အိပ်ရာခင်းတွေ ခေါင်းအုံးစွပ်တွေကို တစ်လ ဘယ်နှကြိမ်လောက် သန့်ရှင်းရေးလုပ်သင့်လဲ

အိပ်ရာခင်းတွေ ခေါင်းအုံးစွပ်တွေကို တစ်လ ဘယ်နှကြိမ်လောက် သန့်ရှင်းရေးလုပ်သင့်လဲ - Property Knowledge in Myanmar from iMyanmarHouse.com
30 Aug 2022 11:41 am တွင် တင်ခဲ့သည်
437 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

နေ့တိုင်း အိမ်ကို ဖုန်သုတ်တယ်၊ လှည်းကျင်းတယ်၊ ကြမ်းတိုက်တယ် စသည်ဖြင့် အိမ်သန့်ရှင်းရေးကတော့ နေ့တိုင်း လုပ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ အိပ်ရာခင်းတွေ၊ စောင်တွေ၊ ခေါင်းအုံးတွေကိုရော ဘယ်နှရက်ခြားတစ်ခါလောက် သန့်ရှင်းရေး လုပ်ဖြစ်ကြပါသလဲ။ သေချာတာတော့ နေ့တိုင်းတော့ မလုပ်ဖြစ်ပါဘူး။ သာမန်မျက်စိနဲ့ ကြည့်ရင်လည်း သန့်ရှင်းနေတာပဲကိုး။

တကယ်တော့ တစ်ရက်ရဲ့ သုံးပုံ တစ်ပုံလောက်ကို အိပ်ရာပေါ်မှာနေကြရတာပါ။ ဒီကြားထဲ အားရင် အားသလို ဝင်လှဲတတ်တာဆိုတော့ သန့်သန့်ရှင်းရှင်း ထားဖို့ တော်တော် အရေးကြီးပါတယ်။ ဒါကြောင့် အောက်မှာ ဘယ်နှရက်တစ်ခါလောက် သန့်ရှင်းရေး လုပ်သင့်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကိုပါ ဖော်ပြထားပါတယ်။

အိပ်ရာခင်း သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါလောက် လျှော်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အိပ်ထားတဲ့ နေရာမှာ ဆဲလ်အသေတွေ၊ ချွေးတွေ၊ ဖုန်တွေ၊ အိပ်ရာပေါ်မုန့်စားတတ်တဲ့ အကျင့်ရှိသူတွေဆို မုန့်အစတွေ၊ တစ်ခါတလေ မိတ်ကပ်မဖျက်ဘဲနဲ့များ အိပ်မိရင် မိတ်ကပ်အစအနတွေ ကပ်ကျန်နေတတ်တာကြောင့် ခုတွေးကြည့်တာနဲ့တင် ချက်ချင်း အသစ်လဲချင်စိတ်ပေါက်နေပါပြီ။ ဒါကြောင့် အိပ်ရာခင်းတွေကို အနည်းဆုံး တစ်ပတ် တစ်ခါလဲဖို့ မမေ့ပါနဲ့။ မလျှော်အားသေးရင်တောင် မနက်တိုင်း မနက်တိုင်း အိပ်ရာခင်းလေးကိုလှပ်ပြီး နေပူလှန်းတာ၊ လေသလပ်ခံတာတွေကလည်း စိုထိုင်းထိုင်းဖြစ်တာကို ပျောက်စေတဲ့အပြင် အထိုက်အလျောက် သန့်စင်စေပါတယ်။

ခေါင်းအုံးစွပ် သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

ခေါင်းအုံးစွပ်တွေကိုတော့ ခေါင်းအုံးထက်ပိုပြီး မကြာခဏလဲပေးသင့်ပါတယ်။ အကြောင်းက တိုက်ရိုက်ထိတွေ့နေတာကြောင့်ပါ။ အိပ်ရာခင်းလိုပဲ ခေါင်းအုံးစွပ်မှာလဲ အညစ်အကြေးတွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းလဲတိုင်း ခေါင်းအုံးစွပ်ကိုပါ လဲဖို့ မမေ့ပါနဲ့။

ခေါင်းအုံး သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

ခေါင်းအုံးတွေကလည်း ခေါင်းအုံးစွပ်လိုပဲ ညစ်ပတ်နိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းအုံးစွပ်လေးခံထားတာကြောင့် မကြာမကြာ သန့်ရှင်းရေးလုပ်ပေးဖို့တော့ မလိုပါဘူး။ အနည်းဆုံး ၆လ တစ်ခါလောက် လျှော်ဖွပ်ရုံနဲ့ လုံလောက်ပါတယ်။ မလျှော်နိုင်ရင် ပင်မင်းအပ်တာဖြစ်ဖြစ် အသစ်လဲတာဖြစ်ဖြစ် လုပ်လို့ရပါတယ်။

စောင် သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

စောင်ကလည်း အိပ်ရာခင်းလိုပဲ ချွေးတွေ ဖုန်တွေနဲ့ ညစ်ပတ်နေတတ်ပါတယ်။ သူများနိုင်ငံတွေမှာ ခေါင်းအုံးစွပ်လိုမျိုး စောင်မှာလည်း အစွပ်ရှိပေမဲ့ ဒီနိုင်ငံမှာတော့ ဒီတိုင်းခြုံကြတာကြောင့် ပိုပြီး ညစ်ပတ်လွယ်ပါတယ်။ ဒါကြောင့် အနည်းဆုံး နှစ်ပတ် တစ်ခါလောက်တော့ စောင်လျှော်ပေးရပါမယ်။

မွေ့ရာ သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

မွေ့ရာကတော့ သေချာပေါက် လျှော်လို့မလွယ်ဘူးပေါ့။ ဒါပေမဲ့ သန့်ရှင်းရေး လုပ်တာတော့ လုပ်ရမှာပဲ။ ဒါကြောင့် တစ်နှစ်ကို အနည်းဆုံး တစ်ခါလောက် ဖုန်စုပ်စက်-Vacuum လေးနဲ့ သန့်ရှင်းရေးလုပ်ဖို့ အကြံပေးထားပါတယ်။ အနံ့အသက်ဆိုးတွေပါ ပျောက်ဖို့အတွက်ဆိုရင် မုန့်ဖုတ်ဆိုဒါလေးကို နည်းနည်းလောက်ဖြန်းပြီးမှ ဖုန်စုပ်စက်-Vacuum နဲ့ သန့်ရှင်းရေးလုပ်ပါတဲ့။

မျက်နှာသုတ်ပဝါ သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

နေ့တိုင်းသုံးနေပေမဲ့ သန့်ရှင်းရေးလုပ်ဖို့ မေ့တဲ့အထဲမှာ မျက်နှာသုတ်ပဝါလည်း ပါပါတယ်။ ပညာရှင်တွေကတော့ တစ်ပတ်ကို တခါလောက်လဲဖို့ အကြံပေးထားပါတယ်။ အကြောင်းက စိုထိုင်းထိုင်း မျက်နှာသုတ်ပဝါတွေက မှိုနဲ့ ဘတ်တီးရီးယားတွေ အလွယ်တကူ ပေါက်ပွားနိုင်လို့ပါတဲ့။

ဘယ်နှကြိမ် ဘယ်လို သန့်ရှင်းရေး လုပ်ပေးရမလဲဆိုတာ သိသွားပြီဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်ခန်းပတ်ဝန်းကျင်လေး ရရှိပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်..

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဒေါက်တာ ထက်ထက်ဇော်ဝင်း

[Zawgyi]





















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service