထပ္ေလ့လာမႈတစ္ခုမွာေတာ့ လက္ဖက္နီကို ၆ပတ္ ဆက္တိုက္ေသာက္ေပးတာက ေသြးထဲက မေကာင္းတဲ့ LDL ကိုလက္စထေရာေတြကို က်ေစၿပီး ေကာင္းတဲ့ HDL ကိုလက္စထေရာေတြကို တက္ေစတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ပိုၿပီးေသခ်ာေအာင္ ေလ့လာမႈေတြ ထပ္ၿပီး လုပ္ရဦးမွာပါ။

ကလ်ာဏီပင္ ေရေႏြးၾကမ္း

ကလ်ာဏီနဲ႔ ပတ္သတ္ၿပီး ပါးစပ္ေျပာ က်န္းမာေရးေကာင္းက်ိဳးေတြ ႐ွိေနေပမယ့္ ခုေတာ့ သိပၸံနည္းက် ေလ့လာခ်က္ေတြ လုပ္လာၾကပါၿပီ။ ကလ်ာဏီပင္ဟာ လူႀကီးေတြမွာ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို သက္သာေစတယ္လို႔ ဆိုၾကပါတယ္။ ဒါ့ျပင္ အူမႀကီးကို က်န္းမာေစျခင္း၊ ႏွလုံးေရာဂါကို ကာကြယ္ေပးျခင္း စတဲ့ ေကာင္းက်ိဳးေတြလည္း ႐ွိေနပါတယ္။

သံပ႐ိုသီး ေရေႏြးၾကမ္း

သံပ႐ိုသီးဟာလည္း သံပရာသီးလိုပဲ စိတ္ကိုၾကည္လင္ေစၿပီး က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီး ႐ွိပါတယ္။ ေလ့လာခ်က္ေတြအရ သံပ႐ိုသီး ေရေႏြးၾကမ္းေသာက္သုံးတဲ့သူေတြဟာ အသားအေရၾကည္လင္လာပါတယ္တဲ့။ စိတ္ဖိစီးမႈသက္သာၿပီး ဓာတ္တိုးဆန္႔က်င္သတၱိေတြလည္း ႐ွိပါတယ္တဲ့။ ထပ္ၿပီး ေလ့လာရဦးမယ္ဆိုေပမယ့္ ႏွလုံးကိုပါ က်န္းမာေစတယ္လို႔ ဆိုၾကပါတယ္။

Rose hip ေရေႏြးၾကမ္း

Rose hipဆိုတာ ႏွင္းဆီပင္တစ္မ်ိဳးရဲ႕ အသီးပါတဲ့။ ဗီတာမင္စီနဲ႔ တျခားေကာင္းက်ိဳးျပဳ ျဒပ္ေပါင္းေတြ ပါဝင္တဲ့ ဒီအသီးဟာ ေရာင္ရမ္းတာကို သက္သာေစပါတယ္။ ဒါေၾကာင့္ အဆစ္အျမစ္နာေရာဂါနဲ႔ ေလးဖက္နာေရာဂါေတြ ကုသတဲ့ေနရာတဲ့ေနရာမွာ သုံးဖို႔ ပညာ႐ွင္ေတြ ေလ့လာေနၾကပါတယ္။

ဒါ့ျပင္ လူ၃၂ေယာက္ကို Rose hip ေရေႏြးၾကမ္း ၁၂ပတ္ေသာက္ၿပီး စမ္းသပ္ၾကည့္တဲ့အခါ ဝမ္းဗိုက္က အဆီေတြ က်သြားပါတယ္တဲ့။ ေနာက္ၿပီး ဓာတ္တိုးဆန္႔က်င္သတၱိ႐ွိတာေၾကာင့္ အေရျပားကို တင္းရင္းေစၿပီး အစိုဓာတ္ကို ထိန္းေပးပါတယ္တဲ့။

ပင္မွည့္သီးပြင့္ ေရေႏြးၾကမ္း

ပင္မွည့္သီးပြင့္ေလးေတြကို ဟိုးအရင္ကတည္းက အိပ္ေပ်ာ္ေစဖို႔အတြက္ ေရေႏြးၾကမ္းအေနနဲ႔ ေသာက္ခဲ့ၾကပါတယ္။ ဒါဟာ တကယ္ပဲလားဆိုတာကို ပညာ႐ွင္ေတြ စေလ့လာေနၾကပါၿပီ။ ဘာပဲျဖစ္ျဖစ္ ညဘက္ စိတ္တည္တည္ၿငိမ္ၿငိမ္နဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ ပင္မွည့္သီးပြင့္ေလးေတြကို လက္ဖက္ေျခာက္ ခပ္ေသာက္ၾကည့္တာ မမွားပါဘူးေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service