အိန္ဒိယပြည်သူများကိုးကွယ်သည့်ကြွက်များ (သို့) ကြွက် ၂၀၀၀၀ ကျော်ရှိသည့် ကာနီမာတာကျောင်းတော်

အိန္ဒိယပြည်သူများကိုးကွယ်သည့်ကြွက်များ (သို့) ကြွက် ၂၀၀၀၀ ကျော်ရှိသည့် ကာနီမာတာကျောင်းတော် - Property News in Myanmar from iMyanmarHouse.com
31 Aug 2022 10:13 am တွင် တင်ခဲ့သည်
809 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဖွင့်လှစ်ချိန် - မနက် ၄ နာရီမှ ည ၁၀ နာရီအထိ

ဝင်ကြေး- အခမဲ့

ဆောက်လုပ်လှူဒါန်းသူ- မဟာရာဇာ ဂန်ဂါ ဆင်း

ဆောက်လုပ်ခဲ့သည့်အချိန်- ၁၅ ရာစုအတွင်း

ဓာတ်ပုံရိုက်ခြင်း- ခွင့်ပြုသည်

(ကာနီ မာတာကျောင်းတော်)

ကာနီ မာတာ ဘုရားကျောင်းကို ကြွက်ကျောင်းတော် ('Rat Temple' )ဟုလည်းလူသိများပြီး ရာဂျတ်စ်သန်ပြည်နယ် (Rajasthan ) Deshnoke မြို့ငယ်လေးမှ ကီလိုမီတာအကွာတွင် တည်ရှိသည်။

နှစ်ပေါင်း ၆၀၀ သက်တမ်းရှိသောဘုရားကျောင်းဖြစ်သည်။ အဆိုပါ ဘုရားကျောင်း၏ ထူးခြားချက်မှာ ကြွက်အမည်းရောင် ကောင်ရေ ၂၅၀၀၀ ခန့် နေထိုင်ကျက်စားလျက်ရှိနေခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသား အများစုက အဆိုပါ ကြွက်များ စားသောက်ထားသော အစားအစာကို သန့်ရှင်းသည်ဟု ယူဆကြပြီး လူတို့က ('ပရစိဒ်' အဖြစ်) စားသုံးကြသည်။

ထိုကြွက်များကို မြင့်မြတ်သော ကြွက်များအဖြစ် သတ်မှတ်ထားကာ Kabbas ဟုခေါ်ကြ ပြီး အိန္ဒိယနိုင်ငံတစ်ဝန်းမှ လူများသည် ယင်းကြွက်များကို ဂါရဝပြုရန်အတွက် လွန်စွာဝေးကွာသော ဒေသများမှ ဒုက္ခခံ လာရောက်ကြသည်။

ယခုဗိမာန်တော်၊ ဗိမာန်တော်ရှိ ကြွက်များနှင့် ပတ်သက်သည့် ဒဏ္ဍာရီများ၊ ယုံတမ်းစကားများ များစွာရှိသော်လည်း အတိအကျကိုမူ မည်သူမျှ မသိချေ။

ကာနီ မာတာ ဗိမာန်တော်၏ ထူးခြားသော ဗိသုကာဟန်မှာ လေ့လာမှတ်သားဖွယ်ဖြစ်ပြီး Mughal ဗိသုကာဟန် လွှမ်းသည်။

လှပခမ်းနားသော ဗိမာန်တော်၏ မျက်နှာစာကို အံ့မခန်း စကျင်ကျောက်များ၊ စကျင်ရုပ်တုများဖြင့် အလှဆင်ထားသည်။

(ကာနီ မာတာ ကျောင်းတော်၏ ဗိသုကာ)

ဗိမာန်တော်ကို Bikaner မှ မဟာရာဇာ ဂန်ဂါ ဆင်းက ၁၅ ရာစုတွင် တည်ဆောက်ခဲ့သည်။ အဆောက်အအုံတစ်ခုလုံးသည် Mughal ဗိသုကာလက်ရာဖြင့် လွှမ်းမိုးထားသည်။ ကာနီမာတာ ဘုရားကျောင်း၏ မျက်နှာစာတစ်ခုလုံးကို စကျင်ကျောက်ဖြင့် တည်ဆောက်ထား၏။

နတ်ဘုရားမ၏ ပင်မနတ်ကွန်းရှေ့ ကျောင်းတော်ဝန်းအတွင်း ငွေဖြင့် ပြုလုပ်ထားသော တံခါးများကို မြင်တွေ့နိုင်သည်။ မဟာရာဇာ ဂန်ဂါ ဆင်း အဆိုပါ ကျောင်းတော်သို့ သွားရောက်လည်ပတ်ချိန်တွင် ငွေတံခါးများ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ အဝင်လမ်း တစ်လျှောက်တွင် နတ်ဘုရားမ၏ ဒဏ္ဍာရီအမျိုးမျိုးကို ပုံဖော်ထားသည့် ငွေတံခါးများကို ထပ်မံတွေ့ရှိနိုင်သည်။

နတ်သမီးရုပ်တုကို ပင်မနတ်ကွန်းတွင် ထားရှိထားသည်။ နတ်သမီးရုပ်တုသည် အ

မြင့် ၇၅ စင်တီမီတာရှိပြီး ရုပ်တုဝန်းကျင်တွင် ကြွက်များ အတိပြီးနေလေ့ရှိ၏။

နတ်သမီး၏ လက်တစ်ဖက်တွင် အသွား ၃ ခုပါ ခရင်းခွကို ကိုင်ဆောင်ထားသည်။ နတ်သမီး၏ ညီမတော်များ၏ ရုပ်တုများကို ဘေးတစ်ဖက်တစ်ချက်စီတွင် ထားရှိ၏။

ကျောင်းတော်အား 1999 ခုနှစ်တွင် ဟိုက်ဒရာဘက်မြို့ အခြေစိုက် Karni Jewelers ကုမ္ပဏီမှ Kundanlal Verma က ထပ်မံ အလှဆင်မွမ်းမံမှုများကို ပြုလုပ်ခဲ့သည်။

Karni Mata ဘုရားကျောင်း၏ဒဏ္ဍာရီ

(ဒဏ္ဍာရီ ၁)

ကာနီ မာတာ ကျောင်းတော်တွင် သမိုင်းကြောင်း၊ ဒဏ္ဍာရီ ဇာတ်လမ်း အမျိုးမျိုးရှိနေသည်။ ရေပန်းအစားဆုံး ဒဏ္ဍာရီမှာ ကာနီမာတာ၏ မယားပါသားဖြစ်သော လက်ဇ်မန်း Laxman သည် ရေကန်တစ်ခုတွင် ရေနစ်သေဆုံးသွားခဲ့သည်။ ကာနီမာတာသည် မယားပါသား၏ အသက်ကို ကယ်တင်ပေးပါရန် သေမင်း၏နတ်ဘုရား ရာမထံ တောင်းဆိုခဲ့သည်။ သခင်ကိုယ်တော် ရာမက ကနဦးတွင် ငြင်းဆိုခဲ့သော်လည်း နောက်ဆုံးတွင် လက်စ်မန်းနှင့် ကာနီမာတာ၏ သားယောက်ျား ကလေးများအားလုံးကို ကြွက်အဖြစ် ဝင်စားခြင်းကို ခွင့်ပြုခဲ့သည်ဟု ဆိုသည်။

(ဒဏ္ဍာရီ ၂)

အခြားဒဏ္ဍာရီတစ်ခုမှာ စစ်သည် ၂၀၀၀၀ ပါ တပ်တစ်ခုသည် တိုက်ပွဲကို စွန့်ခွာပြီး Deshnoke သို့ ထွက်ပြေးခဲ့သည်။ စစ်သည်များ ထွက်ပြေးသည်ကို သိသွားသောအခါ ကာနီမာတာက သေဒဏ်ကျခံစေရန် အမိန့်ပေးခဲ့သည်။ သို့သော် အသက်ကို ချမ်းသာပေးလိုက်ပြီး ကြွက်ဘဝသို့ ပြောင်းလဲစေခဲ့သည်။

ယင်းနောက် ဗိမာန်တော်အား ၎င်းတို့ နေထိုင်ရန် နေရာအဖြစ် ပေးအပ်ခဲ့၏။ ကြွက်ဘဝတွင် နေစရာနေရာ ရသွားသော စစ်သည်တို့က ကာနီမာတာကျောင်းတော်တွင် ထာဝရနေထိုင်ကာ အလုပ်အကျွေးပြုသွားရန် ကတိပြုခဲ့ကြသည်ဟု ဆိုသည်။

 

(ကာနီ မာတာကျောင်းတော်မှ ကြွက်များ)

ကျောင်းတောင်တွင် ကြွက်ဖြူအနည်းငယ်နှင့် ကြွက်မည်း ၂၅၀၀၀ ခန့် နေထိုင်ကျက်စားလျက်ရှိပြီး ယင်းကြွက်များအားလုံးမှာ မြင့်မြတ်သည်ဟု ယူဆကာ ကိုးကွယ်ကြသည်။ ကြွက်များသည် ဗိမာန်တော်တဝိုက်တွင် လွတ်လပ်စွာ သွားလာခွင့်ရှိသည်။ ဤသတ္တဝါငယ်များသည် စကျင်ကျောက်ပြားကပ်ထားသော နံရံများနှင့် ကြမ်းပြင်များရှိ အပေါက်များမှ ပေါ်လာပြီး လာရောက်ဝတ်ပြုသူတို့၏ ခြေဗလာများကို ဖြတ်သန်းသွားလာလေ့ရှိကြသည်။

ကြွက်တကောင်ကို မှားယွင်းသတ်မိပါက ဒဏ်ကြေးအဖြစ် ရွှေဖြင့် ပြုလုပ်ထားသော ကြွက်ရုပ်တစ်ခု အစားထိုးပေးရမည်ဟု ဆိုသည်။

ကျောင်းတော်အတွင်း ကြွက်ဖြူတစ်ကောင်ကို မြင်မိလျှင် အထူးကံကောင်းသည်ဟု ယူဆကြပြီး ကြွက်ဖြူများကို ချိုချဉ်မျိုးစုံ ကျွေးခြင်းဖြင့် ဆွဲဆောင်နိုင်သည်ကို တွေ့ရှိနိုင်သည်။

(ကာနီ မာတာပွဲတော်)

ကျောင်းတော်တွင် ကာနီမာတာပွဲတော်ကို တစ်နှစ်လျှင် ၂ ကြိမ် ကျင်းပသည်။ ပထမတစ်ကြိမ်ကျင်းပသည့် ပွဲတော်မှာ ပွဲကြီးဖြစ်ပြီး မတ်လမှ ဧပြီလအထိ ကျင်းပသည်။ ဒုတိယပွဲတော်ကို စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ကျင်းပသည်။ ပွဲတော်ကာလများအတွင်း နိုင်ငံတဝန်းမှ လူထောင်းပေါင်းများစွာ လာရောက်ကြလေ့ရှိသည်။

(ကာနီမာတာ ဘုရားကျောင်း၏ စိတ်ဝင်စားဖွယ်အချက်အလက်များ)

၁။ ဤကျောင်းတော်နှင့် စပ်လျဉ်းပြီး ဒဏ္ဍာရီများစွာရှိသည်။ ချာရန်ဇာတ်နွှယ်တို့က ကြွက်များသည် ၎င်းတို့၏ ဘိုးဘေးများဖြစ်သည်ဟု ယုံကြည်ကာ ကိုးကွယ်ကြခြင်း ဖြစ်၏။ ၎င်းတို့ သေဆုံးပြီးနောက်ပိုင်းတွင်လည်း ကြွက်ဘဝသို့ ရောက်ကြမည်ဟု ယုံကြည်ကြသည်။

၂။ ကျောင်းတော်အတွင်းသို့ ဖိနပ်စီး ဝင်ရောက်ခွင့် မရှိချေ။ ခြေထောက်ပေါ်သို့ ကြွက်ဖြတ်ပြေးလျှင် မင်္ဂလာရှိသည်ဟု ယုံကြည်ကြသည်။ ကြွက်များမှာ ကိုးကွယ်ရမည့်အရာဟု သတ်မှတ်ထားရာ ၎င်းတို့အပေါ်သို့ တက်မနင်းမိစေရန်ကား သတိပြုရမည် ဖြစ်သည်။

၃။ ဤကျောင်းတော်မှကြွက်တို့ စားသောက်ထားသော နွားနို့နှင့် အစေ့အဆန်ကဲ့သို့ အစားအစာများကို စားလျှင် ကံကောင်းခြင်းများ ဆောင်ကြဉ်းပေးနိုင်သည်ဟုလည်း ယုံကြည်ကြသည်။

 

၄။ ကျောင်းတော်တွင် ကြွက်ဖြူလေးကောင်ခန့်ရှိပြီး ကာနီ မာတာနှင့် သူမ၏သားတို့သည် ကြွက်အသွင်ဖြင့် ဝင်စားသည်ဟု ယူဆသောကြောင့် ကြွက်ဖြူတစ်ကောင်ကို တွေ့ရခြင်းသည် ကံကောင်းသည်ဟု မှတ်ယူကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Karni Mata Temple (holidify)

 

 

 

[Zawgyi]

အိႏိၵယျပည္သူမ်ားကိုးကြယ္သည့္ၾကြက္မ်ား (သို႔) ၾကြက္ ၂၀၀၀၀ ေက်ာ္ရွိသည့္ ကာနီမာတာေက်ာင္းေတာ္

 

ဖြင့္လွစ္ခ်ိန္ - မနက္ ၄ နာရီမွ ည ၁၀ နာရီအထိ

ဝင္ေၾကး- အခမဲ့

ေဆာက္လုပ္လွဴဒါန္းသူ- မဟာရာဇာ ဂန္ဂါ ဆင္း

ေဆာက္လုပ္ခဲ့သည့္အခ်ိန္- ၁၅ ရာစုအတြင္း

ဓာတ္ပံုရိုက္ျခင္း- ခြင့္ျပဳသည္

(ကာနီ မာတာေက်ာင္းေတာ္)

ကာနီ မာတာ ဘုရားေက်ာင္းကို ၾကြက္ေက်ာင္းေတာ္ ('Rat Temple' )ဟုလည္းလူသိမ်ားျပီး ရာဂ်တ္စ္သန္ျပည္နယ္ (Rajasthan ) Deshnoke ၿမိဳ႕ငယ္ေလးမွ ကီလိုမီတာအကြာတြင္ တည္ရွိသည္။

ႏွစ္ေပါင္း ၆၀၀ သက္တမ္းရွိေသာဘုရားေက်ာင္းျဖစ္သည္။ အဆိုပါ ဘုရားေက်ာင္း၏ ထူးျခားခ်က္မွာ ႂကြက္အမည္းေရာင္ ေကာင္ေရ ၂၅၀၀၀ ခန္႔ ေနထိုင္က်က္စားလ်က္ရွိေနျခင္းျဖစ္သည္။

အိႏိၵယႏိုင္ငံသား အမ်ားစုက အဆိုပါ ၾကြက္မ်ား စားေသာက္ထားေသာ အစားအစာကို သန႔္ရွင္းသည္ဟု ယူဆၾကၿပီး လူတို႔က ('ပရစိဒ္' အျဖစ္) စားသုံးၾကသည္။

ထိုၾကြက္မ်ားကို ျမင့္ျမတ္ေသာ ႂကြက္မ်ားအျဖစ္ သတ္မွတ္ထားကာ Kabbas ဟုေခၚၾက ၿပီး အိႏိၵယႏိုင္ငံတစ္ဝန္းမွ လူမ်ားသည္ ယင္းႂကြက္မ်ားကို ဂါရဝျပဳရန္အတြက္ လြန္စြာေဝးကြာေသာ ေဒသမ်ားမွ ဒုကၡခံ လာေရာက္ၾကသည္။

ယခုဗိမာန္ေတာ္၊ ဗိမာန္ေတာ္ရွိ ၾကြက္မ်ားႏွင့္ ပတ္သက္သည့္ ဒ႑ာရီမ်ား၊ ယံုတမ္းစကားမ်ား မ်ားစြာရွိေသာ္လည္း အတိအက်ကိုမူ မည္သူမွ် မသိေခ်။

ကာနီ မာတာ ဗိမာန္ေတာ္၏ ထူးျခားေသာ ဗိသုကာဟန္မွာ ေလ့လာမွတ္သားဖြယ္ျဖစ္ျပီး Mughal ဗိသုကာဟန္ လႊမ္းသည္။

လွပခမ္းနားေသာ ဗိမာန္ေတာ္၏ မ်က္ႏွာစာကို အံ့မခန္း စက်င္ေက်ာက္မ်ား၊ စက်င္ရုပ္တုမ်ားျဖင့္ အလွဆင္ထားသည္။

(ကာနီ မာတာ ေက်ာင္းေတာ္၏ ဗိသုကာ)

ဗိမာန္ေတာ္ကို Bikaner မွ မဟာရာဇာ ဂန္ဂါ ဆင္းက ၁၅ ရာစုတြင္ တည္ေဆာက္ခဲ့သည္။ အေဆာက္အအံုတစ္ခုလုံးသည္ Mughal ဗိသုကာလက္ရာျဖင့္ လႊမ္းမိုးထားသည္။ ကာနီမာတာ ဘုရားေက်ာင္း၏ မ်က္ႏွာစာတစ္ခုလံုးကို စက်င္ေက်ာက္ျဖင့္ တည္ေဆာက္ထား၏။

နတ္ဘုရားမ၏ ပင္မနတ္ကြန္းေရွ႕ ေက်ာင္းေတာ္ဝန္းအတြင္း ေငြျဖင့္ ျပဳလုပ္ထားေသာ တံခါးမ်ားကို ျမင္ေတြ႕ႏိုင္သည္။ မဟာရာဇာ ဂန္ဂါ ဆင္း အဆိုပါ ေက်ာင္းေတာ္သို႔ သြားေရာက္လည္ပတ္ခ်ိန္တြင္ ေငြတံခါးမ်ား လႉဒါန္းခဲ့ျခင္း ျဖစ္သည္။ အဝင္လမ္း တစ္ေလွ်ာက္တြင္ နတ္ဘုရားမ၏ ဒ႑ာရီအမ်ိဳးမ်ိဳးကို ပုံေဖာ္ထားသည့္ ေငြတံခါးမ်ားကို ထပ္မံေတြ႕ရွိႏိုင္သည္။

နတ္သမီး႐ုပ္တုကို ပင္မနတ္ကြန္းတြင္ ထားရွိထားသည္။ နတ္သမီးရုပ္တုသည္ အျမင့္ ၇၅ စင္တီမီတာရွိျပီး ရုပ္တုဝန္းက်င္တြင္ ၾကြက္မ်ား အတိျပီးေနေလ့ရွိ၏။

နတ္သမီး၏ လက္တစ္ဖက္တြင္ အသြား ၃ ခုပါ ခရင္းခြကို ကိုင္ေဆာင္ထားသည္။ နတ္သမီး၏ ညီမေတာ္မ်ား၏ ရုပ္တုမ်ားကို ေဘးတစ္ဖက္တစ္ခ်က္စီတြင္ ထားရွိ၏။

ေက်ာင္းေတာ္အား 1999 ခုႏွစ္တြင္ ဟိုက္ဒရာဘက္ျမိဳ႕ အေျခစိုက္ Karni Jewelers ကုမၸဏီမွ Kundanlal Verma က ထပ္မံ အလွဆင္မြမ္းမံမႈမ်ားကို ျပဳလုပ္ခဲ့သည္။

Karni Mata ဘုရားေက်ာင္း၏ဒ႑ာရီ

(ဒ႑ာရီ ၁)

ကာနီ မာတာ ေက်ာင္းေတာ္တြင္ သမိုင္းေၾကာင္း၊ ဒ႑ာရီ ဇာတ္လမ္း အမ်ဳိးမ်ဳိးရွိေနသည္။ ေရပန္းအစားဆုံး ဒ႑ာရီမွာ ကာနီမာတာ၏ မယားပါသားျဖစ္ေသာ လက္ဇ္မန္း Laxman သည္ ေရကန္တစ္ခုတြင္ ေရနစ္ေသဆုံးသြားခဲ့သည္။ ကာနီမာတာသည္ မယားပါသား၏ အသက္ကို ကယ္တင္ေပးပါရန္ ေသမင္း၏နတ္ဘုရား ရာမထံ ေတာင္းဆိုခဲ့သည္။ သခင္ကိုယ္ေတာ္ ရာမက ကနဦးတြင္ ျငင္းဆိုခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ လက္စ္မန္းႏွင့္ ကာနီမာတာ၏ သားေယာက်ာ္း ကေလးမ်ားအားလုံးကို ႂကြက္အျဖစ္ ဝင္စားျခင္းကို ခြင့္ျပဳခဲ့သည္ဟု ဆိုသည္။

(ဒ႑ာရီ ၂)

အျခားဒ႑ာရီတစ္ခုမွာ စစ္သည္ ၂၀၀၀၀ ပါ တပ္တစ္ခုသည္ တိုက္ပြဲကို စြန႔္ခြာၿပီး Deshnoke သို႔ ထြက္ေျပးခဲ့သည္။ စစ္သည္မ်ား ထြက္ေျပးသည္ကို သိသြားေသာအခါ ကာနီမာတာက ေသဒဏ္က်ခံေစရန္ အမိန္႔ေပးခဲ့သည္။ သို႔ေသာ္ အသက္ကို ခ်မ္းသာေပးလိုက္ျပီး ၾကြက္ဘဝသို႔ ေျပာင္းလဲေစခဲ့သည္။

ယင္းေနာက္ ဗိမာန္ေတာ္အား ၎တို႔ ေနထိုင္ရန္ ေနရာအျဖစ္ ေပးအပ္ခဲ့၏။ ၾကြက္ဘဝတြင္ ေနစရာေနရာ ရသြားေသာ စစ္သည္တို႔က ကာနီမာတာေက်ာင္းေတာ္တြင္ ထာဝရေနထိုင္ကာ အလုပ္အေကၽြးျပဳသြားရန္ ကတိျပဳခဲ့ၾကသည္ဟု ဆုိသည္။

(ကာနီ မာတာေက်ာင္းေတာ္မွ ၾကြက္မ်ား)

ေက်ာင္းေတာင္တြင္ ႂကြက္ျဖဴအနည္းငယ္ႏွင့္ ၾကြက္မည္း ၂၅၀၀၀ ခန္႔ ေနထိုင္က်က္စားလ်က္ရွိျပီး ယင္းၾကြက္မ်ားအားလုံးမွာ ျမင့္ျမတ္သည္ဟု ယူဆကာ ကိုးကြယ္ၾကသည္။ ႂကြက္မ်ားသည္ ဗိမာန္ေတာ္တဝိုက္တြင္ လြတ္လပ္စြာ သြားလာခြင့္ရွိသည္။ ဤသတၱဝါငယ္မ်ားသည္ စက်င္ေက်ာက္ျပားကပ္ထားေသာ နံရံမ်ားႏွင့္ ၾကမ္းျပင္မ်ားရွိ အေပါက္မ်ားမွ ေပၚလာၿပီး လာေရာက္ဝတ္ျပဳသူတို႔၏ ေျခဗလာမ်ားကို ျဖတ္သန္းသြားလာေလ့ရွိၾကသည္။

ႂကြက္တေကာင္ကို မွားယြင္းသတ္မိပါက ဒဏ္ေၾကးအျဖစ္ ေ႐ႊျဖင့္ ျပဳလုပ္ထားေသာ ၾကြက္ရုပ္တစ္ခု အစားထိုးေပးရမည္ဟု ဆိုသည္။

ေက်ာင္းေတာ္အတြင္း ႂကြက္ျဖဴတစ္ေကာင္ကို ျမင္မိလွ်င္ အထူးကံေကာင္းသည္ဟု ယူဆၾကၿပီး ႂကြက္ျဖဴမ်ားကို ခ်ိဳခ်ဥ္မ်ိဳးစုံ ေကၽြးျခင္းျဖင့္ ဆြဲေဆာင္ႏိုင္သည္ကို ေတြ႕ရွိႏိုင္သည္။

(ကာနီ မာတာပြဲေတာ္)

ေက်ာင္းေတာ္တြင္ ကာနီမာတာပြဲေတာ္ကို တစ္ႏွစ္လွ်င္ ၂ ၾကိမ္ က်င္းပသည္။ ပထမတစ္ၾကိမ္က်င္းပသည့္ ပြဲေတာ္မွာ ပြဲၾကီးျဖစ္ျပီး မတ္လမွ ဧျပီလအထိ က်င္းပသည္။ ဒုတိယပြဲေတာ္ကို စက္တင္ဘာႏွင့္ ေအာက္တိုဘာလမ်ားတြင္ က်င္းပသည္။ ပြဲေတာ္ကာလမ်ားအတြင္း ႏိုင္ငံတဝန္းမွ လူေထာင္းေပါင္းမ်ားစြာ လာေရာက္ၾကေလ့ရွိသည္။

(ကာနီမာတာ ဘုရားေက်ာင္း၏ စိတ္ဝင္စားဖြယ္အခ်က္အလက္မ်ား)

၁။ ဤေက်ာင္းေတာ္ႏွင့္ စပ္လ်ဥ္းျပီး ဒ႑ာရီမ်ားစြာရွိသည္။ ခ်ာရန္ဇာတ္ႏႊယ္တို႔က ၾကြက္မ်ားသည္ ၎တို႔၏ ဘိုးေဘးမ်ားျဖစ္သည္ဟု ယံုၾကည္ကာ ကိုးကြယ္ၾကျခင္း ျဖစ္၏။ ၎တို႔ ေသဆံုးျပီးေနာက္ပိုင္းတြင္လည္း ၾကြက္ဘဝသို႔ ေရာက္ၾကမည္ဟု ယံုၾကည္ၾကသည္။

၂။ ေက်ာင္းေတာ္အတြင္းသို႔ ဖိနပ္စီး ဝင္ေရာက္ခြင့္ မရွိေခ်။ ေျခေထာက္ေပၚသုိ႔ ၾကြက္ျဖတ္ေျပးလွ်င္ မဂၤလာရွိသည္ဟု ယံုၾကည္ၾကသည္။ ၾကြက္မ်ားမွာ ကိုးကြယ္ရမည့္အရာဟု သတ္မွတ္ထားရာ ၎တို႔အေပၚသို႔ တက္မနင္းမိေစရန္ကား သတိျပဳရမည္ ျဖစ္သည္။

၃။ ဤေက်ာင္းေတာ္မွၾကြက္တို႔ စားေသာက္ထားေသာ ႏြားႏို႔ႏွင့္ အေစ့အဆန္ကဲ့သို႔ အစားအစာမ်ားကို စားလွ်င္ ကံေကာင္းျခင္းမ်ား ေဆာင္ၾကဥ္းေပးႏိုင္သည္ဟုလည္း ယံုၾကည္ၾကသည္။

၄။ ေက်ာင္းေတာ္တြင္ ႂကြက္ျဖဴေလးေကာင္ခန္႔ရွိၿပီး ကာနီ မာတာႏွင့္ သူမ၏သားတို႔သည္ ႂကြက္အသြင္ျဖင့္ ဝင္စားသည္ဟု ယူဆေသာေၾကာင့္ ႂကြက္ျဖဴတစ္ေကာင္ကို ေတြ႕ရျခင္းသည္ ကံေကာင္းသည္ဟု မွတ္ယူၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Karni Mata Temple (holidify)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service