ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အခုလို မိုးအေးအေးနဲ့ရာသီဥတုမှာ ရေနွေးပူပူလေးတခွက်နဲ့ ဇိမ်ကျနေဖူးပါသလား။ တကယ်တော့ ရေနွေးပူပူလေးတခွက်ဟာ သင့်ကိုနွေးထွေးစေရုံသာမက တခြားအကျိုးကျေးဇူးတွေလည်း ပေးနိုင်ပါသေးတယ်။ အစာကြေခြင်း၊ နှာစေးသက်သာစေခြင်း၊ လန်းဆန်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရစေနိုင်ပါတယ်။
ရေနွေးတခွက်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၂၀ ဒီဂရီဖာရင်ဟိုက်ကနေ ၁၄၀ ဒီဂရီဖာရင်ဟိုက်အကြားပဲ ရှိသင့်ပါတယ်။ ဒီထက် ပူသွားရင် လျှာက အရသာခံအဖုလေးတွေကို ထိခိုက်သွားနိုင်ပါတယ်။
ယခုဆက်လက်ဖော်ပြမှာကတော့ ရေနွေးသောက်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။
နှာစေးနှာပိတ်ခြင်းကို သက်သာစေခြင်း
ရေနွေးပူပူကထွက်တဲ့ အငွေ့ဟာ နှာစေးနှာပိတ်ခြင်းကို သက်သာစေပါတယ်။ ရေနွေးခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး ထွက်လာတဲ့အငွေ့များကို နိုင်သလောက်ရှူပေးခြင်းအားဖြင့် နှာပိတ်ခြင်းနဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ရေနွေးကို သောက်လိုက်တဲ့အခါ လည်ချောင်းတလျှောက်မှာရှိတဲ့ ချွဲသလိပ်တွေကို ပျော်စေပါတယ်။
အစာကြေစေခြင်း
ရေနွေးသောက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းကို လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ အရည်ဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် အညစ်အကြေးများကို စွန့်ထုတ်ဖို့လည်း အထောက်အကူပြုပါတယ်။ အစားအစာများကို ကောင်းစွာပျော်ဝင်စေပြီး အစာချေဖို့ လွယ်ကူစေပါတယ်။
ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း
ရေနွေးသောက်လိုက်တဲ့အခါ အူများကို ညှစ်အားဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ အူလမ်းကြောင်းထဲ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ထွက်လာစေပါတယ်။ ဒါကြောင့် ရေနွေးနွေးကို ပုံမှန်သောက်သုံးပေးခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
ကိုယ်အလေးချိန် လျှော့ချရန် ကူညီပေးခြင်း
ရေနွေးသောက်လိုက်ရင် ကိုယ်ခန္ဓာရဲ့ အပူချိန်ထိန်းသိမ်းတဲ့စနစ်ကို နှိုးကြွလာစေပါတယ်။ သောက်လိုက်တဲ့ရေနွေးကို ကိုယ်ခန္ဓာကနေ တုံ့ပြန်ရာကနေ ကိုယ်တွင်းအပူချိန်ကျဆင်းစေပြီး ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးပါတယ်။ ဇီဝဖြစ်ပျက်မှု ပိုမိုဖြစ်ပေါ်ခြင်းဟာ ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူပြုပါတယ်။
သွေးလည်ပတ်မှုကို ကောင်းစေခြင်း
ရေနွေးနဲ့ ရေချိုးခြင်းဟာ သွေးကြောများကို ကျယ်လာစေပြီး သွေးများကို ပိုမိုလည်ပတ်စေပါတယ်။ ရေနွေးသောက်ပေးခြင်းဟာလည်း ယခုအာနိသင်ကိုမျိုး ရစေနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းခြင်းကြောင့် သွေးပေါင်ချိန်မှန်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေပါတယ်။ ညအချိန် ရေနွေးနဲ့ ရေချိုးခြင်း၊ ရေနွေးသောက်ခြင်းဟာ သင့်ကိုသက်တောင့်သက်သာဖြစ်စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။
စိတ်ဖိစီးမှုကျစေခြင်း
ရေနွေးသောက်ခြင်းဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ရေနွေးသောက်ပြီးချိန်မှာ စိတ်ပူပန်မှု လျော့ပါးတတ်ပါတယ်။ စိတ်လည်းငြိမ်စေတယ်လို့ သိရပါတယ်။
ရေနွေးသောက်လိုက်ရင် ကိုယ်ခန္ဓာပူနွေးလာပါတယ်။ ချွေးလည်းစို့လာစေပါတယ်။ ချွေးထွက်ခြင်းဟာ သက်တောင့်သက်သာဖြစ်စရာမဟုတ်ပေမယ့် ကိုယ်ခန္ဓာကနေ ပတ်ဝန်းကျင်ကို ထိတွေ့ရာကနေ ကပ်ငြိလာနိုင်မယ့် အဆိပ်အတောက်များကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာထဲက အညစ်အကြေးတွေကိုလည်း စွန့်ထုတ်ပြီးသား ဖြစ်ပါတယ်။
အစာနင်ခြင်းကို သက်သာစေခြင်း
အစာရေမျို ရောင်ရမ်းသူအချို့ဟာ အစာကိုမျိုချဖို့ ခက်ခဲပါတယ်။ ဒီအခြေအနေကို achalasia လို့ ခေါ်ပါတယ်။ တစ်ခါတစ်လေမှာ အစာမျိုချရင် နာနေတတ်ပါတယ်။ အဆိုပါပြဿနာအတွက် ရေနွေးပူပူသောက်ပေးရင် အစာရေမြို ရောင်ရမ်းခြင်းကို သက်သာစေပြီး အစာများကိုလည်း ရှောရှောရှူရှူ ဝင်စေပါတယ်။ အထူးသဖြင့် ဆီများတဲ့ စားစရာတွေ၊ အသားကြီးငါးကြီးတွေအတွက် အထောက်အကူဖြစ်ပါတယ်။
သတိပြုရန်
ရေနွေးဟာ အရမ်းပူရင်တော့ အဆင်မပြေပါဘူး။ အစာရေမျိုနဲ့ လျှာကို အပူလောင်စေနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုပူချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်တွေမှာ ရေနွေးမသောက်သင့်ပါဘူး။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
ေရေႏြးပူပူေသာက္ျခင္း၏ အက်ိဳးေက်းဇူးမ်ား
အခုလို မိုးေအးေအးနဲ႔ရာသီဥတုမွာ ေရေႏြးပူပူေလးတခြက္နဲ႔ ဇိမ္က်ေနဖူးပါသလား။ တကယ္ေတာ့ ေရေႏြးပူပူေလးတခြက္ဟာ သင့္ကိုေႏြးေထြးေစ႐ုံသာမက တျခားအက်ိဳးေက်းဇူးေတြလည္း ေပးႏိုင္ပါေသးတယ္။ အစာေၾကျခင္း၊ ႏွာေစးသက္သာေစျခင္း၊ လန္းဆန္းေစျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရေစႏိုင္ပါတယ္။
ေရေႏြးတခြက္ရဲ႕ ပ်မ္းမွ်အပူခ်ိန္ဟာ ၁၂၀ ဒီဂရီဖာရင္ဟိုက္ကေန ၁၄၀ ဒီဂရီဖာရင္ဟိုက္အၾကားပဲ ႐ွိသင့္ပါတယ္။ ဒီထက္ ပူသြားရင္ လွ်ာက အရသာခံအဖုေလးေတြကို ထိခိုက္သြားႏိုင္ပါတယ္။
ယခုဆက္လက္ေဖာ္ျပမွာကေတာ့ ေရေႏြးေသာက္ျခင္းအားျဖင့္ ရ႐ွိႏိုင္တဲ့ အက်ိဳးေက်းဇူးေတြ ျဖစ္ပါတယ္။
ႏွာေစးႏွာပိတ္ျခင္းကို သက္သာေစျခင္း
ေရေႏြးပူပူကထြက္တဲ့ အေငြ႕ဟာ ႏွာေစးႏွာပိတ္ျခင္းကို သက္သာေစပါတယ္။ ေရေႏြးခြက္ကို လက္ႏွစ္ဖက္နဲ႔ ကိုင္ထားၿပီး ထြက္လာတဲ့အေငြ႕မ်ားကို ႏိုင္သေလာက္႐ွဴေပးျခင္းအားျဖင့္ ႏွာပိတ္ျခင္းနဲ႔ ေခါင္းကိုက္ျခင္းကို သက္သာေစပါတယ္။ ေရေႏြးကို ေသာက္လိုက္တဲ့အခါ လည္ေခ်ာင္းတေလွ်ာက္မွာ႐ွိတဲ့ ခြၽဲသလိပ္ေတြကို ေပ်ာ္ေစပါတယ္။
အစာေၾကေစျခင္း
ေရေႏြးေသာက္ျခင္းဟာ အစာအိမ္အူလမ္းေၾကာင္းကို လႈပ္႐ွားမႈ ေကာင္းမြန္ေစပါတယ္။ အစာအိမ္အူလမ္းေၾကာင္းတေလွ်ာက္မွာ အရည္ဓာတ္ကို ျဖည့္တင္းေပးတဲ့အျပင္ အညစ္အေၾကးမ်ားကို စြန္႔ထုတ္ဖို႔လည္း အေထာက္အကူျပဳပါတယ္။ အစားအစာမ်ားကို ေကာင္းစြာေပ်ာ္ဝင္ေစၿပီး အစာေခ်ဖို႔ လြယ္ကူေစပါတယ္။
ဝမ္းခ်ဳပ္ျခင္းကို သက္သာေစျခင္း
ေရေႏြးေသာက္လိုက္တဲ့အခါ အူမ်ားကို ညႇစ္အားျဖစ္ေပၚေစပါတယ္။ အဲဒီအခါ အူလမ္းေၾကာင္းထဲ ပိတ္ဆို႔ေနတဲ့ အညစ္အေၾကးေတြကို ထြက္လာေစပါတယ္။ ဒါေၾကာင့္ ေရေႏြးေႏြးကို ပုံမွန္ေသာက္သုံးေပးျခင္းဟာ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။
ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရန္ ကူညီေပးျခင္း
ေရေႏြးေသာက္လိုက္ရင္ ကိုယ္ခႏၶာရဲ႕ အပူခ်ိန္ထိန္းသိမ္းတဲ့စနစ္ကို ႏိႈးႂကြလာေစပါတယ္။ ေသာက္လိုက္တဲ့ေရေႏြးကို ကိုယ္ခႏၶာကေန တုံ႔ျပန္ရာကေန ကိုယ္တြင္းအပူခ်ိန္က်ဆင္းေစၿပီး ဇီဝျဖစ္ပ်က္မႈကို လႈံ႕ေဆာ္ေပးပါတယ္။ ဇီဝျဖစ္ပ်က္မႈ ပိုမိုျဖစ္ေပၚျခင္းဟာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ အေထာက္အကူျပဳပါတယ္။
ေသြးလည္ပတ္မႈကို ေကာင္းေစျခင္း
ေရေႏြးနဲ႔ ေရခ်ိဳးျခင္းဟာ ေသြးေၾကာမ်ားကို က်ယ္လာေစၿပီး ေသြးမ်ားကို ပိုမိုလည္ပတ္ေစပါတယ္။ ေရေႏြးေသာက္ေပးျခင္းဟာလည္း ယခုအာနိသင္ကိုမ်ိဳး ရေစႏိုင္ပါတယ္။ ေသြးလည္ပတ္မႈ ေကာင္းျခင္းေၾကာင့္ ေသြးေပါင္ခ်ိန္မွန္ေစၿပီး ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကိုလည္း က်ဆင္းေစပါတယ္။ ညအခ်ိန္ ေရေႏြးနဲ႔ ေရခ်ိဳးျခင္း၊ ေရေႏြးေသာက္ျခင္းဟာ သင့္ကိုသက္ေတာင့္သက္သာျဖစ္ေစၿပီး ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။
စိတ္ဖိစီးမႈက်ေစျခင္း
ေရေႏြးေသာက္ျခင္းဟာ ဗဟိုအာ႐ုံေၾကာစနစ္ကို လႈံ႕ေဆာ္ေပးပါတယ္။ ေရေႏြးေသာက္ၿပီးခ်ိန္မွာ စိတ္ပူပန္မႈ ေလ်ာ့ပါးတတ္ပါတယ္။ စိတ္လည္းၿငိမ္ေစတယ္လို႔ သိရပါတယ္။
အဆိပ္အေတာက္တို႔ကို ေလွ်ာ့ခ်ေပးျခင္း
ေရေႏြးေသာက္လိုက္ရင္ ကိုယ္ခႏၶာပူေႏြးလာပါတယ္။ ေခြၽးလည္းစို႔လာေစပါတယ္။ ေခြၽးထြက္ျခင္းဟာ သက္ေတာင့္သက္သာျဖစ္စရာမဟုတ္ေပမယ့္ ကိုယ္ခႏၶာကေန ပတ္ဝန္းက်င္ကို ထိေတြ႕ရာကေန ကပ္ၿငိလာႏိုင္မယ့္ အဆိပ္အေတာက္မ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။ ကိုယ္ခႏၶာထဲက အညစ္အေၾကးေတြကိုလည္း စြန္႔ထုတ္ၿပီးသား ျဖစ္ပါတယ္။
အစာနင္ျခင္းကို သက္သာေစျခင္း
အစာေရမ်ိဳ ေရာင္ရမ္းသူအခ်ိဳ႕ဟာ အစာကိုမ်ိဳခ်ဖို႔ ခက္ခဲပါတယ္။ ဒီအေျခအေနကို achalasia လို႔ ေခၚပါတယ္။ တစ္ခါတစ္ေလမွာ အစာမ်ိဳခ်ရင္ နာေနတတ္ပါတယ္။ အဆိုပါျပႆနာအတြက္ ေရေႏြးပူပူေသာက္ေပးရင္ အစာေရၿမိဳ ေရာင္ရမ္းျခင္းကို သက္သာေစၿပီး အစာမ်ားကိုလည္း ေ႐ွာေ႐ွာ႐ွဴ႐ွဴ ဝင္ေစပါတယ္။ အထူးသျဖင့္ ဆီမ်ားတဲ့ စားစရာေတြ၊ အသားႀကီးငါးႀကီးေတြအတြက္ အေထာက္အကူျဖစ္ပါတယ္။
သတိျပဳရန္
ေရေႏြးဟာ အရမ္းပူရင္ေတာ့ အဆင္မေျပပါဘူး။ အစာေရမ်ိဳနဲ႔ လွ်ာကို အပူေလာင္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ရာသီဥတုပူခ်ိန္နဲ႔ ေလ့က်င့္ခန္းလုပ္ခ်ိန္ေတြမွာ ေရေႏြးမေသာက္သင့္ပါဘူး။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: hellosayarwon