ဂျင်းထည်တွေ ကြာရှည်ခံဖို့ နည်းလမ်း (၇) ခု
ဂျင်းထည်တွေ ကြာရှည်ခံဖို့ နည်းလမ်း (၇) ခု - Property Knowledge in Myanmar from iMyanmarHouse.com
12 Aug 2022 2:27 pm တွင် တင်ခဲ့သည်
725 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
သင့်ရဲ့အကြိုက်ဆုံး ဂျင်းဘောင်းဘီ၊ ဒါမှမဟုတ် ဂျင်းအင်္ကျီတွေကို အချိန်အကြာကြီး ဝတ်လို့ရအောင် ဘယ်လိုထိန်းသိမ်းထားရှိရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ မကြာခဏ မလျှော်ပါနဲ့
နာမည်ကျော် ဂျင်းထည်တွေ ထုတ်လုပ်တဲ့ Levi's ကုမ္ပဏီရဲ့ CEO ကိုယ်တိုင်က သူ့ရဲ့ဂျင်းထည်တွေကို တစ်နှစ်လောက်နေမှ တစ်ခါလျှော်လေ့ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ ဂျင်းသားအဝတ်အထည်တွေက မကြာခဏလျှော်မယ်ဆိုရင် အလွယ်တကူပျက်စီးလွယ်ပြီး အသုံးခံနိုင်တဲ့သက်တမ်းတိုသွားလေ့ရှိပါတယ်။ ဒါ့အပြင် အချိန်တိုအတွင်း အရောင်လွင့်သွားတာကြောင့် ဝတ်ရတာလည်း စိတ်တိုင်းကျတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဂျင်းသားအဝတ်အထည်တွေကို မကြာခဏမလျှော်ဖို့ အကြံပေးချင်ပါတယ်။
၂။ အစွန်းချွတ်ဆေးမသုံးပါနဲ့
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သင့်ရဲ့ဂျင်းသားအဝတ်အထည်တွေကို အစွန်းချွတ်ဆေးတွေ၊ အဝတ်ပျော့ဆေးတွေနဲ့ အထိမခံပါနဲ့။ အစွန်းချွတ်ဆေးနဲ့ အဝတ်ပျော့ဆေးတွေက ဂျင်းသားတွေကို ထိခိုက်ပျက်စီးစေတာကြောင့် ဖြစ်ပါတယ်။
၃။ အဝတ်လျှော်စက်နဲ့ မလျှော်ပါနဲ့
ဂျင်းသားအဝတ်အထည်တွေကို မကြာခဏမလျှော်သင့်ရုံမက လျှော်တဲ့အခါမှာလည်း အဝတ်လျှော်စက်နဲ့ မလျှော်ပါနဲ့။ အဝတ်လျှော်စက်နဲ့ လျှော်ဖွတ်ခြင်းက သင့်ဂျင်းသားရဲ့ ပုံစံအနေအထားကို ပျက်ယွင်းစေပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ စက်နဲ့မလျှော်ပဲ လက်နဲ့သာ လျှော်သင့်ပါတယ်။
၄။ ရေအေးနဲ့ပဲ လျှော်ပါ
ရေနွေးဟာ ဂျင်းသားအပါအဝင် ဘယ်လိုချည်သားမျိုးကိုမဆို ဆန့်ထွက်ပျော့ပြောင်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် ဂျင်းသားတွေမှာဆိုရင် အရောင်ကိုလည်း မှိန်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဂျင်းသားတွေကို ရေနွေးနဲ့ စိမ်တာ၊ လျှော်တာလုံးဝမလုပ်သင့်ပါဘူး။
၅။ တစ်ထည်တည်းကိုပဲ အမြဲမဝတ်ပါနဲ့
အကြိုက်ဆုံး ဂျင်းသားအဝတ်အထည်တစ်ခု ရှိနေပြီဆိုရင် မကြာခဏထုတ်ဝတ်လေ့ရှိပါတယ်။ အထူးသဖြင့် ဂျင်းဘောင်းဘီတစ်ထည်ကို ဝတ်ရတာအဆင်ပြေတယ်ဆိုရင် ဘယ်သွားသွားဝတ်ချင်တတ်ကြပါတယ်။ ဒီလိုလုပ်မယ့်အစား ဒီဇိုင်းတူ၊ တံဆိပ်တူ၊ အရောင်တူ နှစ်ထည်သုံးထည်လောက် ဝယ်ထားပြီး ဝတ်သင့်ပါတယ်။ ဒါဆိုရင် တစ်ထည်တည်းကို ထပ်ခါတလဲလဲ ဝတ်တာထက် ကြာရှည်ခံမှာပါ။
၆။ နေရောင်ပြပေးပါ
ဂျင်းသားအဝတ်အထည်တွေကို မကြာခဏမလျှော်သင့်ဘူးဆိုတာကြောင့် မလျှော်ပဲထားရင် ဝတ်ပြီးမလျှော်တဲ့အဝတ်တွေလိုပဲ အနံ့အသက်တွေထွက်မှာပါပဲ။ ဒီအခါမှာ လျှော်ဖွတ်မယ့်အစား နေရောင်ထဲမှာ ထုတ်လှန်းထားလိုက်ပါ။ လှန်းတဲ့အခါမှာ အတွင်းဖက်ကို အပြင်မှာထားပြီး လှန်းဖို့နဲ့ တိုက်ရိုက်နေရောင်ထဲမှာ အများဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်ထက်ပိုပြီး အချိန်အကြာကြီးမလှန်းမိစေဖို့ ဂရုစိုက်ပါ။ အဆင်ပြေမယ့်ဆိုရင် တစ်ခါဝတ်ပြီးတစ်ခါလျှော်မယ့်အစား တစ်ခါနေထုတ်လှန်းသင့်ပါတယ်။
၇။ ရေခဲသေတ္တာထဲ ထည့်ထားပါ
ဒီအချက်က နည်းနည်းအူကြောင်ကြောင်နိုင်ပေမယ့် သင့်ဂျင်းထည်တွေရဲ့ အနံ့အသက်တွေ ပျောက်ကင်းသွားစေနိုင်တာတော့ သေချာပါတယ်။ နေလှန်းဖို့ အချိန်မရတဲ့အခါ၊ လျှော်ဖို့လည်း အဆင်မပြေတဲ့အခါမျိုးမှာ သင့်ရဲ့ဂျင်းထည်ကို ပလတ်စတစ်အိတ်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Gentleman Magazine
[Zawgyi]
၁။ မကြာခဏ မလျှော်ပါနဲ့
၎။ ရေအေးနဲ့ပဲ လျှော်ပါ
၆။ နေရောင်ပြပေးပါ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service