ပန်ဒါလေးတွေ စားစားနေတဲ့ ဝါးရွက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ပန်ဒါလေးတွေ စားစားနေတဲ့ ဝါးရွက်လေးရဲ့ ဆေးဖက်ဝင်ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
30 Aug 2022 10:34 am တွင် တင်ခဲ့သည်
423 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဝါးရွက်လေးတွေကို ပြာရည်ထုပ်။ ကောက်ညှင်းထုပ်လေးတွေ ထုပ်ဖို့ပဲ သုံးလို့ရတယ်လို့ ထင်နေတာလား။ ဝါးရွက်က ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးသေးတယ်။ ဘယ်လိုများ အထောက်အကူပြုလို့လဲ သိချင်ရင်တော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။

ဝါးရွက်ဆိုတာ အာဟာရပါရဲ့လား………..

ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါကြောင့် ပန်ဒါလေးတွေ ဝါးပင်ဝါးရွက်တွေကို စားပြီး အသက်ရှင်နေတာပေါ့။ ဝါးပင်က နုစဉ်မှာ မျှစ်အဖြစ် စားသုံးလို့ရသလို ရင့်လာတဲ့အခါ အိမ်ထောင်ပရိဘောဂတွေအဖြစ် အသုံးပြုလို့ ရပါတယ်။ ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်၊ အမျှင်ဓာတ် အပြင် silica လည် ပါဝင်ပါတယ်။ silica က အရိုးတွေကို သန်မာစေတာ၊ လက်သည်းခြေသည်းတွေကို ကျန်းမာစေတာ၊ ဆံသားတွေကို ကျန်းမာစေတာ စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးပါတယ်။

ဝါးရွက်ကပေးတဲ့ ကျန်းမာရေး

စိမ်းစိမ်းစိုစို ဝါးရွက်လေးက

အရေပြားကို ကျန်းမာစေတယ်

ဝါးရွက်က အသားအရေကို တော်တော်လေး အထောက်အကူပြုပေးတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးပါ။ အသားအရေကို ကြည်လင်စေပြီး ဝက်ခြံ ကင်းစေပါတယ်။ ဝါးရွက်က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

အလှကုန်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ဝါးရွက်လေးကို အားကိုးလို့ရပါတယ်။ အသားအရေအတွက် ဝါးရွက်ကို အသုံးပြုချင်တယ်ဆိုရင် ရေစင်အောင် ဆေးထားတဲ့ ဝါးရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ကို ပျားရည် နည်းနည်းနဲ့ရောပြီး အရေပြားပေါ်မှာ လိမ်းပေးရုံပါ။

သွေးတိုး ကျစေနိုင်တယ်

ဝါးရွက်က နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သလို သွေးတိုးလည်း ကျစေပါတယ်။ ဝါးရွက်မှာ နှလုံးကျန်းမာစေဖို့ အထောက်အကူပြုနိုင်တဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဝါးရွက်မှာပါတဲ့ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး သွေးကြောတွေထဲမှာ အဆီတွေ ပိတ်ဆို့နေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေက သွေးတွင်း ကိုလက်စထရောကို ကျစေလို့ သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။

နှလုံးသွေးကြောကျဉ်းတာနဲ့ သွေးကြောပိတ်ဆို့တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဆံသား နဲ့ ခြေသည်းလက်သည်းတွေ ကျန်းမာစေတယ်

ဝါးရွက်မှာ ဆံသားနဲ့ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တဲ့ silica ပါဝင်မှု မြင့်တာကြောင့် ဆံပင်ကျွတ်တာ၊ ခြေသည်းလက်သည်း ထိခိုက်လွယ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်တစ်ချက်က ဝါးရွက်မှာ silica အပြင် ဆံသားကို အကောင်းဆုံး အားဖြည့်ပေးတဲ့ ဗီတာမင် E ပါဝင်နေတာပါ။

ဓာတ်တိုးပစ္စည်းတွေ ဖယ်ရှားပေးတယ်

နေ့စဉ် ပတ်ဝန်းကျင်မှာ ဓာတ်တိုးပစ္စည်းတွေ အများကြီးရှိနေနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေက များလာတဲ့အခါ ကင်ဆာ အပါအဝင် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။ အစားအစာတွေကနေတဆင့်လည်း ဓာတ်တိုးပစ္စည်းတွေက ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားနိုင်ပါတယ်။

ဝါးရွက်မှာက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကင်ဆာ အပါအဝင် ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်နိုင်တဲ့ နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

ဝါးရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာပါ။ ဝါးရွက်မှာ silica ပါဝင်နေမှုက ကိုယ်တွင်း ကအဆိပ်အတောက်တွေကို ဆီးတွေ၊ ဝမ်းတွေကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ကိုယ်တွင်းမှာ အဆိပ်အတောက် များတာက ရေရှည်မှာ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ​​ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားချင်တယ်ဆိုရင် ဝါးရွက်ကို ပြုတ်သောက်လို့ ရပါတယ်။

အနာကျက်စေတယ်

ဝါးရွက်မှာ အရောင်ကျစေနိုင်တဲ့ အာနိသင်၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ပါဝင်နေပါတယ်။ ဝါးရွက်မှာ silica ပါဝင်နေတာက အနာကျက်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ silica က အနာကျက်စေဖို့အတွက် လိုအပ်တဲ့ ကော်လာဂျင် ထွက်ရှိလာအောင် လှုံ့ဆော်ပေးပါတယ်။

အနာကျက်စေဖို့ သေချာသန့်စင်ထားတဲ့ ဝါးရွက်ကို ကြိတ်ခြေပြီး အနာပေါ်မှာ လိမ်းပေးလို့ရသလို ဝါးရွက်ပြုတ်ရည်နဲ့ အနာကို ဆေးကြောပေးတာမျိုး လုပ်လို့လည်း ရပါတယ်။

ဆီးလမ်းကြောင်းပြဿနာ ကင်းစေနိုင်တယ်

ဝါးရွက်မှာပါတဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေက ဆီးလမ်းကြောင်းပိုးဝင်တာ အပါအဝင် ဆီးသွားရခက်တာ။ ဆီးကျဉ်တာလိုမျိုး ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို သက်သာစေနိုင်တယ်

ဝါးရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာမှာ အထောက်အကူပြုပေးပါတယ်။ ပန်ကရိယကို အင်ဆူလင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။

အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

ဝါးရွက်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ ဝါးရွက်ကို ပြုတ်ပြီး ပြုတ်ရည်ထဲကို ပျားရည် နည်းနည်းထည့်လို့ သောက်ပေးတာက ပန်းနာရင်ကျပ် အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ဝါးရွက်မှာ silica ပါဝင်နေတာက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးပါတယ်။ ဝါးရွက်မှာပါတဲ့ silica၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်က ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အစာကြေစေတယ်

ဝါးရွက်မှာ အမျှင်ဓာတ်ကြွယ်ဝတာက အစာခြေစနစ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ဝမ်းမှန်စေပြီး ဝမ်းပျော့ပျော့ သွားစေပါတယ်။ အစာအိမ်ပြဿနာ ကင်းစေဖို့လည် အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဒါတွေအပြင် ဝါးရွက်က လေဒီတွေမှာ ခံစားရတဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေပြီး အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်း မြင့်စေဖို့ အကူအညီပေးပါတယ်။ လေဒီဗိုက်တွေကို မွေးဖွားရလွယ်ကူစေဖို့ နဲ့ ဘေဘီလေးတွေမှာ မွေးရာပါချို့ယွင်းချက်ပါမလာစေဖို့ ထောက်ကူပေးပါတယ်။ အယ်လ်ဇိုင်းမားမဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း ဝါးရွက်ကို အသုံးပြုလို့ ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ပန္ဒါေလးေတြ စားစားေနတဲ့ ဝါး႐ြက္ေလးရဲ႕ ေဆးဖက္ဝင္ပုံ

 

ဝါး႐ြက္ေလးေတြကို ျပာရည္ထုပ္။ ေကာက္ညႇင္းထုပ္ေလးေတြ ထုပ္ဖို႔ပဲ သုံးလို႔ရတယ္လို႔ ထင္ေနတာလား။ ဝါး႐ြက္က က်န္းမာေရးကိုလည္း အေထာက္အကူျပဳေပးေသးတယ္။ ဘယ္လိုမ်ား အေထာက္အကူျပဳလို႔လဲ သိခ်င္ရင္ေတာ့ ေဆာင္းပါးေလးထဲ ဖတ္ၾကည့္လိုက္ေနာ္။

ဝါး႐ြက္ဆိုတာ အာဟာရပါရဲ႕လား………..

ဝါး႐ြက္မွာ ဓာတ္တိုးဆန္႔က်င္အာနိသင္ ႂကြယ္ဝသလို အမွ်င္ဓာတ္လည္း ႂကြယ္ဝပါတယ္။ ဒါေၾကာင့္ ပန္ဒါေလးေတြ ဝါးပင္ဝါး႐ြက္ေတြကို စားၿပီး အသက္႐ွင္ေနတာေပါ့။ ဝါးပင္က ႏုစဥ္မွာ မွ်စ္အျဖစ္ စားသုံးလို႔ရသလို ရင့္လာတဲ့အခါ အိမ္ေထာင္ပရိေဘာဂေတြအျဖစ္ အသုံးျပဳလို႔ ရပါတယ္။ ဝါး႐ြက္မွာ ဓာတ္တိုးဆန္႔က်င္ အာနိသင္၊ အမွ်င္ဓာတ္ အျပင္ silica လည္ ပါဝင္ပါတယ္။ silica က အ႐ိုးေတြကို သန္မာေစတာ၊ လက္သည္းေျခသည္းေတြကို က်န္းမာေစတာ၊ ဆံသားေတြကို က်န္းမာေစတာ စတဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြကို ေပးပါတယ္။

ဝါး႐ြက္ကေပးတဲ့ က်န္းမာေရး

စိမ္းစိမ္းစိုစို ဝါး႐ြက္ေလးက

အေရျပားကို က်န္းမာေစတယ္

ဝါး႐ြက္က အသားအေရကို ေတာ္ေတာ္ေလး အေထာက္အကူျပဳေပးတဲ့ ေဆးဖက္ဝင္ အပင္တစ္မ်ိဳးပါ။ အသားအေရကို ၾကည္လင္ေစၿပီး ဝက္ျခံ ကင္းေစပါတယ္။ ဝါး႐ြက္က ဓာတ္တိုးဆန္႔က်င္အာနိသင္ ႂကြယ္ဝတာေၾကာင့္ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္ၿပီး ဝက္ျခံေတြကို သက္သာေစႏိုင္ပါတယ္။

အလွကုန္ေတြမွာပါတဲ့ ဓာတုပစၥည္းေတြေၾကာင့္ အသားအေရ ထိခိုက္တာမ်ိဳး မျဖစ္ေစဖို႔လည္း ဝါး႐ြက္ေလးကို အားကိုးလို႔ရပါတယ္။ အသားအေရအတြက္ ဝါး႐ြက္ကို အသုံးျပဳခ်င္တယ္ဆိုရင္ ေရစင္ေအာင္ ေဆးထားတဲ့ ဝါး႐ြက္ကို ႀကိတ္ေျခၿပီး ရလာတဲ့ အႏွစ္ကို ပ်ားရည္ နည္းနည္းနဲ႔ေရာၿပီး အေရျပားေပၚမွာ လိမ္းေပး႐ုံပါ။

ေသြးတိုး က်ေစႏိုင္တယ္

ဝါး႐ြက္က ႏွလုံးက်န္းမာေရးအတြက္ အေထာက္အကူျပဳႏိုင္သလို ေသြးတိုးလည္း က်ေစပါတယ္။ ဝါး႐ြက္မွာ ႏွလုံးက်န္းမာေစဖို႔ အေထာက္အကူျပဳႏိုင္တဲ့ အမွ်င္ဓာတ္ ႂကြယ္ဝစြာ ပါဝင္ေနပါတယ္။

ဝါး႐ြက္မွာပါတဲ့ အမွ်င္ဓာတ္က ေသြးတြင္း ကိုလက္စထေရာကို က်ဆင္းေစၿပီး ေသြးေၾကာေတြထဲမွာ အဆီေတြ ပိတ္ဆို႔ေနတာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ အမွ်င္ဓာတ္မ်ားတဲ့ အစားအစာေတြက ေသြးတြင္း ကိုလက္စထေရာကို က်ေစလို႔ ေသြးေၾကာေတြထဲမွာ ေသြးစီးဆင္းမႈ ေကာင္းေစၿပီး ႏွလုံး က်န္းမာေစဖို႔ အေထာက္အကူျပဳေပးပါတယ္။

ႏွလုံးေသြးေၾကာက်ဥ္းတာနဲ႔ ေသြးေၾကာပိတ္ဆို႔တာေတြ မျဖစ္ေစဖို႔လည္း ကာကြယ္ေပးပါတယ္။

ဆံသား နဲ႔ ေျခသည္းလက္သည္းေတြ က်န္းမာေစတယ္

ဝါး႐ြက္မွာ ဆံသားနဲ႔ေျခသည္းလက္သည္းေတြကို က်န္းမာေစႏိုင္တဲ့ silica ပါဝင္မႈ ျမင့္တာေၾကာင့္ ဆံပင္ကြၽတ္တာ၊ ေျခသည္းလက္သည္း ထိခိုက္လြယ္တာေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ေနာက္တစ္ခ်က္က ဝါး႐ြက္မွာ silica အျပင္ ဆံသားကို အေကာင္းဆုံး အားျဖည့္ေပးတဲ့ ဗီတာမင္ E ပါဝင္ေနတာပါ။

ဓာတ္တိုးပစၥည္းေတြ ဖယ္႐ွားေပးတယ္

ေန႔စဥ္ ပတ္ဝန္းက်င္မွာ ဓာတ္တိုးပစၥည္းေတြ အမ်ားႀကီး႐ွိေနႏိုင္ပါတယ္။ ဓာတ္တိုးပစၥည္းေတြက မ်ားလာတဲ့အခါ ကင္ဆာ အပါအဝင္ ခႏၶာကိုယ္မွာ ထိခိုက္မႈေတြ အမ်ားႀကီး ျဖစ္ႏိုင္ပါတယ္။ အစားအစာေတြကေနတဆင့္လည္း ဓာတ္တိုးပစၥည္းေတြက ခႏၶာကိုယ္ထဲကို ဝင္ေရာက္သြားႏိုင္ပါတယ္။

ဝါး႐ြက္မွာက ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ခႏၶာကိုယ္ကို ကင္ဆာ အပါအဝင္ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ျဖစ္ႏိုင္တဲ့ နာတာ႐ွည္ ေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးတယ္

ဝါး႐ြက္ရဲ႕ ေနာက္ထပ္ အာနိသင္တစ္ခုက ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးႏိုင္တာပါ။ ဝါး႐ြက္မွာ silica ပါဝင္ေနမႈက ကိုယ္တြင္း ကအဆိပ္အေတာက္ေတြကို ဆီးေတြ၊ ဝမ္းေတြကေနတဆင့္ ခႏၶာကိုယ္ျပင္ပကို စြန္႔ထုတ္ေပးပါတယ္။ ကိုယ္တြင္းမွာ အဆိပ္အေတာက္ မ်ားတာက ေရ႐ွည္မွာ ႏွလုံးကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါ​​ေၾကာင့္ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို အထိေရာက္ဆုံး ဖယ္႐ွားခ်င္တယ္ဆိုရင္ ဝါး႐ြက္ကို ျပဳတ္ေသာက္လို႔ ရပါတယ္။

အနာက်က္ေစတယ္

ဝါး႐ြက္မွာ အေရာင္က်ေစႏိုင္တဲ့ အာနိသင္၊ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္ပါဝင္ေနပါတယ္။ ဝါး႐ြက္မွာ silica ပါဝင္ေနတာက အနာက်က္ေစဖို႔ အားျဖည့္ေပးႏိုင္ပါတယ္။ silica က အနာက်က္ေစဖို႔အတြက္ လိုအပ္တဲ့ ေကာ္လာဂ်င္ ထြက္႐ွိလာေအာင္ လႈံ႕ေဆာ္ေပးပါတယ္။

အနာက်က္ေစဖို႔ ေသခ်ာသန္႔စင္ထားတဲ့ ဝါး႐ြက္ကို ႀကိတ္ေျခၿပီး အနာေပၚမွာ လိမ္းေပးလို႔ရသလို ဝါး႐ြက္ျပဳတ္ရည္နဲ႔ အနာကို ေဆးေၾကာေပးတာမ်ိဳး လုပ္လို႔လည္း ရပါတယ္။

ဆီးလမ္းေၾကာင္းျပႆနာ ကင္းေစႏိုင္တယ္

ဝါး႐ြက္မွာပါတဲ့ ေရာင္ရမ္းမႈကို သက္သာေစတဲ့ အာနိသင္နဲ႔ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ႏိုင္တဲ့ အာနိသင္ေတြက ဆီးလမ္းေၾကာင္းပိုးဝင္တာ အပါအဝင္ ဆီးသြားရခက္တာ။ ဆီးက်ဥ္တာလိုမ်ိဳး ျပႆနာေတြကို သက္သာေစႏိုင္ပါတယ္။

ေသြးတြင္းသၾကားဓာတ္ကို သက္သာေစႏိုင္တယ္

ဝါး႐ြက္က ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးရာမွာ အေထာက္အကူျပဳေပးပါတယ္။ ပန္ကရိယကို အင္ဆူလင္ ထြက္႐ွိေစဖို႔ လႈံ႕ေဆာ္ေပးပါတယ္။

အသက္႐ွဴလမ္းေၾကာင္း က်န္းမာေစတယ္

ဝါး႐ြက္က အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြကို သက္သာေစႏိုင္ပါတယ္။ ဝါး႐ြက္ကို ျပဳတ္ၿပီး ျပဳတ္ရည္ထဲကို ပ်ားရည္ နည္းနည္းထည့္လို႔ ေသာက္ေပးတာက ပန္းနာရင္က်ပ္ အပါအဝင္ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြကို သက္သာေစႏိုင္ပါတယ္။

ကိုယ္ခံအား ေကာင္းေစတယ္

ဝါး႐ြက္မွာ silica ပါဝင္ေနတာက က်န္းမာေရးကို ေတာ္ေတာ္ေလး အေထာက္အကူျပဳေပးပါတယ္။ ဝါး႐ြက္မွာပါတဲ့ silica၊ ဓာတ္တိုးဆန္႔က်င္ပစၥည္း၊ ေရာင္ရမ္းမႈကို သက္သာေစႏိုင္တဲ့ အာနိသင္။ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္က ကိုယ္ခံအားကို အေကာင္းဆုံး အားျဖည့္ေပးပါတယ္။

အစာေၾကေစတယ္

ဝါး႐ြက္မွာ အမွ်င္ဓာတ္ႂကြယ္ဝတာက အစာေျခစနစ္ က်န္းမာေစဖို႔ အေကာင္းဆုံး အားျဖည့္ေပးပါတယ္။ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကိုလည္း အထိေရာက္ဆုံး ဖယ္႐ွားေပးပါတယ္။ ဝမ္းမွန္ေစၿပီး ဝမ္းေပ်ာ့ေပ်ာ့ သြားေစပါတယ္။ အစာအိမ္ျပႆနာ ကင္းေစဖို႔လည္ အေကာင္းဆုံး အားျဖည့္ေပးပါတယ္။

ဒါေတြအျပင္ ဝါး႐ြက္က ေလဒီေတြမွာ ခံစားရတဲ့ ရာသီလာစဥ္ နာက်င္ကိုက္ခဲတဲ့ ေဝဒနာကို သက္သာေစၿပီး အမ်ိဳးသားေတြမွာ မ်ိဳးေအာင္ႏိုင္စြမ္း ျမင့္ေစဖို႔ အကူအညီေပးပါတယ္။ ေလဒီဗိုက္ေတြကို ေမြးဖြားရလြယ္ကူေစဖို႔ နဲ႔ ေဘဘီေလးေတြမွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ပါမလာေစဖို႔ ေထာက္ကူေပးပါတယ္။ အယ္လ္ဇိုင္းမားမျဖစ္ေအာင္ ကာကြယ္ဖို႔အတြက္လည္း ဝါး႐ြက္ကို အသုံးျပဳလို႔ ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service