ကော်ဇော အရွယ်အစားကို ဘယ်လိုရွေးချယ်မလဲ.....

ကော်ဇော အရွယ်အစားကို ဘယ်လိုရွေးချယ်မလဲ..... - Property Knowledge in Myanmar from iMyanmarHouse.com
30 Aug 2022 11:02 am တွင် တင်ခဲ့သည်
1291 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အခန်းရဲ့ ကြမ်းပြင်မှာ ရက်ထည်ကော်ဇောခင်းရတဲ့ ရည်ရွယ်ချက်ကတော့ နေရာတစ်ခုသတ်မှတ်ရာမှာအထောက်အကူဖြစ်ဖို့ပါပဲ။ ရက်ထည်ကော်ဇောသယ်ပြီဆိုတာနဲ့ ကိုယ့်အခန်းရဲ့အကျယ်က ဘယ်လောက်လဲ ရက်ထည်ကော်ဇောပေါ်မှာ ဘာပရိဘောဂပစ္စည်းတွေထားမှာလဲ၊ ဘေးမှာဘာပစ္စည်းတွေထားမလဲ၊ ရက်ထည်ကော်ဇောပေါ်က ပရိဘောဂတွေနဲ့ဘေးပစ္စည်းတွေကိုအမြင်တင့်တယ်အောင် ဘယ်လိုချိတ်ဆက်ပြီးထားမလဲ ဆိုတဲ့အချက်တွေကို စဉ်းစားရတော့မှာပါ။ ရက်ထည်ကော်ဇောတွေရဲ့ ပုံမှန်အရွယ်အစားတွေက တော့ ၄ပေx၆ပေ ဒါမှမဟုတ် ၅ပေx၇ပေ ဆိုရင် ပုံမှန်ဆိုဒ်၊ ၆ပေx၉ပေ ဆိုရင် ဆိုဒ်ကြီး၊ ၈ပေx၁၀ပေ ဒါမဟုတ် ၉ပေx၁၂ပေ ဆိုရင် ဆိုဒ်လွန်လို့သတ်မှတ်ထားပေမယ့် ကိုယ်ကြိုက်တဲ့ဆိုဒ်ကိုလည်း ရွေးချယ်ဝယ်ယူလို့ရပါ တယ်။

အဓိကကတော့ ကိုယ်လိုချင်တဲ့ ရက်ထည်ကော်ဇော ဆိုဒ်ကို တိပ် ဒါမှမဟုတ်သတင်းစာနဲ့ တိုင်းတာ မှတ်သားသွားဖို့ပါ။ ရက်ထည်ကော်ဇောပေါ်မှာ ဘာပစ္စည်းတင်မယ်ဆိုတာကအစ တစ်ခါတည်း စဉ်းစားသွားပါ။ မသေချာဘူးဆိုရင် နည်းနည်းကြီးတာလေးဝယ်သွားပါ။ လိုတဲ့ပမာဏထက်သေးနေပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတာထက်စာရင်တော့ ပိုနေတဲ့ ရက်ထည်ကော်ဇောစတွေကို ပရိဘောဂပစ္စည်းတွေအောက် ထိုးထည့် ထားလိုက်လို့ရပါတယ်။ ကိုယ့်အခန်းအတွက် ရက်ထည်ကော်ဇောကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ ဆိုတာ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁။ ဧည့်ခန်းများ

ဟင်းလင်းပြင်ဧည့်ခန်း

ဟင်းလင်းပြင်ဧည့်ခန်းမှာ ဆိုဒ်သေးနဲ့ဆိုဒ်လတ် ရက်ထည်ကော်ဇောတွေကို အသုံးပြုပါ။ ရက်ထည် ကော်ဇောပေါ်မှာ ထိုင်ခုံ၊ စားပွဲအစရှိတဲ့ ပရိဘောဂပစ္စည်းတွေကို စုတင်ပြီးတော့ အမြင်ရှင်းသွား အောင် လုပ်လိုက်ပါ။ ဒါဆိုရင် ဧည့်ခန်းကျယ်ကြီးထဲမှာ ဧည့်ခန်းသေးလေးတစ်ခု ပေါ်လာသလိုဖြစ်သွားပြီးတော့ ကျန်တဲ့နေရာလွတ်တွေမှာ တခြားအရာတွေဘက်စုံ အသုံးပြုလို့ရပါတယ်။ ၆ပေ ၉ပေ အရွယ်အစားရှိတဲ့ ရက်ထည်ကော်ဇောဆိုရင် အနေတော်ပါပဲ။ ဆိုဖာတွေနဲ့ လက်တင်ကုလားထိုင်တွေရဲ့ နောက်ကျောကို ကော်ဇောအစွန်းမှာ ကွက်တိထားလိုရပါတယ်။

ဟင်းလင်းပြင်ဧည့်ခန်းကျယ်ကြီး

ရက်ထည်ကော်ဇောခင်းမယ့်နေရာကကျယ်ပြီး ပရိဘောဂတွေကကြီးတယ်ဆိုပါစို့။ ဆိုက်ဒ်ကြီးတဲ့ ကော်ဇောကို ရွေးဝယ်ပါ။ ဒါပေမဲ့ ပုံမှာ ပြထားသလို ဆိုဖာခုံတွေရဲ့ရှေ့ခြေထောက်တွေကိုပဲ ကော်ဇောပေါ် တင်ထားပါ။ ဒါဆိုရင် ပရိဘောဂတွေနဲ့ ကော်ဇောက အချိတ်အဆက်မိသွားပါပြီ။ ဒီထက်ပိုပြီးအရွယ်အစား ကြီးလို့ ဈေးပိုပေးရတဲ့ ရက်ထည်ကော်ဇောကိုဝယ်ပြီး အခန်းအပြည့်ခင်းဖို့လည်း မလိုအပ်တော့ပါဘူး။ အရွယ်အစားကြီးလို့ ဈေးပိုပေးရတဲ့ ရက်ထည်ကော်ဇောကိုဝယ်ပြီး အခန်းအပြည့်ခင်းဖို့လည်း မလိုအပ်တော့ပါဘူး။ အရွယ်အစားကြီးတဲ့နေရာတွေအတွက်တော့ ပုံမှန်အားဖြင့် ၆ပေ x ၉ပေ ဆိုက်ဒ် ဒါမှမဟုတ် ၈ပေ x ၁၀ပေဆိုဒ်ရှိတဲ့ ရက်ထည်ကော်ဇောဆိုရင် လုံလောက်ပါပြီ။

ပရိဘောဂတွေထဲမှာ အရွယ်အစားကြီးတဲ့ဆိုဖာခုံတစ်ခုံပါတယ်ဆိုရင်တော့ ပိုပြီးရှည်တဲ့ရက်ထည် ကော်ဇောကိုရွေးဝယ်ပါ။ ဒါမှမဟုတ်ရင်လည်း ဒီဆိုဖာကိုကော်ဇောအစွန်းမှာထားလိုက်ရင် အနှစ်အရသာပိုရှိတဲ့ ခံစားမှုကိုပေးစွမ်းနိုင်မှာပါ။

ဧည့်ခန်းကျယ်

ထိုင်ဖို့အတွက်ပဲသီးသန့်အသုံးပြုမယ့် ကြီးမားတဲ့ဧည့်ခန်းကျယ်ကြီးထဲမှာဆိုရင် အခန်းနဲ့ပိုပြီးအသားကျ စေဖို့ ကိုယ်လိုတဲ့အရွယ်အစားအတိုင်း ရက်ထည်ကော်ဇောဆိုက်ဒ်ကြီးကို ရွေးချယ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ပရိဘောဂအားလုံးကို ကော်ဇောပေါ်တင်ထားလိုက်တာက အကောင်းဆုံးပါပဲ။ ဘေးပတ်ဝန်းကျင်ကနေရာတွေကို လျှောက်လမ်းအတွက် နေရာကျယ်ကျယ်လေးထားပေးလ်ိုက်ပါ။

ရှည်လျားပြီးကျဉ်းမြောင်းတဲ့ဧည့်ခန်းတွေ

ရှည်လျားပြီးကျဉ်းမြောင်းတဲ့ဧည့်ခန်းတွေဆိုရင် ရှည်လျားတဲ့ဆိုဖာတစ်ခုလည်းရှိမှာ သေချာပါတယ်။ ဒါဆိုရင်ရက်ထည်ကော်ဇောကိုလည်း အဲဒီဆိုဖာအရှည်အတိုင်း လိုက်ဝယ်ခင်းပြီးကျန်တဲ့နေရာတွေကို အလွတ်အတိုင်းထားလိုက်ပါ။ ၅×၇ ဒါမှမဟုတ် ၆×၉ အရွယ်အစားရှိတဲ့ ကော်ဇောဆိုရင် အဆင်ပြေပါတယ်။ ဆိုဖာ အောက်က ရက်ထည်ကော်ဇောပမာဏကို အခန်းအကျယ်နဲ့ ကိုက်ညီအောင် သေချာညှိပြီးဝယ်ပါ။

၂။ ထမင်းစားခန်းများ

ဟင်းလင်းပြင် ထမင်းစားခန်း

အရွယ်အစားကြီးပြီး လူမြင်သူမြင်ရှိတဲ့ ထမင်းစားခန်းအတွက် ရက်ထည်ကော်ဇောက သီးသန့်ထမင်း စားခန်းဧရိယာရယ်လို့ သတ်မှတ်ပေးနိုင်သလို မီးဖိုချောင်ရယ်၊ တခြားထိုင်စရာနေစရာတွေနဲ့ ကွဲကွဲပြားပြားဖြစ် သွားစေပါတယ်။ အဓိကအရေးကြီးတာက ထမင်းစားကုလားထိုင်တွေအကုန်လုံး ကော်ဇောထဲမှာ လုံလုံ လောက်လောက်ဝင်ဆံ့နေဖို့ပါ။ ဒါမှကုလားထိုင်ရဲ့နောက်ခြေထောက်ကနေ ပတ်ပတ်လည်ကို လက်မ၂၀ အကွာအဝေးရှိရပါမယ်။ ဒါဟာ ရက်ထည်ကော်ဇောတစ်ခုအတွက် ရှိသင့်ရှိထိုက်တဲ့ အသေးဆုံးအရွယ်အစားပါ။

ထမင်းစားပွဲဝိုင်း

ထမင်းစားပွဲဝိုင်းအောက်မှာ ရက်ထည်ကော်ဇောဝိုင်းခင်းတာက အကောင်းဆုံးပါပဲ။

 

၃။ အိပ်ခန်းများ

အိပ်ခန်းကျယ်

အိပ်ခန်းထဲမှာ ရက်ထည်ကော်ဇောခင်းတာဟာ အပြောင်းအလဲဖြစ်တဲ့အပြင် ပိုပြီးတော့လည်း စတိုလ် ကျလှပစေပါတယ်။ ကော်ဇော အရွယ်အစားကတော့ အခန်းအရွယ်အစားပေါ်မှုတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ အထူးသတိထားရမှာက ကုတင်ခြေရင်းမှာထားမဲ့ ကော်ဇောနေရာလွတ်ပါ။ ကုတင်ရဲ့ဘေးမှာရှိတဲ့ စားပွဲတွေ ရဲ့ရှေ့ကနေ ကော်ဇောကိုစခင်းပြီး ပတ်ပတ်လည်လက်မ၂၀နေရာလွတ်ကျန်တဲ့အထိ ကော်ဇောကိုအပြည့်ယူခင်းလိုက်ပါ။ ၅×၇ အရွယ်အစားရက်ထည်ကော်ဇောက နှစ်ယောက်အိပ်ကုတင်အကြီးကြီးတွေအတွက်တော့ သေးပါတယ်။ ၆×၉ အရွယ်အစားကော်ဇောဆိုရင် အတော်ပါပဲ။

၄။ ကလေးအိပ်ခန်းများနှင့် ကစားစရာအခန်းများ

ရက်ထည်ကော်ဇောဝိုင်းအသေးလေးက ကလေးအိပ်ခန်းနဲ့ကစားစရာအခန်းတွေအတွက် အဆင်တန်ဆာကောင်းတစ်ခုပါ။ အမျိုးမျိုးသောသေးသေးမွှားမွှား ပရိဘောဂပစည်းလေးတွေ အားလုံးကနံရံမှာကပ်ပြီး ထားတာဖြစ်တဲ့ အတွက်ကြောင့် ကော်ဇောအဝိုင်းလေးက ဆုံချက်နေရာတစ်ခုလိုဖြစ်နေမှာပါ။

 

၅။ အိမ်အဝင်ဝနှင့် အခြားနေရာလွတ်များ

ဧည့်ခန်းပြီးရင် အိမ်အဝင်စင်္ကြံလမ်းကရက်ထည်ကော်ဇောခင်းဖို့အကောင်းဆုံးနေရာပါပဲ။ အိမ်အဝင်မှာ ကော်ဇော ဘယ်လောက်ရှည်သလဲ ဆိုတဲ့အချက်ပေါ်မှုတည်ပြီး လူကိုသက်သောင့်သက်သာဖြစ်စေပါတယ်။ ဒါပေမယ့် သတိထားရမဲ့ အချက်တစ်ချက်က ကော်ဇောရဲ့အကျယ်ပါ။ ကော်ဇောဘေးမှာ နေရာလွတ်လေးတွေ ချန်ထားပေးဖို့မမေ့ပါနဲ့။ အိမ်အဝင်လမ်းအတွက် ပုံမှန်ကော်ဇောဆိုက်ဒ်က ၂×၈ အရွယ်အစားရှိတဲ့ ကော်ဇောပါ။ ဒါပေမဲ့ ကော်ဇောတွေကို ဘယ်လောက်အရှည်ပဲဖြစ်ဖြစ် ရွေးချယ်ဝင်ယူအသုံးပြုနိုင်ပါသည်။

ရက်ထည်ကော်ဇောတွေကို နွေးထွေးပျူငှာတဲ့နေရာလေးဖြစ်အောင် ခင်းကျင်းရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ပုံမှာပြထားသလိုနွားသားရေသဏ္ဍာန် ရက်ထည်ကော်ဇောက ရိုးရှင်းလွန်းပြီး အခန်းရဲ့လေးထောင့်ကျ တဲ့ပုံစံကိုမှေးမှိန်သွားစေမှာပါ။ ဒီနေရာမှာ ရက်ထည်ကော်ဇောဝိုင်းကို အသုံးပြုမယ်ဆိုရင်လည်း ရပါတယ်။

အိပ်ခန်း ဒါမှမဟုတ် ဧည့်ခန်းတို့လို ဧရိယာကြီးမားတဲ့နေရာတွေမှာ လက်တင်ကုလားထိုင်ထားပြီး အောက်မှာရက်ထည်ကော်ဇောဝိုင်းခင်းလိုက်မယ်ဆိုတာနဲ့ စာဖတ်ခန်း ဒါမှမဟုတ် ကိုယ်ပိုင်အပန်းဖြေနေရာ လေးအဖြစ် ပြောင်းလဲသွားမှာပါ။ အခန်းထောင့်က စားပွဲလေးအောက်မှာခင်းမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ပုံမှန်အားဖြင့် လက်တင်ကုလားထိုင်အောက်မှာခင်းမယ့်ရက်ထည်ကော်ဇောဝိုင်းက အနည်းဆုံး အချင်း ၄ပေ ကနေ ၅ပေအထိရှိရမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mm-homedecor

 

 

[Zawgyi]

ေကာ္ေဇာ အရြယ္အစားကို ဘယ္လိုေရြးခ်ယ္မလဲ.....

အခန္းရဲ႕ ၾကမ္းျပင္မွာ ရက္ထည္ေကာ္ေဇာခင္းရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ေနရာတစ္ခုသတ္မွတ္ရာမွာအေထာက္အကူျဖစ္ဖို႔ပါပဲ။ ရက္ထည္ေကာ္ေဇာသယ္ၿပီဆိုတာနဲ႔ ကိုယ့္အခန္းရဲ႕အက်ယ္က ဘယ္ေလာက္လဲ ရက္ထည္ေကာ္ေဇာေပၚမွာ ဘာပရိေဘာဂပစၥည္းေတြထားမွာလဲ၊ ေဘးမွာဘာပစၥည္းေတြထားမလဲ၊ ရက္ထည္ေက္ာေဇာေပၚက ပရိေဘာဂေတြနဲ႔ေဘးပစၥည္းေတြကိုအျမင္တင့္တယ္ေအာင္ ဘယ္လိုခ်ိတ္ဆက္ၿပီးထားမလဲ ဆိုတဲ့အခ်က္ေတြကို စဥ္းစားရေတာ့မွာပါ။ ရက္ထည္ေကာ္ေဇာေတြရဲ႕ ပံုမွန္အရြယ္အစားေတြက ေတာ့ ၄ေပx၆ေပ ဒါမွမဟုတ္ ၅ေပx၇ေပ ဆိုရင္ ပံုမွန္ဆိုဒ္၊ ၆ေပx၉ေပ ဆိုရင္ ဆိုဒ္ႀကီး၊ ၈ေပx၁၀ေပ ဒါမဟုတ္ ၉ေပx၁၂ေပ ဆိုရင္ ဆိုဒ္လြန္လို႔သတ္မွတ္ထားေပမယ့္ ကိုယ္ႀကိဳက္တဲ့ဆိုဒ္ကိုလည္း ေရြးခ်ယ္၀ယ္ယူလို႔ရပါ တယ္။

အဓိကကေတာ့ ကိုယ္လိုခ်င္တဲ့ ရက္ထည္ေကာ္ေဇာ ဆိုဒ္ကို တိပ္ ဒါမွမဟုတ္သတင္းစာနဲ႔ တိုင္းတာ မွတ္သားသြားဖို႔ပါ။ ရက္ထည္ေကာ္ေဇာေပၚမွာ ဘာပစၥည္းတင္မယ္ဆိုတာကအစ တစ္ခါတည္း စဥ္းစားသြားပါ။ မေသခ်ာဘူးဆိုရင္ နည္းနည္းႀကီးတာေလး၀ယ္သြားပါ။ လိုတဲ့ပမာဏထက္ေသးေနၿပီး ဟိုမေရာက္ ဒီမေရာက္ ျဖစ္ေနတာထက္စာရင္ေတာ့ ပိုေနတဲ့ ရက္ထည္ေကာ္ေဇာစေတြကို ပရိေဘာဂပစၥည္းေတြေအာက္ ထိုးထည့္ ထားလိုက္လို႔ရပါတယ္။ ကိုယ့္အခန္းအတြက္ ရက္ထည္ေကာ္ေဇာကို ဘယ္လိုေရြးခ်ယ္၀ယ္ယူရမလဲ ဆိုတာ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဧည့္ခန္းမ်ား

ဟင္းလင္းျပင္ဧည့္ခန္း

ဟင္းလင္းျပင္ဧည့္ခန္းမွာ ဆိုဒ္ေသးနဲ႔ဆိုဒ္လတ္ ရက္ထည္ေကာ္ေဇာေတြကို အသံုးျပဳပါ။ ရက္ထည္ ေကာ္ေဇာေပၚမွာ ထိုင္ခံု၊ စားပြဲအစရွိတဲ့ ပရိေဘာဂပစၥည္းေတြကို စုတင္ၿပီးေတာ့ အျမင္ရွင္းသြား ေအာင္ လုပ္လိုက္ပါ။ ဒါဆိုရင္ ဧည့္ခန္းက်ယ္ႀကီးထဲမွာ ဧည့္ခန္းေသးေလးတစ္ခု ေပၚလာသလိုျဖစ္သြားၿပီးေတာ့ က်န္တဲ့ေနရာလြတ္ေတြမွာ တျခားအရာေတြဘက္စံု အသံုးျပဳလို႔ရပါတယ္။ ၆ေပ ၉ေပ အရြယ္အစားရွိတဲ့ ရက္ထည္ေကာ္ေဇာဆိုရင္ အေနေတာ္ပါပဲ။ ဆိုဖာေတြန႔ဲ လက္တင္ကုလားထိုင္ေတြရဲ႕ ေနာက္ေက်ာကို ေကာ္ေဇာအစြန္းမွာ ကြက္တိထားလိုရပါတယ္။

ဟင္းလင္းျပင္ဧည့္ခန္းက်ယ္ႀကီး

ရက္ထည္ေကာ္ေဇာခင္းမယ့္ေနရာကက်ယ္ၿပီး ပရိေဘာဂေတြကႀကီးတယ္ဆိုပါစိုု႔။ ဆိုက္ဒ္ႀကီးတဲ့ ေကာ္ေဇာကို ေရြး၀ယ္ပါ။ ဒါေပမဲ့ ပံုမွာ ျပထားသလို ဆိုဖာခံုေတြရဲ႕ေရွ႕ေျခေထာက္ေတြကိုပဲ ေကာ္ေဇာေပၚ တင္ထားပါ။ ဒါဆိုရင္ ပရိေဘာဂေတြနဲ႔ ေကာ္ေဇာက အခ်ိတ္အဆက္မိသြားပါၿပီ။ ဒီထက္ပိုၿပီးအရြယ္အစား ႀကီးလို႔ ေစ်းပိုေပးရတဲ့ ရက္ထည္ေကာ္ေဇာကို၀ယ္ၿပီး အခန္းအျပည့္ခင္းဖို႔လည္း မလိုအပ္ေတာ့ပါဘူး။ အရြယ္အစားႀကီးလို႔ ေစ်းပိုေပးရတဲ့ ရက္ထည္ေကာ္ေဇာကို၀ယ္ၿပီး အခန္းအျပည့္ခင္းဖို႔လည္း မလိုအပ္ေတာ့ပါဘူး။ အရြယ္အစားႀကီးတဲ့ေနရာေတြအတြက္ေတာ့ ပံုမွန္အားျဖင့္ ၆ေပ x ၉ေပ ဆိုက္ဒ္ ဒါမွမဟုတ္ ၈ေပ x ၁၀ေပဆိုဒ္ရွိတဲ့ ရက္ထည္ေကာ္ေဇာဆိုရင္ လံုေလာက္ပါၿပီ။

ပရိေဘာဂေတြထဲမွာ အရြယ္အစားႀကီးတဲ့ဆိုဖာခံုတစ္ခံုပါတယ္ဆိုရင္ေတာ့ ပိုၿပီးရွည္တဲ့ရက္ထည္ ေကာ္ေဇာကိုေရြး၀ယ္ပါ။ ဒါမွမဟုတ္ရင္လည္း ဒီဆိုဖာကိုေကာ္ေဇာအစြန္းမွာထားလိုက္ရင္ အႏွစ္အရသာပိုရွိတဲ့ ခံစားမႈကိုေပးစြမ္းႏိုင္မွာပါ။

ဧည့္ခန္းက်ယ္

ထိုင္ဖို႔အတြက္ပဲသီးသန္႔အသံုးျပဳမယ့္ ႀကီးမားတဲ့ဧည့္ခန္းက်ယ္ႀကီးထဲမွာဆိုရင္ အခန္းနဲ႔ပိုၿပီးအသားက် ေစဖို႔ ကိုယ္လိုတဲ့အရြယ္အစားအတိုင္း ရက္ထည္ေကာ္ေဇာဆိုက္ဒ္ႀကီးကို ေရြးခ်ယ္၀ယ္ယူရမွာ ျဖစ္ပါတယ္။ ဒီေနရာမွာေတာ့ ပရိေဘာဂအားလံုးကို ေကာ္ေဇာေပၚတင္ထားလိုက္တာက အေကာင္းဆံုးပါပဲ။ ေဘးပတ္၀န္းက်င္ကေနရာေတြကို ေလွ်ာက္လမ္းအတြက္ ေနရာက်ယ္က်ယ္ေလးထားေပးလို္က္ပါ။

ရွည္လ်ားၿပီးက်ဥ္းေျမာင္းတဲ့ဧည့္ခန္းေတြ

ရွည္လ်ားၿပီးက်ဥ္းေျမာင္းတဲ့ဧည့္ခန္းေတြဆိုရင္ ရွည္လ်ားတဲ့ဆိုဖာတစ္ခုလည္းရွိမွာ ေသခ်ာပါတယ္။ ဒါဆိုရင္ရက္ထည္ေကာ္ေဇာကိုလည္း အဲဒီဆိုဖာအရွည္အတိုင္း လိုက္၀ယ္ခင္းၿပီးက်န္တဲ့ေနရာေတြကို အလြတ္အတိုင္းထားလိုက္ပါ။ ၅×၇ ဒါမွမဟုတ္ ၆×၉ အရြယ္အစားရွိတဲ့ ေကာ္ေဇာဆိုရင္ အဆင္ေျပပါတယ္။ ဆိုဖာ ေအာက္က ရက္ထည္ေကာ္ေဇာပမာဏကို အခန္းအက်ယ္နဲ႔ ကိုက္ညီေအာင္ ေသခ်ာညွိၿပီး၀ယ္ပါ။

၂။ ထမင္းစားခန္းမ်ား

ဟင္းလင္းျပင္ ထမင္းစားခန္း

အရြယ္အစားႀကီးၿပီး လူျမင္သူျမင္ရွိတဲ့ ထမင္းစားခန္းအတြက္ ရက္ထည္ေကာ္ေဇာက သီးသန္႔ထမင္း စားခန္းဧရိယာရယ္လို႔ သတ္မွတ္ေပးႏိုင္သလို မီးဖိုေခ်ာင္ရယ္၊ တျခားထိုင္စရာေနစရာေတြနဲ႔ ကြဲကြဲျပားျပားျဖစ္ သြားေစပါတယ္။ အဓိကအေရးႀကီးတာက ထမင္းစားကုလားထိုင္ေတြအကုန္လံုး ေကာ္ေဇာထဲမွာ လံုလံု ေလာက္ေလာက္၀င္ဆံ့ေနဖို႔ပါ။ ဒါမွကုလားထိုင္ရဲ႕ေနာက္ေျခေထာက္ကေန ပတ္ပတ္လည္ကို လက္မ၂၀ အကြာအေ၀းရွိရပါမယ္။ ဒါဟာ ရက္ထည္ေကာ္ေဇာတစ္ခုအတြက္ ရွိသင့္ရွိထိုက္တဲ့ အေသးဆံုးအရြယ္အစားပါ။

ထမင္းစားပြဲ၀ိုင္း

ထမင္းစားပြဲ၀ိုင္းေအာက္မွာ ရက္ထည္ေကာ္ေဇာ၀ိုင္းခင္းတာက အေကာင္းဆံုးပါပဲ။

 

၃။ အိပ္ခန္းမ်ား

အိပ္ခန္းက်ယ္

အိပ္ခန္းထဲမွာ ရက္ထည္ေကာ္ေဇာခင္းတာဟာ အေျပာင္းအလဲျဖစ္တဲ့အျပင္ ပိုၿပီးေတာ့လည္း စတိုလ္ က်လွပေစပါတယ္။ ေကာ္ေဇာ အရြယ္အစားကေတာ့ အခန္းအရြယ္အစားေပၚမႈတည္ၿပီး ေျပာင္းလဲႏိုင္ပါတယ္။ အထူးသတိထားရမွာက ကုတင္ေျခရင္းမွာထားမဲ့ ေကာ္ေဇာေနရာလြတ္ပါ။ ကုတင္ရဲ႕ေဘးမွာရွိတဲ့ စားပြဲေတြ ရဲ႕ေရွ႕ကေန ေကာ္ေဇာကိုစခင္းၿပီး ပတ္ပတ္လည္လက္မ၂၀ေနရာလြတ္က်န္တဲ့အထိ ေကာ္ေဇာကိုအျပည့္ယူခင္းလိုက္ပါ။ ၅×၇ အရြယ္အစားရက္ထည္ေကာ္ေဇာက ႏွစ္ေယာက္အိပ္ကုတင္အႀကီးႀကီးေတြအတြက္ေတာ့ ေသးပါတယ္။ ၆×၉ အရြယ္အစားေကာ္ေဇာဆိုရင္ အေတာ္ပါပဲ။

၄။ ကေလးအိပ္ခန္းမ်ားႏွင့္ ကစားစရာအခန္းမ်ား

ရက္ထည္ေကာ္ေဇာ၀ိုင္းအေသးေလးက ကေလးအိပ္ခန္းနဲ႔ကစားစရာအခန္းေတြအတြက္ အဆင္တန္ဆာေကာင္းတစ္ခုပါ။ အမ်ိဳးမ်ိဳးေသာေသးေသးမႊားမႊား ပရိေဘာဂပစည္းေလးေတြ အားလံုးကနံရံမွာကပ္ၿပီး ထားတာျဖစ္တဲ့ အတြက္ေၾကာင့္ ေကာ္ေဇာအ၀ိုင္းေလးက ဆံုခ်က္ေနရာတစ္ခုလိုျဖစ္ေနမွာပါ။

 

၅။ အိမ္အ၀င္၀ႏွင့္ အျခားေနရာလြတ္မ်ား

ဧည့္ခန္းၿပီးရင္ အိမ္အ၀င္စႀကႍလမ္းကရက္ထည္ေကာ္ေဇာခင္းဖို႔အေကာင္းဆံုးေနရာပါပဲ။ အိမ္အ၀င္မွာ ေကာ္ေဇာ ဘယ္ေလာက္ရွည္သလဲ ဆိုတဲ့အခ်က္ေပၚမႈတည္ၿပီး လူကိုသက္ေသာင့္သက္သာျဖစ္ေစပါတယ္။ ဒါေပမယ့္ သတိထားရမဲ့ အခ်က္တစ္ခ်က္က ေကာ္ေဇာရဲ႕အက်ယ္ပါ။ ေကာ္ေဇာေဘးမွာ ေနရာလြတ္ေလးေတြ ခ်န္ထားေပးဖို႔မေမ့ပါနဲ႔။ အိမ္အ၀င္လမ္းအတြက္ ပံုမွန္ေကာ္ေဇာဆိုက္ဒ္က ၂×၈ အရြယ္အစားရွိတဲ့ ေကာ္ေဇာပါ။ ဒါေပမဲ့ ေကာ္ေဇာေတြကို ဘယ္ေလာက္အရွည္ပဲျဖစ္ျဖစ္ ေရြးခ်ယ္၀င္ယူအသံုးျပဳႏိုင္ပါသည္။

ရက္ထည္ေကာ္ေဇာေတြကို ေႏြးေထြးပ်ဴငွာတဲ့ေနရာေလးျဖစ္ေအာင္ ခင္းက်င္းရာမွာလည္း အသံုးျပဳႏိုင္ပါတယ္။ ပံုမွာျပထားသလိုႏြားသားေရသ႑ာန္ ရက္ထည္ေကာ္ေဇာက ရုိးရွင္းလြန္းၿပီး အခန္းရဲ႕ေလးေထာင့္က် တဲ့ပံုစံကိုေမွးမွိန္သြားေစမွာပါ။ ဒီေနရာမွာ ရက္ထည္ေကာ္ေဇာ၀ိုင္းကို အသံုးျပဳမယ္ဆိုရင္လည္း ရပါတယ္။

အိပ္ခန္း ဒါမွမဟုတ္ ဧည့္ခန္းတို႔လို ဧရိယာႀကီးမားတဲ့ေနရာေတြမွာ လက္တင္ကုလားထိုင္ထားၿပီး ေအာက္မွာရက္ထည္ေကာ္ေဇာ၀ိုင္းခင္းလိုက္မယ္ဆိုတာနဲ႔ စာဖတ္ခန္း ဒါမွမဟုတ္ ကိုယ္ပိုင္အပန္းေျဖေနရာ ေလးအျဖစ္ ေျပာင္းလဲသြားမွာပါ။ အခန္းေထာင့္က စားပြဲေလးေအာက္မွာခင္းမယ္ဆိုရင္လည္း အဆင္ေျပပါတယ္။ ပံုမွန္အားျဖင့္ လက္တင္ကုလားထိုင္ေအာက္မွာခင္းမယ့္ရက္ထည္ေကာ္ေဇာ၀ိုင္းက အနည္းဆံုး အခ်င္း ၄ေပ ကေန ၅ေပအထိရွိရမွာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: mm-homedecor

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service