ဂျပန်နိုင်ငံ ဆန်းဆောဂျိဘုရားကျောင်းမှ ထူးဆန်းသော နာကိဇုမို့ ကလေးငိုပွဲတော်

ဂျပန်နိုင်ငံ ဆန်းဆောဂျိဘုရားကျောင်းမှ ထူးဆန်းသော နာကိဇုမို့ ကလေးငိုပွဲတော် - Property News in Myanmar from iMyanmarHouse.com
29 Aug 2022 10:11 am တွင် တင်ခဲ့သည်
748 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့တော်တွင် ထူးဆန်းသည့် ပွဲလမ်းသဘင်များစွာရှိရာ နာကိဇုမို့ ပွဲတော်ဟုလည်းကောင်း၊ ငိုကြွေးနေသော ဆူမိုပွဲတော် (泣き相撲) ဟုလည်းကောင်း ခေါ်ဆိုကြသော ထူးဆန်းသည့် ကလေးငို ပွဲတော်တစ်ခုရှိသည်။

အဆိုပါပွဲတော်ကို နှစ်ပေါင်းများစွာ ကာလအတွင်း ပြည်ပ သတင်းစာများစွာက စိတ်ဝင်တစားဖော်ပြကြသည်။

နာကိဇုမို့ ပွဲတော်ကို ဂျပန်နိုင်ငံတစ်ဝန်းရှိ ဘုရားကျောင်းများနှင့် နတ်ကွန်းများစွာတွင် ကျင်းပလေ့ရှိသော်လည်း အထင်ရှားဆူံးမှာ တိုကျိုမြို့၊ ဆန်းဆောဂျိဘုရားကျောင်း (Sensoji) တွင် ကျင်းပသည့် အခမ်းအနား ဖြစ်သည်။

 

(ဆန်းဆောဂျိ ဘုရားကျောင်း တည်နေရာ)

Sensoji Temple

Senso-ji, 2-3-1 Asakusa

Taito, Tokyo 111-0032 Japan

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်သည် စက်ရုပ် စားသောက်ဆိုင်များ၊ ထူးဆန်းသော ကော်ဖီဆိုင်များဖြင့် အတိပြီးနေရာ တိုကျို၏ အဓိပ္ပာယ်မှာ ဆန်းပြားမှုဟု အဓိပ္ပာယ်ထွက်သည်ဟု ဆိုရမလောက်ပင်။

(နာကိဇုမို့ ကလေးငို ပွဲတော်)

တိုကျိုတွင် နွေဦးကာလသည် သက်ဝင်လှုပ်ရှားမှု အရှိဆုံးဖြစ်၏။

လမ်းများပေါ်၊ ပန်းခြံများထဲတွင် ချယ်ရီပန်းတို့ လွှမ်းခြုံနေပြီး စတိုးဆိုင်များ၏ စင်များပေါ်တွင်လည်း ချယ်ရီပန်းများဖြင့် အလှဆင်ထားသောပစ္စည်းများ ပြည့်နှက်နေသည်။

ထိုကာလသည် ဂျပန်လူမျိုးတို့အတွက် နှစ်သစ်ကူးသဖွယ် ပွဲတော်တစ်ခု အခါသမယလည်း ဖြစ်သည်။

အဟောင်းများကို ထားခဲ့ပြီး စိတ်သစ်လူသစ် ဘဝသစ်ကို စတင်ကြမည့် အခါသမယဖြစ်၏။

နာကိဇုမို့ ကလေးငို ပွဲတော်ကို ဂျပန်တွင် ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ ခန့်ရှိပြီဖြစ်ပြီး နာမည်ကြီး ဂျပန်စကားပုံတစ်ခုအပေါ် အခြေခံကာ ဤပွဲတော်ဖြစ်တည်လာခြင်း ဖြစ်သည်။

ထိုစကားပုံမှာ ဂျပန်ဘာသာအားဖြင့် “နကု ကို့ ဝ ဆို့ဒတ်ဆု”ဟု ဖြစ်ပြီး အဓိပ္ပာယ်မှာ “ငိုတဲ့ကလေး ကောင်းကောင်းရှင်သန်ကြီးပြင်းတယ်”ဟု ဖြစ်၏။

ပွဲတော်ကျင်းပပုံမှာ ဂျပန်ဆူမို နပန်းသမား ၂ ဦးက အခါလည်အရွယ် ကလေးငယ် ၂ ဦးကို ငိုအောင် အော်ဟစ်ရခြင်းဖြစ်သည်။ ပထမဆုံး ငိုသည့်ကလေးမှာ အနိုင်ရသူအဖြစ် သတ်မှတ်ခံရသည်။ အကယ်၍ ပြိုင်တူငိုလျှင် အကျယ်လောင်ဆုံးငိုသည့်ကလေးမှာ နိုင်သည်။ နိုင်သည့်ကလေးသည် အသက်ရှည်၍ ကျန်းမာသည့် ဘဝကို ပိုင်ဆိုင်သူဖြစ်လိမ့်မည်ဟု ယုံကြည်ကြသည်။

အကယ်၍ ငိုကြွေးခြင်းမပြုဘဲ ရယ်မောနေသည်ဆိုလျှင် ဘီလူးမျက်နှာဖုံးတပ်ထားသူတစ်ဦးက ကလေးကို ငိုအောင် ခြောက်လှန့်ကာ ထပ်မံကြိုးစားမည် ဖြစ်သည်။

ပြိုင်ပွဲချိန်ကို ၂ ခု ပိုင်းခြားထားပြီး နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်နှင့် မွန်းလွဲ ၂ နာရီ ၂၀ အချိန်တွင် တစ်ပိုင်း ဖြစ်သည်။

အဆိုပါပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရလိုသည့် မိဘများက ယန်းငွေ ၁၅၀၀၀ ဝန်းကျင်ပေးရသည်ဟု ဆိုသည်။

ယခုပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ကလေးငယ်များ၏ မကောင်းသော ဂြိုဟ်ဆိုးကြမ္မာဆိုးများကို ဖယ်ရှားပေးနိုင်ကာ အသက်ရှည်ကျန်းမာသည့် ဘဝကို ပိုင်ဆိုင်မည်ဟု ယုံကြည်ကြသည်။

ပွဲတော်ကျင်းပချိန်- ဧပြီလ နှောင်းပိုင်း

အချိန်- နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ

ဝင်ကြေး- အခမဲ့

မကြာသေးမီ နှစ်များအတွင်းကမူ Covid-19 ရောဂါ ပျံ့ပွားမှုကို ကာကွယ်ရေးအတွက် ပွဲလမ်းများစွာကို ဖျက်သိမ်းထားသည်။

(တိုကျိုမြို့၊ ဆန်းဆောဂျိဘုရားကျောင်းရှေ့တွင် နပန်းသမားများက ကလေးငယ်များကို ချီထားကြပုံ။ ဓာတ်ပုံ-ရှိဇုအို့ ကမ်ဘယရှိ/အေပီ သတင်းဌာန)

(ကလေးငယ်များ ကျန်းမာရေးကောင်းစွာကြီးပြင်းလာစေရေးအတွက် ငိုကြေးရန်အလို့ငှာ ဆူမိုနပန်းသမားများက လုပ်ဆောင်နိုင်မည်ဟု ဂျပန်မိဘများက ယုံကြည်ကြသည်။ ဓာတ်ပုံ- တို့ရု ယာမနက/ အေအက်ဖ်ပီ သတင်းဌာန)

(၂၀၁၃ ခုနှစ်အတွင်းက ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သည့် ကလေးငယ်များမှာ ၂၀၁၂ ခုနှစ်တွင် မွေးဖွားခဲ့ကြသူများ ဖြစ်သည်။ ဓာတ်ပုံ- ရှိဇုအို့ ကမ်ဘယရှိ / အေပီသတင်းဌာန)

(ကလေးငယ်များ ကျန်းကျန်းမာမာဖြင့် ကောင်းစွာ လူလားမြောက်လာစေရန် ရည်ရွယ်ကာ ဤပွဲတော်ကို ကျင်းပခြင်း ဖြစ်သည်။ ဓာတ်ပုံ- ကိယို့ရှိ အို့တ / အီးပီအေ သတင်းဌာန)

(ဆူမိုဝတ်စုံ ဝတ်ဆင်ထားသည့် ကလေးငယ်တစ်ဦးမှာ အခြားကလေးငယ်တစ်ဦးနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ကာ မည်သူ အကျယ်လောင်ဆုံးနှင့် အကြာဆုံးငိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်သည်။ ဓာတ်ပုံ- ကိယို့ရှိ အို့တ/ အီးပီအေ သတင်းဌာန)

(ဘီလူးမျက်နှာဖုံး ဝတ်ဆင်ထားသူတစ်ဦးက ရယ်မောနေသော ကလေးငယ်ကို ငိုကြွေးစေရန် ခြောက်လှန့်နေပုံ။ ဓာတ်ပုံ- ကိယို့ရှိ အို့တ/ အီးပီအေ သတင်းဌာန)

(ကလေးငယ်ငိုအောင် နပန်းသမားတစ်ဦး ခြောက်လှန့်ပုံ။ ဓာတ်ပုံ- တို့ရု ယာမနက/ အေအက်ဖ်ပီ သတင်းဌာန)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nakizumo Crying Baby Festival (japanistry)

 

  

[Zawgyi]

ဂ်ပန္ႏိုင္ငံ ဆန္းေဆာဂ်ိဘုရားေက်ာင္းမွ ထူးဆန္းေသာ နာကိဇုမို႔ ကေလးငိုပြဲေတာ္

 

ဂ်ပန္ႏိုင္ငံ ၊ တိုက်ဳိျမိဳ႕ေတာ္တြင္ ထူးဆန္းသည့္ ပြဲလမ္းသဘင္မ်ားစြာရွိရာ နာကိဇုမို႔ ပြဲေတာ္ဟုလည္းေကာင္း၊ ငိုေၾကြးေနေသာ ဆူမိုပြဲေတာ္ (泣き相撲) ဟုလည္းေကာင္း ေခၚဆိုၾကေသာ ထူးဆန္းသည့္ ကေလးငို ပြဲေတာ္တစ္ခုရွိသည္။

အဆိုပါပြဲေတာ္ကို ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း ျပည္ပ သတင္းစာမ်ားစြာက စိတ္ဝင္တစားေဖာ္ျပၾကသည္။

နာကိဇုမို႔ ပြဲေတာ္ကို ဂ်ပန္ႏိုင္ငံတစ္ဝန္းရွိ ဘုရားေက်ာင္းမ်ားႏွင့္ နတ္ကြန္းမ်ားစြာတြင္ က်င္းပေလ့ရွိေသာ္လည္း အထင္ရွားဆံုူးမွာ တိုက်ဳိျမိဳ႕၊ ဆန္းေဆာဂ်ိဘုရားေက်ာင္း (Sensoji) တြင္ က်င္းပသည့္ အခမ္းအနား ျဖစ္သည္။

(ဆန္းေဆာဂ်ိ ဘုရားေက်ာင္း တည္ေနရာ)

Sensoji Temple

Senso-ji, 2-3-1 Asakusa

Taito, Tokyo 111-0032 Japan

ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိျမိဳ႕ေတာ္သည္ စက္ရုပ္ စားေသာက္ဆိုင္မ်ား၊ ထူးဆန္းေသာ ေကာ္ဖီဆိုင္မ်ားျဖင့္ အတိျပီးေနရာ တိုက်ဳိ၏ အဓိပၸာယ္မွာ ဆန္းျပားမႈဟု အဓိပၸာယ္ထြက္သည္ဟု ဆိုရမေလာက္ပင္။

(နာကိဇုမို႔ ကေလးငို ပြဲေတာ္)

တိုက်ဳိတြင္ ေႏြဦးကာလသည္ သက္ဝင္လႈပ္ရွားမႈ အရွိဆံုးျဖစ္၏။

လမ္းမ်ားေပၚ၊ ပန္းျခံမ်ားထဲတြင္ ခ်ယ္ရီပန္းတို႔ လႊမ္းျခံဳေနျပီး စတုိးဆိုင္မ်ား၏ စင္မ်ားေပၚတြင္လည္း ခ်ယ္ရီပန္းမ်ားျဖင့္ အလွဆင္ထားေသာပစၥည္းမ်ား ျပည့္ႏွက္ေနသည္။

ထိုကာလသည္ ဂ်ပန္လူမ်ဳိးတို႔အတြက္ ႏွစ္သစ္ကူးသဖြယ္ ပြဲေတာ္တစ္ခု အခါသမယလည္း ျဖစ္သည္။

အေဟာင္းမ်ားကို ထားခဲ့ျပီး စိတ္သစ္လူသစ္ ဘဝသစ္ကို စတင္ၾကမည့္ အခါသမယျဖစ္၏။

နာကိဇုမို႔ ကေလးငို ပြဲေတာ္ကို ဂ်ပန္တြင္ က်င္းပခဲ့သည္မွာ ႏွစ္ေပါင္း ၄၀၀ ခန္႔ရွိျပီျဖစ္ျပီး နာမည္ၾကီး ဂ်ပန္စကားပံုတစ္ခုအေပၚ အေျခခံကာ ဤပြဲေတာ္ျဖစ္တည္လာျခင္း ျဖစ္သည္။ ထိုစကားပံုမွာ ဂ်ပန္ဘာသာအားျဖင့္ “နကု ကို႔ ဝ ဆို႔ဒတ္ဆု”ဟု ျဖစ္ျပီး အဓိပၸာယ္မွာ “ငိုတဲ့ကေလး ေကာင္းေကာင္းရွင္သန္ၾကီးျပင္းတယ္”ဟု ျဖစ္၏။

ပြဲေတာ္က်င္းပပံုမွာ ဂ်ပန္ဆူမို နပန္းသမား ၂ ဦးက အခါလည္အရြယ္ ကေလးငယ္ ၂ ဦးကို ငိုေအာင္ ေအာ္ဟစ္ရျခင္းျဖစ္သည္။ ပထမဆံုး ငိုသည့္ကေလးမွာ အႏိုင္ရသူအျဖစ္ သတ္မွတ္ခံရသည္။ အကယ္၍ ျပိဳင္တူငိုလွ်င္ အက်ယ္ေလာင္ဆံုးငိုသည့္ကေလးမွာ ႏိုင္သည္။ ႏိုင္သည့္ကေလးသည္ အသက္ရွည္၍ က်န္းမာသည့္ ဘဝကို ပိုင္ဆိုင္သူျဖစ္လိမ့္မည္ဟု ယံုၾကည္ၾကသည္။

အကယ္၍ ငိုေၾကြးျခင္းမျပဳဘဲ ရယ္ေမာေနသည္ဆိုလွ်င္ ဘီလူးမ်က္ႏွာဖံုးတပ္ထားသူတစ္ဦးက ကေလးကို ငိုေအာင္ ေျခာက္လွန္႔ကာ ထပ္မံၾကိဳးစားမည္ ျဖစ္သည္။

ျပိဳင္ပြဲခ်ိန္ကို ၂ ခု ပိုင္းျခားထားျပီး နံနက္ ၁၁ နာရီ ၁၀ မိနစ္တြင္ တစ္ၾကိမ္ႏွင့္ မြန္းလြဲ ၂ နာရီ ၂၀ အခ်ိန္တြင္ တစ္ပိုင္း ျဖစ္သည္။

အဆိုပါပြဲေတာ္တြင္ ပါဝင္ယွဥ္ျပိဳင္ခြင့္ရလိုသည့္ မိဘမ်ားက ယန္းေငြ ၁၅၀၀၀ ဝန္းက်င္ေပးရသည္ဟု ဆိုသည္။

ယခုပြဲေတာ္တြင္ ပါဝင္ယွဥ္ျပိဳင္ျခင္းျဖင့္ ကေလးငယ္မ်ား၏ မေကာင္းေသာ ျဂိဳဟ္ဆိုးၾကမၼာဆိုးမ်ားကို ဖယ္ရွားေပးႏိုင္ကာ အသက္ရွည္က်န္းမာသည့္ ဘဝကို ပိုင္ဆိုင္မည္ဟု ယံုၾကည္ၾကသည္။

ပြဲေတာ္က်င္းပခ်ိန္- ဧျပီလ ေႏွာင္းပိုင္း

အခ်ိန္- နံနက္ ၁၁ နာရီမွ ညေန ၃ နာရီအထိ

ဝင္ေၾကး- အခမဲ့

မၾကာေသးမီ ႏွစ္မ်ားအတြင္းကမူ Covid-19 ေရာဂါ ပ်ံ႕ပြားမႈကို ကာကြယ္ေရးအတြက္ ပြဲလမ္းမ်ားစြာကို ဖ်က္သိမ္းထားသည္။

(တိုက်ဳိျမိဳ႕၊ ဆန္းေဆာဂ်ိဘုရားေက်ာင္းေရွ႕တြင္ နပန္းသမားမ်ားက ကေလးငယ္မ်ားကို ခ်ီထားၾကပံု။ ဓာတ္ပံု-ရွိဇုအို႔ ကမ္ဘယရွိ/ေအပီ သတင္းဌာန)

(ကေလးငယ္မ်ား က်န္းမာေရးေကာင္းစြာၾကီးျပင္းလာေစေရးအတြက္ ငိုေၾကးရန္အလို႔ငွာ ဆူမိုနပန္းသမားမ်ားက လုပ္ေဆာင္ႏိုင္မည္ဟု ဂ်ပန္မိဘမ်ားက ယံုၾကည္ၾကသည္။ ဓာတ္ပံု- တို႔ရု ယာမနက/ ေအအက္ဖ္ပီ သတင္းဌာန)

(၂၀၁၃ ခုႏွစ္အတြင္းက ရိုက္ကူးထားေသာ ဓာတ္ပံုျဖစ္ျပီး ပါဝင္ယွဥ္ျပိဳင္သည့္ ကေလးငယ္မ်ားမွာ ၂၀၁၂ ခုႏွစ္တြင္ ေမြးဖြားခဲ့ၾကသူမ်ား ျဖစ္သည္။ ဓာတ္ပံု- ရွိဇုအို႔ ကမ္ဘယရွိ / ေအပီသတင္းဌာန)

(ကေလးငယ္မ်ား က်န္းက်န္းမာမာျဖင့္ ေကာင္းစြာ လူလားေျမာက္လာေစရန္ ရည္ရြယ္ကာ ဤပြဲေတာ္ကို က်င္းပျခင္း ျဖစ္သည္။ ဓာတ္ပံု- ကိယို႔ရွိ အို႔တ / အီးပီေအ သတင္းဌာန)

(ဆူမိုဝတ္စံု ဝတ္ဆင္ထားသည့္ ကေလးငယ္တစ္ဦးမွာ အျခားကေလးငယ္တစ္ဦးႏွင့္ မ်က္ႏွာခ်င္းဆိုင္ ရင္ဆိုင္ကာ မည္သူ အက်ယ္ေလာင္ဆံုးႏွင့္ အၾကာဆံုးငိုသည္ကို ဆံုးျဖတ္ရမည္ ျဖစ္သည္။ ဓာတ္ပံု- ကိယို႔ရွိ အို႔တ/ အီးပီေအ သတင္းဌာန)

(ဘီလူးမ်က္ႏွာဖံုး ဝတ္ဆင္ထားသူတစ္ဦးက ရယ္ေမာေနေသာ ကေလးငယ္ကို ငိုေၾကြးေစရန္ ေျခာက္လွန္႔ေနပံု။ ဓာတ္ပံု- ကိယို႔ရွိ အို႔တ/ အီးပီေအ သတင္းဌာန)

(ကေလးငယ္ငိုေအာင္ နပန္းသမားတစ္ဦး ေျခာက္လွန္႔ပံု။ ဓာတ္ပံု- တို႔ရု ယာမနက/ ေအအက္ဖ္ပီ သတင္းဌာန)

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nakizumo Crying Baby Festival (japanistry)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service