ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ရန်ကုန်မြို့ကြီးကို အလည်အနေနှင့်ဆိုပြီးလာခဲ့သည်။ယခုတော့ မွေးရပ်မြေဟာ ဝေးရပ်မြေဖြစ်ခဲ့ပြီ။ လွမ်းဆွတ် သတိရခြင်းတွေကတော့ ရှိသည်။
မိဘရင်ခွင်နွေးနွေးကနေ ကျွန်တော်တို့ အစောဆုံးထွက်လာခဲ့ကြရသည်။တစ်ချိန်မှာ မွေးရပ်မြေနှင့် မိဘရင်ခွင်ကို ပြန်ပြီးခိုလှုံဖို့စိတ်ကူးထဲမှာတော့ ရှိနေသည်။
ခုနစ်တန်းဖြေပြီး ရန်ကုန်ကိုရောက်သည်။ရန်ကုန်မှာ အစ်ကိုအရင်းထံမှာ ခဏနေပြီး ကျွန်တော့်ကို ကျောင်းထားပေးမည့် အိမ်ကိုပြောင်းရသည်။အစ်ကိုကလည်းလူလွတ်၊အိမ်ပိုင်ရာပိုင်မရှိသေး။ သူလည်းသူတစ်ပါးအိမ်မှာ ပိုင်ရှင်မရှိသေးသဖြင့် အိမ်စောင့်ရင်း ကျောင်းတက်နေသည်။
ကျွန်တော့်ကိုခေါ်ထားသည့်အိမ်တွင် အိမ်ရဲ့ဝေယျာဝစ္စများကို ကူလုပ်ရသည်။ပြီးမှ ကျောင်းသွားရသည်။ ကျောင်းမီဖို့တော့ စောစောထကာ ချက်ပြုတ်ရင်း ရေတိုင်ကီရေလျော့နေလျှင် အများသုံးရေဘုံဘိုင်မှ ရေစောင့်ခပ်ရသည်။အိမ်အလုပ်ဆိုတာက မလုပ်ဘဲနေရင်တော့ရသည်။လုပ်မယ်ဆိုလျှင်လည်း ဇယ်စက်နေအောင်လုပ်ရသည်။ထိုအလုပ်များကြောင့် မိဘနှင့်အိမ်ကို လွမ်းသည့်စိတ်များက ခေတ္တပျောက်နေတတ်သည်။
အလုပ်လေးပါးလို့ အနားလေးရရင် အိမ်ကိုလွမ်းသည်။သူငယ်ချင်းတွေကိုလွမ်းသည်။ နွေရာသီ၊မိုးရာသီ၊ ဆောင်းရာသီ..ရာသီသုံးပါးလုံးကို လွမ်းသည်။လွမ်းရင်စာတွေရေးသည်။အိမ်လွမ်းစာလေးတွေရေးဖြစ်သည်။
အညာက ကျွန်တော်တို့မြို့ကလေးက တိတ်ဆိတ်အေးချမ်းခဲ့သောမြို့ကလေးအဖြစ် ထိုစဉ်ကရှိခဲ့သည်။ ကျွန်တော်တို့မြို့တွင် အလောင်းစည်သူမင်းကြီးတည်ထားခဲ့သော ဘုရားသုံးဆူရှိသည်။မြို့၏မြောက်အရပ်တွင် တစ်ဆူ၊အလယ်ရပ်တွင်တစ်ဆူ၊တောင်ရပ်တွင်တစ်ဆူဆိုပြီးရှိသည်။နာမည်တစ်လုံးနှင့်နေခဲ့သည့်မြို့ ဖြစ်သည်။
ကျွန်တော်တို့ မိသားစုက မြို့၏တောင်ဘက်ရှိ တောင်ရပ်တွင်နေသည်။တကယ့်ကိုမှ တောင်ရပ်ရဲ့တောင်ဘက် အစွန်အဖျား။ ဟိုဘက်မှာအိမ်မရှိတော့။ဘုရားငုတ်တို စေတီပျက်နှင့် လယ်ကွင်းလယ်ကွက်များ။ နှမ်း၊မြေပဲ၊ ပဲစင်းငုံ၊ဆေးရွက်ကြီး၊ နှံစားပြောင်း၊နေကြာနှင့်ကုလားပဲစိုက်သည့်မြေများသာရှိတော့သည်။ ထိုမြေများ၏ အပေါ်တွင် အသီးအနှံအမျိုးစုံကို ရာသီအလိုက် အလှည့်ကျစိုက်ပျိုးမှုလုပ်သည်ကို မှတ်မိနေသေးသည်။
ကျွန်တော်တို့မြို့၏ အဓိကလမ်းမကြီးသည် မြောက်မှတောင်သို့ မြို့၏အလျားအတိုင်းရှိပြီး မြောက်ရပ်ရှိ အထကကျောင်းကြီး၏ဘေးမှ စတင်ကာ တည့်တည့်ပင် တောင်ရပ်သို့သွားသည်။ထိုလမ်းမကြီး၏ အရှေ့ဘက်တွင် ကျွန်တော်တို့နေခဲ့ရသည့် ဝန်ထမ်းလိုင်းခန်းအိမ်ရှိသည်။ခြောက်ခန်းတွဲလိုင်ခန်းကြီး ဖြစ်သည်။ဝန်ထမ်းမိသားစု ခြောက်စုနေထိုင်ကြပါသည်။
ထိုမိသားစုများတွင်လည်း သားသမီးနှစ်ယောက် သုံးယောက်စီရှိကြရာ ကျွန်တော်နှင့် ရွယ်တူများရှိကြသဖြင့် ကစားဖော်များ များလှသည်။တစ်အိမ်မှတစ်အိမ်ကူးလူးကာဆော့ကစားကြသည်။
ကျွန်တော်တို့မှာ ညီအစ်ကို မောင်နှမတွေများသော်လည်း ဖေဖေနှင့်မေမေက သားသမီးအားလုံးအပေါ် တန်းတူ ချစ်သည်။ဘယ်သူ့အပေါ်မှာမှ အလွန်အကြူးမရှိ ချစ်သည်။ရှိတာကို မျှတစားတတ်အောင် လုပ်ပေးသည်။ ချုပ်ပြီးသား အဆင်သင့်အဝတ်အစားကို ဝယ်မပေးနိုင် သော်လည်း ပိတ်စကိုဝယ်ပြီး လက်ချုုပ်ချုပ်ပေးကာ သားသမီးတို့အတွက် အဝတ်အစားကို ဖန်တီးပေးသည်။
ကျွန်တော်တို့ကလည်း ဘာကြီးလိုချင်သည်၊ညာကြီးလိုချင်သည် မပူဆာမိ။မေမေပေးသည့်ဟာကိုယူ၊ ကြွေးသည့်ဟာစားလို့ ဆင်သည့်ဟာကို ဝတ်ခဲ့ကြရသည်။အဲဒီလိုအခြေအနေမျိုးမှာပင် သားသမီးတို့အပေါ် ဖေဖေနှင့်မေမေတို့က မငြိုငြင်ခဲ့ပေ။နွေးနွေးထွေးထွေးရှိလှသော ဖေဖေနှင့်မေမေတို့ ရင်ခွင်တွင် ခိုနားကြီးပြင်းခွင့် ရခဲ့ပါသည်။
ဖေဖေက အလုပ်အားသည့်အခါတွင် ကဗျာများ၊ပုံပြင်များ၊ဝတ္ထုများကို ဆိုပြ၊ပြောပြ၊ဖတ်ပြတတ်သည်။ ဖေဖေညောင်းသည့်အခါများတွင် နင်းနှိပ်ပေးရသည်။ဖေဖေ့ကိုနင်းနှိပ်ပေးသည့်အခါတိုင်း ဖေဖေက ပုံပြင်တွေ အများကြီးပြောပြတတ်သည်။ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြတတ်သည်။ ဖေဖေ့ရှေးဟောင်းနှောင်းဖြစ် တွေက ဝတ္ထုဇာတ်လမ်းပမာ နားထောင်၍ အလွန်ပင်ကောင်းလှပါသည်
ရုပ်ဝတ္ထုတို့ မပြည့်စုံခဲ့ပေမဲ့ မိဖတို့၏နွေးထွေးသောရင်ခွင်မှ မေတ္တာတရားတို့ကတော့ ပြည့်စုံလွန်မြောက် နေပေသည်။ ထိုကဲ့သို့သော အညာမြေက မေတ္တာအေးရိပ်တို့လွှမ်းခြုံထားသော အိမ်ဂေဟာလေးကို ခွဲခွာလာခဲ့သည်မှာ ကြာခဲ့ပါပြီ။
နှစ်ကာလ အချိန်အကြာကြီးခွဲခဲ့ပြီးမှ ပြန်ရောက်ဖြစ်ခဲ့သည်။ငယ်ရုပ်တို့ ပျောက်ခဲ့ကြပြီ။ရင့်ကျက်မှုတို့ အတော်အတန်ရှိခဲ့ကြပြီ။လွမ်းဖွယ်ပုံရိပ်တို့က ရှိနေဆဲဖြစ်သည်။ဖေဖေဆုံးပြီးမှ မေမေထံ တစ်နှစ်တစ်ခေါက် ရောက်ဖြစ်သည်။
ကျွန်တော်တို့ မြို့လေး၏ နယ်မြေတွေက အခြေအနေတဖြည်းဖြည်းဆိုးရွားလာသည်။ထို့အတူ မေမေ့ကျန်းမာရေးကလည်း ဆိုးရွားလာခဲ့သည်။ဒီလိုအခြေအနေတွေကြောင့် မိသားစု အကုန်လုံးကို အစ်ကိုအကြီးဆုံးက ရန်ကုန်ကိုခေါ်လာခဲ့သည်။ရန်ကုန်တွင်တစ်နှစ်ခန့်နေပြီးနောက် မေမေဆုံးသည်။ မေမေမသေခင်က အညာပြန်ရင်ဘာလုပ်မယ်၊ညာလုပ်မယ် ဆိုတာလေးတွေပြောနေသေးသည်။
မေမေရှိနေတုန်းက အလွမ်းပြေ အညာခရီးထွက်ဖို့ရှိခဲ့သော်လည်း ယခုတော့ သူကိုယ်တိုင်ပင် အိမ်ကို မပြန်နိုင်ရှာတော့ပြီ။အညာကအိမ်ကို မပြန်နိုင်ရှာတော့ပြီ။
ကျွန်တော်တို့ အတွက်လည်း နောက်တစ်ဖန် အိမ်ပြန်ရောက်ရန်ဆိုသည်က နွေးထွေးသော ရင်ခွင်တို့မဲ့ခဲ့လေပြီဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ္မျပန္ႏိုင္ေတာ့ၿပီ...
ရန္ကုန္ၿမိဳ႕ႀကီးကို အလည္အေနႏွင့္ဆိုၿပီးလာခဲ့သည္။ယခုေတာ့ ေမြးရပ္ေျမဟာ ေဝးရပ္ေျမျဖစ္ခဲ့ၿပီ။ လြမ္းဆြတ္ သတိရျခင္းေတြကေတာ့ ရွိသည္။
မိဘရင္ခြင္ေႏြးေႏြးကေန ကၽြန္ေတာ္တို႔ အေစာဆုံးထြက္လာခဲ့ၾကရသည္။တစ္ခ်ိန္မွာ ေမြးရပ္ေျမႏွင့္ မိဘရင္ခြင္ကို ျပန္ၿပီးခိုလႈံဖို႔စိတ္ကူးထဲမွာေတာ့ ရွိေနသည္။
ခုနစ္တန္းေျဖၿပီး ရန္ကုန္ကိုေရာက္သည္။ရန္ကုန္မွာ အစ္ကိုအရင္းထံမွာ ခဏေနၿပီး ကၽြန္ေတာ့္ကို ေက်ာင္းထားေပးမည့္ အိမ္ကိုေျပာင္းရသည္။အစ္ကိုကလည္းလူလြတ္၊အိမ္ပိုင္ရာပိုင္မရွိေသး။ သူလည္းသူတစ္ပါးအိမ္မွာ ပိုင္ရွင္မရွိေသးသျဖင့္ အိမ္ေစာင့္ရင္း ေက်ာင္းတက္ေနသည္။
ကၽြန္ေတာ့္ကိုေခၚထားသည့္အိမ္တြင္ အိမ္ရဲ႕ေဝယ်ာဝစၥမ်ားကို ကူလုပ္ရသည္။ၿပီးမွ ေက်ာင္းသြားရသည္။ ေက်ာင္းမီဖို႔ေတာ့ ေစာေစာထကာ ခ်က္ျပဳတ္ရင္း ေရတိုင္ကီေရေလ်ာ့ေနလွ်င္ အမ်ားသုံးေရဘုံဘိုင္မွ ေရေစာင့္ခပ္ရသည္။အိမ္အလုပ္ဆိုတာက မလုပ္ဘဲေနရင္ေတာ့ရသည္။လုပ္မယ္ဆိုလွ်င္လည္း ဇယ္စက္ေနေအာင္လုပ္ရသည္။ထိုအလုပ္မ်ားေၾကာင့္ မိဘႏွင့္အိမ္ကို လြမ္းသည့္စိတ္မ်ားက ေခတၱေပ်ာက္ေနတတ္သည္။
အလုပ္ေလးပါးလို႔ အနားေလးရရင္ အိမ္ကိုလြမ္းသည္။သူငယ္ခ်င္းေတြကိုလြမ္းသည္။ ေႏြရာသီ၊မိုးရာသီ၊ ေဆာင္းရာသီ..ရာသီသုံးပါးလုံးကို လြမ္းသည္။လြမ္းရင္စာေတြေရးသည္။အိမ္လြမ္းစာေလးေတြေရးျဖစ္သည္။
အညာက ကၽြန္ေတာ္တို႔ၿမိဳ႔ကေလးက တိတ္ဆိတ္ေအးခ်မ္းခဲ့ေသာၿမိဳ႕ကေလးအျဖစ္ ထိုစဥ္ကရွိခဲ့သည္။ ကၽြန္ေတာ္တို႔ၿမိဳ႕တြင္ အေလာင္းစည္သူမင္းႀကီးတည္ထားခဲ့ေသာ ဘုရားသုံးဆူရွိသည္။ၿမိဳ႕၏ေျမာက္အရပ္တြင္ တစ္ဆူ၊အလယ္ရပ္တြင္တစ္ဆူ၊ေတာင္ရပ္တြင္တစ္ဆူဆိုၿပီးရွိသည္။နာမည္တစ္လုံးႏွင့္ေနခဲ့သည့္ၿမိဳ႕ ျဖစ္သည္။
ကၽြန္ေတာ္တို႔ မိသားစုက ၿမိဳ႕၏ေတာင္ဘက္ရွိ ေတာင္ရပ္တြင္ေနသည္။တကယ့္ကိုမွ ေတာင္ရပ္ရဲ႕ေတာင္ဘက္ အစြန္အဖ်ား။ ဟိုဘက္မွာအိမ္မရွိေတာ့။ဘုရားငုတ္တို ေစတီပ်က္ႏွင့္ လယ္ကြင္းလယ္ကြက္မ်ား။ ႏွမ္း၊ေျမပဲ၊ ပဲစင္းငုံ၊ေဆးရြက္ႀကီး၊ ႏွံစားေျပာင္း၊ေနၾကာႏွင့္ကုလားပဲစိုက္သည့္ေျမမ်ားသာရွိေတာ့သည္။ ထိုေျမမ်ား၏ အေပၚတြင္ အသီးအႏွံအမ်ိဳးစုံကို ရာသီအလိုက္ အလွည့္က်စိုက္ပ်ိဳးမႈလုပ္သည္ကို မွတ္မိေနေသးသည္။
ကၽြန္ေတာ္တို႔ၿမဳိ႕၏ အဓိကလမ္းမႀကီးသည္ ေျမာက္မွေတာင္သို႔ ၿမိဳ႕၏အလ်ားအတိုင္းရွိၿပီး ေျမာက္ရပ္ရွိ အထကေက်ာင္းႀကီး၏ေဘးမွ စတင္ကာ တည့္တည့္ပင္ ေတာင္ရပ္သို႔သြားသည္။ထိုလမ္းမႀကီး၏ အေရွ႕ဘက္တြင္ ကၽြန္ေတာ္တို႔ေနခဲ့ရသည့္ ဝန္ထမ္းလိုင္းခန္းအိမ္ရွိသည္။ေျခာက္ခန္းတြဲလိုင္ခန္းႀကီး ျဖစ္သည္။ဝန္ထမ္းမိသားစု ေျခာက္စုေနထိုင္ၾကပါသည္။
ထိုမိသားစုမ်ားတြင္လည္း သားသမီးႏွစ္ေယာက္ သုံးေယာက္စီရွိၾကရာ ကၽြန္ေတာ္ႏွင့္ ရြယ္တူမ်ားရွိၾကသျဖင့္ ကစားေဖာ္မ်ား မ်ားလွသည္။တစ္အိမ္မွတစ္အိမ္ကူးလူးကာေဆာ့ကစားၾကသည္။
ကၽြန္ေတာ္တို႔မွာ ညီအစ္ကို ေမာင္ႏွမေတြမ်ားေသာ္လည္း ေဖေဖႏွင့္ေမေမက သားသမီးအားလုံးအေပၚ တန္းတူ ခ်စ္သည္။ဘယ္သူ႔အေပၚမွာမွ အလြန္အၾကဴးမရွိ ခ်စ္သည္။ရွိတာကို မွ်တစားတတ္ေအာင္ လုပ္ေပးသည္။ ခ်ဳပ္ၿပီးသား အဆင္သင့္အဝတ္အစားကို ဝယ္မေပးႏိုင္ ေသာ္လည္း ပိတ္စကိုဝယ္ၿပီး လက္ခ်ုဳပ္ခ်ဳပ္ေပးကာ သားသမီးတို႔အတြက္ အဝတ္အစားကို ဖန္တီးေပးသည္။
ကၽြန္ေတာ္တို႔ကလည္း ဘာႀကီးလိုခ်င္သည္၊ညာႀကီးလိုခ်င္သည္ မပူဆာမိ။ေမေမေပးသည့္ဟာကိုယူ၊ ေၾကြးသည့္ဟာစားလို႔ ဆင္သည့္ဟာကို ဝတ္ခဲ့ၾကရသည္။အဲဒီလိုအေျခအေနမ်ိဳးမွာပင္ သားသမီးတို႔အေပၚ ေဖေဖႏွင့္ေမေမတို႔က မၿငိဳျငင္ခဲ့ေပ။ေႏြးေႏြးေထြးေထြးရွိလွေသာ ေဖေဖႏွင့္ေမေမတို႔ ရင္ခြင္တြင္ ခိုနားႀကီးျပင္းခြင့္ ရခဲ့ပါသည္။
ေဖေဖက အလုပ္အားသည့္အခါတြင္ ကဗ်ာမ်ား၊ပုံျပင္မ်ား၊ဝတၳဳမ်ားကို ဆိုျပ၊ေျပာျပ၊ဖတ္ျပတတ္သည္။ ေဖေဖေညာင္းသည့္အခါမ်ားတြင္ နင္းႏွိပ္ေပးရသည္။ေဖေဖ့ကိုနင္းႏွိပ္ေပးသည့္အခါတိုင္း ေဖေဖက ပုံျပင္ေတြ အမ်ားႀကီးေျပာျပတတ္သည္။ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ေျပာျပတတ္သည္။ ေဖေဖ့ေရွးေဟာင္းေႏွာင္းျဖစ္ ေတြက ဝတၳဳဇာတ္လမ္းပမာ နားေထာင္၍ အလြန္ပင္ေကာင္းလွပါသည္
ရုပ္ဝတၳဳတို႔ မျပည့္စုံခဲ့ေပမဲ့ မိဖတို႔၏ေႏြးေထြးေသာရင္ခြင္မွ ေမတၱာတရားတို႔ကေတာ့ ျပည့္စုံလြန္ေျမာက္ ေနေပသည္။ ထိုကဲ့သို႔ေသာ အညာေျမက ေမတၱာေအးရိပ္တို႔လႊမ္းျခဳံထားေသာ အိမ္ေဂဟာေလးကို ခြဲခြာလာခဲ့သည္မွာ ၾကာခဲ့ပါၿပီ။
ႏွစ္ကာလ အခ်ိန္အၾကာႀကီးခြဲခဲ့ၿပီးမွ ျပန္ေရာက္ျဖစ္ခဲ့သည္။ငယ္ရုပ္တို႔ ေပ်ာက္ခဲ့ၾကၿပီ။ရင့္က်က္မႈတို႔ အေတာ္အတန္ရွိခဲ့ၾကၿပီ။လြမ္းဖြယ္ပုံရိပ္တို႔က ရွိေနဆဲျဖစ္သည္။ေဖေဖဆုံးၿပီးမွ ေမေမထံ တစ္ႏွစ္တစ္ေခါက္ ေရာက္ျဖစ္သည္။
ကၽြန္ေတာ္တို႔ ၿမိဳ႕ေလး၏ နယ္ေျမေတြက အေျခအေနတျဖည္းျဖည္းဆိုးရြားလာသည္။ထို႔အတူ ေမေမ့က်န္းမာေရးကလည္း ဆိုးရြားလာခဲ့သည္။ဒီလိုအေျခအေနေတြေၾကာင့္ မိသားစု အကုန္လုံးကို အစ္ကိုအႀကီးဆုံးက ရန္ကုန္ကိုေခၚလာခဲ့သည္။ရန္ကုန္တြင္တစ္ႏွစ္ခန္႔ေနၿပီးေနာက္ ေမေမဆုံးသည္။ ေမေမမေသခင္က အညာျပန္ရင္ဘာလုပ္မယ္၊ညာလုပ္မယ္ ဆိုတာေလးေတြေျပာေနေသးသည္။
ေမေမရွိေနတုန္းက အလြမ္းေျပ အညာခရီးထြက္ဖို႔ရွိခဲ့ေသာ္လည္း ယခုေတာ့ သူကိုယ္တိုင္ပင္ အိမ္ကို မျပန္ႏိုင္ရွာေတာ့ၿပီ။အညာကအိမ္ကို မျပန္ႏိုင္ရွာေတာ့ၿပီ။
ကၽြန္ေတာ္တို႔ အတြက္လည္း ေနာက္တစ္ဖန္ အိမ္ျပန္ေရာက္ရန္ဆိုသည္က ေႏြးေထြးေသာ ရင္ခြင္တို႔မဲ့ခဲ့ေလၿပီျဖစ္သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com