ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
လောကမှာမသိမမြင် မခန့်မှန်းနိုင်တဲ့ ကိစ္စတွေက အများသားဆိုတာကို လူတိုင်းလက်ခံနိုင်မှာပါ။ လောကနဲ့ချီ လိုက်ရပေမဲ့ အခုဟာက အိမ်ခြံမြေကိစ္စပါ။ဒီကိစ္စကလည်း ကိုယ်တိုင်ပတ်သက်ခဲ့လို့သာ ဒီဖြစ်ရပ်ကို မှတ်မှတ်ထင်ထင်ရှိ နေခဲ့တာပါ။
အိမ်ခြံမြေဆိုတာကလည်း တန်လို့ ၊မိဘ ဆွေမျိုးတွေနဲ့ မနီးမဝေးမို့၊ဝယ်နိုင်တဲ့ အခြေအနေလေးပေးလို့ဆိုပြီး ဝယ်ထားခဲ့ပေမဲ့ တကယ်တမ်းနေခွင့် ရလားဆိုတော့ မရခဲ့ကြတဲ့သူတွေ နည်းမှာမဟုတ်ပါဘူး။
အခုလည်း ကျွန်တော်နေခဲ့တဲ့ အိမ်ကြီးရဲ့ပိုင်ရှင်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ မြို့ပတ်မီးရထားလမ်းနဲ့ ဝေဇယန္တာလမ်းကြီးရဲ့ ကြားထဲက တောင်ဥက္ကလာရပ်ကွက်တစ်ခုမှာ ၈၈ မတိုင်ခင်က နှစ်ထပ်အိမ်အပါအဝင် မြေနဲ့ခြံကို ဝယ်ထားခဲ့ပါတယ်။
ဘေးမြေလွတ်တွေထားပြီး အိမ်ဆောက်ထားတာတောင် အိမ်ကကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ဒီအိမ်ကြီးကို ဝယ်ထားခဲ့ပေမဲ့ သူနေခွင့်မရခဲ့သေးပါဘူး။အစိုးရဝန်ထမ်းတွေဖြစ်တော့ တာဝန်ကျရာ ဒေသတွေမှာ လှည့်လည်တာဝန်ထမ်းနေရတာကြောင့် နေခွင့် မရသေးခြင်းလို့သာ ထိုစဉ်က သဘောထားမိခဲ့ပါတယ်။
တောင်ဥက္ကလာဆိုတာ အဲဒီတုန်းက အထပ်မြင့်တိုက်ကြီးတွေက မရှိသလောက်ပါဘဲ။ခြံနဲ့ဝင်းနဲ့ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးတွေ၊အနံဆယ်ပေအိမ်လေးတွေနဲ့ ရောနှောနေတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ မြို့သစ်အနေအထားထက် နဲနဲသာတဲ့ အနေအထားလောက်ပါပဲ။
လက်ရှိ ကာလမှာတောင် တောင်ဥက္ကလာဟာ မိုးမျှော်တိုက်တာအဆောက်အအုံတို့ သိပ်မရှိသေးဘဲ ခေတ်ကို ဖြည်းဖြည်းမှန်မှန် ဖြတ်သန်းနေဆဲဖြစ်ကြောင်းတွေ့ရပါတယ်။
အဲဒီတုန်းက အိမ်ခြံမြေဝယ်တယ်ဆိုတာ နေဖို့ကိုပဲ အဓိကထားပြီးစဉ်းစားကြတာပါ။ အိမ်ခြံမြေဈေးကွက် အခြေအနေက အခုခေတ်လိုပေါက်ကွဲ မြင့်မားခြင်းမရှိသေးပါဘူး။
အိမ်ပိုင်ရှင်တွေဟာ ဆရာဝန်တွေပါ။အစိုးရဝန်ထမ်းဆိုပေမယ့် သူတို့က ဆရာဝန်လင်မယားတွေဖြစ်ပြီး အိမ်ဆေးခန်းလေးဖွင့်ထားတော့ အစိုးရလခအပြင် ဆေးခန်းကရတဲ့ငွေနဲ့ ဒီအိမ်ကိုဝယ်နိုင်ခဲ့ကြပါတယ်။
ကိုယ့်ခြံကိုယ့်ဝင်းမှာ လင်မယားနှစ်ယောက် ဆေးခန်းဖွင့်ပြီးပဲ နေဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ဝန်ထမ်းအလုပ်ကလည်း တကယ်တော့ မထွက်နိုင်ခဲ့ပေ။နိုင်ငံတော်က စေလွှတ်ရာ ဒေသအစုံစုံကို လှည့်လည်တာဝန်ထမ်းနေခဲ့ရပါတယ်။
ဒီလိုနဲ့ သူတို့ဝယ်ထားတဲ့အိမ်မှာ အိမ်စောင့်ရင်းကျောင်းတက်ဖို့ ကျွန်တော်တို့ နေခွင့်ရခဲ့ပါတယ်။ဒီအိမ်ရဲ့ အခြေအနေကို ကျွန်တော့် အစ်ကိုကြီးက ဘာမှမပြောပေမဲ့ သူနဲ့ကျောင်းနေဖက် သူငယ်ချင်းတွေကတော့ သူ့ဆီလာရင်း ဒီအိမ်ကြီးမှာအိပ်ဖြစ်ရင် တွေ့ကြုံတတ်တဲ့ အတွေ့အကြုံတို့ကိုပြောပြတတ်ပါတယ်။
ဒီအိမ်ကြီးက ခြောက်ကြောင်း။ညပိုင်းအပေါ်ထပ်မှာ မအိပ်ရဲကြောင်း၊တစ်ခါတုန်းက နေ့ခင်းကြီး အပေါ်ထပ် တက်အိပ်ရာ သူအိပ်တဲ့ဘေးပတ်ပတ်လည်မှာ လမ်းလျှောက်နေတဲ့ အသံတွေကြားရကြောင်း၊မျက်လုံး ဖွင့်ကြည့်ရင် ငြိမ်သွားပြီး၊မျက်လုံးပိတ်ထားရင် အသံများထပ်ကြားရလို့ ဆင်းပြေးခဲ့ရကြောင်း ပြောပြပါတယ်။
ပထမတော့ သူတို့နောက်တီးနောက်တောက် အပြောဟုထင်သော်လည်း နေဝင်ချိန်ဆို သူတစ်ယောက်တည်း အိမ်ထဲမနေရဲဘဲ အပြင်ထွက်စောင့်နေတာကိုတွေ့ရပါတယ်။သူတို့ရဲ့ ကြောက်စိတ်ကြောင့်လည်းဖြစ်မှာပါ။
ကျွန်တော်ကတော့နေ့နေ့ ညည အိပ်ချင်တဲ့အချိန်မှာ အိပ်ချင်တဲ့နေရာမှာ အိပ်လိုက်တာပါပဲ။ အသံပလံတွေက ရှိကောင်းရှိမည်၊နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာကြောင့်လား၊သိပ်မကြောက်တတ်လို့ပဲလားတော့မသိ ခြောက်လှန့်ခြင်းနဲ့မကြုံကြိုက်ခဲ့ပါ။
ဒီအိမ်ကြီးမှာ ဆယ်စုနှစ်တစ်ခုကျော်နီးပါး အလကားနေခွင့်ရခဲ့ပါတယ်။အိမ်ပိုင်ရှင်ဆရာဝန်များမှာ နေရာဒေသ အသီးသီးမှာ တာဝန်ထမ်းဆောင်ပြီး ပင်စင်ယူခါနီး သုံးနှစ်အလိုလောက်တွင် ရန်ကုန်ကိုတာဝန်ကျပြီး ပြောင်းလာပါတယ်။
ဒါပေမဲ့ သူဝယ်ထားသောအိမ်တွင် မနေရဘဲ အစိုးရကပေးထားသော အိမ်တွင်ပင်နေရရာ နီးလျက်နဲ့ ဝေးနေခဲ့ပြန်ပါတယ်။
သူတို့ပြောင်းလာရင် ကျွန်တော်တို့ဖယ်ပေးရပါ့မယ်။ဆင်းပေးရပါမယ်။ကျွန်တော်တို့ရှိနေစဉ် အိမ်အပြင်အဆင် များကို ပြန်လုပ်ပေးကြပါတယ်။အလုပ်ပိတ်ရက်တွင် သူတို့လာကြပြီး အိမ်အပြင်အဆင်နဲ့ လုပ်ချင်တဲ့ပုံစံတို့ကို ညွှန်ကြားတတ်ပါတယ်။
သူတို့ပြန်ပြောင်းလာလျှင် ကျွန်တော်တို့နေဖို့ အတွက်လည်း အခန်းလေးတစ်ခုကို အိမ်နဲ့မနီးမဝေး လမ်းထိပ်တွင် ကျွန်တော်တို့ ညီအစ်ကိုတွေ ငှားပြီးနေပါပြီ။သူတို့အိမ်ပြောင်းလာဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။
ကံကြမ္မာက သူ့ကိုနေခွင့်မပြု၊ဤအိမ်မြေက သူ့ကိုလက်မခံခြင်းပေလား။အိမ်ပြောင်းဖို့ရက်ပိုင်းအလိုတွင် အစိုးရကပေးသော အိမ်မှာပင် အိမ်ပိုင်ရှင်အမျိုးသားဟာဆုံးပါးသွားပါတယ်။သူဝယ်ထားတဲ့အိမ်မှာ အနားယူကျောချခွင့် ရမသွားရှာပါဘူး။အိမ်ပိုင်၊မြေပိုင်မဟုတ်တဲ့ ကျွန်တော်တို့က ဒီနေရာမှာ အကြာကြီးနေခွင့် ရခဲ့ပါသေးတယ်။
သူ့ဇနီးနဲ့ သမီးတွေသာ ဒီအိမ်ကြီးကိုပြောင်းလာနိုင်ခွင့် ရှိခဲ့ပါတယ်။ဘဝတွေဟာ တစ်ထစ်ချယူဆလို့ မရပါဘူး။ပိုင်ဆိုင်ခွင့်တိုင်းဟာလည်း သုံးစွဲခွင့်ရချင်မှ ရပါလိမ့်မယ်ဆိုတာ လောကစာမျက်နှာတွေက ဖော်ပြနေပါတော့တယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ္ျခံေျမပိုင္ဆိုင္ေသာ္လည္း ေနခြင့္မရခဲ့ပါ...
ေလာကမွာမသိမျမင္ မခန္႔မွန္းႏိုင္တဲ့ ကိစၥေတြက အမ်ားသားဆိုတာကို လူတိုင္းလက္ခံႏိုင္မွာပါ။ ေလာကနဲ႔ခ်ီ လိုက္ရေပမဲ့ အခုဟာက အိမ္ျခံေျမကိစၥပါ။ဒီကိစၥကလည္း ကိုယ္တိုင္ပတ္သက္ခဲ့လို႔သာ ဒီျဖစ္ရပ္ကို မွတ္မွတ္ထင္ထင္ရွိ ေနခဲ့တာပါ။
အိမ္ျခံေျမဆိုတာကလည္း တန္လို႔ ၊မိဘ ေဆြမ်ိဳးေတြနဲ႔ မနီးမေဝးမို႔၊ဝယ္ႏိုင္တဲ့ အေျခအေနေလးေပးလို႔ဆိုၿပီး ဝယ္ထားခဲ့ေပမဲ့ တကယ္တမ္းေနခြင့္ ရလားဆိုေတာ့ မရခဲ့ၾကတဲ့သူေတြ နည္းမွာမဟုတ္ပါဘူး။
အခုလည္း ကၽြန္ေတာ္ေနခဲ့တဲ့ အိမ္ႀကီးရဲ႕ပိုင္ရွင္ဟာလည္း ထိုနည္းလည္းေကာင္းပါပဲ။ ၿမိဳ႕ပတ္မီးရထားလမ္းနဲ႔ ေဝဇယႏၱာလမ္းႀကီးရဲ႕ ၾကားထဲက ေတာင္ဥကၠလာရပ္ကြက္တစ္ခုမွာ ၈၈ မတိုင္ခင္က ႏွစ္ထပ္အိမ္အပါအဝင္ ေျမနဲ႕ျခံကို ဝယ္ထားခဲ့ပါတယ္။
ေဘးေျမလြတ္ေတြထားၿပီး အိမ္ေဆာက္ထားတာေတာင္ အိမ္ကက်ယ္က်ယ္ဝန္းဝန္းရွိပါတယ္။ဒီအိမ္ႀကီးကို ဝယ္ထားခဲ့ေပမဲ့ သူေနခြင့္မရခဲ့ေသးပါဘူး။အစိုးရဝန္ထမ္းေတြျဖစ္ေတာ့ တာဝန္က်ရာ ေဒသေတြမွာ လွည့္လည္တာဝန္ထမ္းေနရတာေၾကာင့္ ေနခြင့္ မရေသးျခင္းလို႔သာ ထိုစဥ္က သေဘာထားမိခဲ့ပါတယ္။
ေတာင္ဥကၠလာဆိုတာ အဲဒီတုန္းက အထပ္ျမင့္တိုက္ႀကီးေတြက မရွိသေလာက္ပါဘဲ။ျခံနဲ႔ဝင္းနဲ႔ ႏွစ္ထပ္ ပ်ဥ္ေထာင္အိမ္ႀကီးေတြ၊အနံဆယ္ေပအိမ္ေလးေတြနဲ႔ ေရာေႏွာေနတဲ့ အေနအထားမွာပဲ ရွိပါေသးတယ္။ ၿမိဳ႕သစ္အေနအထားထက္ နဲနဲသာတဲ့ အေနအထားေလာက္ပါပဲ။
လက္ရွိ ကာလမွာေတာင္ ေတာင္ဥကၠလာဟာ မိုးေမွ်ာ္တိုက္တာအေဆာက္အအုံတို႔ သိပ္မရွိေသးဘဲ ေခတ္ကို ျဖည္းျဖည္းမွန္မွန္ ျဖတ္သန္းေနဆဲျဖစ္ေၾကာင္းေတြ႔ရပါတယ္။
အဲဒီတုန္းက အိမ္ျခံေျမဝယ္တယ္ဆိုတာ ေနဖို႔ကိုပဲ အဓိကထားၿပီးစဥ္းစားၾကတာပါ။ အိမ္ျခံေျမေဈးကြက္ အေျခအေနက အခုေခတ္လိုေပါက္ကြဲ ျမင့္မားျခင္းမရွိေသးပါဘူး။
အိမ္ပိုင္ရွင္ေတြဟာ ဆရာဝန္ေတြပါ။အစိုးရဝန္ထမ္းဆိုေပမယ့္ သူတို႔က ဆရာဝန္လင္မယားေတြျဖစ္ၿပီး အိမ္ေဆးခန္းေလးဖြင့္ထားေတာ့ အစိုးရလခအျပင္ ေဆးခန္းကရတဲ့ေငြနဲ႔ ဒီအိမ္ကိုဝယ္ႏိုင္ခဲ့ၾကပါတယ္။
ကိုယ့္ျခံကိုယ့္ဝင္းမွာ လင္မယားႏွစ္ေယာက္ ေဆးခန္းဖြင့္ၿပီးပဲ ေနဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေပမဲ့ ဝန္ထမ္းအလုပ္ကလည္း တကယ္ေတာ့ မထြက္ႏိုင္ခဲ့ေပ။ႏိုင္ငံေတာ္က ေစလႊတ္ရာ ေဒသအစုံစုံကို လွည့္လည္တာဝန္ထမ္းေနခဲ့ရပါတယ္။
ဒီလိုနဲ႔ သူတို႔ဝယ္ထားတဲ့အိမ္မွာ အိမ္ေစာင့္ရင္းေက်ာင္းတက္ဖို႔ ကၽြန္ေတာ္တို႔ ေနခြင့္ရခဲ့ပါတယ္။ဒီအိမ္ရဲ႕ အေျခအေနကို ကၽြန္ေတာ့္ အစ္ကိုႀကီးက ဘာမွမေျပာေပမဲ့ သူနဲ႔ေက်ာင္းေနဖက္ သူငယ္ခ်င္းေတြကေတာ့ သူ႔ဆီလာရင္း ဒီအိမ္ႀကီးမွာအိပ္ျဖစ္ရင္ ေတြ႔ႀကဳံတတ္တဲ့ အေတြ႔အႀကဳံတို႔ကိုေျပာျပတတ္ပါတယ္။
ဒီအိမ္ႀကီးက ေျခာက္ေၾကာင္း။ညပိုင္းအေပၚထပ္မွာ မအိပ္ရဲေၾကာင္း၊တစ္ခါတုန္းက ေန႔ခင္းႀကီး အေပၚထပ္ တက္အိပ္ရာ သူအိပ္တဲ့ေဘးပတ္ပတ္လည္မွာ လမ္းေလွ်ာက္ေနတဲ့ အသံေတြၾကားရေၾကာင္း၊မ်က္လုံး ဖြင့္ၾကည့္ရင္ ၿငိမ္သြားၿပီး၊မ်က္လုံးပိတ္ထားရင္ အသံမ်ားထပ္ၾကားရလို႔ ဆင္းေျပးခဲ့ရေၾကာင္း ေျပာျပပါတယ္။
ပထမေတာ့ သူတို႔ေနာက္တီးေနာက္ေတာက္ အေျပာဟုထင္ေသာ္လည္း ေနဝင္ခ်ိန္ဆို သူတစ္ေယာက္တည္း အိမ္ထဲမေနရဲဘဲ အျပင္ထြက္ေစာင့္ေနတာကိုေတြ႔ရပါတယ္။သူတို႔ရဲ႕ ေၾကာက္စိတ္ေၾကာင့္လည္းျဖစ္မွာပါ။
ကၽြန္ေတာ္ကေတာ့ေန႔ေန႔ ညည အိပ္ခ်င္တဲ့အခ်ိန္မွာ အိပ္ခ်င္တဲ့ေနရာမွာ အိပ္လိုက္တာပါပဲ။ အသံပလံေတြက ရွိေကာင္းရွိမည္၊ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္သြားတာေၾကာင့္လား၊သိပ္မေၾကာက္တတ္လို႔ပဲလားေတာ့မသိ ေျခာက္လွန္႔ျခင္းနဲ႔မႀကဳံႀကိဳက္ခဲ့ပါ။
ဒီအိမ္ႀကီးမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္နီးပါး အလကားေနခြင့္ရခဲ့ပါတယ္။အိမ္ပိုင္ရွင္ဆရာဝန္မ်ားမွာ ေနရာေဒသ အသီးသီးမွာ တာဝန္ထမ္းေဆာင္ၿပီး ပင္စင္ယူခါနီး သုံးႏွစ္အလိုေလာက္တြင္ ရန္ကုန္ကိုတာဝန္က်ၿပီး ေျပာင္းလာပါတယ္။
ဒါေပမဲ့ သူဝယ္ထားေသာအိမ္တြင္ မေနရဘဲ အစိုးရကေပးထားေသာ အိမ္တြင္ပင္ေနရရာ နီးလ်က္နဲ႔ ေဝးေနခဲ့ျပန္ပါတယ္။
သူတို႔ေျပာင္းလာရင္ ကၽြန္ေတာ္တို႔ဖယ္ေပးရပါ့မယ္။ဆင္းေပးရပါမယ္။ကၽြန္ေတာ္တို႔ရွိေနစဥ္ အိမ္အျပင္အဆင္ မ်ားကို ျပန္လုပ္ေပးၾကပါတယ္။အလုပ္ပိတ္ရက္တြင္ သူတို႔လာၾကၿပီး အိမ္အျပင္အဆင္နဲ႔ လုပ္ခ်င္တဲ့ပုံစံတို႔ကို ညႊန္ၾကားတတ္ပါတယ္။
သူတို႔ျပန္ေျပာင္းလာလွ်င္ ကၽြန္ေတာ္တို႔ေနဖို႔ အတြက္လည္း အခန္းေလးတစ္ခုကို အိမ္နဲ႔မနီးမေဝး လမ္းထိပ္တြင္ ကၽြန္ေတာ္တို႔ ညီအစ္ကိုေတြ ငွားၿပီးေနပါၿပီ။သူတို႔အိမ္ေျပာင္းလာဖို႔ ရက္ပိုင္းပဲလိုပါေတာ့တယ္။
ကံၾကမၼာက သူ႔ကိုေနခြင့္မျပဳ၊ဤအိမ္ေျမက သူ႕ကိုလက္မခံျခင္းေပလား။အိမ္ေျပာင္းဖို႔ရက္ပိုင္းအလိုတြင္ အစိုးရကေပးေသာ အိမ္မွာပင္ အိမ္ပိုင္ရွင္အမ်ိဳးသားဟာဆုံးပါးသြားပါတယ္။သူဝယ္ထားတဲ့အိမ္မွာ အနားယူေက်ာခ်ခြင့္ ရမသြားရွာပါဘူး။အိမ္ပိုင္၊ေျမပိုင္မဟုတ္တဲ့ ကၽြန္ေတာ္တို႔က ဒီေနရာမွာ အၾကာႀကီးေနခြင့္ ရခဲ့ပါေသးတယ္။
သူ႔ဇနီးနဲ႔ သမီးေတြသာ ဒီအိမ္ႀကီးကိုေျပာင္းလာႏိုင္ခြင့္ ရွိခဲ့ပါတယ္။ဘဝေတြဟာ တစ္ထစ္ခ်ယူဆလို႔ မရပါဘူး။ပိုင္ဆိုင္ခြင့္တိုင္းဟာလည္း သုံးစြဲခြင့္ရခ်င္မွ ရပါလိမ့္မယ္ဆိုတာ ေလာကစာမ်က္ႏွာေတြက ေဖာ္ျပေနပါေတာ့တယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com