ဆောက်လုပ်ရေး၊ကွမ်းတံတွေးနဲ့ မြို့ပြညစ်ထေးထေး

ဆောက်လုပ်ရေး၊ကွမ်းတံတွေးနဲ့ မြို့ပြညစ်ထေးထေး - Property Knowledge in Myanmar from iMyanmarHouse.com
25 Aug 2022 9:08 am တွင် တင်ခဲ့သည်
801 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မိန်းမတွေရာသီလာတာက တစ်လမှတစ်ကြိမ်ပါ။ခုခေတ်ယောက်ျားလေးတွေ တော်တော်များများကတော့ မိန်းမတွေထက်ဆိုးပါတယ်။တစ်ရက်မှာ ၂၄ နာရီနီးပါးလာပါတယ်။တွေ့ကရနေရာလာပါတယ်။ အချိန်မရွေး လာပါတယ်။ဒီလိုကြီးပြောလိုက်တော့ စိတ်ထဲမှာဘာလဲဟလို့ထင်သွားလိမ့်မယ်။ပြောချင်တာက ကွမ်းတံတွေး အကြောင်းပါ။

မိန်းမတွေက သူတို့ရဲ့သဘာဝတရားကြောင့်ဖြစ်ရတာ။သူတို့ရဲ့ဖြစ်စဉ်က ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ပြီးတော့သူတို့ကိစ္စကိုသူတို့ သန့်သန့်ရှင်းရှင်းလုပ်ကြပါတယ်။

အမျိုးသားအတော်များများဟာ ကွမ်းကိုအားတိုင်းယားတိုင်းစားနေသလိုပါပဲ။စားတာစားပေါ့ တွေ့ကရနေရာ အကုန်ထွေးတာက အဆိုးဆုံးပါ။

ကွမ်းမစားတဲ့သူ မရှိတဲ့တိုက်ခန်းတွေဆိုရင် လှေကားတွေဟာ အမှိုက်အနည်းအကျင်းရှိတာကလွဲရင် အနံ့အသက်ကင်းတယ်။

လုပ်ငန်းလုပ်တဲ့တိုက်ခန်းတွေရှိရင် လူစုံတက်တော့ညစ်ပတ်ပါတယ်။လာတဲ့သူတစ်ယောက်ယောက်က တစ်ခါလောက် လှေကားထောင့်မှာ ကွမ်းတံတွေးထွေးသွားခဲ့ရင် နောက်လာတဲ့ကွမ်းစားသူတိုင်းက အဲဒီနေရာမှာ ဆက်ပြီးထွေးတော့တာပါပဲ။

တချို့တိုက်ခန်းလှေကားတွေမှာ ကွမ်းတံတွေးတွေဟာ ခြောက်သွေ့သွားချိန် မရှိလောက်အောင်ကို ဖြစ်နေတတ်ပါတယ်။အဲဒီ ကွမ်းတံတွေးနံ့တွေဟာဆိုရင် အဲဒီနေရာမှာတင် နံတာမဟုတ်ဘဲ တိုက်အမြင့်ပေါ်ထိကို နံပါတယ်။လှေကားအဆင်းအတက်လုပ်လို့ မောရတဲ့အထဲ အဲဒီအနံ့ဆိုးကြီး ရှုရှိုက်လိုက်မိရင် အမောဆို့သွားလောက်အောင်ဖြစ်သွားပါတယ်။

အများသုံးယာဉ်လိုင်းတွေမှာတောင် ယခင်က အနံ့အသက်ကင်းတဲ့ အဲယာကွန်းကားဖြစ်ခဲ့ပေမဲ့ အခုတော့ တံခါးတွေဖွင့်မောင်းနေပါပြီ။ကားအတွင်းပိုင်းတွေကလည်း ပေါက်ပြဲနေပြီး နံရံအပြင်နဲ့ အတွင်းကိုခံထားတဲ့ ဖော့တွေတောင်ထွက်ကုန်ပါပြီ။ကားစီးသူတွေရဲ့ လက်စွမ်းနဲ့ အဲဒီဖော့တွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကုန်တော့တာပေါ့။နောက်ပိုင်းအဲဒီအပေါက်ဟာ ကားစီးသူကွမ်းကြိုက်သမားရဲ့ ထွေးခံကြီး ဖြစ်လာပါတော့တယ်။

ကတ္တရာလမ်းမနဲ့ ကွန်ကရစ်ပလတ်ဖောင်းတို့ဟာလည်း ကွမ်းတံတွေးလက်ချက်နဲ့ အကွက်အချင်းထလို့ပေါ့။ ပါးစပ်ကထွက်တဲ့ အရေဖြစ်ပေမယ့် နင်းမဖြတ်ရဲပါဘူး။ကွေ့ရှောင်ဖြတ်ကျော်သွားရပါတယ်။

လမ်းပေါ် ထွေးထွေး၊တိုက်နံရံကိုမှ ထွေးထွေး ညစ်ထေးထေးနဲ့ အလှပျက်တာကို သိသိကြီးနဲ့ လုပ်နေတတ်ကြပါတယ်။ အထိန်းအကွပ်လေးတော့ရှိကြမှသင့်ပါလိမ့်မယ်။

ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ခုမှာ ကွမ်းတံတွေးကြောင့် အလှအပဆင်ထားတဲ့ တိုက်ရဲ့အလှတို့ပျက်ရတဲ့ အကြောင်းလေးတွေ သတိပေးရေးထားတာတွေ့ရပါတယ်။

ဒါကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာလုပ်တဲ့သူ အတော်များများမှာ အင်ဂျင်နီယာရော အကြမ်းလုပ်သား များပါ ကွမ်းစားကြပြီး ကွမ်းတံတွေးကို ကွန်ကရစ်ဖျော်တဲ့ထဲ ထွေးတတ်ကြောင်း၊ များပြားတဲ့ ပမာဏ မဟုတ်တဲ့အတွက် တိုက်အပေါ်ဘာမှ မဖြစ်ပေမဲ့ ကွမ်းတံတွေးကြောင့် concrete ကို Strength ထိစေတာကိုတော့ သတိပေးထားပါတယ်။သူ့ဆောင်းပါးထဲက သတိထားဖို့လေးကို ကောက်နုတ်ထည့်လိုက်ပါတယ်။

“မဆလာမှာတော့ သူက ပြဿနာရှိတယ်။ အဲဒါက ဘယ်လိုနေရာမှာလဲဆိုတော့ မဆလာကို အပုံလိုက်ကြီး ဖျော်တဲ့ နေရာမှာတော့ သိပ်မသိသာပေမဲ့ plaster ချောဖို့ ဗန်းထဲထည့်ထားတဲ့ အနေအထားမှာ ပန်းရံဆရာက ပတ် ခ နဲ ‌ထွေးလိုက်တယ်။ ပြီးရင် ဟိုမွှေ ဒီမွှေနဲ့ မွှေပြီး အဲဒီ မဆလာကို plaster ချောလိုက်တယ် ရသေးတယ်။ ဘာမှ မဖြစ်ဘူး။ အိမ်မပြိုဘူး။ တိုက်မပြိုဘူး။”

“ဆေးသုတ်ထားတဲ့ နံရံတွေမှာ ဆေးတွေ အကွက်လိုက် မှိုတက်ပြီး ဆေးတွေ ကာလာပြောင်းသွားတာ မြင်ဖူးကြမှာပါ။”

“အဲလို ဖြစ်လာရင် ဆေးတွေအထပ်ထပ် သုတ်လည်းမရဘူး။ ဆေးတွေ ပြန်ခွါပြီး ပတ်တီးရိုက်လည်း ခဏပဲ။ ပြီး ပြန်ပေါ်တယ်။ကွမ်းတံတွေးထဲက ကွမ်းဖတ်တွေကလည်း ကြာလာရင်ဆွေးပြီး သူ့ ကာလာလေးတွေက plaster ထဲ စိမ့်ပြီး ဆေးတွေ အရောင်ပြောင်းလာပါတယ်။အဲဒီအခါ ဆေးတွေ နောက်ထပ် အကွက် အကွက်တွေ မဖြစ်အောင် plaster ချောသားကို ခွါပစ်ရပါတယ်။ပြီးရင် အသစ်ပြန်ချောပေးရပါတယ်။”

“နောက်ထပ်ပြောချင်တာက လူ့ကျင့်ဝတ်ပေါ့။ ကွမ်းတံထွေးက ဘာဖြစ်လဲဆို ဘာမှတော့ ဖြစ်မသွားဘူး။ ဒါပေမဲ့ ဒီလောက်ရွံစရာကောင်းတဲ့ တံတွေးကို သူများ တစ်သက်လုံးနေဖို့ဆောက်တဲ့ အဆောက်အဦးမှာတော့ အမှတ်တရ မထားခဲ့သင့်ဘူးလို့ မြင်ပါတယ်။အိမ်ရှင်တွေ ဘယ်လိုစိတ်နဲ့ နေမလဲ မေးကြည့်ပါ။မိမိအိမ်သာ ဆိုရင်လို့တော့ မပြောလိုပါဘူး။အဲလိုလုပ်တဲ့သူက ကိုယ့်အိမ်ဆိုလည်းလုပ်မှာပါပဲ။

“နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်ပါဘူး။အဲဒီလိုတွေ ဟိုဟာနည်းနည်း ဒီဟာနည်းနည်းနဲ့ အမှားတွေများလာရင်တော့ အရည်အသွေးကောင်းတဲ့ အဆောက်အဦးကို မရနိုင်ပါဘူး။”

မှတ်သားစရာစကားပါ။အရည်မရ အဖက်မရတဲ့အပြင် တည်ဆောက်ရေးလုပ်ငန်းတွေမှာတောင် အနှောင့်အယှက် ပေးလာတဲ့သတိထားရမဲ့ကိစ္စတွေရှိလာပါပြီ။ဒီဆောင်းပါးကလည်း ဒါလေးတွေကို သတိပေးချင်လို့ပါပဲ။အလှအပတွေကို ဆက်ပြီးလှပပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေဆာက္လုပ္ေရး၊ကြမ္းတံေတြးနဲ႔ ၿမိဳ႕ျပညစ္ေထးေထး

 

မိန္းမေတြရာသီလာတာက တစ္လမွတစ္ႀကိမ္ပါ။ခုေခတ္ေယာက္်ားေလးေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ မိန္းမေတြထက္ဆိုးပါတယ္။တစ္ရက္မွာ ၂၄ နာရီနီးပါးလာပါတယ္။ေတြ႔ကရေနရာလာပါတယ္။ အခ်ိန္မေရြး လာပါတယ္။ဒီလိုႀကီးေျပာလိုက္ေတာ့ စိတ္ထဲမွာဘာလဲဟလို႔ထင္သြားလိမ့္မယ္။ေျပာခ်င္တာက ကြမ္းတံေတြး အေၾကာင္းပါ။

မိန္းမေတြက သူတို႔ရဲ႕သဘာဝတရားေၾကာင့္ျဖစ္ရတာ။သူတို႔ရဲ႕ျဖစ္စဥ္က က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစပါတယ္။ၿပီးေတာ့သူတို႔ကိစၥကိုသူတို႔ သန္႔သန္႔ရွင္းရွင္းလုပ္ၾကပါတယ္။

အမ်ိဳးသားအေတာ္မ်ားမ်ားဟာ ကြမ္းကိုအားတိုင္းယားတိုင္းစားေနသလိုပါပဲ။စားတာစားေပါ့ ေတြ႔ကရေနရာ အကုန္ေထြးတာက အဆိုးဆုံးပါ။

ကြမ္းမစားတဲ့သူ မရွိတဲ့တိုက္ခန္းေတြဆိုရင္ ေလွကားေတြဟာ အမိႈက္အနည္းအက်င္းရွိတာကလြဲရင္ အနံ႔အသက္ကင္းတယ္။

လုပ္ငန္းလုပ္တဲ့တိုက္ခန္းေတြရွိရင္ လူစုံတက္ေတာ့ညစ္ပတ္ပါတယ္။လာတဲ့သူတစ္ေယာက္ေယာက္က တစ္ခါေလာက္ ေလွကားေထာင့္မွာ ကြမ္းတံေတြးေထြးသြားခဲ့ရင္ ေနာက္လာတဲ့ကြမ္းစားသူတိုင္းက အဲဒီေနရာမွာ ဆက္ၿပီးေထြးေတာ့တာပါပဲ။

တခ်ိဳ႕တိုက္ခန္းေလွကားေတြမွာ ကြမ္းတံေတြးေတြဟာ ေျခာက္ေသြ႔သြားခ်ိန္ မရွိေလာက္ေအာင္ကို ျဖစ္ေနတတ္ပါတယ္။အဲဒီ ကြမ္းတံေတြးနံ႔ေတြဟာဆိုရင္ အဲဒီေနရာမွာတင္ နံတာမဟုတ္ဘဲ တိုက္အျမင့္ေပၚထိကို နံပါတယ္။ေလွကားအဆင္းအတက္လုပ္လို႔ ေမာရတဲ့အထဲ အဲဒီအနံ႔ဆိုးႀကီး ရႈရႈိက္လိုက္မိရင္ အေမာဆို႔သြားေလာက္ေအာင္ျဖစ္သြားပါတယ္။

အမ်ားသုံးယာဥ္လိုင္းေတြမွာေတာင္ ယခင္က အနံ႔အသက္ကင္းတဲ့ အဲယာကြန္းကားျဖစ္ခဲ့ေပမဲ့ အခုေတာ့ တံခါးေတြဖြင့္ေမာင္းေနပါၿပီ။ကားအတြင္းပိုင္းေတြကလည္း ေပါက္ၿပဲေနၿပီး နံရံအျပင္နဲ႔ အတြင္းကိုခံထားတဲ့ ေဖာ့ေတြေတာင္ထြက္ကုန္ပါၿပီ။ကားစီးသူေတြရဲ႕ လက္စြမ္းနဲ႔ အဲဒီေဖာ့ေတြဟာ တျဖည္းျဖည္းနဲ႕ ေပ်ာက္ကုန္ေတာ့တာေပါ့။ေနာက္ပိုင္းအဲဒီအေပါက္ဟာ ကားစီးသူကြမ္းႀကိဳက္သမားရဲ႕ ေထြးခံႀကီး ျဖစ္လာပါေတာ့တယ္။

ကတၱရာလမ္းမနဲ႔ ကြန္ကရစ္ပလတ္ေဖာင္းတို႔ဟာလည္း ကြမ္းတံေတြးလက္ခ်က္နဲ႔ အကြက္အခ်င္းထလို႔ေပါ့။ ပါးစပ္ကထြက္တဲ့ အေရျဖစ္ေပမယ့္ နင္းမျဖတ္ရဲပါဘူး။ေကြ႔ေရွာင္ျဖတ္ေက်ာ္သြားရပါတယ္။

လမ္းေပၚ ေထြးေထြး၊တိုက္နံရံကိုမွ ေထြးေထြး ညစ္ေထးေထးနဲ႔ အလွပ်က္တာကို သိသိႀကီးနဲ႔ လုပ္ေနတတ္ၾကပါတယ္။ အထိန္းအကြပ္ေလးေတာ့ရွိၾကမွသင့္ပါလိမ့္မယ္။

ေဆာက္လုပ္ေရးနဲ႔ ပတ္သက္တဲ့ ေဆာင္းပါးတစ္ခုမွာ ကြမ္းတံေတြးေၾကာင့္ အလွအပဆင္ထားတဲ့ တိုက္ရဲ႕အလွတို႔ပ်က္ရတဲ့ အေၾကာင္းေလးေတြ သတိေပးေရးထားတာေတြ႔ရပါတယ္။

ဒါကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းမွာလုပ္တဲ့သူ အေတာ္မ်ားမ်ားမွာ အင္ဂ်င္နီယာေရာ အၾကမ္းလုပ္သား မ်ားပါ ကြမ္းစားၾကၿပီး ကြမ္းတံေတြးကို ကြန္ကရစ္ေဖ်ာ္တဲ့ထဲ ေထြးတတ္ေၾကာင္း၊ မ်ားျပားတဲ့ ပမာဏ မဟုတ္တဲ့အတြက္ တိုက္အေပၚဘာမွ မျဖစ္ေပမဲ့ ကြမ္းတံေတြးေၾကာင့္ concrete ကို Strength ထိေစတာကိုေတာ့ သတိေပးထားပါတယ္။သူ႔ေဆာင္းပါးထဲက သတိထားဖို႔ေလးကို ေကာက္ႏုတ္ထည့္လိုက္ပါတယ္။

“မဆလာမွာေတာ့ သူက ျပႆနာရွိတယ္။ အဲဒါက ဘယ္လိုေနရာမွာလဲဆိုေတာ့ မဆလာကို အပုံလိုက္ႀကီး ေဖ်ာ္တဲ့ ေနရာမွာေတာ့ သိပ္မသိသာေပမဲ့ plaster ေခ်ာဖို႔ ဗန္းထဲထည့္ထားတဲ့ အေနအထားမွာ ပန္းရံဆရာက ပတ္ ခ နဲ ‌ေထြးလိုက္တယ္။ ၿပီးရင္ ဟိုေမႊ ဒီေမႊနဲ႔ ေမႊၿပီး အဲဒီ မဆလာကို plaster ေခ်ာလိုက္တယ္ ရေသးတယ္။ ဘာမွ မျဖစ္ဘူး။ အိမ္မၿပိဳဘူး။ တိုက္မၿပိဳဘူး။”

“ေဆးသုတ္ထားတဲ့ နံရံေတြမွာ ေဆးေတြ အကြက္လိုက္ မႈိတက္ၿပီး ေဆးေတြ ကာလာေျပာင္းသြားတာ ျမင္ဖူးၾကမွာပါ။”

“အဲလို ျဖစ္လာရင္ ေဆးေတြအထပ္ထပ္ သုတ္လည္းမရဘူး။ ေဆးေတြ ျပန္ခြါၿပီး ပတ္တီး႐ိုက္လည္း ခဏပဲ။ ၿပီး ျပန္ေပၚတယ္။ကြမ္းတံေတြးထဲက ကြမ္းဖတ္ေတြကလည္း ၾကာလာရင္ေဆြးၿပီး သူ႔ ကာလာေလးေတြက plaster ထဲ စိမ့္ၿပီး ေဆးေတြ အေရာင္ေျပာင္းလာပါတယ္။အဲဒီအခါ ေဆးေတြ ေနာက္ထပ္ အကြက္ အကြက္ေတြ မျဖစ္ေအာင္ plaster ေခ်ာသားကို ခြါပစ္ရပါတယ္။ၿပီးရင္ အသစ္ျပန္ေခ်ာေပးရပါတယ္။”

“ေနာက္ထပ္ေျပာခ်င္တာက လူ႔က်င့္၀တ္ေပါ့။ ကြမ္းတံေထြးက ဘာျဖစ္လဲဆို ဘာမွေတာ့ ျဖစ္မသြားဘူး။ ဒါေပမဲ့ ဒီေလာက္႐ြံစရာေကာင္းတဲ့ တံေတြးကို သူမ်ား တစ္သက္လုံးေနဖို႔ေဆာက္တဲ့ အေဆာက္အဦးမွာေတာ့ အမွတ္တရ မထားခဲ့သင့္ဘူးလို႔ ျမင္ပါတယ္။အိမ္ရွင္ေတြ ဘယ္လိုစိတ္နဲ႔ ေနမလဲ ေမးၾကည့္ပါ။မိမိအိမ္သာ ဆိုရင္လို႔ေတာ့ မေျပာလိုပါဘူး။အဲလိုလုပ္တဲ့သူက ကိုယ့္အိမ္ဆိုလည္းလုပ္မွာပါပဲ။

“ႏွမ္းတစ္ေစ့နဲ႔ေတာ့ ဆီမျဖစ္ပါဘူး။အဲဒီလိုေတြ ဟိုဟာနည္းနည္း ဒီဟာနည္းနည္းနဲ႔ အမွားေတြမ်ားလာရင္ေတာ့ အရည္အေသြးေကာင္းတဲ့ အေဆာက္အဦးကို မရႏိုင္ပါဘူး။”

မွတ္သားစရာစကားပါ။အရည္မရ အဖက္မရတဲ့အျပင္ တည္ေဆာက္ေရးလုပ္ငန္းေတြမွာေတာင္ အေႏွာင့္အယွက္ ေပးလာတဲ့သတိထားရမဲ့ကိစၥေတြရွိလာပါၿပီ။ဒီေဆာင္းပါးကလည္း ဒါေလးေတြကို သတိေပးခ်င္လို႔ပါပဲ။အလွအပေတြကို ဆက္ၿပီးလွပပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
Google က ဝန်ထမ်းအားလုံးကို အဘယ်ကြောင့် စားစရာ အခမဲ့ကျွေးမွေးကြောင်း စီအီးအို ဆွန်ဒါ ပီချိုင်း ရှင်းပြ
Google က ဝန်ထမ်းအားလုံးကို အဘယ်ကြောင့် စားစရာ အခမဲ့ကျွေးမွေးကြောင်း စီအီးအို ဆွန်ဒါ ပီချိုင်း ရှင်းပြ
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service