ပေါက်ဂဏန်း
ပေါက်ဂဏန်း - Property Knowledge in Myanmar from iMyanmarHouse.com
30 Aug 2022 1:36 pm တွင် တင်ခဲ့သည်
856 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ထိုနေ့က ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်နေသည်။လက်ဖက်ရည်ဆိုင်ဆိုသည်က လူစုံတက်စုံရှိလှသည်။ အိမ်ပွဲစား၊ကားပွဲစား၊တစ်လုံးသမားနှစ်လုံးသမား၊သုံးလုံးသမား၊ကျားနှင့်စစ်တုရင်သမားတို့လည်းပါသည်။
ဒီလက်ဖက်ရည်ဆိုင်မှာ ဒီလူတွေဒီမျက်နှာတွေပဲ နေ့စဉ်တွေ့နေကြရသည်။နောက်နေ့လည်းတွေ့ရမည်။ တနေကုန်ထိုင်သူတွေလည်း တွေ့ရသည်။လက်ဖက်ရည်ဆိုင်ကဖွင့်ထားသည့် ရုပ်သံလိုင်းကိုထိုင်ကြည့်ရင်း အချိန်ဖြုန်းသူတွေရှိသည်။ထိုင်းလိုင်းကလာမည့် အစီအစဉ်ကိုစောင့်နေသူတွေလည်းရှိသည်။
အဲဒီလက်ဖက်ရည်ဆိုင်ရဲ့ အစည်ကားဆုံးအချိန်က နှစ်လုံးဂဏန်းထွက်ချိန်ဖြစ်သည်။ထိုအချိန်ဆိုရင် အလျှိုလျှိုပင် လက်ဖက်ရည်ဆိုင်ကိုရောက်လာကြသည်။လက်လုပ်လက်စားလူတန်းစားက အများဆုံးဖြစ်ပြီး အလယ်အလတ် တန်းစားတစ်ယောက်နှစ်လောက်သာ ဒီအပေါ်စိတ်ဝင်စားမှုကိုတွေ့ရသည်။
ကျွန်တော်က စိတ်ဝင်စားသည်က နှစ်လုံးဂဏန်းထက် နှစ်လုံးဂဏန်းထိုးသူတို့ရဲ့ နေပုံထိုင်ပုံပြောပုံဆိုပုံတို့ကို ကြည့်ရသည်ကို ပိုပြီးစိတ်ဝင်စားသည်။တစ်ပတ်မှာ စနေ၊တနင်္ဂနွေကလွဲရင် နေ့တိုင်း တစ်နေ့ကိုနှစ်ကြိမ် ပေါက်ဂဏန်းထွက်သည်။
မိုးလင်းလို့ ဒီလူတွေလက်ဖက်ရည်ဆိုင်မှာ လာတွေ့ကြရင် ညကတွက်ထားလို့ရတဲ့ဂဏန်းက ဘယ်လိုဘယ်ဝှာနဲ့ သူတွက်ထားတာနှင့် ကိုယ်တွက်ထားသည့် ဇယားချင်းတိုက်ဆိုင်ကြသည်။အရင်ကဒီလိုလာထားလို့ ဒီအချိန်မှာ ဒီလိုလာလိမ့်မယ်ဆိုတာမျိုးတွေနဲ့ ဂဏန်းကောက်ကြသည်။တစ်ခါတစ်ရံ သူတို့ကြည့်ရသည်မှာ သုတေသန သမားများလားတောင် အောင့်မေ့ရသည်။ဘယ်တုန်းက ဘယ်လိုဖြစ်ခဲ့တာ ဆိုတာကို ကလင်ဒါချပြလို့ချပြနဲ့။
တွက်ချက်မှုတွေက သင်္ချာဆရာတောင် အရှုံးပေးရလောက်ပါသည်။တစ်ယောက်တွက် တစ်ယောက်တွက်နှင့် သူတို့အတွက် အကောင်းဆုံးဂဏန်းတွေ ထွက်လာသည်။
တွက်ချက်မှုတွေကနေရလာသည့် ဂဏန်းအပေါ် တကယ်ပဲ အပြည့်အဝ ယုံကြည်ပြီလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပြန်။လိုရမယ်ရ “အာ”ကြပြန်သေးသည်။အာတယ်ဆို ရှေ့နောက်တစ်ပြန်စီထားပြီး ထိုးခြင်းဖြစ်သည်။ နှစ်လုံးကိုအာတော့ နှစ်ကွက်ရသည်။
သုံးလုံးဂဏန်းကိုလည်း ဒီလိုပါပဲ။အာလိုက်တော့ အကွက်တွေပွားများလာသည်။ပုံသေတွက်နည်းတွေနဲ့ အဖြေထုတ် တွက်ချက်ထားပေမယ့် လူတွေဟာ ကံကြမ္မာကို မယုံရဲပြန်ပါဘူး။တကယ်တွက်ချက်မှုမှန်တယ်လို့ အဖြေထုတ်ဝံ့ရင် တစ်ကွက်ထဲနဲ့ ပြီးရမှာဖြစ်သည်။အဲဒီတော့ ဟိုအကွက်နည်းနည်း ဒီအကွက်နည်းနည်း တကယ်ပေါက်ဂဏန်းပါလို့ ပေါက်တော့လည်း ရတာလေးကနည်းနည်းပါပဲ။
စားစရာမရှိပေမဲ့ ထိုးစရာကိုတော့ ရအောင်ရှာပြီးထိုးကြသည်။ယောက်ျားတွေလားဆိုတော့ မိန်းမတွေလည်း များလှသည်။
ဒီလိုနဲ့နေ့စဉ်ရက်ဆက်ထိုးကြသည် ထိုးသားတွေကိုကြည့်ရာ လူလူသူသူ တောက်ပြောင်လာသလားဆိုတော့ လက်ခွဲဒိုင်လောက်တောင် တောက်ပြောင်လာတာမတွေ့ရ။
လက်ခွဲဒိုင်ကမှ စက်ဘီးကနေ ဆိုင်ကယ်ဖြစ်လာသေးသည်။ပျဉ်ထောင်အိမ်ကနေ အုတ်နံရံကတ်ဖြစ်လာ သေးသည်။ဒါပေမဲ့ အားလုံးဟာ ကြွေတစ်လှည့်ကြက်တစ်ခုန်ပါပဲ။ရေရာသေချာသည့် စီးပွားရှာခြင်းမဟုတ်ပေ။
တချို့ကံလေးစွတ်လို့ တစ်ခါရပါသည်။နောက်တစ်ခါရနိုးနှင့် အချိန်တိုင်းထိုးရင်းနှင့် အိမ်ပျောက်ယာပျောက်နှင့် ဘဝတို့ပျောက်ပျက်ကုန်ကြသည်။
ဒါပေမဲ့ မိုးလင်းလို့ ဒီလက်ဖက်ရည်ဆိုင်ရဲ့မြင်ကွင်းမှာ သူတို့တွေနဲ့စည်ကားနေဦးမည်။ တွက်ချက်မှုတွေနဲ့ အလုပ်တွေရှုပ်နေကြဦးမည်။ငြင်းခုန်မှုတွေနဲ့ အဖြေရှာကြပေဦးမည်။
ကံကြမ္မာကိုတွက်ချက်ပြီး အဖြေရှာတာတောင်လွဲချော်နေသေးရင်….ကျွန်တော်စဉ်းစားနေမိသည်။
ထိုအချိန် လက်ဖက်ရာဆိုင်ရှေ့ ကားလမ်းမပေါ်တွင် ဟိုခပ်ဝေးဝေးကနေပြီး ပြေးလာနေသည့် ကားတန်းရှည်တို့မှ သံဝေဂတေးတို့ဖွင်လာသံ ကျွန်တော်ကြားရသည်။သံဝေဂတေးကိုနာရေးပို့ဆောင်သည့် ကားတို့မှသာဖွင့်ကြသည်။
အကြံတစ်ခုရလိုက်သည်။သူများတွေလိုတွက်ဂဏန်းတွေရှာမနေတော့ ဖြတ်သွားမည့်ကားမှ သေသူ၏ အသက်နဲ့ ကျွန်တော့်ကံကြမ္မာကိုထပ်ကြည်လိုက်ဖို့ အလျင်အမြန်လိုက်မှတ်လိုက်ပါတော့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ပေါက်ဂဏန်း
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service