ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ… - Property Knowledge in Myanmar from iMyanmarHouse.com
26 Aug 2022 12:50 pm တွင် တင်ခဲ့သည်
356 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဘယ်သူမဆို ကိုယ်နေထိုင်တဲ့ အိမ်ကို သန့်ရှင်းသပ်ရပ်နေတာမျိုးပဲ မြင်ချင်ကြမယ်ထင်ပါတယ်။ အမှိုက်တွေ၊ ရှုပ်ပွနေတဲ့အရာတွေ၊ ညစ်ပတ်ပေရေနေတာ၊ ဖုန်တက်နေတာတွေက လူတွေရဲ့စိတ်ကို ညစ်ထေးစေတယ်။ စိတ်က ညစ်လာပြီဆိုရင် တစ်နေ့လုံး ဘာပဲလုပ်လုပ် အဆင်ပြေချောမွေ့နေနိုင်မှာမဟုတ်ပါဘူး။

အိမ်သန့်ရှင်းဖို့ မအားတာလား၊ ပျင်းတာလား။

လောကမှာ ၂၄ နာရီ အလုပ်လုပ်နေရတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းက အလုပ်လုပ်ချိန်တန် လုပ်၊ အစာစားချိန်တန် စား၊ နားချိန်တန် နားဆိုပြီး လုပ်နေရတာပါပဲ။ အဓိက ကိုယ်က သူများတွေထက် အလုပ်ပိုများတယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်ချိန်၊ အားလပ်ချိန်၊ အနားယူချိန်တွေကို သေချာသတ်မှတ်ထားပြီး ပြည့်ပြည့်ဝဝလုပ်ပါ။ ဆိုလိုချင်တာကတော့ ကိုယ်သတ်မှတ်ထားတဲ့အလုပ်ချိန်မှာ ရှိတဲ့ အလုပ်တွေအကုန်ပြီးပြတ်သွားအောင် အမြန်ရှင်းတာ၊ အားလပ်ချိန်မှာ ကိုယ့်နေအိမ်ပတ်ဝန်းကျင်ကို နာရီဝက်၊ တစ်နာရီလောက် ပေးပြီး သန့်ရှင်းရေးလုပ်၊ ပြီးသွားမှ ကောင်းကောင်းအနားယူပေါ့။

ကိုယ့်ကိုယ်ကိုယ်တောင် အသားအရေလေး မျက်နှာလေး လှပနေအောင် ပြုပြင်ကြတယ်၊ ခန္ဓာကိုယ်လှပနေအောင် Gym ကြေးတွေ သွင်းပြီး အပြင်းအထန် ကစားကြတယ်၊ အနံ့အသက် မွှေးနေအောင် ရေမွှေးတွေ စျေးကြီးပေးပြီး ဝယ်စွတ်ကြတယ်၊ ဆံသားတွေ ပုံသွင်းကြတယ်မလား။ ကိုယ်နေတဲ့ နေအိမ်၊ ကိုယ်အိပ်တဲ့ အိပ်ရာလေး သန့်ရှင်းသပ်ရပ်ပြီး မွှေးပျံ့နေအောင်ရော လုပ်ဖို့ဆိုတာ ငွေကြေးအများကြီး ကုန်ကျတဲ့အရာမဟုတ်သလို အချိန်လည်း သိပ်မပေးရပါဘူး။ အဓိက လုပ်ချင်စိတ်ရှိဖို့ပါပဲ။

အိမ်သန့်ရှင်းဖို့က အရမ်းပင်ပန်းတဲ့အလုပ်လား။

ပင်ပန်းတယ်ဆိုတာ ငြိမ်ငြိမ်လေးထိုင်နေရတာမဟုတ်ဘဲ ကြွက်သားတွေကို အားထုတ်နေရလို့၊ ချွေးထွက်နေရလို့ ပြောကြတာပါ။ တကယ်တမ်းက အိမ်သန့်ရှင်းဖို့ အချိန်အများကြီး ပေးစရာမလိုသလို သိပ်ပြီးတော့လည်း အလုပ်မရှုပ်ပါဘူး။ မိသားစုတွေ များနေရင် ပိုပြီးတောင် အိမ်သန့်ရှင်းရေးလုပ်လို့ အချိန်မြန်ပါတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင် အထိုင်များတဲ့သူတွေ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်စေတယ်။ အိမ်သန့်ရှင်းရေးလုပ်ခြင်းက ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေလို အဝလွန်နေသူတွေ၊ ကိုယ်အလေးချိန် ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

ကလေးတွေက အိပ်ခန်းတွေကို သန့်ရှင်းရေးလုပ်၊ စောင်၊ ခေါင်းအုံးတွေကို ခါရင်ခါ ဒါမှမဟုတ် အစွပ်တွေကို လျှော်မယ့်နေရာမှာ ထားတာမျိုး လုပ်ပေးလို့ ရပါတယ်။ လူကြီးတွေဆိုရင်တော့ အိမ်ကြမ်းပြင်ကို တံမြက်စည်းလှည်း၊ ဖုန်သုတ် ဒါကတော့ အမြန်ပြီးနိုင်တဲ့ အိမ်သန့်ရှင်းရေးအလုပ်တွေပါ။ မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးခန်းဆိုရင် တစ်ပတ်ကို တစ်ကြိမ်လောက် ပွတ်တိုက်ဆေးကြောလုပ်ပေးရင် ရပါတယ်။ အဓိက လုပ်ချင်စိတ် ရှိဖို့ပါ။

အိမ်ကဖုန်တက်နေရင် ဘယ်လိုကျန်းမာရေးပြဿနာ ဖြစ်စေနိုင်လဲ။

ဖုန်တက်ပြီဆိုကတည်းက သန့်ရှင်းရေးမလုပ်ထားဘူးဆိုတာကို ပြနေတာပါပဲ။ လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေဆိုတာ ကိုယ့်ပတ်ဝန်းကျင် နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။ ဒီတော့ ပစ္စည်းတစ်ခုက ဖုန်ပါတက်နေပြီဆိုရင် ရောဂါပိုးမွှားတွေ ကပ်နေတာက ဒါ့ထက်တောင် ပိုများရင် များနေမှာပါ။ ဒီလိုမျိုး ရောဂါပိုးမွှားတွေ များနေတဲ့အခါ

ဖျားနာတာ၊

ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊

ဗိုက်အောင့်တာ၊

အသက်ရှူကျပ်တာ၊

အရေပြားမှိုစွဲတာအပြင်

ကိုယ်ခံအားကျစေတဲ့အထိ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက စိတ်ကျန်းမာရေးပါ။ မကောင်းတဲ့ အနံ့အသက်၊ ဖုန်နံ့၊ မှိုနံ့တွေကို ရှူရှိုက်နေရတာ၊ မျက်စိရှေ့တည့်တည့်မှာ ရှုပ်ပွနေတဲ့ အရာတွေကို အမြဲလိုလို မြင်နေရရင် စိတ်ကပါ ရှုပ်လာတော့မှာပါပဲ။ မကောင်းတဲ့ ခံစားချက်တွေများလာတဲ့အခါ ခန္ဓာကိုယ်က မကောင်းတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းတွေက လူတွေကို

စိတ်မကြည်၊ ဒေါသဖြစ်လွယ်စေခြင်း၊

အာရုံစူးစိုက်မရစေခြင်း၊

တီထွင်ဖန်တီးနိုင်စွမ်း ကျစေခြင်း၊

စိတ်ဓာတ်ကျစေခြင်း၊

ညအိပ်မပျော်စေခြင်း၊

ခေါင်းမူးခေါင်းကိုက်စေခြင်း စတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

နေအိမ်ညစ်ပတ်တယ်ဆိုတာ ရောဂါပေါင်းစုံဖြစ်လာစေဖို့ တံခါးပေါက် ဖွင့်ပေးတာနဲ့အတူတူပါပဲ။ ဒါကြောင့် ဒီနေ့ကစပြီးတော့ ကိုယ့်အတွက်ရော ကိုယ့်မိသားစုကျန်းမာရေးအတွက်ပါ အိမ်သန့်ရှင်းရေးကို အလေးထားပြီး ဂရုစိုက်ဆောင်ရွက်ပေးပါ။ တစ်နေ့ကို အချိန်နာရီဝက်လောက်ပဲ ပေးပြီး ကိုယ့်အနီးပတ်ဝန်းကျင်လောက်ကို သန့်ရှင်းပေးနိုင်ရင် အဆင်ပြေပါတယ်။ မလုပ်ချင်ဘူး၊ ပျင်းတယ်ဆိုပြီး ဆင်ခြေပေးတဲ့ အကျင့်ကို စဖျောက်ပါတော့။ အခုလိုမျိုး ကိုဗစ်ရောဂါလို ကပ်ဘေးဆိုက်နေတဲ့အချိန် ဘယ်မှလည်း မသွားရ၊ အချိန်တွေ အားနေမယ့်အတူတူ အကျိုးရှိမယ့်အရာလေး တစ်ခုခု လုပ်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ကိုယ့္ရဲ႕ ေနအိမ္ဝန္းက်င္ သန္႔႐ွင္းသပ္ရပ္ေနတဲ့အခါ…

ဘယ္သူမဆို ကိုယ္ေနထိုင္တဲ့ အိမ္ကို သန္႔႐ွင္းသပ္ရပ္ေနတာမ်ိဳးပဲ ျမင္ခ်င္ၾကမယ္ထင္ပါတယ္။ အမိႈက္ေတြ၊ ႐ႈပ္ပြေနတဲ့အရာေတြ၊ ညစ္ပတ္ေပေရေနတာ၊ ဖုန္တက္ေနတာေတြက လူေတြရဲ႕စိတ္ကို ညစ္ေထးေစတယ္။ စိတ္က ညစ္လာၿပီဆိုရင္ တစ္ေန႔လုံး ဘာပဲလုပ္လုပ္ အဆင္ေျပေခ်ာေမြ႕ေနႏိုင္မွာမဟုတ္ပါဘူး။

အိမ္သန္႔႐ွင္းဖို႔ မအားတာလား၊ ပ်င္းတာလား။

ေလာကမွာ ၂၄ နာရီ အလုပ္လုပ္ေနရတဲ့သူဆိုတာ မ႐ွိပါဘူး။ လူတိုင္းက အလုပ္လုပ္ခ်ိန္တန္ လုပ္၊ အစာစားခ်ိန္တန္ စား၊ နားခ်ိန္တန္ နားဆိုၿပီး လုပ္ေနရတာပါပဲ။ အဓိက ကိုယ္က သူမ်ားေတြထက္ အလုပ္ပိုမ်ားတယ္ဆိုရင္ ကိုယ့္ရဲ႕ တစ္ေန႔တာ အလုပ္ခ်ိန္၊ အားလပ္ခ်ိန္၊ အနားယူခ်ိန္ေတြကို ေသခ်ာသတ္မွတ္ထားၿပီး ျပည့္ျပည့္ဝဝလုပ္ပါ။ ဆိုလိုခ်င္တာကေတာ့ ကိုယ္သတ္မွတ္ထားတဲ့အလုပ္ခ်ိန္မွာ ႐ွိတဲ့ အလုပ္ေတြအကုန္ၿပီးျပတ္သြားေအာင္ အျမန္႐ွင္းတာ၊ အားလပ္ခ်ိန္မွာ ကိုယ့္ေနအိမ္ပတ္ဝန္းက်င္ကို နာရီဝက္၊ တစ္နာရီေလာက္ ေပးၿပီး သန္႔႐ွင္းေရးလုပ္၊ ၿပီးသြားမွ ေကာင္းေကာင္းအနားယူေပါ့။

ကိုယ့္ကိုယ္ကိုယ္ေတာင္ အသားအေရေလး မ်က္ႏွာေလး လွပေနေအာင္ ျပဳျပင္ၾကတယ္၊ ခႏၶာကိုယ္လွပေနေအာင္ Gym ေၾကးေတြ သြင္းၿပီး အျပင္းအထန္ ကစားၾကတယ္၊ အနံ႔အသက္ ေမႊးေနေအာင္ ေရေမႊးေတြ ေစ်းႀကီးေပးၿပီး ဝယ္စြတ္ၾကတယ္၊ ဆံသားေတြ ပုံသြင္းၾကတယ္မလား။ ကိုယ္ေနတဲ့ ေနအိမ္၊ ကိုယ္အိပ္တဲ့ အိပ္ရာေလး သန္႔႐ွင္းသပ္ရပ္ၿပီး ေမႊးပ်ံ႕ေနေအာင္ေရာ လုပ္ဖို႔ဆိုတာ ေငြေၾကးအမ်ားႀကီး ကုန္က်တဲ့အရာမဟုတ္သလို အခ်ိန္လည္း သိပ္မေပးရပါဘူး။ အဓိက လုပ္ခ်င္စိတ္႐ွိဖို႔ပါပဲ။

အိမ္သန္႔႐ွင္းဖို႔က အရမ္းပင္ပန္းတဲ့အလုပ္လား။

ပင္ပန္းတယ္ဆိုတာ ၿငိမ္ၿငိမ္ေလးထိုင္ေနရတာမဟုတ္ဘဲ ႂကြက္သားေတြကို အားထုတ္ေနရလို႔၊ ေခြၽးထြက္ေနရလို႔ ေျပာၾကတာပါ။ တကယ္တမ္းက အိမ္သန္႔႐ွင္းဖို႔ အခ်ိန္အမ်ားႀကီး ေပးစရာမလိုသလို သိပ္ၿပီးေတာ့လည္း အလုပ္မ႐ႈပ္ပါဘူး။ မိသားစုေတြ မ်ားေနရင္ ပိုၿပီးေတာင္ အိမ္သန္႔႐ွင္းေရးလုပ္လို႔ အခ်ိန္ျမန္ပါတယ္။ အေကာင္းဘက္က ၾကည့္မယ္ဆိုရင္ အထိုင္မ်ားတဲ့သူေတြ အိမ္သန္႔႐ွင္းေရးလုပ္တဲ့အခါ ေလ့က်င့္ခန္းလုပ္ၿပီးသား ျဖစ္ေစတယ္။ အိမ္သန္႔႐ွင္းေရးလုပ္ျခင္းက ကယ္လိုရီေတြကိုလည္း ေလာင္ကြၽမ္းေစလို အဝလြန္ေနသူေတြ၊ ကိုယ္အေလးခ်ိန္ ခ်ခ်င္သူေတြအတြက္လည္း အဆင္ေျပေစပါတယ္။

ကေလးေတြက အိပ္ခန္းေတြကို သန္႔႐ွင္းေရးလုပ္၊ ေစာင္၊ ေခါင္းအုံးေတြကို ခါရင္ခါ ဒါမွမဟုတ္ အစြပ္ေတြကို ေလွ်ာ္မယ့္ေနရာမွာ ထားတာမ်ိဳး လုပ္ေပးလို႔ ရပါတယ္။ လူႀကီးေတြဆိုရင္ေတာ့ အိမ္ၾကမ္းျပင္ကို တံျမက္စည္းလွည္း၊ ဖုန္သုတ္ ဒါကေတာ့ အျမန္ၿပီးႏိုင္တဲ့ အိမ္သန္႔႐ွင္းေရးအလုပ္ေတြပါ။ မီးဖိုေခ်ာင္၊ အိမ္သာ၊ ေရခ်ိဳးခန္းဆိုရင္ တစ္ပတ္ကို တစ္ႀကိမ္ေလာက္ ပြတ္တိုက္ေဆးေၾကာလုပ္ေပးရင္ ရပါတယ္။ အဓိက လုပ္ခ်င္စိတ္ ႐ွိဖို႔ပါ။

အိမ္ကဖုန္တက္ေနရင္ ဘယ္လိုက်န္းမာေရးျပႆနာ ျဖစ္ေစႏိုင္လဲ။

ဖုန္တက္ၿပီဆိုကတည္းက သန္႔႐ွင္းေရးမလုပ္ထားဘူးဆိုတာကို ျပေနတာပါပဲ။ လူ႕မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ ေရာဂါပိုးမႊားေတြဆိုတာ ကိုယ့္ပတ္ဝန္းက်င္ ေနရာအႏွံ႔မွာ ႐ွိေနႏိုင္ပါတယ္။ ဒီေတာ့ ပစၥည္းတစ္ခုက ဖုန္ပါတက္ေနၿပီဆိုရင္ ေရာဂါပိုးမႊားေတြ ကပ္ေနတာက ဒါ့ထက္ေတာင္ ပိုမ်ားရင္ မ်ားေနမွာပါ။ ဒီလိုမ်ိဳး ေရာဂါပိုးမႊားေတြ မ်ားေနတဲ့အခါ

ဖ်ားနာတာ၊

ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္တာ၊

ဗိုက္ေအာင့္တာ၊

အသက္႐ွဴက်ပ္တာ၊

အေရျပားမိႈစြဲတာအျပင္

ကိုယ္ခံအားက်ေစတဲ့အထိ ျဖစ္ႏိုင္ပါတယ္။

ေနာက္တစ္ခုက စိတ္က်န္းမာေရးပါ။ မေကာင္းတဲ့ အနံ႔အသက္၊ ဖုန္နံ႔၊ မိႈနံ႔ေတြကို ႐ွဴ႐ိႈက္ေနရတာ၊ မ်က္စိေ႐ွ႕တည့္တည့္မွာ ႐ႈပ္ပြေနတဲ့ အရာေတြကို အၿမဲလိုလို ျမင္ေနရရင္ စိတ္ကပါ ႐ႈပ္လာေတာ့မွာပါပဲ။ မေကာင္းတဲ့ ခံစားခ်က္ေတြမ်ားလာတဲ့အခါ ခႏၶာကိုယ္က မေကာင္းတဲ့ စိတ္ဖိစီးမႈေဟာ္မုန္းေတြကို ထုတ္လႊတ္ပါတယ္။ ဒီေဟာ္မုန္းေတြက လူေတြကို

စိတ္မၾကည္၊ ေဒါသျဖစ္လြယ္ေစျခင္း၊

အာ႐ုံစူးစိုက္မရေစျခင္း၊

တီထြင္ဖန္တီးႏိုင္စြမ္း က်ေစျခင္း၊

စိတ္ဓာတ္က်ေစျခင္း၊

ညအိပ္မေပ်ာ္ေစျခင္း၊

ေခါင္းမူးေခါင္းကိုက္ေစျခင္း စတဲ့ ျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။

ေနအိမ္ညစ္ပတ္တယ္ဆိုတာ ေရာဂါေပါင္းစုံျဖစ္လာေစဖို႔ တံခါးေပါက္ ဖြင့္ေပးတာနဲ႔အတူတူပါပဲ။ ဒါေၾကာင့္ ဒီေန႔ကစၿပီးေတာ့ ကိုယ့္အတြက္ေရာ ကိုယ့္မိသားစုက်န္းမာေရးအတြက္ပါ အိမ္သန္႔႐ွင္းေရးကို အေလးထားၿပီး ဂ႐ုစိုက္ေဆာင္႐ြက္ေပးပါ။ တစ္ေန႔ကို အခ်ိန္နာရီဝက္ေလာက္ပဲ ေပးၿပီး ကိုယ့္အနီးပတ္ဝန္းက်င္ေလာက္ကို သန္႔႐ွင္းေပးႏိုင္ရင္ အဆင္ေျပပါတယ္။ မလုပ္ခ်င္ဘူး၊ ပ်င္းတယ္ဆိုၿပီး ဆင္ေျခေပးတဲ့ အက်င့္ကို စေဖ်ာက္ပါေတာ့။ အခုလိုမ်ိဳး ကိုဗစ္ေရာဂါလို ကပ္ေဘးဆိုက္ေနတဲ့အခ်ိန္ ဘယ္မွလည္း မသြားရ၊ အခ်ိန္ေတြ အားေနမယ့္အတူတူ အက်ိဳး႐ွိမယ့္အရာေလး တစ္ခုခု လုပ္ၾကည့္ပါလို႔ အၾကံေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
Innwa Pyae Sone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service