မြေညီထပ်ရမည်....

မြေညီထပ်ရမည်.... - Property Knowledge in Myanmar from iMyanmarHouse.com
15 Aug 2022 2:26 pm တွင် တင်ခဲ့သည်
647 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မြေညီထပ်ရှာပေးနော် “ကို”တဲ့။သံယောဇဉ်ရဲ့ချစ်စကား။ဘာရမလဲ ဒီကောင်လည်း မြေညီထပ်အခန်း ရအောင်ရှာတော့တာပေါ့။

ဟုတ်သည်။မြေညီထပ် ဆိုတာက ဆင်းရတက်ရ လုပ်စရာမလိုဘူး။အရေးအကြောင်းဆို ထွက်ရပြုရလွယ်တာ ပေါ့။ဈေးရောင်းမလား ရောင်းနိုင်ရဲ့။ကိုယ့် တိုက်ခန်း  ရှေ့မျက်နှာစာမှာ ပန်းပင်လေးတွေစိုက်ရင်လည်း စိုက်ထားလို့ရမယ်။မြေညီထပ်မှာဆို လုပ်စရာအခွင့်အလမ်းတွေက အများကြီးပေါ်လာမှာပေါ့။

မြေညီထပ်လိုချင်တဲ့ အဓိကအကြောင်းရင်းကတော့ လူနေ ဆိုင်ခန်း  လေးဖွင့်ဖို့ ရည်ရွယ်တာပါပဲ။ ဆိုင်ဖွင့်ဖို့ ကိစ္စက နောက်ကိစ္စပါ။လူနေဖို့ကအရင်။ရပ်ကွက်အခြေအနေနဲ့ လူစည်ကားမှု အခြေအနေလိုက်ပြီး ဆိုင်ဖွင့်မပေါ့။

အဲလိုနဲ့မြေညီထပ်ကိုငှား လိုက်တယ်ပေါ့ဗျာ။ကျွန်တော့ သံယောဇဉ်လည်း ပျော်သွားတာပေါ့။မြေညီထပ်ရဖို့က အဓိကမဟုတ်လား။အဲဒီလိုနဲ့ ရှိတဲ့ပစ္စည်းလေးတွေ ရွှေ့ပြောင်းမှုလုပ်ခဲ့ကြတယ်။

ဒီတိုက်ခန်းလေးက သိပ်ပြင်စရာမလိုပေ။ အဲယားကွန်းတော့မပါဘူးပေါ့။အိမ်သာနဲ့ ရေချိုးခန်းက သီးခြား။

အောက်ထပ်ဆိုတော့ နောက်ဖေးတံခါးကို အမြဲသော့ခတ်ထားရမှာပေါ့။အောက်ထပ်နေချင်ရင်တော့ နောက်ဖေးလမ်းကြား မြင်ကွင်းကို လျစ်လျူရှုနိုင်မှ။

မငှားခင်က နောက်ဖေးလမ်းကြား အခြေအနေလေး သိချင်လို့ ဖွင်ကြည့်မိတယ်။ကြည့်ရမှာပေါ့…ရေမော်တာက နောက်ဖေးလမ်းကြားထဲမှာလေ။ကိုယ့်အခန်းရဲ့ ရေမော်တာက ဘယ်လိုအခြေအနေရှိလည်းဆိုတာ မဖြစ်မနေ ကို ကြည့်ရမှာပါ။ရေမော်တာထားဖို့ အုတ်ခုံအခန်းလေးတွေနဲ့ လုပ်ထားပေးပါတယ်။ သံတံခါးလေးတွေ တက်ပြီး သောပိတ်ပေးထားတယ်။ရေမော်တာမောင်းကြည့်တော့…အင်း…ရေမော်တာကတော့ ကောင်းသည်။ ရေမော်တာ အောက်နဲ့ ဘေးပတ်လည်မှာ ကြွက်ဆွဲထားတဲ့ ကြွပ်ကြွပ်အိတ်တွေဆိုတာမြင်မကောင်း။ ဒီထက်မကောင်းတာက…..

အို..အများကြီးပဲဗျာ။ဖော့ဘူးတွေ၊ကြွပ်ကြွပ်အိတ်တွေ၊ဘာညာ၊ဘာညာအခွံတွေကို စုံလို့ပေါ့။ စားကြွင်း စားကျန်တွေကို ပစ်စလက်ခတ်ပစ်ထားကြတော့ ကြွက်ကြီးတွေဟာ လူရှိနေတာတောင် ပြေးလို့လွှားလို့၊ ရှာဖွေစားလို့ပေါ့။

မိလ္လာကန်ထဲဆင်းတဲ့ ပိုက်တွေကလည်း အောက်ခြေတွေကပေါက်ပြဲကျိုးပဲနေတော့။တစ်တိုက်လုံးက ယိုသမျှချီးတွေဆိုတာ နောက်ဖေးမြောင်းထဲနဲ့ မြောင်းအပေါ်တွေမှာ အရောင်အဆင်းစုံစွာနဲ့။ အနံ့အသက်က မကောင်း။ရေမော်တာစစ်နေတုန်း အပေါ်ဘယ်အခန်းကမှန်းမသိ ပျိုမဒီတို့ရဲ့ လစဉ်သုံးပစ္စည်းက ရေမော်တာ အုတ်ခုံပေါ် ဖုတ်ကနည်းလာကျတော့ လန့်တောင်သွားတယ်။တော်သေးတာ ခေါင်းပေါ်လာမကျလို့။

ဒီတိုက်က လူတွေရဲ့ နေထိုင်မှုအခြေအနေလေးကိုလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့သိရပြီ။နောက်ဖေးတံခါးနဲ့ ပြတင်းပေါက်တွေကိုတော့ အမြဲတမ်းပိတ်ထားရပေတော့မည်။

မီးဖိုခန်းမှာ အိတ်ဇောဖန် ရှိတာမို့ အကြော်အလှော်၊အငွေ့အသက်တို့ အိမ်ရှေ့ခန်းတော့ သိပ်မရောက်နိုင်။ ကောင်းကွက်လေးတွေလည်း ရှာကြည့်ရတယ်။။

အေးပေါ့ဗျာ…အဲဒီလိုနဲ့ မြေညီထပ်ကိုရခဲ့တယ်ပေါ့။

အောက်ထပ်ဆိုတော့ နောက်ဖေးက အနံ့အသက်တွေမဝင်အောင် တံခါးအမြဲပိတ်ထားတော့ လေကမဝင်။ လေမဝင်တော့ အိုက်စပ်စပ်။လူရှိရင် ပန်ကာကအမြဲဖွင့်ထားမှ။

ရှေ့တံခါးက သံပန်းဘာဂျာတံခါးပေါ့။အောက်ပိုင်းကို သံပြားလေးတွေနဲ့ လုပ်ထားတဲ့အတွက် ဘာဂျာတံခါးကို ပိတ်လိုက်ရင် စေ့စေ့စပ်စပ်ဖြစ်သွားပြီး ကြွက်မဝင်နိုင်လူးပေါ့။ဒါပေမဲ့ ကြွက်ဆိုတာ ကြိုးတန်းကနေတောင် သွားနိုင်တဲ့အကောင်။ညပိုင်း ဘာဂျာတံခါးလေး ခဏဖွင့်ထားမိတယ်ဆိုရင်လည်း ပလက်ဖောင်းမြောင်းကြားက ထွက်လာပြီး အိမ်ထဲဝင်ဝင်လာတဲ့ကြွက်ကို ရှင်းရတာကလည်း အလုပ်တစ်ခုဖြစ်လာတယ်ဗျာ။

အိမ်ရှေ့ဘေးနှစ်ဖက်မှာ အုတ်ခုံဘောင်လေးတွေရှိတော့ အပေါ်ထပ်ကလူတွေရော၊ အရက်သမားရော၊ အရူးအနှမ်းတွေရော နားစရာထိုင်စရာ နေရာဖြစ်နေတော့တာပေါ့။နောက်ပိုင်းတော့ အဲနေရာတွေကို ပန်းအိုးတွေ တင်ထားလိုက်တယ်။ဒါပေမဲ့ ပန်းအိုးဟာ ကွမ်းကြိုက်သူတွေရဲ့ ကွမ်းတံတွေးခွက်ဖြစ်ရပြန်ပါတယ်။

မြေညီထပ်ဆိုတော့ ဒါတွေကိုသီးခံရမှာပေါ့။တစ်ခါတစ်ရံ အိပ်ကောင်းမယ့်အချိန် လက်ကမြင်းတဲ့သူတွေက သော့ခလောက်ကို လှုပ်ခတ်သွားတာတွေကလည်းရှိရဲ့၊အပေါ်ထပ်အခန်းလိပ်စာ မေးတဲ့သူတွေကိုလည်း ဖြေကြားပေးရတာတွေလည်း ရှိရဲ့၊အို..စုံလို့ပေါ့ဗျာ။

မြေညီထပ်ဆိုတာ လူတိုင်းဦးတိုက်ရာ နေရာလိုဖြစ်တော့ သူခိုးသူဝှက်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ရာ နေရာလည်းဖြစ်တာပေါ့။ သတိလည်းထားနေရတာပေါ့။ဒါပေမဲ့ သူခိုးသူဝှက်ရန် မကြုံဘဲ နေ့တိုင်းနီးပါး ကြုံရတာကတော့ ခွေးရန်ပါဘဲ။

ခွေးဆိုတဲ့ကောင်တွေက အိမ်ရှေ့တံခါးကို မာကင်(marking)အမြဲလာလာလုပ်တတ်တယ်။မာကင်လုပ်တယ် ဆိုတာက သေးလာလာပန်းတာပါ။အဲဒီအကောင်တွေဟာ အိမ်ရှေ့ ချေးတစ်ခါပါဘူးရင် နောက်နေ့လည်း အနံ့ခံပြီး ချီးပါသေးပန်း အမြဲလုပ်တော့တာပါပဲ။

ဒါကလွဲရင် မြေညီထပ်ဟာ သိပ်ကိုနေလို့ကောင်းတာပေါ့ဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမညီထပ္ရမည္....

ေျမညီထပ္ရွာေပးေနာ္ “ကို”တဲ့။သံေယာဇဥ္ရဲ႕ခ်စ္စကား။ဘာရမလဲ ဒီေကာင္လည္း ေျမညီထပ္အခန္း ရေအာင္ရွာေတာ့တာေပါ့။

ဟုတ္သည္။ေျမညီထပ္ဆိုတာက ဆင္းရတက္ရ လုပ္စရာမလိုဘူး။အေရးအေၾကာင္းဆို ထြက္ရျပဳရလြယ္တာ ေပါ့။ေဈးေရာင္းမလား ေရာင္းႏိုင္ရဲ႕။ကိုယ့္  တိုက္ခန္း  ေရွ႕မ်က္ႏွာစာမွာ ပန္းပင္ေလးေတြစိုက္ရင္လည္း စိုက္ထားလို႔ရမယ္။ေျမညီထပ္မွာဆို လုပ္စရာအခြင့္အလမ္းေတြက အမ်ားႀကီးေပၚလာမွာေပါ့။

ေျမညီထပ္လိုခ်င္တဲ့ အဓိကအေၾကာင္းရင္းကေတာ့ လူေန ဆိုင္ခန္း  ေလးဖြင့္ဖို႔ ရည္ရြယ္တာပါပဲ။ ဆိုင္ဖြင္႔ဖို႔ ကိစၥက ေနာက္ကိစၥပါ။လူေနဖို႔ကအရင္။ရပ္ကြက္အေျခအေနနဲ႔ လူစည္ကားမႈ အေျခအေနလိုက္ၿပီး ဆိုင္ဖြင့္မေပါ့။

အဲလိုနဲ ႔ေျမညီထပ္ကိုငွား လိုက္တယ္ေပါ့ဗ်ာ။ကၽြန္ေတာ့ သံေယာဇဥ္လည္း ေပ်ာ္သြားတာေပါ့။ေျမညီထပ္ရဖို႔က အဓိကမဟုတ္လား။အဲဒီလိုနဲ႔ ရွိတဲ့ပစၥည္းေလးေတြ ေရႊ႕ေျပာင္းမႈလုပ္ခဲ့ၾကတယ္။

ဒီတိုက္ခန္းေလးက သိပ္ျပင္စရာမလိုေပ။ အဲယားကြန္းေတာ့မပါဘူးေပါ့။အိမ္သာနဲ႔ ေရခ်ိဳးခန္းက သီးျခား။

ေအာက္ထပ္ဆိုေတာ့ ေနာက္ေဖးတံခါးကို အျမဲေသာ့ခတ္ထားရမွာေပါ့။ေအာက္ထပ္ေနခ်င္ရင္ေတာ့ ေနာက္ေဖးလမ္းၾကား ျမင္ကြင္းကို လ်စ္လ်ဴရႈႏိုင္မွ။

မငွားခင္က ေနာက္ေဖးလမ္းၾကား အေျခအေနေလး သိခ်င္လို႔ ဖြင္ၾကည့္မိတယ္။ၾကည့္ရမွာေပါ့…ေရေမာ္တာက ေနာက္ေဖးလမ္းၾကားထဲမွာေလ။ကိုယ့္အခန္းရဲ႕ ေရေမာ္တာက ဘယ္လိုအေျခအေနရွိလည္းဆိုတာ မျဖစ္မေန ကို ၾကည့္ရမွာပါ။ေရေမာ္တာထားဖို႔ အုတ္ခုံအခန္းေလးေတြနဲ႔ လုပ္ထားေပးပါတယ္။ သံတံခါးေလးေတြ တက္ၿပီး ေသာပိတ္ေပးထားတယ္။ေရေမာ္တာေမာင္းၾကည့္ေတာ့…အင္း…ေရေမာ္တာကေတာ့ ေကာင္းသည္။ ေရေမာ္တာ ေအာက္နဲ႔ ေဘးပတ္လည္မွာ ၾကြက္ဆြဲထားတဲ့ ၾကြပ္ၾကြပ္အိတ္ေတြဆိုတာျမင္မေကာင္း။ ဒီထက္မေကာင္းတာက…..

အို..အမ်ားႀကီးပဲဗ်ာ။ေဖာ့ဘူးေတြ၊ၾကြပ္ၾကြပ္အိတ္ေတြ၊ဘာညာ၊ဘာညာအခြံေတြကို စုံလို႔ေပါ့။ စားၾကြင္း စားက်န္ေတြကို ပစ္စလက္ခတ္ပစ္ထားၾကေတာ့ ၾကြက္ႀကီးေတြဟာ လူရွိေနတာေတာင္ ေျပးလို႔လႊားလို႔၊ ရွာေဖြစားလို႔ေပါ့။

မိလႅာကန္ထဲဆင္းတဲ့ ပိုက္ေတြကလည္း ေအာက္ေျခေတြကေပါက္ျပဲက်ိဳးပဲေနေတာ့။တစ္တိုက္လုံးက ယိုသမွ်ခ်ီးေတြဆိုတာ ေနာက္ေဖးေျမာင္းထဲနဲ႔ ေျမာင္းအေပၚေတြမွာ အေရာင္အဆင္းစုံစြာနဲ႔။ အန႔ံအသက္က မေကာင္း။ေရေမာ္တာစစ္ေနတုန္း အေပၚဘယ္အခန္းကမွန္းမသိ ပ်ိဳမဒီတို႔ရဲ႕ လစဥ္သုံးပစၥည္းက ေရေမာ္တာ အုတ္ခုံေပၚ ဖုတ္ကနည္းလာက်ေတာ့ လန္႔ေတာင္သြားတယ္။ေတာ္ေသးတာ ေခါင္းေပၚလာမက်လို႔။

ဒီတိုက္က လူေတြရဲ႕ ေနထိုင္မႈအေျခအေနေလးကိုလည္း တစ္စိတ္တစ္ပိုင္းအေနနဲ႔သိရၿပီ။ေနာက္ေဖးတံခါးနဲ႔ ျပတင္းေပါက္ေတြကိုေတာ့ အျမဲတမ္းပိတ္ထားရေပေတာ့မည္။

မီးဖိုခန္းမွာ အိတ္ေဇာဖန္ ရွိတာမို႔ အေၾကာ္အေလွာ္၊အေငြ႔အသက္တို႔ အိမ္ေရွ႕ခန္းေတာ့ သိပ္မေရာက္ႏိုင္။ ေကာင္းကြက္ေလးေတြလည္း ရွာၾကည့္ရတယ္။။

ေအးေပါ့ဗ်ာ…အဲဒီလိုနဲ႔ ေျမညီထပ္ကိုရခဲ့တယ္ေပါ့။

ေအာက္ထပ္ဆိုေတာ့ ေနာက္ေဖးက အနံ႔အသက္ေတြမဝင္ေအာင္ တံခါးအျမဲပိတ္ထားေတာ့ ေလကမဝင္။ ေလမဝင္ေတာ့ အိုက္စပ္စပ္။လူရွိရင္ ပန္ကာကအျမဲဖြင့္ထားမွ။

ေရွ႕တံခါးက သံပန္းဘာဂ်ာတံခါးေပါ့။ေအာက္ပိုင္းကို သံျပားေလးေတြနဲ႔ လုပ္ထားတဲ့အတြက္ ဘာဂ်ာတံခါးကို ပိတ္လိုက္ရင္ ေစ့ေစ့စပ္စပ္ျဖစ္သြားၿပီး ၾကြက္မဝင္ႏိုင္လူးေပါ့။ဒါေပမဲ့ ၾကြက္ဆိုတာ ႀကိဳးတန္းကေနေတာင္ သြားႏိုင္တဲ့အေကာင္။ညပိုင္း ဘာဂ်ာတံခါးေလး ခဏဖြင့္ထားမိတယ္ဆိုရင္လည္း ပလက္ေဖာင္းေျမာင္းၾကားက ထြက္လာၿပီး အိမ္ထဲဝင္ဝင္လာတဲ့ၾကြက္ကို ရွင္းရတာကလည္း အလုပ္တစ္ခုျဖစ္လာတယ္ဗ်ာ။

အိမ္ေရွ႕ေဘးႏွစ္ဖက္မွာ အုတ္ခုံေဘာင္ေလးေတြရွိေတာ့ အေပၚထပ္ကလူေတြေရာ၊ အရက္သမားေရာ၊ အရူးအနွမ္းေတြေရာ နားစရာထိုင္စရာ ေနရာျဖစ္ေနေတာ့တာေပါ့။ေနာက္ပိုင္းေတာ့ အဲေနရာေတြကို ပန္းအိုးေတြ တင္ထားလိုက္တယ္။ဒါေပမဲ့ ပန္းအိုးဟာ ကြမ္းႀကိဳက္သူေတြရဲ႕ ကြမ္းတံေတြးခြက္ျဖစ္ရျပန္ပါတယ္။

ေျမညီထပ္ဆိုေတာ့ ဒါေတြကိုသီးခံရမွာေပါ့။တစ္ခါတစ္ရံ အိပ္ေကာင္းမယ့္အခ်ိန္ လက္ကျမင္းတဲ့သူေတြက ေသာ့ခေလာက္ကို လႈပ္ခတ္သြားတာေတြကလည္းရွိရဲ႕၊အေပၚထပ္အခန္းလိပ္စာ ေမးတဲ့သူေတြကိုလည္း ေျဖၾကားေပးရတာေတြလည္း ရွိရဲ႕၊အို..စုံလို႔ေပါ့ဗ်ာ။

ေျမညီထပ္ဆိုတာ လူတိုင္းဦးတိုက္ရာ ေနရာလိုျဖစ္ေတာ့ သူခိုးသူဝွက္ရဲ႕ မ်က္စိေဒါက္ေထာက္ၾကည့္ရာ ေနရာလည္းျဖစ္တာေပါ့။ သတိလည္းထားေနရတာေပါ့။ဒါေပမဲ့ သူခိုးသူဝွက္ရန္ မႀကဳံဘဲ ေန႔တိုင္းနီးပါး ႀကံဳရတာကေတာ့ ေခြးရန္ပါဘဲ။

ေခြးဆိုတဲ့ေကာင္ေတြက အိမ္ေရွ႕တံခါးကို မာကင္(marking)အျမဲလာလာလုပ္တတ္တယ္။မာကင္လုပ္တယ္ ဆိုတာက ေသးလာလာပန္းတာပါ။အဲဒီအေကာင္ေတြဟာ အိမ္ေရွ႕ ေခ်းတစ္ခါပါဘူးရင္ ေနာက္ေန႔လည္း အနံ႔ခံၿပီး ခ်ီးပါေသးပန္း အျမဲလုပ္ေတာ့တာပါပဲ။

ဒါကလြဲရင္ ေျမညီထပ္ဟာ သိပ္ကိုေနလို႔ေကာင္းတာေပါ့ဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service