အဆိပ် အတောက်ဖြစ်စေတတ်သောကြောင့် ပြန်နွှေးပြီး မစားသင့်သော အစားအစာ (၇) မျိုး
အဆိပ် အတောက်ဖြစ်စေတတ်သောကြောင့် ပြန်နွှေးပြီး မစားသင့်သော အစားအစာ (၇) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
12 Aug 2022 3:30 pm တွင် တင်ခဲ့သည်
876 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ကျွန်တော် တို့မှာ စားကြွင်းစားကျန်များကျန်ရှိလျှင် အထူးသဖြင့် ကျွန်တော်တို့အကြိုက်ဆုံးအစားအစာဆိုရင် ၂ကြိမ်၃ကြိမ်နွေးပြီး ပြန်စားတတ်ကြပါတယ်။ သို့သော်လည်းပဲ တစ်ချို့ အစားအသောက်များဟာ ပြန်နွေးပြီးနောက် စားဖို့ဘေးကင်းသော်လည်း တစ်ခြားအစာများဟာ ဘေးမကင်းဘဲ ကျွန်တော်တို့ကို ထိခိုက်စေပါတယ်။ ကျန်းမာသောအစားအစာတချို့ကို ပြန်နွေးတဲ့အခါ ကျွန်တော်တို့ကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ ယုံဖို့ခက်ပါတယ်။ ဒါပေမဲ့ အဆိုပါကျန်းမာသောအစားအစာများဟာ နွေးပြီးတဲ့နောက်ပိုင်း သူတို့ရဲ့အာဟာရများ ဆုံးရှုံးသွားတတ်ပါတယ်။ အောက်ပါအစားအစာ ၇မျိုးကို နွေးပြီးပြန်မစားသင့်ပါ။ ၁။ ဟင်းနုနွယ် ဟင်းနုနွယ်ကိုပြန်နွေးစားခြင်းဟာ အမှန်တကယ်ဘေးမကင်းပြီး ဘယ်တော့မှ မလုပ်သင့်ပါ။ ချက်ပြီးနောက် လတ်ဆတ်တုန်း ချက်ချင်းကုန်အောင်စားပေးပါ။ အကြောင်းမှာ ဟင်းနုနွယ်မှာတွေ့ရတဲ့ နိုက်ထရိတ်(Nitrates)ဓါတ်ကြောင့် ဖြစ်တယ်။ ကျွန်တော်တို့ ပြန်နွေးလိုက်တဲ့အခါ နိုက်ထရိတ်က နိုက်ထရိုက်(Nitrites)အသွင်ပြောင်းသွားကာ ဟင်းနုနွယ်က ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ကင်ဆာဖြစ်စေနိုင်ပါတယ်။ ၂။ တရုတ်နံနံ တရုတ်နံနံကို အမြဲလိုလိုဟင်းရည်ချက်တဲ့အခါမှာ ထည့်သုံးကြပါတယ်။ ဟင်းနုနွယ်ကဲ့သို့ တရုတ်နံနံမှာလည်း ပြန်နွေးလိုက်တဲ့အခါ နိုက်ထရိတ်က နိုက်ထရိုက်အသွင်ပြောင်းသွားပါတယ်။ အကယ်၍ တရုတ်နံနံထည့်မဲ့ဟင်းရည်ချက်မယ်ဆိုရင် ဟင်းရည်ကို တစ်ခါတည်းချက်ချင်းကုန်အောင် စားသင့်ပါတယ် (သို့) ဟင်းရည်ကိုမနွေးခင် တရုတ်နံနံကို အရင်ဖယ်လိုက်ပါ။ မုန်လာဥနီလည်း အလားတူစွာပါပဲ။
၃။ မုန်လာဥနီ မုန်လာဥနီမှာ နိုက်ထရိတ်ဓါတ်ပါတဲ့ အခြားသောအစားအစာဖြစ်ပြီး ပြန်နွေးလိုက်တဲ့အခါ ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်ရှိပြီး ပျက်စီးဆုတ်ယုတ်စေပါတယ်။အကျိုးကျေးဇူးအများဆုံးရဖို့ အသုတ်(သို့)ဖျော်ရည်လုပ်စားသင့်ပါတယ်။ ၄။ အာလူး အာလူးမှာ ကျန်းမာစေသောအကျိုးကျေးဇူးများစွာရှိတဲ့အတွက် အလွန်အသုံးဝင်လှပါတယ်။ သို့သော် ချက်ပြီးတစ်ရက်တည်းမှာ မစားရင် အဆိုပါအကျိုးကျေးဇူးများနဲ့ အစာအာဟာရအရည်အသွေးပြည့်ဝမှု ဆုံးရှုံးတတ်ပါတယ်။ နောက်တစ်နေ့မှာစားမယ်၊ ပြန်နွေးစားမယ်ဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အကျိုးပြုမဲ့အစား အန္တရာယ်ပြုစေပါတယ်။အာလူးအကြွင်းအကျန်များကိုအကောင်းဆုံးလုပ်နိုင်တာကတော့ အာလူးပူရီ(သို့) အသုတ်အအေးလုပ်စားပါ။ ၅။ ကြက်ဥ ကြော်ထား၊ပြုတ်ထားတဲ့ကြက်ဥများကို ပြန်နွေးခြင်းဟာ ကျွန်တော်တို့ကို အလွန်အန္တရာယ်ရှိစေတာကြောင့် ပြုတ်နွေးစားခြင်း မလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ရဲ့အနံ့၊ အရသာပြောင်းလဲသွားပြီး သူတို့မှာပါဝင်တဲ့ဲဒြပ်ပေါင်းများဟာ အပူချိန်မြင့်မားတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ (ဒါကြောင့် မတတ်သာလို့နွှေးမယ်ဆိုရင် နွေးရုံလောက်သာနွေးပါ)
၆။ ကြက်သား ကြက်သားက ချက်ပြီးနောက်တစ်နေ့စားတဲ့အခါ အတော်လေးအန္တရာယ်ရှိပါတယ်။ အစာချေဖျက်မှုဆိုင်ရာပြသနာတစ်ချို့ ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပရိုတိန်းတည်ဆောက်ပုံမှာ နောက်တစ်နေ့မှာ ပြောင်းလဲသွားပါတယ်။ ကြက်သားမှာ နီရဲသောအသားမှာထက် ပရိုတိန်းဓါတ်ပိုမိုပါဝင်သောကြောင့် စိုးရိမ်ရတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ကြက်သားကို အအေးစားသင့်ပါတယ်။ အကယ်၍ သင်က ကြက်သားကို လုံးဝနွေးစားဖို့လိုအပ်ရင်တော့ အချိန်ကြာကြာ အပူချိန်နဲနဲနဲ့ သေချာနွေးပါ။
၇။ မှို ပြန်နွေးထားတဲ့မှိုတွေမှာ ကျန်းမာရေးအန္တရာယ်အမြင့်မားဆုံး ပါရှိပါတယ်။ သူတို့ကို ချက်ပြီးတာနဲ့ ချက်ချင်းကုန်အောင် စားသင့်ပါတယ်။သို့မဟုတ် နောက်တစ်နေ့မှာ အအေးခံပြီးစားပါ။ ပြန်နွေးထားတဲ့မှိုကိုစားတဲ့အခါ သင့်ကိုယ်ကို အစာချေဖျက်မှုနဲ့ နှလုံးရောဂါပြသနာတောင်မှ ဖြစ်လာစေဖို့ အကဲစမ်းလိုက်သလို ဖြစ်သွားပါတယ်။
စားကြွင်းစားကျန်အမျိုးအစားများကို မီးဖို (သို့) မိုက်ခရိုဝေ့နဲ့နွေးတဲ့အခါ ဂရုစိုက်ပါ။ အဆိပ်အတောက်၊ မူးဝေခြင်းနဲ့ ပျို့အန်ခြင်းကဲ့သို့ ဖြစ်နိုင်ဖွယ်ကျန်းမာရေးပြသနာများကင်းဝေးဖို့ အထက်ပါအစားအစာ(၇)မျိုးအား ပြန်နွေးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ အစားအသောက်များကို ဘေးကင်းစိတ်ချစွာပြန်နွေးဖို့ အောက်ပါအကြံပေးချက်များကို သေချာစွာမှတ်သားထားပါ။အစာရဲ့အလယ်တည့်တည့်ကို အပူချိန် ၁၅၀ဒီဂရီဖာရင်ဟိုက်ရောက်သည်အထိလျင်မြန်စွာ ပြန်နွေးပါ။သင်စားမယ့်ပမာဏလောက်ပဲ ပြန်နွေးပါ။ချက်ပြီးသားအစားအသောက်များနဲ့ မချက်ရသေးတဲ့အစာများကို အပြန်အလှန်ညစ်ညမ်းမှု(cross contamination)မဖြစ်အောင် အတူတွဲမထားသင့်ပါ။ ပါဝင်မှုပစ္စည်းတွေအားလုံးမတူညီတာကို သတိရှိပြီး တူညီစွာမပူနိုင်ကြပါဘူး။ အစာ(၁)မျိုးထက်ပို၍အပူပြန်ပေးတဲ့အခါ အားလုံးညီညီမျှမျှနွေးသွားအောင် အဖုံးအုပ်ထားပါ။အကယ်၍ ၄ရက်အတွင်း သင်ကုန်အောင်စားနိုင်မယ်မထင်ရင် အကောင်းဆုံးက (freeze)ခဲအောင်လုပ်ထားပါ။ ပျားပန်းခတ်မျှအလုပ်ရှုပ်တဲ့ယနေ့ခေတ်မှာ လူတိုင်းခဏခဏချက်ပြုတ်ချိန်မရဘဲ အများကြီးချက်ကာ ရေခဲသေတ္တာထဲထည့်ပြီး ပြန်နွေးစားတတ်ကြပါတယ်။ ဒါကြောင့် လူတိုင်းရောဂါဘယကင်းဝေးစေရန် ရည်သန်၍ ဒီပို့စ်လေးရေးပြီး အားလုံးပဲ ကျန်းမာရေးဗဟုသုတရှိကာ အစားအသောက်များကို ချင့်ချိန်စားသုံးနိုင်ကြပါစေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit : Mon Pharmacy
[Zawgyi]
Credit:  Mon Pharmacy
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Innwa Pyae Sone
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service