ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
သင်သည် KFC ဟု အတိုကောက်ခေါ်သော ကင်တပ်ကီ ကြက်ကြော်ကြိုက်နှစ်သက်သူ ဖြစ်ချင်ဖြစ်မည် (သို့တည်းမဟုတ်)ကြိုက်ချင်မှလည်း ကြိုက်ပေမည်။
သို့စေကာမူ KFC ကြက်ကြော်ကို အစပျိုးခဲ့သူ ကာနယ် ဟာလန် ဆန်ဒါးစ်၏ အံ့အားသင့်ဖွယ်ကောင်းလှသော ဘဝဇာတ်လမ်းကို ဖတ်ရှုရပါက နှစ်သက်မိမည်မှာ အမှန်ပင် ဖြစ်လေသည်။
သူ၏ဘဝဇာတ်လမ်းသည် ဘဝကိုလက်လျှော့အရှုံးပေးသူများကို ကောင်းစွာစေ့ဆော်ပေးနိုင်သည့်ပြီး မဆုတ်မနစ်သော ဇွဲလုံ့လ၊ အာရုံစူးစိုက်မှုတို့ဖြင့် မိမိရည်မှန်းထားသည့် ပန်းတိုင်သို့ရောက်ရှိရန် အပြင်းအထန်ကြိုးပမ်းမည်ဆိုပါက မည်သည့် အသက်အရွယ် ရောက်နေသည်ဖြစ်စေ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်သည်ဆိုခြင်းကို မီးမောင်းထိုးပြသည့် သာဓကတစ်ခုလည်း ဖြစ်လေသည်။
အသက် ၅ နှစ်အရွယ်တွင် ဖခင်ဆုံး၏။ ၁၆ နှစ်တွင် ကျောင်းထွက်သည်။၁၇ နှစ်အရွယ်တွင် အလုပ် ၄ ခု ပြုတ်ခဲ့ပြီးဖြစ်သည်။ ၁၈ နှစ်တွင် အိမ်ထောင်ကျ၏။ တပ်ထဲသို့ ဝင်သည်။ အသက် ၂၀ တွင် ဇနီး၏ စွန့်ပစ်ခြင်းကို ခံရ၏။ ကော်ဖီဆိုင်ငယ်လေးတွင် စားဖိုမှူးဖြစ်လာပြီး ဇနီးကို ပြန်ခေါ်သည်။ အသက် ၆၅ နှစ်တွင် ခြူးတစ်ပြားမျှမရှိသော ဘဝသို့ ပြန်ရောက်သွား၏။ မိမိကိုယ်ကို သေကြောင်းကြံရန်ပင် စဉ်းစားခဲ့ပြီး သေတမ်းစာ ရေးသားရန် ပြင်ဆင်ခဲ့၏။ သို့ရာတွင် အမှန်တကယ်ရေးဖြစ်သည်ကား ဇနီးဖြစ်သူနှင့်အတူ အောင်မြင်မှုများ မည်သို့ရခဲ့ပုံ ၊ မိမိသည် မည်မျှအချက်အပြုတ်ကောင်းသည့် စားဖိုမှူးတစ်ဦးဖြစ်ပုံတို့ကိုသာ ရေးသားဖြစ်ခဲ့သည်။
ယင်းနောက် ငွေ ၈၇ ဒေါ်လာ ချေးငှားကာ သူ၏ ကိုယ်ပိုင်နည်းစနစ်ဖြင့် ကြက်သားအချို့ကြော်ကာ တစ်အိမ်တက်ဆင်း လိုက်လံရောင်းချ ခဲ့လေသည်။
အသက် ၈၈ နှစ်အရွယ်တွင်ကား KFC ကြက်ကြော် အင်ပါရာ တည်ထောင်ခဲ့သူ ကာနယ်ဆန်ဒါးစ် ဘီလီယံနာတစ်ဦး ဖြစ်ခဲ့ပြီဖြစ်သည်။
(မှတ်ချက်။ ကာနယ်ဆန်ဒါးစ်သည် ဘီလျံနာမဟုတ်။ သန်းကြွယ်သူဌေးတစ်ဦးသာဖြစ်သည်ဟူသော မှတ်တမ်းများလည်း ရှိသည်)
ယနေ့တွင်ကား ကာနယ်ဆန်ဒါးစ်၏ KFC ကြက်ကြော်ကို အမေရိကတွင်သာမက ကမ္ဘာတစ်ဝန်းတွင် လူတိုင်းသိကြနေကြပြီ ဖြစ်သည်။
ကာနယ်ဆန်ဒါးစ်၏ အမည်အပြည့်အစုံမှာ ကာနယ် ဟာလန် ဒေးဗစ် ဆန်ဒါးစ်ဖြစ်ပြီး ၁၈၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဟင်နရီဗီးလ်မြို့၏ အရှေ့ဘက် ၃ မိုင်ခန့်ကွာဝေးသောအရပ်ရှိ အခန်း ၄ ခန်းပါ နေအိမ်တစ်လုံးတွင် မွေးဖွားခဲ့သည်။
မိဘများမှာ အိုင်းရစ်နှင့် အင်္ဂလိပ်မျိုးနွှယ်များဖြစ်သော ဝီလ်ဘာ ဒေးဗစ်နှင့် မာဂရက် အန်း ဆန်ဒါးစ်ဖြစ်ပြီး မွေးချင်း ၃ ဦးအနက် အကြီးဆုံးဖြစ်သည်။
ဆန်ဒါးစ်၏ ကလေးဘဝကား ကြမ်းတမ်းလှသည်။
ဖခင်ဖြစ်သူ ဝီလ်ဘာ ဒေးဗစ်သည် အခြားလယ်သမားတို့ထံတွင် လက်တိုလက်တောင်းအလုပ်များ လုပ်ကိုင်ရသူဖြစ်ပြီး မိခင်မှာမူ ကလေးသုံးဦး၏ ဝေယျာဝစ္စများဖြင့် ပြင်ပအလုပ်မလုပ်နိုင်ချေ။
ဝီလ်ဘာသည် သားသတ်သမားအဖြစ်လည်း ၂ နှစ်ခန့် လုပ်ကိုင်ခဲ့ဖူးသည်ဟု ဆိုသည်။ မိခင်မာဂရက်က ဆန်ဒါးစ်တို့ ညီအစ်ကို မောင်နှမများကို အရက်၊ ဆေးလိပ်၊ လောင်းကစား၏ ဆိုးယုတ်ပုံများကို အမြဲသတိပေး လမ်းညွှန်လေ့ရှိသည်။
မည်မျှ ဆင်းရဲစေကာမူ ပျော်ရွှင်ချမ်းမြေ့မှုရှိသော မိသားစုဘဝကလေး လွင့်ပျောက်သွားမည့်နေ့ တစ်ခုသော မွန်းလွဲချိန်တွင် ဆိုက်ရောက်လာခဲ့သည်။
ထိုနေ့ကား ၁၈၉၅ ခုနှစ်၊ နွေရာသီ၏ တစ်ခုသော မွန်းလွဲချိန်ဖြစ်ပြီး ဖခင်ဖြစ်သူ ဝီလ်ဘာသည် အိမ်သို့ အပြင်းဖျားကာ ပြန်လာခဲ့ပြီး ထိုနေ့ ညပိုင်းတွင် ရုတ်ချည်းဆုံးပါးသွားခဲ့လေသည်။
ဖခင်ကွယ်လွန်သွားခြင်းသည် ဆန်ဒါးစ်တို့ မိသားစုအတွက် မြင့်မိုရ်တောင်ကြီး ပြိုလဲသွားခြင်းဖြစ်သည့်အပြင် အေးချမ်းသည့် နေ့ရက်များ အပြီးတိုင်ကုန်ဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။
မိခင်ဖြစ်သူ မာဂရက်မှာ လူမမည် ကလေးငယ်များကို ရှာဖွေကျွေးမွေးနိုင်ရန်အတွက် အာလူးစည်သွတ်ဘူးစက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့ ရသည်။
ထိုအချိန်တွင် ဆန်ဒါးစ်မှာ ၆ နှစ်သား အရွယ်သာ ရှိသေး၏။
ကလေးအရွယ်သာရှိသေးသော ဆန်ဒါးစ်သည် ညီငယ်နှင့် ညီမငယ်ကလေးတို့ကို ထိန်းကျောင်းကာ တတ်သမျှ မှတ်သမျှ ချက်ပြုတ် ကျွေးမွေးခဲ့ရသည်။
အသက် ၇ နှစ်သားအရွယ်တွင် ဆန်ဒါးစ်မှာ အတန်အသင့် အချက်အပြုတ်ကျွမ်းကျင်နေပြီ ဖြစ်၏။
အဆိုပါ ဘဝအတွေ့အကြုံများက ဆန်ဒါးစ်၏ အနာဂတ်ဘဝတွင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာစေရန် ပျိုးထောင်ပေးနေသကဲ့သို့ လည်း ဖြစ်သည်။
ကလေးငယ်လေး ဆန်ဒါးစ်၏ ခေါင်းဆောင်မှုနှင့် အချက်အပြုတ်ပါရမီကို ဆွေမျိုးသားချင်းများပင် သတိပြုလာမိခဲ့ကြသည်။
၁၀ နှစ်သားအရွယ်တွင် ဆန်ဒါးစ်သည် ဒေသခံလယ်သမားများဖြစ်သော ချာလီ နောရစ်စ်နှင့် ဟင်နရီ မုန့်ခ်တို့၏ ယာတောတွင် လက်တိုလက်တောင်း အလုပ်သမား လုပ်ခဲ့ရ၏။
၁၉၀၂ ခုနှစ်တွင် မိခင်ဖြစ်သူသည် ဝီလျံ ဘရုတ်ဒတ်စ်ဆိုသူနှင့် နောက်အိမ်ထောင်ပြုခဲ့ရာ ထိုအချိန်တွင် ဆန်ဒါးစ်မှာ အသက် ၁၂ နှစ်အရွယ် ရှိပြီ ဖြစ်သည်။
မိခင်ဖြစ်သူ နောက်အိမ်ထောင်ပြုပြီးနောက် ဆန်ဒါးစ်တို့မိသားစုသည် အင်ဒီယာနာပြည်နယ်၊ ဂရင်းဝုဒ်သို့ ပြောင်းရွှေ့ခဲ့ကြ၏။
ဆန်ဒါးစ်သည် ပထွေးဖြစ်သူနှင့် အစေးမကပ်၊ ပထွေးက ရိုက်နှက် နှိပ်စက်သောကြောင့် အသက် ၁၃ နှစ်အရွယ်တွင် နေအိမ်မှ ထွက်ပြေးခဲ့သည်။
(မှတ်ချက်။ အခြားမှတ်တမ်းတစ်ခုတွင်မူ ပထွေးက အိမ်တွင် မယားပါသားများ ပြည့်နှက်နေသည်ကို မနှစ်မြို့သည့်အတွက် ဆန်ဒါးစ်၏ ညီကို အဒေါ်ဖြစ်သူထံ သွားရောက်နေထိုင်ရန် ပို့လိုက်ပြီး ဆန်ဒါးစ်ကိုမူ မိုင် ၈၀ ခန့်ကွာဝေးသော ဒေသရှိ ယာတောတစ်ခုတွင် အလုပ်လုပ်ရန် ပို့လိုက်သည်ဟုလည်း ဆိုသည်။)
၁၉၀၃ ခုနှစ်တွင်ကား ဆန်ဒါးစ်သည် ကျောင်းတွင် အချိန်ဖြုန်းနေရသည်ထက် အလုပ်လုပ်ကာ ဝင်ငွေရှာသည်က ပိုမိုကောင်းမွန်သည်ဟု တွေးကာ ကျောင်းမှထွက်လိုက်ရာ ထိုအချိန်တွင် ၆ တန်းသာ ရှိသေးသည်။
(နောက်ပိုင်းတွင် ဆန်ဒါးစ် ပြန်ပြောသည်မှာ ထိုစဉ်က အက္ခရာသင်္ချာ မလိုက်နိုင်သောကြောင့် ကျောင်းထွက်လိုက်ခြင်းဖြစ်သည် ဟုလည်း ဆိုသည်)
ယင်းနောက် အနီးရှိယာတောတစ်ခုတွင် အလုပ်သွားလုပ်ပြီး မကြာမီတွင် နေအိမ်မှ ထွက်ပြေးခဲ့၏။
နေအိမ်မှ ထွက်ပြေးပြီး အင်ဒီယာနာပိုလစ်တွင် မြင်းလှည်းအိမ်များကို ဆေးသုတ်ရသည့်အလုပ်တစ်ခုရခဲ့သည်။
အသက် ၁၄ နှစ်အရွယ်သို့ ရောက်သောအခါ အင်ဒီယာနာပြည်နယ်တောင်ပိုင်းရှိ လယ်သမား ဆမ်ဝီလ်ဆင်ထံတွင် ယာတောအကူအဖြစ် လုပ်ကိုင်ခဲ့၏။
၁၉၀၆ ခုနှစ်တွင် မိခင်ဖြစ်သူ၏ လမ်းညွှန်ချက်ဖြင့် အင်ဒီယာနာပြည်နယ်၊ နယူး အယ်လ်ဘေနီတွင် ဦးလေးနှင့် သွားရောက်နေထိုင်ခဲ့ သည်။
ထိုနောက်ပိုင်း ၁၉၀၆ ခုနှစ်၊ အောက်တိုဘာလတွင် ၁၅ နှစ်အရွယ်သာ ရှိသေးသော ဆန်ဒါးစ်သည် မွေးနေ့လိမ်လည်ပြောဆိုကာ အမေရိကန်စစ်တပ်သို့ ဝင်ရောက်ကာ စစ်မှုထမ်းခဲ့လေသည်။ ကျူးဘားနိုင်ငံအထိ ရောက်ရှိ စစ်မှုထမ်းခဲ့ပြီး ၁၉၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် နာမည်ကောင်းလတ်မှတ်ဖြင့် စစ်တပ်မှ ထွက်ခဲ့ကာ ဦးလေးတစ်ဦးနေထိုင်သော အယ်လ်ဘားမားပြည်နယ် ရှက်ဖီးမြို့ သို့ သွားရောက်ခဲ့သည်။
ပထွေးရန်မှ လွတ်ရန် ထွက်ပြေးလာသော ညီဖြစ်သူ ကလဲရန့်စ် နှင့်လည်း တွေ့ခဲ့ရ၏။
ဦးလေးက Southern Railway တွင် အလုပ်လုပ်နေရာ ဆန်ဒါးစ်ကို ဝပ်ရှော့ အကူအဖြစ် အလုပ်သွင်းပေးခဲ့သည်။
မီးရထားလမ်းကုမ္ပဏီတွင် အလုပ်လုပ်နေစဉ် ဂျိုးဇက်ဖင်းနှင့်တွေ့ဆုံခဲ့ပြီး များမကြာမီတွင်ပင် လက်ထပ်ခဲ့ကြသည်။
ဟာလန်ဂျူနီယာ အမည်ရှိ သားငယ်တစ်ဦး ထွန်းကားခဲ့သော်လည်း ၁၉၃၂ ခုနှစ်တွင် အာသီးရောင် ရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။
သမီးနှစ်ဦးလည်း ထွန်းကားသေးရာ မာဂရက်ဆန်ဒါးစ် နှင့် မိုင်းဒရက်ဆန်ဒါးစ် တို့ဖြစ်ကြသည်။
နောက်ပိုင်းတွင် တင်နက်ဆီပြည်နယ် ဂျက်ဆင်မြို့သို့ မိသားစုလိုက် ပြောင်းရွှေ့ခဲ့ကြသည်။
ညပိုင်းတွင် La Salle Extension တက္ကသိုလ်မှ စာပေးစာယူဖြင့် ဥပဒေပညာသင်ယူခဲ့သည်။
ဆန်ဒါးစ်သည် အလုပ်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် ရန်ဖြစ်ကာ အလုပ်ပြုတ်ခဲ့ရပြန်သည်။
ယင်းနောက် Rock Island မီးရထားလမ်းကုမ္ပဏီတွင် ပြောင်းရွှေ့လုပ်ကိုင်ရာ ဂျိုးဇက်ဖင်းက ကလေးများကို ခေါ်ဆောင်ပြီး မိဘများ နေအိမ်တွင် သွားရောက်နေထိုင်ခဲ့သည်။
(မှတ်ချက် ။ အချို့မှတ်တမ်းများတွင်မူ ပိုက်ဆံမရှာနိုင်သောကြောင့် ဇနီးဖြစ်သူက ထားသွားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ဇနီးဖြစ်သူ မာဂရက်၏ အစ်ကိုက ဆန်ဒါးစ်ထံ စာတစ်စောင်ရေးသားပေးပို့ခဲ့ရာတွင် …အလုပ်တစ်ခုတောင်မှ မြဲအောင်လုပ်ဖို့ အရည်အချင်းမရှိတဲ့ မင်းလို ကောင်မျိုးကို လက်ထပ်ခဲ့တာ သူဦးနှောက်မရှိလို့ပဲ..ဟု ရေးသားခဲ့သည်ဟု ဆိုသည်။
ဆန်ဒါးစ်သည် သမီးဖြစ်သူကို ဇနီးထံမှ ပြန်ပေးဆွဲကာ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ဇနီးကို အိမ်ပြန်လာရန် ခေါ်ယူခဲ့ရသည် ဟုလည်း ဆိုသည်။
သမီးဖြစ်သူကို ပြန်ပေးဆွဲခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည့်အကြောင်းကို ဆန်ဒါးစ်က ၁၉၇၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော Life as I Have Known It Has Been Finger Lickin’ Good စာအုပ်တွင် ရေးသားဖော်ပြခဲ့ဖူးသည်။)
Little Rock အမည်ရှိ ဥပဒေအဖွဲ့တွင် ၃ နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ငွေကြေးလုံလောက်စွာ စုဆောင်းမိသဖြင့် မိသားစုကို အတူနေထိုင်ရန် ပြန်လည် ခေါ်ယူခဲ့သည်။
တစ်ရက်တွင်မူ တရားရုံးခန်းမအတွင်း သူ၏အမှုသည်နှင့် ခိုက်ရန်ဖြစ်ပွားပြီးနောက် တရားရေးနယ်တွင် အလုပ်လုပ်ကိုင်မှု အဆုံးသတ် သွားခဲ့တော့သည်။
ယင်းနောက်ပိုင်း အလုပ်များစွာ လုပ်ကိုင်ခဲ့သော်လည်း မည်သည်အလုပ်တွင်မှ တည်မြဲခဲ့ခြင်းမရှိခဲ့။
အသက် ၄၀ အရွယ်သို့ ရောက်ရှိချိန်တွင် ဆန်ဒါးစ်၏ လက်ထဲ၌ ငွေအနည်းငယ်သာ စုမိသေးသည်။
ဘဝအချိန်ကာလ အများစု ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ဘဝကို အေးအေးချမ်းချမ်းနေထိုင်နိုင်ရန် လုံလောက်သည့် ငွေကြေး လက်ထဲတွင် မရှိသေး။
ဆန်ဒါးစ် ဘဝကို အလွန်စိတ်ပျက်သွား၏။
(မှတ်ချက် ။ အချို့မှတ်တမ်းများတွင် ဆန်ဒါးစ်သည် မိမိကိုယ်ကို အဆုံးစီရင်ရန် စဉ်းစားခဲ့ဖူးသည်ဟု ဖော်ပြကြသည်။)
စိတ်ပျက်သော်လည်း အလျော့မပေး ။
ဆန်ဒါးစ်က ထိုအခြေအနေကို ပြောင်းလဲလို၏။
သို့နှင့် တင်နက်ဆီ ပြည်နယ် နယ်စပ်နှင့် ၂၅ မိုင်ခန့် ဝေးကွာသော ကော်ဘင် မြို့ကလေးတွင် ဓာတ်ငွေ့ဆိုင်တစ်ခုရှေ့၌ စားပွဲခုံဟောင်းကြီးတစ်ခုကို ဘီးတပ်ကာ ကုန်ကားမောငး်သူတို့ကို အစားအသောက်စတင်ရောင်းချခဲ့လေသည်။
အချိန်ကာလကား ၁၉၃၀ ပြည့်နှစ်ဖြစ်ပြီး ထိုစဉ်ကမူ သူ၏ဟင်းလျာစာရင်းတွင် ကြက်ကြော်မပါဝင်သေးချေ။
အဘယ်ကြောင့်ဆိုလျှင် ကြက်ကြော်တစ်ပွဲပြင်ဆင်ရသည်မှာ အလွန်အချိန်ကြာသောကြောင့် ဖြစ်၏။
အဆိုပါ နေရာသည် စားသောက်ဆိုင်ဖွင့်ရန်အတွက် နေရာကောင်းတစ်ခု ဖြစ်၏။
ဖလော်ရီဒါ ပြည်နယ်နှင့် မြောက်ပိုင်းပြည်နယ်များသို့ ခရီးသွားသူများသည် အဆိုပါ လမ်းမှ ဖြတ်သန်းသွားလာရသဖြင့် အမြဲတစေ ဖောက်သည်များ ပြတ်လပ်သွားသည်ဟု မရှိချေ။
ဆန်ဒါးစ်သည် မီးဖိုဆောင်ဝင်ကာ ကြက်သား၊ဝက်သား ၊အမဲသား ဟင်းများကို စားကောင်းသောက်ဖွယ်ဖြစ်အောင် ချက်ပြုတ်စီမံပေး၏။
မကြာမီတွင်ပင် သူ၏ ဆိုင်သည် ကင်တပ်ကီပြည်နယ်တစ်လွှားတွင် နာမည်ကျော်ကြားလာတော့သည်။
(ဆန်ဒါးစ်၏ ပထမဆုံးဆိုင်ကို တွေ့ရပုံ )
ထိုကြက်ကြော်ကို ဟာလန်ဆန်ဒါးစ်၏ ကင်တပ်ကီကြက်ကြော် ဟု ခေါ်ခဲ့ကြသည်။ဆန်ဒါးစ်က ကင်တပ်ကီကြက်ကြော်ကို ဟင်းခတ် အမွှေးအကြိုင်ပစ္စည်း ၁၁ မျိုးဖြင့် စီမံခဲ့ခြင်းဖြစ်သည်။ ဆန်ဒါးစ်၏ ဘဝအခြေအနေကောင်းမွန်စပြုလာပြီဖြစ်သည်။
ဆန်ဒါးစ်က ထိုအချိန်တွင် လေလုံပေါင်းအိုးတစ်ခု pressure cooker ဝယ်လိုက်၏။ ယင်းဒယ်အိုးမျိုးစတင် ပေါ်စသာ ရှိသေးသည့် အချိန်လည်း ဖြစ်သည်။ pressure cooker ကို စတင်အသုံးချခဲ့သည့် စားဖိုမှူးများတွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု ဆိုနိုင်သည်။
ယခင်က ကြက်သားဟင်းတစ်ပွဲ ပြင်ရန်အတွက် မိနစ် ၃၀ ခန့် အချိန်ယူခဲ့ရပြီး pressure cooker ဖြင့်မူ ၉ မိနစ်သာ ကြာတော့သည်။
ဖောက်သည်များမှာ ဟင်းတစ်ပွဲအတွက် အချိန်အလွန်ကြာရှည်စွာ စောင့်ဆိုင်းရန် မလိုတော့သဖြင့့် ရောင်းချရမှုနှုန်း မြင့်တက်လာသည်။
၁၉၃၅ ခုနှစ်သည် ဆန်ဒါးစ်၏ ဘဝတွင် အရေးပါသည့် ခုနှစ်တစ်ခုဖြစ်၏။
ကင်တပ်ကီပြည်နယ်အုပ်ချုပ်ရေးမှူး ရူဘီ လာဖွန်က ဆန်ဒါးစ်ကို တိုင်းပြည်အပေါ် တာဝန်ထမ်းဆောင်ခဲ့မှုများအတွက် the title of Kentucky Colonel ဘွဲ့ချီးမြှင့်ခဲ့လေသည်။
ယင်းကာလတွင် အမေရိကန်ပြည်ထောင်စုတစ်လွှားမှ ပြည်သူများသည် ကင်တပ်ကီပြည်နယ်မှ ကာနယ်ဆန်ဒါးစ်၏ အမျိုးသားဟင်းလျာဖြစ်သော ကြက်ကြော်အကြောင်း တခုတ်တရ ပြောဆိုနေကြပြီ ဖြစ်သည်။
ဆန်ဒါးစ်သည် နေ့ခင်းပိုင်းတွင် စားသောက်ဆိုင်၌ ဖောက်သည်များအတွက် ချက်ပြုတ်ကြော်လှော်ကာ ညပိုင်းတွင် ကားနောက်ခန်း၌ အိပ်စက်လေ့ရှိခဲ့သည်။
ဆန်ဒါးစ်က ထိုသို့သောအခြေအနေတွင် သူ၏လုပ်ငန်းကို ချဲ့ထွင်နိုင်ရန်လိုအပ်ကြောင်း သုံးသပ်လာမိသည်။
သို့နှင့် ၁၉၃၇ ခုနှစ်တွင် Sanders Court & Café အမည်ရှိ သွားရေစာ စားသောက်ဆိုင်တစ်ခု ထပ်မံဖွင့်လှစ်ခဲ့သည်။
သို့ရာတွင် ကာနယ်ဆန်ဒါးစ်၏ သွားရေစာဆိုင်နှင့် မက်ဒေါ်နယ်၏ ဟန်ဘာဂါတို့မှာ နှိုင်းယှဉ်၍ မရနိုင်သေးချေ။
အဘယ်ကြောင့်ဆိုလျှင် ကာနယ်ဆန်ဒါးစ်၏ ဆိုင်များက အမှာစာတစ်ခုအတွက် ၁၀ မိနစ်မှ ၁၅ မိနစ်အထိ အချိန်ယူနေရသောကြောင့် ဖြစ်၏။
ထို့ကြောင့် fast food ဆိုင်ဟု ခေါ်ရန်ပင် မဖြစ်နိုင်သေး။
၁၉၄၇ ခုနှစ်တွင် ဆန်ဒါးစ်နှင့် ဂျိုးဇက်ဖင်းတို့ ကွာရှင်းခဲ့ကြပြီး ၁၉၄၉ ခုနှစ်တွင် ဆန်ဒါးစ်က သူ၏အတွင်းရေးမှူး ကလော်ဒီယာ လီဒင်တန်ကို လက်ထပ်ခဲ့သည်။
အဆိုပါခုနှစ်အတွင်းတွင်ပင် ကင်တပ်ကီပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူး လောရင့်စ် ဝဲသာဘီက ဆန်ဒါးစ်ကို title of Kentucky colonel နောက်တစ်ကြိမ် ထပ်မံချီးမြှင့်ခဲ့ပြန်သည်။
KFC ကြက်ကြော်၏ အမှတ်တံဆိပ်အဖြစ် ဆန်ဒါးစ်၏ရုပ်ပုံကို ဖော်ပြခဲ့ရာ အဆိုပါရုပ်ပုံသည် သာမာန်အမေရိကန်ပြည်သူတို့၏ နှလုံးသားများအတွင်းသို့ ချက်ချင်းပင်ရောက်ရှိသွားခဲ့ကြသည်။ KFC ကို အားပေးသူများ အလွန်များပြားလာပြီး သူ့ဘဝတွင် တစ်ခါဖူးမျှ မကိုင်တွယ်ဖူးသော ငွေများ ဆန်ဒါးစ် ရရှိလာခဲ့သည်။
ထိုသို့ အောင်မြင်မှုရရှိစမှာပင် ကြီးမားသည့်ထိုးနှက်ချက်တစ်ရပ် ကြုံရပြန်သည်။
သူ၏ စားသောက်ဆိုင် မီးသင့်ခံလိုက်ရခြင်း ဖြစ်၏။
ဆန်ဒါးစ်က ချက်ခြင်းပင် ပြန်လည်တည်ဆောက်ကာ လအနည်းငယ်အကြာတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခဲ့ရသည်။
ပြည်နယ်အစိုးရကလည်း ဆန်ဒါးစ်ကို ပံ့ပိုးကူညီမှုများ ပေးခဲ့၏။ အကြောင်းမူကား ဆန်ဒါးစ်၏ KFC ကြက်ကြော်သည် ကင်တပ်ကီ၏ ပြယုဂ်တစ်ခု ဖြစ်နေခြင်းကြောင့်ပင်တည်း။
သို့ရာတွင် လောကဓံက ဆန်ဒါးစ်ကို အလွတ်မပေးချေ။
၁၉၅၆ ခုနှစ်တွင် ကော်ဘင်မြို့ပတ်လမ်းပေါ်၌ Interstate 75 အမည်ဖြင့် ဆိုင်သစ်တစ်ခု ဆောက်လုပ်ပြီးစီးသွားရာ ဖြတ်သန်းသွားလာ သည့် ခရီးသည်များမှာ ဆန်ဒါးစ်၏ဆိုင်ကို သတိမပြုမိတော့ဘဲ ဆိုင်သစ်သို့သာ ဝင်ကြတော့သည်။
သို့ဖြင့် ဖောက်သည်ဦးရေမှာ တစထက်တစ ကျဆင်းလာခဲ့ရာ တစ်ခါက အောင်မြင်ခဲ့သောလုပ်ငန်းမှာ ကျဆုံးခန်းဆိုက်ရောက်ခဲ့တော့၏။
ဆန်ဒါးစ်မှာ အကြွေး နွံနစ်နေပြီ ဖြစ်သောကြောင့် သူ၏ စာသောက်ဆိုင်ကို ကန်ဒေါ်လာ ၇၅၀၀၀၀ ဖြင့် ရောင်းချလိုက်ရသည်။
ထိုအချိန်တွင် အသက် ၆၆ နှစ်ရှိနေပြီဖြစ်သည်။
စားသောက်ဆိုင်လုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲြ့ပီးနောက် မိမိကိုယ်မိမိပြန်ကြည့်ရာ လက်ထဲတွင် ခြူးတစ်ပြားမှ မရှိသောသည့်ဘဝသို့ ပြန်လည်ရောက်ရှိနေသည်ကို ဆန်ဒါးစ်တွေ့ခဲ့ရ၏။
အစိုးရ၏ လူမှုဖူလုံရေးထောက်ပံ့ငွေ တစ်လလျှင် ၁၀၅ ဒေါ်လာ ကို ရယူနေထိုင်စားသောက်ရသည့် ဘဝသို့ ရောက်ရှိသွားခဲ့သည်။
“မင်း..ကိုယ့်ဟာကိုယ် ရှာမစားနိုင်တော့ဘူး” ဟု အစိုးရက ပြောနေသကဲ့သို့ ခံစားရကြောင်း ဆန်ဒါးစ်က ပြောပြ၏။
ထိုနောက်ပိုင်း ဆန်ဒါးစ်သည် ကင်တပ်ကီပြည်နယ် ရှယ်ဗီဘီလီ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်၏။
သို့ရာတွင် ဤအခြေအနေသည် ဆန်ဒါးစ်၏ ဘဝတွင် ဆုံးခန်းတိုင်ခဲ့ခြင်းမဟုတ်။
အသက် ၆၆ နှစ်အရွယ်တွင် ဘဝတစ်ဖန်အစပျိုးခဲ့ခြင်း ဖြစ်သည်။
တစ်နည်းဆိုရလျှင် KFC ကြက်ကြော် နိုင်ငံတစ်ကာတွင် ပျံ့နှံ့ရန် ယခုမှ အစပျိုးခဲ့ခြင်းဖြစ်လေသည်။
(KFC)
နောက်ဆုံးတွင်ကား ဆန်ဒါးစ်သည် KFC ကြက်ကြော်ပြုလုပ်ပုံနည်းစနစ်ကို အခြားစားသောက်ဆိုင်များထံ ရောင်းချ၍ ရနိုင်သည်ဟု ဆုံးဖြတ်လိုက်၏။
သို့ဖြင့် ဆန်ဒါးစ်နှင့် ဇနီးဖြစ်သူတို့သည် pressure cookers များ၊ အရသာမှုန့်များ၊ ဟင်းခတ်အမွှေးအကြိုင်များကို ၁၉၄၆ ထုတ် ဖို့ဒ်ကားပေါ်တင်ကာ အမေရိကန်ပြည်တစ်ဝန်း တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လှည့်လည်သွားလာခဲ့ကြ၏။
စားသောက်ဆိုင်တစ်ဆိုင်သို့ဝင်၏။ KFC ကြက်ကြော်ကို သူ၏နည်းစနစ်ဖြင့် ကြော်လှော်ရောင်းချရန် ကမ်းလှမ်း၏။
သို့ရာတွင် မည်သည့်စားသောက်ဆိုင်ကမျှ လက်ခံရောင်းချခဲ့ကြခြင်းမရှိချေ။
ဆန်ဒါးစ်၏ မလျှော့သောဇွဲကား အလွန်အံ့အားသင့်ဖွယ်ကောင်းလှသည်။
စားသောက်ဆိုင်ပေါင်း ၁၀၀၉ ဆိုင်တိတိ၏ ငြင်းပယ်မှုခံခဲ့ရပြီးနောက်မှ ပထမဆုံးလက်ခံရောင်းချမည့်သူကို ရှာဖွေတွေ့ရှိခဲ့ရသည်။
နောက်တစ်ကြိမ် ထပ်၍ပြောပါဦးမည်။ ဆန်ဒါးစ်သည် သူ၏ KFC ကြက်ကြော်ကို လက်ခံရောင်းချမည့်သူတစ်ဦး မတွေ့မီ ၁၀၀၉ ဦး၏ ငြင်းပယ်မှုခံခဲ့ရပါသည်။
Franchise စနစ်ဖြင့် KFC ကြက်ကြော်ကို ရောင်းချခွင့်ပေးခဲ့ရာတွင် ကြက်ကြော်တစ်တုံးရောင်းချတိုင်း ဆန်ဒါးစ်မှာ ငွေ ၅ ဆင့် ရရှိမည် ဖြစ်သည်။
တစထက်တစ KFC ကြက်ကြော်ကို လက်ခံရောင်းချသည့် စားသောက်ဆိုင်များ များပြားလာသည်။
၁၉၆၃ ခုနှစ်တွင်ကား အမေရိကန်ပြည်ထောင်စုတစ်လွှားနှင့် ကနေဒါတို့တွင် KFC ကြက်ကြော်ရောင်းချသည့် စားသောက်ဆိုင်ပေါင်း ၆၀၀ ကျော်အထိ ရှိလာသည်။
ကင်တပ်ကီကြက်ကြော် အထွတ်အထိပ်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။
(KFC မတည်ထောင်မီ လုပ်ကိုင်ခဲ့သောအလုပ်များ)
KFC ကို မစတင်နိုင်မီ ကာနယ်ဆန်ဒါးစ်သည် အလုပ်ပေါင်းစုံ လုပ်ကိုင်ခဲ့ရာ
(၁) ကလေးဘဝတွင် ယာတော၌ တောက်တိုမယ်ရအဖြစ် လုပ်ကိုင်ခဲ့သည်။
(၂) အသက် ၁၃ နှစ်အရွယ်တွင် မြင်းလှည်းအိမ်များ ဆေးသုတ်ရသည့်အလုပ် လုပ်ကိုင်ခဲ့၏။ (၃) အသက် ၁၄ နှစ်အရွယ်တွင် အင်ဒီယာနာပြည်နယ်၊ Greenwood မြို့အနီးရှိ ယာတောတစ်ခုတွင် အလုပ်လုပ်ရသည်။ တစ်လလျှင် ၁၅ ဒေါ်လာ လစာရပြီး အိပ်စရာနေရာနှင့် စားစရာအချို့ရသည်။ ဆန်ဒါးစ်သည် အရုဏ်မတက်မီ အိပ်ရာထပြီး တိရ စ္ဆာန်များကို အစာကျွေး၏။ ထို့နောက် ကျောင်းသွားသည်။ ညနေ ကျောင်းပြန်လာလျှင် ကြက်များအစာကျွေးခြင်းအပြင် အခြားသော ယာတောအလုပ်များစွာ လုပ်ကိုင်ရသည်။ ၅ တန်းအောင်ပြီးချိန်တွင် ကျောင်းမှအပြီးထွက်လိုက်ကာ ယာတောတွင် အချိန်ပြည့် လုပ်ကိုင်ခဲ့သည်။ အသက် ၁၆ နှစ်အရွယ် ၁၉၀၆ ခုနှစ်တွင် အသက်လိမ်ပြောကာ အမေရိကန်စစ်ဘက်သို့ ဝင်ရောက်ခဲ့သည်။
(၃) ယင်းနောက် ရထားကုမ္ပဏီတစ်ခုတွင် လက်မှတ်စစ်အဖြစ် လုပ်ကိုင်ခဲ့သည်။
(၄) ကာနယ်ဆန်ဒါးစ်သည် အမေရိကန်စစ်ဘက်တွင် တာဝန်ထမ်းဆောင်ရင်း ကျူးဘားနိုင်ငံတွင် တာဝန်ကျဖူးသည်။
(၅) မီးရထားဝပ်ရှော့တွင် ပန်းပဲဆရာ၏ အကူအဖြစ်လည်း လုပ်ကိုင်ခဲ့ရ၏။
(၆) အီလီနွိုက်စ်ပြည်နယ် ဗဟိုမီးရထားဌာနတွင် မီးသတ်သမားအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။
(၇) အာမခံများ၊ Credit ကဒ်များ၊ တာယာများ ရောင်းချသူအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။
(၈) ဖယ်ရီလှေကုမ္ပဏီတစ်ခုလည်း တည်ထောင်ခဲ့ဖူးသည်။
(၉) စားသောက်ဆိုင်တစ်ခုတွင် စားဖိုမှူး၊ ပန်းကန်ဆေးသမားအဖြစ်လည်း လုပ်ကိုင်ခဲ့ရ၏။
(KFC ကို ရောင်းချခြင်း)
၁၉၆၃ ခုနှစ်၊ အောက်တိုဘာလတွင် ဂျွန် ဝိုင်-ဘရောင်း ဂျူနီယာအမည်ရှိ လူငယ်ရှေ့နေတစ်ဦးနှင့် ဂျက်ခ် စီ-မာဆေးအမည်ရှိ လုပ်ငန်းရှင်တစ်ဦးတို့က KFC ၏ franchise မူပိုင်ခွင့်ကို ဝယ်ယူရန် ကြိုးစားလေသည်။
ကနဦးတွင်မူ ကာနယ်ဆန်ဒါးစ်က ခါးခါးသီးသီးငြင်းပယ်ခဲ့၏။
KFC သည် သူ၏ ဘဝ၊ သူ၏ ရင်သွေးဖြစ်သည် မဟုတ်ပါလော။
သို့ရာတွင် ရက်သတ္တပတ်အတန်ကြာ စည်းရုံးဆွဲဆောင်ခြင်း ခံရပြီးနောက် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလတွင် KFC ၏ မူပိုင်ခွင့်အရပ်ရပ်ကို ကန်ဒေါ်လာ ၂ သန်း (ယနေ့ခေတ်တန်ဖိုး ကန်ဒေါ်လာ ၁၅ သန်းကျော်) ဖြင့် ရောင်းချရန် သဘောတူခဲ့တော့သည်။
ထိုနှစ် မတ်လတွင် KFC ကို အရောင်းအဝယ်အပြီးသတ် ပြုလုပ်ခဲ့သည်။
အဆိုပါ အရောင်းအဝယ်သဘောတူညီချက်အရ Kentucky Fried Chicken ဆိုင်များကို အခြားဆိုင်များအား နည်းစနစ်မပေးဘဲ ကမ္ဘာတစ်ဝန်းတွင် ကိုယ်ပိုင်ဖွင့်လှစ်မည်ဖြစ်သည်။
ဆန်ဒါးစ်သည် တစ်သက်တာလုံး လစာ ကန်ဒေါ်လာ ၄၀၀၀၀ (နောင်အခါတွင် ၇၅၀၀၀ သို့ တိုးမြှင့်ပေးခဲ့) ပေးအပ်သွားမည့်အပြင် ဘုတ်အဖွဲ့တွင် တစ်နေရာလည်း ပေးအပ်ခဲ့သည်။
ထို့အပြင် ကနေဒါတွင် franchise ဖြင့် ဖွင့်လှစ်ထားသော KFC ဆိုင်အများစုအတွက် ပိုင်ဆိုင်ခွင့်ပေးသည့်အပြင် ကုမ္ပဏီ၏ brand ambassador အဖြစ်လည်း ခန့်အပ်ခဲ့သည်။
သူကိုယ်တိုင်မွေးဖွားပေးခဲ့သော ၊ ရင်သွေးသဖွယ်ပြုစုပျိုးထောင်ခဲ့ရသော ကုမ္ပဏီ ရောင်းချလိုက်ရခြင်းအပေါ် များစွာစိတ်မကောင်း ဖြစ်နေခဲ့ရ၏။
သို့ရာတွင် မိမိထက် ငွေကြေးတောင့်တင်းသူတို့၏ လက်တွင် ကုမ္ပဏီများစွာဆက်လက်ဖွံ့ဖြိုးတိုးတက်နေသည်ကို မြင်ရခြင်းမှာ အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ဆုံးဖြတ်ကာ ရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။
ကာနယ်ဆန်ဒါးစ်သည် ကျန်သည့်ဘဝနေ့ရက်များတွင် တွေ့ဆုံမေးမြန်းခန်းများ လက်ခံပြုလုပ်ပေးခြင်းဖြင့် ကုန်လွန်ဖြတ်သန်းခဲ့သည်။
၁၉၈၀ ပြည့်နှစ်တိုင်အောင် ကာနယ်ဆန်ဒါးစ်သည် မိုင်ပေါင်း ၂၅၀၀၀၀ ခန့် နှစ်စဉ်ခရီးထွက်ကာ ကမ္ဘာတစ်လွှားရှိ KFC ဆိုင်များရှိရာသို့ သွားရောက်ခဲ့ပြီး သတင်းမီဒီယာများတွင် ကုန်စည်အမှတ်တံဆိပ်ကို ဈေးကွက်အရောင်းမြှင့်တင်ခြင်းများ ပြုလုပ်ခဲ့သည်။
ဘရောင်းက KFC ရှယ်ယာများကို ၁၉၇၁ ခုနှစ်တွင် ကန်ဒေါ်လာ ၂၈၄ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် ၁၉၇၉ ခုနှစ်တွင် ကင်တပ်ကီပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သည်။
နောင်တစ်နှစ်အကြာ ၁၉၈၀ ပြည့်နှစ်၊ ဇွန်လတွင် ဆန်ဒါးစ်၌ သွေးကင်ဆာရောဂါဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြသည်။
၁၉၈၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင် ကင်တပ်ကီပြည်နယ်၊ လူးဝစ်ဗီလီရှိ ဆေးရုံတွင် အဆုပ်ရောင်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီ ဖြစ်သည်။
ကာနယ်ဆန်ဒါးစ်သည် မကွယ်လွန်မီ တစ်လခန့်အထိ သူနှစ်ခြိုက်သော အဖြူရောင်ဝတ်စုံဝတ်ကာ လူကြားသူကြားတွင် သွားလာနေခဲ့သေး၏။
ကာနယ်ဆန်ဒါးစ်ကွယ်လွန်ခဲ့စဉ်ကာလက ကမ္ဘာ့နိုင်ငံပေါင်း ၄၈ နိုင်ငံတွင် KFC ဆိုင်ခွဲပေါင်း ၆၀၀၀ ခန့်ရှိနေပြီဖြစ်ပြီး နှစ်စဉ်ရောင်းအားမှာ ထိုခေတ်ငွေ ကန်ဒေါ်လာ ၂ ဘီလီယံ (ယနေ့တန်ဖိုးအားဖြင့် ၅ ဒသမ ၈ ဘီလီယံ) ခန့် ရောင်းချနေရပြီ ဖြစ်သည်။
ယခုအခါတွင်မူ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၅ နိုင်ငံတွင် KFC ၏ အမှတ်တံဆိပ် ကာနယ်ဆန်ဒါးစ်ကို လူတိုင်းသိနေကြပြီ ဖြစ်သည်။
ယင်းမှာ အသက် ၆၀ ကျော်အရွယ်က ကားတစ်စင်းဖြင့် နိုင်ငံတစ်ဝန်းလှည့်လည်ခဲ့စဉ် ကာနယ်ဆန်ဒါးစ်မက်ခဲ့သည့် အိပ်မက်ထက် များစွာကြီးမားသည့် အောင်မြင်မှုကြီးဖြစ်လေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Amazing Life of Colonel Harland David Sanders, Founder of Kentucky Fried Chicken ( toughnickel )
[Zawgyi]
သားသတ္သမား၏သား၊ တတိယအရြယ္မွ ဘဝစသူ
သင္သည္ KFC ဟု အတိုေကာက္ေခၚေသာ ကင္တပ္ကီ ၾကက္ေၾကာ္ၾကိဳက္ႏွစ္သက္သူ ျဖစ္ခ်င္ျဖစ္မည္ (သို႔တည္းမဟုတ္)
ၾကိဳက္ခ်င္မွလည္း ၾကိဳက္ေပမည္။
သို႔ေစကာမူ KFC ၾကက္ေၾကာ္ကို အစပ်ဳိးခဲ့သူ ကာနယ္ ဟာလန္ ဆန္ဒါးစ္၏ အံ့အားသင့္ဖြယ္ေကာင္းလွေသာ ဘဝဇာတ္လမ္းကို ဖတ္ရႈရပါက ႏွစ္သက္မိမည္မွာ အမွန္ပင္ ျဖစ္ေလသည္။
သူ၏ဘဝဇာတ္လမ္းသည္ ဘဝကိုလက္ေလွ်ာ့အရံႈးေပးသူမ်ားကို ေကာင္းစြာေစ့ေဆာ္ေပးႏိုင္သည့္ျပီး မဆုတ္မနစ္ေသာ ဇြဲလံု႔လ၊ အာရံုစူးစိုက္မႈတို႔ျဖင့္ မိမိရည္မွန္းထားသည့္ ပန္းတိုင္သို႔ေရာက္ရွိရန္ အျပင္းအထန္ၾကိဳးပမ္းမည္ဆိုပါက မည္သည့္ အသက္အရြယ္ ေရာက္ေနသည္ျဖစ္ေစ ေအာင္ျမင္မႈပန္းတိုင္သို႔ ေရာက္ရွိႏိုင္သည္ဆိုျခင္းကို မီးေမာင္းထိုးျပသည့္ သာဓကတစ္ခုလည္း ျဖစ္ေလသည္။
အသက္ ၅ ႏွစ္အရြယ္တြင္ ဖခင္ဆံုး၏။ ၁၆ ႏွစ္တြင္ ေက်ာင္းထြက္သည္။၁၇ ႏွစ္အရြယ္တြင္ အလုပ္ ၄ ခု ျပဳတ္ခဲ့ျပီးျဖစ္သည္။ ၁၈ ႏွစ္တြင္ အိမ္ေထာင္က်၏။ တပ္ထဲသို႔ ဝင္သည္။ အသက္ ၂၀ တြင္ ဇနီး၏ စြန္႔ပစ္ျခင္းကို ခံရ၏။ ေကာ္ဖီဆုိင္ငယ္ေလးတြင္ စားဖိုမွဴးျဖစ္လာျပီး ဇနီးကို ျပန္ေခၚသည္။ အသက္ ၆၅ ႏွစ္တြင္ ျခဴးတစ္ျပားမွ်မရွိေသာ ဘဝသုိ႔ ျပန္ေရာက္သြား၏။ မိမိကိုယ္ကို ေသေၾကာင္းၾကံရန္ပင္ စဥ္းစားခဲ့ျပီး ေသတမ္းစာ ေရးသားရန္ ျပင္ဆင္ခဲ့၏။ သို႔ရာတြင္ အမွန္တကယ္ေရးျဖစ္သည္ကား ဇနီးျဖစ္သူႏွင့္အတူ ေအာင္ျမင္မႈမ်ား မည္သို႔ရခဲ့ပံု ၊ မိမိသည္ မည္မွ်အခ်က္အျပဳတ္ေကာင္းသည့္ စားဖိုမွဴးတစ္ဦးျဖစ္ပံုတို႔ကိုသာ ေရးသားျဖစ္ခဲ့သည္။
ယင္းေနာက္ ေငြ ၈၇ ေဒၚလာ ေခ်းငွားကာ သူ၏ ကိုယ္ပိုင္နည္းစနစ္ျဖင့္ ၾကက္သားအခ်ဳိ ႔ေၾကာ္ကာ တစ္အိမ္တက္ဆင္း လိုက္လံေရာင္းခ် ခဲ့ေလသည္။
အသက္ ၈၈ ႏွစ္အရြယ္တြင္ကား KFC ၾကက္ေၾကာ္ အင္ပါရာ တည္ေထာင္ခဲ့သူ ကာနယ္ဆန္ဒါးစ္ ဘီလီယံနာတစ္ဦး ျဖစ္ခဲ့ျပီျဖစ္သည္။ (မွတ္ခ်က္။ ကာနယ္ဆန္ဒါးစ္သည္ ဘီလ်ံနာမဟုတ္။ သန္းၾကြယ္သူေဌးတစ္ဦးသာျဖစ္သည္ဟူေသာ မွတ္တမ္းမ်ားလည္း ရွိသည္)
ယေန႔တြင္ကား ကာနယ္ဆန္ဒါးစ္၏ KFC ၾကက္ေၾကာ္ကို အေမရိကတြင္သာမက ကမၻာတစ္ဝန္းတြင္ လူတိုင္းသိၾကေနၾကျပီ ျဖစ္သည္။
ကာနယ္ဆန္ဒါးစ္၏ အမည္အျပည့္အစံုမွာ ကာနယ္ ဟာလန္ ေဒးဗစ္ ဆန္ဒါးစ္ျဖစ္ျပီး ၁၈၉၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၉ ရက္တြင္ အေမရိကန္ျပည္ေထာင္စု၊ အင္ဒီယာနာျပည္နယ္၊ ဟင္နရီဗီးလ္ျမိဳ ႔၏ အေရွ ႔ဘက္ ၃ မိုင္ခန္႔ကြာေဝးေသာအရပ္ရွိ အခန္း ၄ ခန္းပါ ေနအိမ္တစ္လံုးတြင္ ေမြးဖြားခဲ့သည္။
မိဘမ်ားမွာ အိုင္းရစ္ႏွင့္ အဂၤလိပ္မ်ဳိးႏႊယ္မ်ားျဖစ္ေသာ ဝီလ္ဘာ ေဒးဗစ္ႏွင့္ မာဂရက္ အန္း ဆန္ဒါးစ္ျဖစ္ျပီး ေမြးခ်င္း ၃ ဦးအနက္ အၾကီးဆံုးျဖစ္သည္။
ဆန္ဒါးစ္၏ ကေလးဘဝကား ၾကမ္းတမ္းလွသည္။
ဖခင္ျဖစ္သူ ဝီလ္ဘာ ေဒးဗစ္သည္ အျခားလယ္သမားတို႔ထံတြင္ လက္တိုလက္ေတာင္းအလုပ္မ်ား လုပ္ကိုင္ရသူျဖစ္ျပီး မိခင္မွာမူ ကေလးသံုးဦး၏ ေဝယ်ာဝစၥမ်ားျဖင့္ ျပင္ပအလုပ္မလုပ္ႏိုင္ေခ်။
ဝီလ္ဘာသည္ သားသတ္သမားအျဖစ္လည္း ၂ ႏွစ္ခန္႔ လုပ္ကိုင္ခဲ့ဖူးသည္ဟု ဆိုသည္။ မိခင္မာဂရက္က ဆန္ဒါးစ္တို႔ ညီအစ္ကို ေမာင္ႏွမမ်ားကို အရက္၊ ေဆးလိပ္၊ ေလာင္းကစား၏ ဆိုးယုတ္ပံုမ်ားကို အျမဲသတိေပး လမ္းညႊန္ေလ့ရွိသည္။
မည္မွ် ဆင္းရဲေစကာမူ ေပ်ာ္ရႊင္ခ်မ္းေျမ ႔မႈရွိေသာ မိသားစုဘဝကေလး လြင့္ေပ်ာက္သြားမည့္ေန႔ တစ္ခုေသာ မြန္းလြဲခ်ိန္တြင္ ဆိုက္ေရာက္လာခဲ့သည္။
ထိုေန႔ကား ၁၈၉၅ ခုႏွစ္၊ ေႏြရာသီ၏ တစ္ခုေသာ မြန္းလြဲခ်ိန္ျဖစ္ျပီး ဖခင္ျဖစ္သူ ဝီလ္ဘာသည္ အိမ္သို႔ အျပင္းဖ်ားကာ ျပန္လာခဲ့ျပီး ထိုေန႔ ညပိုင္းတြင္ ရုတ္ခ်ည္းဆံုးပါးသြားခဲ့ေလသည္။
ဖခင္ကြယ္လြန္သြားျခင္းသည္ ဆန္ဒါးစ္တို႔ မိသားစုအတြက္ ျမင့္မိုရ္ေတာင္ၾကီး ျပိဳလဲသြားျခင္းျဖစ္သည့္အျပင္ ေအးခ်မ္းသည့္ ေန႔ရက္မ်ား အျပီးတိုင္ကုန္ဆံုးသြားခဲ့ျခင္းလည္း ျဖစ္သည္။
မိခင္ျဖစ္သူ မာဂရက္မွာ လူမမည္ ကေလးငယ္မ်ားကို ရွာေဖြေကၽြးေမြးႏိုင္ရန္အတြက္ အာလူးစည္သြတ္ဘူးစက္ရံုတစ္ခုတြင္ အလုပ္လုပ္ခဲ့ ရသည္။
ထိုအခ်ိန္တြင္ ဆန္ဒါးစ္မွာ ၆ ႏွစ္သား အရြယ္သာ ရွိေသး၏။
ကေလးအရြယ္သာရွိေသးေသာ ဆန္ဒါးစ္သည္ ညီငယ္ႏွင့္ ညီမငယ္ကေလးတို႔ကို ထိန္းေက်ာင္းကာ တတ္သမွ် မွတ္သမွ် ခ်က္ျပဳတ္ ေကၽြးေမြးခဲ့ရသည္။
အသက္ ၇ ႏွစ္သားအရြယ္တြင္ ဆန္ဒါးစ္မွာ အတန္အသင့္ အခ်က္အျပဳတ္ကၽြမ္းက်င္ေနျပီ ျဖစ္၏။
အဆိုပါ ဘဝအေတြ႔အၾကံဳမ်ားက ဆန္ဒါးစ္၏ အနာဂတ္ဘဝတြင္ ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္လာေစရန္ ပ်ဳိးေထာင္ေပးေနသကဲ့သို႔ လည္း ျဖစ္သည္။
ကေလးငယ္ေလး ဆန္ဒါးစ္၏ ေခါင္းေဆာင္မႈႏွင့္ အခ်က္အျပဳတ္ပါရမီကို ေဆြမ်ဳိးသားခ်င္းမ်ားပင္ သတိျပဳလာမိခဲ့ၾကသည္။
၁၀ ႏွစ္သားအရြယ္တြင္ ဆန္ဒါးစ္သည္ ေဒသခံလယ္သမားမ်ားျဖစ္ေသာ ခ်ာလီ ေနာရစ္စ္ႏွင့္ ဟင္နရီ မုန္႔ခ္တို႔၏ ယာေတာတြင္ လက္တိုလက္ေတာင္း အလုပ္သမား လုပ္ခဲ့ရ၏။
၁၉၀၂ ခုႏွစ္တြင္ မိခင္ျဖစ္သူသည္ ဝီလ်ံ ဘရုတ္ဒတ္စ္ဆိုသူႏွင့္ ေနာက္အိမ္ေထာင္ျပဳခဲ့ရာ ထိုအခ်ိန္တြင္ ဆန္ဒါးစ္မွာ အသက္ ၁၂ ႏွစ္အရြယ္ ရွိျပီ ျဖစ္သည္။
မိခင္ျဖစ္သူ ေနာက္အိမ္ေထာင္ျပဳျပီးေနာက္ ဆန္ဒါးစ္တို႔မိသားစုသည္ အင္ဒီယာနာျပည္နယ္၊ ဂရင္းဝုဒ္သို႔ ေျပာင္းေရႊ ႔ခဲ့ၾက၏။
ဆန္ဒါးစ္သည္ ပေထြးျဖစ္သူႏွင့္ အေစးမကပ္၊ ပေထြးက ရိုက္ႏွက္ ႏွိပ္စက္ေသာေၾကာင့္ အသက္ ၁၃ ႏွစ္အရြယ္တြင္ ေနအိမ္မွ ထြက္ေျပးခဲ့သည္။
(မွတ္ခ်က္။ အျခားမွတ္တမ္းတစ္ခုတြင္မူ ပေထြးက အိမ္တြင္ မယားပါသားမ်ား ျပည့္ႏွက္ေနသည္ကို မႏွစ္ျမိဳ ႔သည့္အတြက္ ဆန္ဒါးစ္၏ ညီကို အေဒၚျဖစ္သူထံ သြားေရာက္ေနထိုင္ရန္ ပို႔လိုက္ျပီး ဆန္ဒါးစ္ကိုမူ မိုင္ ၈၀ ခန္႔ကြာေဝးေသာ ေဒသရွိ ယာေတာတစ္ခုတြင္ အလုပ္လုပ္ရန္ ပို႔လိုက္သည္ဟုလည္း ဆိုသည္။)
၁၉၀၃ ခုႏွစ္တြင္ကား ဆန္ဒါးစ္သည္ ေက်ာင္းတြင္ အခ်ိန္ျဖဳန္းေနရသည္ထက္ အလုပ္လုပ္ကာ ဝင္ေငြရွာသည္က ပိုမိုေကာင္းမြန္သည္ဟု ေတြးကာ ေက်ာင္းမွထြက္လိုက္ရာ ထိုအခ်ိန္တြင္ ၆ တန္းသာ ရွိေသးသည္။
(ေနာက္ပိုင္းတြင္ ဆန္ဒါးစ္ ျပန္ေျပာသည္မွာ ထိုစဥ္က အကၡရာသခ်ၤာ မလိုက္ႏိုင္ေသာေၾကာင့္ ေက်ာင္းထြက္လိုက္ျခင္းျဖစ္သည္ ဟုလည္း ဆိုသည္)
ယင္းေနာက္ အနီးရွိယာေတာတစ္ခုတြင္ အလုပ္သြားလုပ္ျပီး မၾကာမီတြင္ ေနအိမ္မွ ထြက္ေျပးခဲ့၏။
ေနအိမ္မွ ထြက္ေျပးျပီး အင္ဒီယာနာပိုလစ္တြင္ ျမင္းလွည္းအိမ္မ်ားကို ေဆးသုတ္ရသည့္အလုပ္္တစ္ခုရခဲ့သည္။
အသက္ ၁၄ ႏွစ္အရြယ္သို႔ ေရာက္ေသာအခါ အင္ဒီယာနာျပည္နယ္ေတာင္ပိုင္းရွိ လယ္သမား ဆမ္ဝီလ္ဆင္ထံတြင္ ယာေတာအကူအျဖစ္ လုပ္ကိုင္ခဲ့၏။
၁၉၀၆ ခုႏွစ္တြင္ မိခင္ျဖစ္သူ၏ လမ္းညႊန္ခ်က္ျဖင့္ အင္ဒီယာနာျပည္နယ္၊ နယူး အယ္လ္ေဘနီတြင္ ဦးေလးႏွင့္ သြားေရာက္ေနထိုင္ခဲ့ သည္။
ထိုေနာက္ပိုင္း ၁၉၀၆ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ၁၅ ႏွစ္အရြယ္သာ ရွိေသးေသာ ဆန္ဒါးစ္သည္ ေမြးေန႔လိမ္လည္ေျပာဆိုကာ အေမရိကန္စစ္တပ္သို႔ ဝင္ေရာက္ကာ စစ္မႈထမ္းခဲ့ေလသည္။ က်ဴးဘားႏိုင္ငံအထိ ေရာက္ရွိ စစ္မႈထမ္းခဲ့ျပီး ၁၉၀၇ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ နာမည္ေကာင္းလတ္မွတ္ျဖင့္ စစ္တပ္မွ ထြက္ခဲ့ကာ ဦးေလးတစ္ဦးေနထုိင္ေသာ အယ္လ္ဘားမားျပည္နယ္ ရွက္ဖီးျမိဳ ႔ သို႔ သြားေရာက္ခဲ့သည္။
ပေထြးရန္မွ လြတ္ရန္ ထြက္ေျပးလာေသာ ညီျဖစ္သူ ကလဲရန္႔စ္ ႏွင့္လည္း ေတြ႔ခဲ့ရ၏။
ဦးေလးက Southern Railway တြင္ အလုပ္လုပ္ေနရာ ဆန္ဒါးစ္ကို ဝပ္ေရွာ႔ အကူအျဖစ္ အလုပ္သြင္းေပးခဲ့သည္။
မီးရထားလမ္းကုမၸဏီတြင္ အလုပ္လုပ္ေနစဥ္ ဂ်ဳိးဇက္ဖင္းႏွင့္ေတြ႔ဆံုခဲ့ျပီး မ်ားမၾကာမီတြင္ပင္ လက္ထပ္ခဲ့ၾကသည္။
ဟာလန္ဂ်ဴနီယာ အမည္ရွိ သားငယ္တစ္ဦး ထြန္းကားခဲ့ေသာ္လည္း ၁၉၃၂ ခုႏွစ္တြင္ အာသီးေရာင္ ေရာဂါျဖင့္ ဆံုးပါးသြားခဲ့သည္။
သမီးႏွစ္ဦးလည္း ထြန္းကားေသးရာ မာဂရက္ဆန္ဒါးစ္ ႏွင့္ မိုင္းဒရက္ဆန္ဒါးစ္ တို႔ျဖစ္ၾကသည္။
ေနာက္ပုိင္းတြင္ တင္နက္ဆီျပည္နယ္ ဂ်က္ဆင္ျမိဳ ႔သို႔ မိသားစုလုိက္ ေျပာင္းေရႊ ႔ခဲ့ၾကသည္။
ညပိုင္းတြင္ La Salle Extension တကၠသိုလ္မွ စာေပးစာယူျဖင့္ ဥပေဒပညာသင္ယူခဲ့သည္။
ဆန္ဒါးစ္သည္ အလုပ္တြင္ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးႏွင့္ ရန္ျဖစ္ကာ အလုပ္ျပဳတ္ခဲ့ရျပန္သည္။
ယင္းေနာက္ Rock Island မီးရထားလမ္းကုမၸဏီတြင္ ေျပာင္းေရႊ ႔လုပ္ကိုင္ရာ ဂ်ိဳးဇက္ဖင္းက ကေလးမ်ားကို ေခၚေဆာင္ျပီး မိဘမ်ား ေနအိမ္တြင္ သြားေရာက္ေနထုိင္ခဲ့သည္။
(မွတ္ခ်က္ ။ အခ်ိဳ ႔မွတ္တမ္းမ်ားတြင္မူ ပိုက္ဆံမရွာႏုိင္ေသာေၾကာင့္ ဇနီးျဖစ္သူက ထားသြားျခင္းျဖစ္သည္ဟုလည္း ဆုိသည္။
ဇနီးျဖစ္သူ မာဂရက္၏ အစ္ကိုက ဆန္ဒါးစ္ထံ စာတစ္ေစာင္ေရးသားေပးပုိ႔ခဲ့ရာတြင္ …အလုပ္တစ္ခုေတာင္မွ ျမဲေအာင္လုပ္ဖု႔ိ အရည္အခ်င္းမရွိတဲ့ မင္းလို ေကာင္မ်ိဳးကို လက္ထပ္ခဲ့တာ သူဦးေႏွာက္မရွိလို႔ပဲ..ဟု ေရးသားခဲ့သည္ဟု ဆိုသည္။
ဆန္ဒါးစ္သည္ သမီးျဖစ္သူကို ဇနီးထံမွ ျပန္ေပးဆြဲကာ ျပန္လည္ေခၚယူရန္ ၾကိဳးပမ္းခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေသာေၾကာင့္ ဇနီးကို အိမ္ျပန္လာရန္ ေခၚယူခဲ့ရသည္ ဟုလည္း ဆုိသည္။
သမီးျဖစ္သူကို ျပန္ေပးဆြဲေခၚယူရန္ ၾကိဳးပမ္းခဲ့ဖူးသည့္အေၾကာင္းကို ဆန္ဒါးစ္က ၁၉၇၄ ခုႏွစ္တြင္ ထုတ္ေဝခဲ့သည့္ သူ၏ ကိုယ္တိုင္ေရး အတၳဳပၸတၱိစာအုပ္ျဖစ္ေသာ Life as I Have Known It Has Been Finger Lickin’ Good စာအုပ္တြင္ ေရးသားေဖာ္ျပခဲ့ဖူးသည္။)
Little Rock အမည္ရွိ ဥပေဒအဖြဲ႔တြင္ ၃ ႏွစ္ခန္႔ အလုပ္လုပ္ကိုင္ခဲ့ျပီးေနာက္ ေငြေၾကးလံုေလာက္စြာ စုေဆာင္းမိသျဖင့္ မိသားစုကုိ အတူေနထိုင္ရန္ ျပန္လည္ ေခၚယူခဲ့သည္။
တစ္ရက္တြင္မူ တရားရံုးခန္းမအတြင္း သူ၏အမႈသည္ႏွင့္ ခုိက္ရန္ျဖစ္ပြားျပီးေနာက္ တရားေရးနယ္တြင္ အလုပ္လုပ္ကိုင္မႈ အဆံုးသတ္ သြားခဲ့ေတာ့သည္။
ယင္းေနာက္ပိုင္း အလုပ္မ်ားစြာ လုပ္ကိုင္ခဲ့ေသာ္လည္း မည္သည္အလုပ္တြင္မွ တည္ျမဲခဲ့ျခင္းမရွိခဲ့။
အသက္ ၄၀ အရြယ္သုိ႔ ေရာက္ရွိခ်ိန္တြင္ ဆန္ဒါးစ္၏ လက္ထဲ၌ ေငြအနည္းငယ္သာ စုမိေသးသည္။
ဘဝအခ်ိန္ကာလ အမ်ားစု ကုန္လြန္သြားခဲ့ျပီ ျဖစ္ေသာ္လည္း ဘဝကို ေအးေအးခ်မ္းခ်မ္းေနထုိင္ႏုိင္ရန္ လံုေလာက္သည့္ ေငြေၾကး လက္ထဲတြင္ မရွိေသး။
ဆန္ဒါးစ္ ဘဝကို အလြန္စိတ္ပ်က္သြား၏။
(မွတ္ခ်က္ ။ အခ်ိဳ ႔မွတ္တမ္းမ်ားတြင္ ဆန္ဒါးစ္သည္ မိမိကုိယ္ကုိ အဆံုးစီရင္ရန္ စဥ္းစားခဲ့ဖူးသည္ဟု ေဖာ္ျပၾကသည္။)
စိတ္ပ်က္ေသာ္လည္း အေလ်ာ႔မေပး ။
ဆန္ဒါးစ္က ထိုအေျခအေနကို ေျပာင္းလဲလို၏။
သို႔ႏွင့္ တင္နက္ဆီ ျပည္နယ္ နယ္စပ္ႏွင့္ ၂၅ မုိင္ခန္႔ ေဝးကြာေသာ ေကာ္ဘင္ ျမိဳ ႔ကေလးတြင္ ဓာတ္ေငြ႔ဆိုင္တစ္ခုေရွ ႔၌ စားပြဲခံုေဟာင္းၾကီးတစ္ခုကို ဘီးတပ္ကာ ကုန္ကားေမာငး္သူတို႔ကို အစားအေသာက္စတင္ေရာင္းခ်ခဲ့ေလသည္။
အခ်ိန္ကာလကား ၁၉၃၀ ျပည့္ႏွစ္ျဖစ္ျပီး ထိုစဥ္ကမူ သူ၏ဟင္းလ်ာစာရင္းတြင္ ၾကက္ေၾကာ္မပါဝင္ေသးေခ်။
အဘယ္ေၾကာင့္ဆိုလွ်င္ ၾကက္ေၾကာ္တစ္ပြဲျပင္ဆင္ရသည္မွာ အလြန္အခ်ိန္ၾကာေသာေၾကာင့္ ျဖစ္၏။
အဆိုပါ ေနရာသည္ စားေသာက္ဆုိင္ဖြင့္ရန္အတြက္ ေနရာေကာင္းတစ္ခု ျဖစ္၏။
ဖေလာ္ရီဒါ ျပည္နယ္ႏွင့္ ေျမာက္ပိုင္းျပည္နယ္မ်ားသို႔ ခရီးသြားသူမ်ားသည္ အဆုိပါ လမ္းမွ ျဖတ္သန္းသြားလာရသျဖင့္ အျမဲတေစ ေဖာက္သည္မ်ား ျပတ္လပ္သြားသည္ဟု မရွိေခ်။
ဆန္ဒါးစ္သည္ မီးဖိုေဆာင္ဝင္ကာ ၾကက္သား၊ဝက္သား ၊အမဲသား ဟင္းမ်ားကို စားေကာင္းေသာက္ဖြယ္ျဖစ္ေအာင္ ခ်က္ျပဳတ္စီမံေပး၏။
မၾကာမီတြင္ပင္ သူ၏ ဆုိင္သည္ ကင္တပ္ကီျပည္နယ္တစ္လႊားတြင္ နာမည္ေက်ာ္ၾကားလာေတာ့သည္။
(ဆန္ဒါးစ္၏ ပထမဆံုးဆုိင္ကို ေတြ႔ရပံု )
ထိုၾကက္ေၾကာ္ကို ဟာလန္ဆန္ဒါးစ္၏ ကင္တပ္ကီၾကက္ေၾကာ္ ဟု ေခၚခဲ့ၾကသည္။ဆန္ဒါးစ္က ကင္တပ္ကီၾကက္ေၾကာ္ကို ဟင္းခတ္ အေမႊးအၾကိဳင္ပစၥည္း ၁၁ မ်ဳိးျဖင့္ စီမံခဲ့ျခင္းျဖစ္သည္။ ဆန္ဒါးစ္၏ ဘဝအေျခအေနေကာင္းမြန္စျပဳလာျပီျဖစ္သည္။
ဆန္ဒါးစ္က ထိုအခ်ိန္တြင္ ေလလံုေပါင္းအိုးတစ္ခု pressure cooker ဝယ္လိုက္၏။ ယင္းဒယ္အိုးမ်ဳိးစတင္ ေပၚစသာ ရွိေသးသည့္ အခ်ိန္လည္း ျဖစ္သည္။ pressure cooker ကို စတင္အသံုးခ်ခဲ့သည့္ စားဖိုမွဴးမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္ဟု ဆိုႏိုင္သည္။
ယခင္က ၾကက္သားဟင္းတစ္ပြဲ ျပင္ရန္အတြက္ မိနစ္ ၃၀ ခန္႔ အခ်ိန္ယူခဲ့ရျပီး pressure cooker ျဖင့္မူ ၉ မိနစ္သာ ၾကာေတာ့သည္။
ေဖာက္သည္မ်ားမွာ ဟင္းတစ္ပြဲအတြက္ အခ်ိန္အလြန္ၾကာရွည္စြာ ေစာင့္ဆိုင္းရန္ မလိုေတာ့သျဖင့့္ ေရာင္းခ်ရမႈႏႈန္း ျမင့္တက္လာသည္။
၁၉၃၅ ခုႏွစ္သည္ ဆန္ဒါးစ္၏ ဘဝတြင္ အေရးပါသည့္ ခုႏွစ္တစ္ခုျဖစ္၏။
ကင္တပ္ကီျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ရူဘီ လာဖြန္က ဆန္ဒါးစ္ကို တိုင္းျပည္အေပၚ တာဝန္ထမ္းေဆာင္ခဲ့မႈမ်ားအတြက္ the title of Kentucky Colonel ဘြဲ႔ခ်ီးျမွင့္ခဲ့ေလသည္။
ယင္းကာလတြင္ အေမရိကန္ျပည္ေထာင္စုတစ္လႊားမွ ျပည္သူမ်ားသည္ ကင္တပ္ကီျပည္နယ္မွ ကာနယ္ဆန္ဒါးစ္၏ အမ်ဳိးသားဟင္းလ်ာျဖစ္ေသာ ၾကက္ေၾကာ္အေၾကာင္း တခုတ္တရ ေျပာဆိုေနၾကျပီ ျဖစ္သည္။
ဆန္ဒါးစ္သည္ ေန႔ခင္းပိုင္းတြင္ စားေသာက္ဆိုင္၌ ေဖာက္သည္မ်ားအတြက္ ခ်က္ျပဳတ္ေၾကာ္ေလွာ္ကာ ညပိုင္းတြင္ ကားေနာက္ခန္း၌ အိပ္စက္ေလ့ရွိခဲ့သည္။
ဆန္ဒါးစ္က ထိုသို႔ေသာအေျခအေနတြင္ သူ၏လုပ္ငန္းကို ခ်ဲ ႔ထြင္ႏိုင္ရန္လိုအပ္ေၾကာင္း သံုးသပ္လာမိသည္။
သို႔ႏွင့္ ၁၉၃၇ ခုႏွစ္တြင္ Sanders Court & Café အမည္ရွိ သြားေရစာ စားေသာက္ဆိုင္တစ္ခု ထပ္မံဖြင့္လွစ္ခဲ့သည္။
သို႔ရာတြင္ ကာနယ္ဆန္ဒါးစ္၏ သြားေရစာဆိုင္ႏွင့္ မက္ေဒၚနယ္၏ ဟန္ဘာဂါတို႔မွာ ႏႈိင္းယွဥ္၍ မရႏိုင္ေသးေခ်။
အဘယ္ေၾကာင့္ဆိုလွ်င္ ကာနယ္ဆန္ဒါးစ္၏ ဆိုင္မ်ားက အမွာစာတစ္ခုအတြက္ ၁၀ မိနစ္မွ ၁၅ မိနစ္အထိ အခ်ိန္ယူေနရေသာေၾကာင့္ ျဖစ္၏။
ထို႔ေၾကာင့္ fast food ဆိုင္ဟု ေခၚရန္ပင္ မျဖစ္ႏိုင္ေသး။
၁၉၄၇ ခုႏွစ္တြင္ ဆန္ဒါးစ္ႏွင့္ ဂ်ဳိးဇက္ဖင္းတို႔ ကြာရွင္းခဲ့ၾကျပီး ၁၉၄၉ ခုႏွစ္တြင္ ဆန္ဒါးစ္က သူ၏အတြင္းေရးမွဴး ကေလာ္ဒီယာ လီဒင္တန္ကို လက္ထပ္ခဲ့သည္။
အဆိုပါခုႏွစ္အတြင္းတြင္ပင္ ကင္တပ္ကီျပည္နယ္လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး ေလာရင့္စ္ ဝဲသာဘီက ဆန္ဒါးစ္ကို title of Kentucky colonel ေနာက္တစ္ၾကိမ္ ထပ္မံခ်ီးျမွင့္ခဲ့ျပန္သည္။
KFC ၾကက္ေၾကာ္၏ အမွတ္တံဆိပ္အျဖစ္ ဆန္ဒါးစ္၏ရုပ္ပံုကို ေဖာ္ျပခဲ့ရာ အဆိုပါရုပ္ပံုသည္ သာမာန္အေမရိကန္ျပည္သူတို႔၏ ႏွလံုးသားမ်ားအတြင္းသို႔ ခ်က္ခ်င္းပင္ေရာက္ရွိသြားခဲ့ၾကသည္။ KFC ကို အားေပးသူမ်ား အလြန္မ်ားျပားလာျပီး သူ႔ဘဝတြင္ တစ္ခါဖူးမွ် မကိုင္တြယ္ဖူးေသာ ေငြမ်ား ဆန္ဒါးစ္ ရရွိလာခဲ့သည္။
ထိုသို႔ ေအာင္ျမင္မႈရရွိစမွာပင္ ၾကီးမားသည့္ထိုးႏွက္ခ်က္တစ္ရပ္ ၾကံဳရျပန္သည္။
သူ၏ စားေသာက္ဆိုင္ မီးသင့္ခံလိုက္ရျခင္း ျဖစ္၏။
ဆန္ဒါးစ္က ခ်က္ျခင္းပင္ ျပန္လည္တည္ေဆာက္ကာ လအနည္းငယ္အၾကာတြင္ ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ၾကိဳးပမ္းခဲ့ရသည္။
ျပည္နယ္အစိုးရကလည္း ဆန္ဒါးစ္ကို ပံ့ပိုးကူညီမႈမ်ား ေပးခဲ့၏။ အေၾကာင္းမူကား ဆန္ဒါးစ္၏ KFC ၾကက္ေၾကာ္သည္ ကင္တပ္ကီ၏ ျပယုဂ္တစ္ခု ျဖစ္ေနျခင္းေၾကာင့္ပင္တည္း။
သို႔ရာတြင္ ေလာကဓံက ဆန္ဒါးစ္ကို အလြတ္မေပးေခ်။
၁၉၅၆ ခုႏွစ္တြင္ ေကာ္ဘင္ျမိဳ ႔ပတ္လမ္းေပၚ၌ Interstate 75 အမည္ျဖင့္ ဆိုင္သစ္တစ္ခု ေဆာက္လုပ္ျပီးစီးသြားရာ ျဖတ္သန္းသြားလာ သည့္ ခရီးသည္မ်ားမွာ ဆန္ဒါးစ္၏ဆိုင္ကို သတိမျပဳမိေတာ့ဘဲ ဆိုင္သစ္သို႔သာ ဝင္ၾကေတာ့သည္။
သို႔ျဖင့္ ေဖာက္သည္ဦးေရမွာ တစထက္တစ က်ဆင္းလာခဲ့ရာ တစ္ခါက ေအာင္ျမင္ခဲ့ေသာလုပ္ငန္းမွာ က်ဆံုးခန္းဆိုက္ေရာက္ခဲ့ေတာ့၏။
ဆန္ဒါးစ္မွာ အေၾကြး ႏြြံနစ္ေနျပီ ျဖစ္ေသာေၾကာင့္ သူ၏ စာေသာက္ဆိုင္ကို ကန္ေဒၚလာ ၇၅၀၀၀၀ ျဖင့္ ေရာင္းခ်လုိက္ရသည္္။
ထိုအခ်ိန္တြင္ အသက္ ၆၆ ႏွစ္ရွိေနျပီျဖစ္သည္။
စားေသာက္ဆုိင္လုပ္ငန္းကို ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္ခဲျ့ပီးေနာက္ မိမိကုိယ္မိမိျပန္ၾကည့္ရာ လက္ထဲတြင္ ျခဴးတစ္ျပားမွ မရွိေသာသည့္ဘဝသို႔ ျပန္လည္ေရာက္ရွိေနသည္ကို ဆန္ဒါးစ္ေတြ႔ခဲ့ရ၏။
အစိုးရ၏ လူမႈဖူလံုေရးေထာက္ပံ့ေငြ တစ္လလွ်င္ ၁၀၅ ေဒၚလာ ကို ရယူေနထုိင္စားေသာက္ရသည့္ ဘဝသို႔ ေရာက္ရွိသြားခဲ့သည္။
“မင္း..ကိုယ့္ဟာကိုုယ္ ရွာမစားႏိုင္ေတာ့ဘူး” ဟု အစိုးရက ေျပာေနသကဲ့သို႔ ခံစားရေၾကာင္း ဆန္ဒါးစ္က ေျပာျပ၏။
ထိုေနာက္ပုိင္း ဆန္ဒါးစ္သည္ ကင္တပ္ကီျပည္နယ္ ရွယ္ဗီဘီလီ ေျပာင္းေရႊ ႔ရန္ ဆံုးျဖတ္လုိက္၏။
သို႔ရာတြင္ ဤအေျခအေနသည္ ဆန္ဒါးစ္၏ ဘဝတြင္ ဆံုးခန္းတုိင္ခဲ့ျခင္းမဟုတ္။
အသက္ ၆၆ ႏွစ္အရြယ္တြင္ ဘဝတစ္ဖန္အစပ်ဳိးခဲ့ျခင္း ျဖစ္သည္။
တစ္နည္းဆိုရလွ်င္ KFC ၾကက္ေၾကာ္ ႏိုင္ငံတစ္ကာတြင္ ပ် ႔ံႏွံ႔ရန္ ယခုမွ အစပ်ဳိးခဲ့ျခင္းျဖစ္ေလသည္။
(KFC)
ေနာက္ဆံုးတြင္ကား ဆန္ဒါးစ္သည္ KFC ၾကက္ေၾကာ္ျပဳလုပ္ပံုနည္းစနစ္ကို အျခားစားေသာက္ဆိုင္မ်ားထံ ေရာင္းခ်၍ ရႏိုင္သည္ဟု ဆံုးျဖတ္လုိက္၏။
သို႔ျဖင့္ ဆန္ဒါးစ္ႏွင့္ ဇနီးျဖစ္သူတို႔သည္ pressure cookers မ်ား၊ အရသာမႈန္႔မ်ား၊ ဟင္းခတ္အေမႊးအၾကိဳင္မ်ားကို ၁၉၄၆ ထုတ္ ဖို႔ဒ္ကားေပၚတင္ကာ အေမရိကန္ျပည္တစ္ဝန္း တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ လွည့္လည္သြားလာခဲ့ၾက၏။
စားေသာက္ဆိုင္တစ္ဆိုင္သို႔ဝင္၏။ KFC ၾကက္ေၾကာ္ကို သူ၏နည္းစနစ္ျဖင့္ ေၾကာ္ေလွာ္ေရာင္းခ်ရန္ ကမ္းလွမ္း၏။
သို႔ရာတြင္ မည္သည့္စားေသာက္ဆိုင္ကမွ် လက္ခံေရာင္းခ်ခဲ့ၾကျခင္းမရွိေခ်။
ဆန္ဒါးစ္၏ မေလွ်ာ့ေသာဇြဲကား အလြန္အံ့အားသင့္ဖြယ္ေကာင္းလွသည္။
စားေသာက္ဆိုင္ေပါင္း ၁၀၀၉ ဆိုင္တိတိ၏ ျငင္းပယ္မႈခံခဲ့ရျပီးေနာက္မွ ပထမဆံုးလက္ခံေရာင္းခ်မည့္သူကို ရွာေဖြေတြ႔ရွိခဲ့ရသည္။
ေနာက္တစ္ၾကိမ္ ထပ္၍ေျပာပါဦးမည္။ ဆန္ဒါးစ္သည္ သူ၏ KFC ၾကက္ေၾကာ္ကို လက္ခံေရာင္းခ်မည့္သူတစ္ဦး မေတြ႔မီ ၁၀၀၉ ဦး၏ ျငင္းပယ္မႈခံခဲ့ရပါသည္။
Franchise စနစ္ျဖင့္ KFC ၾကက္ေၾကာ္ကို ေရာင္းခ်ခြင့္ေပးခဲ့ရာတြင္ ၾကက္ေၾကာ္တစ္တံုးေရာင္းခ်တိုင္း ဆန္ဒါးစ္မွာ ေငြ ၅ ဆင့္ ရရွိမည္ ျဖစ္သည္။
တစထက္တစ KFC ၾကက္ေၾကာ္ကို လက္ခံေရာင္းခ်သည့္ စားေသာက္ဆိုင္မ်ား မ်ားျပားလာသည္။
၁၉၆၃ ခုႏွစ္တြင္ကား အေမရိကန္ျပည္ေထာင္စုတစ္လႊားႏွင့္ ကေနဒါတို႔တြင္ KFC ၾကက္ေၾကာ္ေရာင္းခ်သည့္ စားေသာက္ဆိုင္ေပါင္း ၆၀၀ ေက်ာ္အထိ ရွိလာသည္။
ကင္တပ္ကီၾကက္ေၾကာ္ အထြတ္အထိပ္သို႔ ေရာက္ခဲ့ျပီ ျဖစ္သည္။
(KFC မတည္ေထာင္မီ လုပ္ကိုင္ခဲ့ေသာအလုပ္မ်ား)
KFC ကို မစတင္ႏိုင္မီ ကာနယ္ဆန္ဒါးစ္သည္ အလုပ္ေပါင္းစံု လုပ္ကိုင္ခဲ့ရာ
(၁) ကေလးဘဝတြင္ ယာေတာ၌ ေတာက္တိုမယ္ရအျဖစ္ လုပ္ကိုင္ခဲ့သည္။
(၂) အသက္ ၁၃ ႏွစ္အရြယ္တြင္ ျမင္းလွည္းအိမ္မ်ား ေဆးသုတ္ရသည့္အလုပ္ လုပ္ကိုင္ခဲ့၏။ (၃) အသက္ ၁၄ ႏွစ္အရြယ္တြင္ အင္ဒီယာနာျပည္နယ္၊ Greenwood ျမိဳ႕အနီးရွိ ယာေတာတစ္ခုတြင္ အလုပ္လုပ္ရသည္။ တစ္လလွ်င္ ၁၅ ေဒၚလာ လစာရျပီး အိပ္စရာေနရာႏွင့္ စားစရာအခ်ဳိ႕ရသည္။ ဆန္ဒါးစ္သည္ အရုဏ္မတက္မီ အိပ္ရာထျပီး တိရ စၦာန္မ်ားကို အစာေကၽြး၏။ ထို႔ေနာက္ ေက်ာင္းသြားသည္။ ညေန ေက်ာင္းျပန္လာလွ်င္ ၾကက္မ်ားအစာေကၽြးျခင္းအျပင္ အျခားေသာ ယာေတာအလုပ္မ်ားစြာ လုပ္ကိုင္ရသည္။ ၅ တန္းေအာင္ျပီးခ်ိန္တြင္ ေက်ာင္းမွအျပီးထြက္လိုက္ကာ ယာေတာတြင္ အခ်ိန္ျပည့္ လုပ္ကိုင္ခဲ့သည္။ အသက္ ၁၆ ႏွစ္အရြယ္ ၁၉၀၆ ခုႏွစ္တြင္ အသက္လိမ္ေျပာကာ အေမရိကန္စစ္ဘက္သို႔ ဝင္ေရာက္ခဲ့သည္။
(၃) ယင္းေနာက္ ရထားကုမၸဏီတစ္ခုတြင္ လက္မွတ္စစ္အျဖစ္ လုပ္ကိုင္ခဲ့သည္။
(၄) ကာနယ္ဆန္ဒါးစ္သည္ အေမရိကန္စစ္ဘက္တြင္ တာဝန္ထမ္းေဆာင္ရင္း က်ဴးဘားႏိုင္ငံတြင္ တာဝန္က်ဖူးသည္။
(၅) မီးရထားဝပ္ေရွာ့တြင္ ပန္းပဲဆရာ၏ အကူအျဖစ္လည္း လုပ္ကိုင္ခဲ့ရ၏။
(၆) အီလီႏြိဳက္စ္ျပည္နယ္ ဗဟိုမီးရထားဌာနတြင္ မီးသတ္သမားအျဖစ္လည္း လုပ္ကိုင္ခဲ့သည္။
(၇) အာမခံမ်ား၊ Credit ကဒ္မ်ား၊ တာယာမ်ား ေရာင္းခ်သူအျဖစ္လည္း လုပ္ကိုင္ခဲ့သည္။
(၈) ဖယ္ရီေလွကုမၸဏီတစ္ခုလည္း တည္ေထာင္ခဲ့ဖူးသည္။
(၉) စားေသာက္ဆိုင္တစ္ခုတြင္ စားဖိုမွဴး၊ ပန္းကန္ေဆးသမားအျဖစ္လည္း လုပ္ကိုင္ခဲ့ရ၏။
(KFC ကို ေရာင္းခ်ျခင္း)
၁၉၆၃ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ဂၽြန္ ဝိုင္-ဘေရာင္း ဂ်ဴနီယာအမည္ရွိ လူငယ္ေရွ ႔ေနတစ္ဦးႏွင့္ ဂ်က္ခ္ စီ-မာေဆးအမည္ရွိ လုပ္ငန္းရွင္တစ္ဦးတို႔က KFC ၏ franchise မူပိုင္ခြင့္ကို ဝယ္ယူရန္ ၾကိဳးစားေလသည္။
ကနဦးတြင္မူ ကာနယ္ဆန္ဒါးစ္က ခါးခါးသီးသီးျငင္းပယ္ခဲ့၏။
KFC သည္ သူ၏ ဘဝ၊ သူ၏ ရင္ေသြးျဖစ္သည္ မဟုတ္ပါေလာ။
သို႔ရာတြင္ ရက္သတၱပတ္အတန္ၾကာ စည္းရံုးဆြဲေဆာင္ျခင္း ခံရျပီးေနာက္ ၁၉၆၅ ခုႏွစ္၊ ဇန္နဝါရီလတြင္ KFC ၏ မူပိုင္ခြင့္အရပ္ရပ္ကို ကန္ေဒၚလာ ၂ သန္း (ယေန႔ေခတ္တန္ဖိုး ကန္ေဒၚလာ ၁၅ သန္းေက်ာ္) ျဖင့္ ေရာင္းခ်ရန္ သေဘာတူခဲ့ေတာ့သည္။
ထိုႏွစ္ မတ္လတြင္ KFC ကို အေရာင္းအဝယ္အျပီးသတ္ ျပဳလုပ္ခဲ့သည္။
အဆိုပါ အေရာင္းအဝယ္သေဘာတူညီခ်က္အရ Kentucky Fried Chicken ဆိုင္မ်ားကို အျခားဆိုင္မ်ားအား နည္းစနစ္မေပးဘဲ ကမၻာတစ္ဝန္းတြင္ ကိုယ္ပိုင္ဖြင့္လွစ္မည္ျဖစ္သည္။
ဆန္ဒါးစ္သည္ တစ္သက္တာလံုး လစာ ကန္ေဒၚလာ ၄၀၀၀၀ (ေနာင္အခါတြင္ ၇၅၀၀၀ သို႔ တိုးျမွင့္ေပးခဲ့) ေပးအပ္သြားမည့္အျပင္ ဘုတ္အဖြဲ႔တြင္ တစ္ေနရာလည္း ေပးအပ္ခဲ့သည္။
ထို႔အျပင္ ကေနဒါတြင္ franchise ျဖင့္ ဖြင့္လွစ္ထားေသာ KFC ဆိုင္အမ်ားစုအတြက္ ပိုင္ဆိုင္ခြင့္ေပးသည့္အျပင္ ကုမၸဏီ၏ brand ambassador အျဖစ္လည္း ခန္႔အပ္ခဲ့သည္။
သူကိုယ္တိုင္ေမြးဖြားေပးခဲ့ေသာ ၊ ရင္ေသြးသဖြယ္ျပဳစုပ်ဳိးေထာင္ခဲ့ရေသာ ကုမၸဏီ ေရာင္းခ်လိုက္ရျခင္းအေပၚ မ်ားစြာစိတ္မေကာင္း ျဖစ္ေနခဲ့ရ၏။
သို႔ရာတြင္ မိမိထက္ ေငြေၾကးေတာင့္တင္းသူတို႔၏ လက္တြင္ ကုမၸဏီမ်ားစြာဆက္လက္ဖြံ႔ျဖိဳးတိုးတက္ေနသည္ကို ျမင္ရျခင္းမွာ အေကာင္းဆံုးေရြးခ်ယ္မႈျဖစ္ေၾကာင္း ဆံုးျဖတ္ကာ ေရာင္းခ်လိုက္ျခင္းလည္း ျဖစ္သည္။
ကာနယ္ဆန္ဒါးစ္သည္ က်န္သည့္ဘဝေန႔ရက္မ်ားတြင္ ေတြ႔ဆံုေမးျမန္းခန္းမ်ား လက္ခံျပဳလုပ္ေပးျခင္းျဖင့္ ကုန္လြန္ျဖတ္သန္းခဲ့သည္။
၁၉၈၀ ျပည့္ႏွစ္တိုင္ေအာင္ ကာနယ္ဆန္ဒါးစ္သည္ မိုင္ေပါင္း ၂၅၀၀၀၀ ခန္႔ ႏွစ္စဥ္ခရီးထြက္ကာ ကမၻာတစ္လႊားရွိ KFC ဆိုင္မ်ားရွိရာသို႔ သြားေရာက္ခဲ့ျပီး သတင္းမီဒီယာမ်ားတြင္ ကုန္စည္အမွတ္တံဆိပ္ကို ေစ်းကြက္အေရာင္းျမွင့္တင္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။
ဘေရာင္းက KFC ရွယ္ယာမ်ားကို ၁၉၇၁ ခုႏွစ္တြင္ ကန္ေဒၚလာ ၂၈၄ သန္းျဖင့္ ေရာင္းခ်ခဲ့ျပီးေနာက္ ၁၉၇၉ ခုႏွစ္တြင္ ကင္တပ္ကီျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးျဖစ္လာခဲ့သည္။
ေနာင္တစ္ႏွစ္အၾကာ ၁၉၈၀ ျပည့္ႏွစ္၊ ဇြန္လတြင္ ဆန္ဒါးစ္၌ ေသြးကင္ဆာေရာဂါျဖစ္ပြားေနေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ၾကသည္။
၁၉၈၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၁၆ ရက္တြင္ ကင္တပ္ကီျပည္နယ္၊ လူးဝစ္ဗီလီရွိ ေဆးရံုတြင္ အဆုပ္ေရာင္ေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၀ ရွိျပီ ျဖစ္သည္။
ကာနယ္ဆန္ဒါးစ္သည္ မကြယ္လြန္မီ တစ္လခန္႔အထိ သူႏွစ္ျခိဳက္ေသာ အျဖဴေရာင္ဝတ္စံုဝတ္ကာ လူၾကားသူၾကားတြင္ သြားလာေနခဲ့ေသး၏။
ကာနယ္ဆန္ဒါးစ္ကြယ္လြန္ခဲ့စဥ္ကာလက ကမၻာ့ႏိုင္ငံေပါင္း ၄၈ ႏိုင္ငံတြင္ KFC ဆိုင္ခြဲေပါင္း ၆၀၀၀ ခန္႔ရွိေနျပီျဖစ္ျပီး ႏွစ္စဥ္ေရာင္းအားမွာ ထိုေခတ္ေငြ ကန္ေဒၚလာ ၂ ဘီလီယံ (ယေန႔တန္ဖိုးအားျဖင့္ ၅ ဒသမ ၈ ဘီလီယံ) ခန္႔ ေရာင္းခ်ေနရျပီ ျဖစ္သည္။
ယခုအခါတြင္မူ ကမၻာ့ႏိုင္ငံေပါင္း ၁၁၅ ႏိုင္ငံတြင္ KFC ၏ အမွတ္တံဆိပ္ ကာနယ္ဆန္ဒါးစ္ကို လူတိုင္းသိေနၾကျပီ ျဖစ္သည္။
ယင္းမွာ အသက္ ၆၀ ေက်ာ္အရြယ္က ကားတစ္စင္းျဖင့္ ႏိုင္ငံတစ္ဝန္းလွည့္လည္ခဲ့စဥ္ ကာနယ္ဆန္ဒါးစ္မက္ခဲ့သည့္ အိပ္မက္ထက္ မ်ားစြာၾကီးမားသည့္ ေအာင္ျမင္မႈၾကီးျဖစ္ေလသည္။
မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: The Amazing Life of Colonel Harland David Sanders, Founder of Kentucky Fried Chicken ( toughnickel )