ပင်ရွှေညောင် အရိပ်ကောင်းသော်လည်း

ပင်ရွှေညောင် အရိပ်ကောင်းသော်လည်း - Property Knowledge in Myanmar from iMyanmarHouse.com
29 Aug 2022 12:21 pm တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ညောင်ပင်သည် သာသနိကအဆောက်အအုံတို့နှင့်မကင်းသလို လူတို့နေထိုင်သည့် တိုက်တာအဆောက် အအုံတို့နှင်လည်း မကင်းပေ။

ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ရှိ သာသနိကမြေနေရာတွင် ညောင်ပင်ကို မရှိမဖြစ်စိုက်ပျိုးထားတတ်သည်။ ကိုးကွယ်ယုံကြည်မှုအရ စိုက်သည်က သတ်မှတ်မြေနေရာတွင်စိုက်ကြသည်။ပြဿနာမရှိပေ။

ပြဿနာရှိသည်က လူတို့နေထိုင်ရာ တိုက်တာအဆောက်အအုံတို့တွင် ညောင်ပင်တို့တွယ်ကပ်ပေါက်နေခြင်း ဖြစ်သည်။အဓိကက အိမ်၏နောက်ဖေးတို့တွင် ညောင်ပင်တို့တွယ်ဖြစ် ရှင်သန်ကြသည်က တကယ့်ပြဿနာ ဖြစ်သည်။

အထပ်မြင့်တိုက်တာအဆောက်အအုံတို့တွင် နောက်ဖေးဘက်သည် တစ်အိမ်မဟုတ်တစ်အိမ်ကနေပြီး အမြဲတမ်း ရေကျနေတတ်ရာ ထိုအစိုဓာတ်ကို အမှီအသဟဲပြုပြီး ညောင်ပင်တို့ရှင်သန်ခွင့်ရလာကြသည်။ တစ်ထွာတစ်မိုက်လောက်ကတည်းက ရှင်းသင့်သည့်ကိစ္စ၊ ဝါးတစ်ပြန် တစ်ရိုက်မှာမှ ရှင်းကြတော့သည်။ အုတ်ရိုးအုတ်ပေါက်အတွင်း ပင်စည်အမြစ်စုံတို့သည် တွယ်ဖြစ်ခွင့်ရသွားရာ နောက်ပိုင်းတွင် အပြင်က ဘယ်လောက်ပင်ရှင်းလင်းပါစေ ပြန်ပြန်ထွက်လာပြီး တိုက်နံရံမှာ မင်းမူနေတတ်ပြန်သည်။

သာသနိက အဆောက်အအုံနှင့် ခရီးလမ်းပန်းတို့တွင် ပင်ရွှေညောင်၏ အရိပ်အာဝါသသည့် အေးမြသော်လည်း လူတို့နေထိုင်ရာ တိုက်တာအဆောက်အအုံတို့တွင်မူ အရိပ်မဖြစ် အဆိုးတို့သာဖြစ်လာပါလိမ့်မည်။

နေထိုင်သူတွေအနေနှင့် ဒါကိုမသိမဟုတ်သိကြပါလိမ့်မည်။သူရှင်းနိုး ကိုယ်ရှင်းနိုးဖြင့် ပင်ရွှေညောင်က အုတ်ရိုးကို ထိုးခွဲချဲ့ထွင်လို့ ကောင်းနေပါပြီ။မိလ္လာပိုက်တို့ကို တွန်းထိုးဖြုတ်ခွာနေပါပြီ။တိုးဝင်နိုင်သမျှ တိုက်တာအဆောက်အအုံထဲ ထိုးခွဲဝင်ရောက်နေပါပြီ။

ရန်ကုန်မြို့လယ်ရှိ တိုက်တာအဆောက်အအုံတို့တွင် အဆိုပါမြင်ကွင်းတို့က ပြေးမလွတ်နိုင်အောင်တွေ့ နေရသည်။

မိမိတို့နေထိုင်ရာအဆောက်အအုံကို ရေရှည်ဖြစ်တည်ခိုင်ခံ့စေချင်လျှင် နောက်ဖေးနောက်ဖီတို့တွင်ရေကျနေမှု၊ ရေစိမ့်ထွက်နေမှုတို့ဖြစ်နေလျှင် အလျင်အမြန်ပြုပြင်ကြရမှာဖြစ်သည်။ညောင်ပင်တို့ကို ကြီးပြင်းအောင်ထိ ဖြစ်ခွင့်မပေးသင့်ပေ။ခြေကုတ်ယူခွင့်မပြုသင့်ပေ။ထိုအဆောက်အအုံရှိ လူတိုင်းက နည်းနည်းစီ စုပေါင်းထည့်ဝင်ကာ လုပ်သင့်ပါသည်။

မြို့ပြမြင်ကွင်းဖြစ်သော တိုက်တာအဆောက်အအုံတို့တွင် ရေဆိုးရေညစ်တို့ဖြင့် ညစ်ပတ်နံစော်မနေစေဘဲ သွေ့ခြောက်သန့်ရှင်းကာ ပင်ရွှေညောင်တို့ကင်းပြီး လှပနေမည်ဆိုလျှင် မည်မျှကောင်းလိုက်မည်နည်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ပင္ေရႊေညာင္ အရိပ္ေကာင္းေသာ္လည္း

ေညာင္ပင္သည္ သာသနိကအေဆာက္အအုံတို႔ႏွင့္မကင္းသလို လူတို႔ေနထိုင္သည့္ တိုက္တာအေဆာက္ အအုံတို႔ႏွင္လည္း မကင္းေပ။

ဗုဒၶဘာသာႏွင့္ ဟိႏၵဴဘာသာတို႔ရွိ သာသနိကေျမေနရာတြင္ ေညာင္ပင္ကို မရွိမျဖစ္စိုက္ပ်ိဳးထားတတ္သည္။ ကိုးကြယ္ယုံၾကည္မႈအရ စိုက္သည္က သတ္မွတ္ေျမေနရာတြင္စိုက္ၾကသည္။ျပႆနာမရွိေပ။

ျပႆနာရွိသည္က လူတို႔ေနထိုင္ရာ တိုက္တာအေဆာက္အအုံတို႔တြင္ ေညာင္ပင္တို႔တြယ္ကပ္ေပါက္ေနျခင္း ျဖစ္သည္။အဓိကက အိမ္၏ေနာက္ေဖးတုိ႔တြင္ ေညာင္ပင္တို႔တြယ္ျဖစ္ ရွင္သန္ၾကသည္က တကယ့္ျပႆနာ ျဖစ္သည္။

အထပ္ျမင့္တိုက္တာအေဆာက္အအုံတို႔တြင္ ေနာက္ေဖးဘက္သည္ တစ္အိမ္မဟုတ္တစ္အိမ္ကေနၿပီး အျမဲတမ္း ေရက်ေနတတ္ရာ ထိုအစိုဓာတ္ကို အမွီအသဟဲျပဳၿပီး ေညာင္ပင္တို႔ရွင္သန္ခြင့္ရလာၾကသည္။ တစ္ထြာတစ္မိုက္ေလာက္ကတည္းက ရွင္းသင့္သည့္ကိစၥ၊ ဝါးတစ္ျပန္ တစ္ရိုက္မွာမွ ရွင္းၾကေတာ့သည္။ အုတ္ရုိးအုတ္ေပါက္အတြင္း ပင္စည္အျမစ္စုံတို႔သည္ တြယ္ျဖစ္ခြင့္ရသြားရာ ေနာက္ပိုင္းတြင္ အျပင္က ဘယ္ေလာက္ပင္ရွင္းလင္းပါေစ ျပန္ျပန္ထြက္လာၿပီး တိုက္နံရံမွာ မင္းမူေနတတ္ျပန္သည္။

သာသနိက အေဆာက္အအုံႏွင့္ ခရီးလမ္းပန္းတို႔တြင္ ပင္ေရႊေညာင္၏ အရိပ္အာဝါသသည့္ ေအးျမေသာ္လည္း လူတို႔ေနထိုင္ရာ တိုက္တာအေဆာက္အအုံတို႔တြင္မူ အရိပ္မျဖစ္ အဆိုးတို႔သာျဖစ္လာပါလိမ့္မည္။

ေနထိုင္သူေတြအေနႏွင့္ ဒါကိုမသိမဟုတ္သိၾကပါလိမ့္မည္။သူရွင္းႏိုး ကိုယ္ရွင္းႏိုးျဖင့္ ပင္ေရႊေညာင္က အုတ္ရိုးကို ထိုးခြဲခ်ဲ႕ထြင္လို႔ ေကာင္းေနပါၿပီ။မိလႅာပိုက္တို႔ကို တြန္းထိုးျဖဳတ္ခြာေနပါၿပီ။တိုးဝင္ႏိုင္သမွ် တိုက္တာအေဆာက္အအုံထဲ ထိုးခြဲဝင္ေရာက္ေနပါၿပီ။

ရန္ကုန္ၿမိဳ႕လယ္ရွိ တိုက္တာအေဆာက္အအုံတို႔တြင္ အဆိုပါျမင္ကြင္းတို႔က ေျပးမလြတ္ႏိုင္ေအာင္ေတြ႔ ေနရသည္။

မိမိတို႔ေနထိုင္ရာအေဆာက္အအုံကို ေရရွည္ျဖစ္တည္ခိုင္ခံ႔ေစခ်င္လွ်င္ ေနာက္ေဖးေနာက္ဖီတို႕တြင္ေရက်ေနမႈ၊ ေရစိမ့္ထြက္ေနမႈတို႔ျဖစ္ေနလွ်င္ အလ်င္အျမန္ျပဳျပင္ၾကရမွာျဖစ္သည္။ေညာင္ပင္တို႔ကို ႀကီးျပင္းေအာင္ထိ ျဖစ္ခြင့္မေပးသင့္ေပ။ေျခကုတ္ယူခြင့္မျပဳသင့္ေပ။ထိုအေဆာက္အအုံရွိ လူတိုင္းက နည္းနည္းစီ စုေပါင္းထည့္ဝင္ကာ လုပ္သင့္ပါသည္။

ၿမိဳ႕ျပျမင္ကြင္းျဖစ္ေသာ တိုက္တာအေဆာက္အအုံတို႔တြင္ ေရဆိုးေရညစ္တို႔ျဖင့္ ညစ္ပတ္နံေစာ္မေနေစဘဲ ေသြ႔ေျခာက္သန္႔ရွင္းကာ ပင္ေရႊေညာင္တို႔ကင္းၿပီး လွပေနမည္ဆိုလွ်င္ မည္မွ်ေကာင္းလိုက္မည္နည္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service