လောက်သေပင်ရဲ့ ဆေးဖက်ဝင်ပုံများ

လောက်သေပင်ရဲ့ ဆေးဖက်ဝင်ပုံများ - Property Knowledge in Myanmar from iMyanmarHouse.com
11 Aug 2022 2:38 pm တွင် တင်ခဲ့သည်
2120 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

မျိုးရင်း။ ။ Papilionaceae

ရုက္ခဗေဒအမည်။ ။ Desmodium triquetrum

အခေါ်အဝေါ်

မြန်မာအမည် - လောက်သေ

ပုံသဏ္ဌာန်

အပင် - ပင်ပျော့ပင်ငယ် သက်ပြင်းမျိုးဖြစ်သည်။ မှီတွယ်ရာမရှိသော နေရာများ၌ မြေပေါ်တွင် ဖြန့်တွားပေါက်၏။ အမြင့် ၅-၆ ပေခန့်မြင့်၏။ ပင်စည်သေးသွယ်ပြီး မွဲခြောက်ခြောက် အရောင်ရှိသည်။ အကိုင်းအခက်များ အညိုရောင်ရှိသည်။

အရွက် - ရွက်လွှဲထွက်၏။ လှံသွားပုံရှိ၏။ အလျား ၆လက်မ၊ အနံ ၂ လက်မခန့်ရှိ၏။ ရွက်ထိပ်ချွန်၏။ အပေါ်မျက်နှာပြင်ပေါ်တွင် သေးငယ်သော ဆူးလေးများရှိသည်။ ရွက်ညှာအတောင်ပါသည်။ ရွက်ညှာရင်းနားတွင် ရွက်စွယ် အဖတ်လေးများရှိ၏။

အပွင့် - အလွန်သေးငယ်၏။ နီရောင်သမ်းသော အညိုရောင် (သို့) မရန်းရောင်ရှိ၏။ နတ်တော်၊ ပြာသိုလများတွင် ပွင့်၏။

အသီး - သီးတောင့်ဖြစ်သည်။ ၁လက်မမျှ ရှည်၍ပြား၏။ အဆစ် ၆-၈ ထိရှိပြီး ပြောင်ချော၏။ သို့မဟုတ် အမွေးနုများရှိသည်။ တပေါင်း၊ တန်ခူးလများတွင် အသီးရင့်မှည့်သည်။

ပေါက်ရောက်သည့်ဒေသ - မြန်မာနိုင်ငံအောက်ပိုင်း စွတ်စိုသောဒေသများတွင် ပေါက်သည်။

ပေါက်ရောက်ပုံ - သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း - အမြစ်၊ အရွက်။

အာနိသင်

မြန်မာ့ဆေးကျမ်းများအလိုအရ လောက်သေပင်သည် လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အသက်ကိုရှည်စေ၏။ ကာမကို အားပေး၏။ ရောဂါဖြစ်စေသော ပိုးများကို ပယ်တတ်၏။ အဆီကို တိုးပွားစေ၏။ အူတို့ကို တွန့်ရှုံ့စေတတ်၏။ အဖျားရောဂါ၊ အဖျားကြောင့် ဖြစ်သော စိတ်မသက်သာမှု၊ လေရောဂါ၊ မြင်းသရိုက်၊ ဖောရောင်ခြင်း၊ ပန်းနာချောင်းဆိုး၊ ရေငတ်နှင့် အန်ခြင်းတို့ကိုပျောက်စေနိုင်သည်။

အသုံးပြုပုံ

အမြစ် - ဆီးတွင် သွေးပါသောရောဂါအတွက် အမြစ်ကို ငရုတ်ကောင်းအနည်းငယ် ထည့်ကျိုပြီး ဆီးပြွန်ချောင်းမှ ၎င်းပြုတ်ဆေးကို ဖန်ပြွန်ပိုက် စသည်ဖြင့် သွေးပေးသော်ပျောက်၏။

အရွက်

(၁) အရွက် မနုမရင့်ကို ပြုတ်၍ သုပ်စားခြင်း၊ တို့စားခြင်းဖြင့် ဝမ်းကိုက်ရောဂါ၊ ဝမ်းဖော၊ ဝမ်းရောင်ရောဂါ ကလေးများ သန်ဝမ်းကိုက်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ပျောက်၏။

(၂) အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ သောက်သုံးသော် ဆီးပူ၊ ဆီးအောင့်ရောဂါနှင့် အရေပြားရောဂါပျောက်၏။

(၃) ၎င်းအရွက်ကို အခြားသောဆေးပင်တို့နှင့် ပေါင်းစပ်၍ ဆီးရွှင်ဆေးအဖြစ် ဖော်စပ်သောက်သုံးနိုင်သည်။

(၄) လောက်သေရွက်နှင့် ထားဝယ်မှိုင်းရွက်ကို ရေနွေးဖြော၍ သုပ်စားသော်ဆီးပူ၊ ဆီးအောင့်၊ ဝမ်းကိုက်၊ သွေးဝမ်းသွား၊ သွေးမြင်းသရိုက်၊ မီးယပ်သွေးလွန်တို့ကို ရပ်တန့်စေသည်။

(၅) လောက်သေရွက်ခြောက်၊ ဖလံတောင်ဝှေးရွက်ခြောက်တို့ကို ဆတူအမှုန့်ပြု၍ အုန်းဆီနှင့်ဖျော်ပြီး နေပူပူတွင် လှန်း၍ အပေါ်ဆီအကြည်ကို နားတွင်းသို့ အစက်ချခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်းများပြုလုပ်ပါက နားပြည်ယို နားကိုက်ရောဂါများပျောက်၍ နားတွင်းရှိပိုးများကိုသေစေသည်။ လိမ်းဆေးအဖြစ်သုံးပါက ဝဲနာ၊ အနာစက်နာ၊ အနာမီးလျှံ၊ အိုင်းနာ၊ ဒက်နာများပျောက်၏။

(၆) လောက်သေရွက်၊ စံကားစိမ်းပွင့်ခြောက်တို့ကို နှမ်းဆီစစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီအဖြစ်သုံးပါက ခေါင်းကိုက်၊ ခေါင်းပူ၊ ဗောက်ထခြင်း၊ ယားခြင်း၊ သန်းပေါက်ခြင်းများပျောက်၍ ဦးနှောက်ကိုကြည်လင်လန်းဆန်းစေ၏။

(၇) လောက်သေရွက်နှင့် ဆောက်ပြာရွက် ၂မျိုးကို ပြုတ်၍ ရေနွေးနွေးဖြင့် မီးဖွားပြီးနောက် မိခင်ကိုလည်းကောင်း၊ ကလေးကိုလည်းကောင်း ချိုးပေးပါက ကျဗဟုံးရောဂါ၊ မွေးကတည်းကပါလာတတ်သော သူငယ်နာမျိုးစုံ၊ အကြောတတ်၊ အကြောကပ်ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ်သော ရောဂါများကိုကာကွယ်နိုင်၏။

(၈) လောက်သေရွက်ကို ကိုယ်ပူချွဲထ၊ အညှော်ဝင်၊ ချောင်းဆိုး၊ နှာစေး၊ နှာပိတ်ရောဂါအတွက်လည်း ဆေးဖော်စပ်သုံးနိုင်သည်။

(၉) လောက်သေရွက်၊ ရေခရာရွက်၊ နနွင်းရိုးရိုးအရွက် ဆတူအကျွမ်းလှော်၍ နှမ်းဆီတွင်ဖျော်လိမ်းပါက ကလေးများချက်ကြိုးချက်တိုင် ကိုက်ခြင်းပျောက်၍ ချက်ကြိုးကြွေလွယ်၏။ နို့ချောင်းပိတ်၊ နို့နာ၊ နို့ပျဉ်းထသော မိခင်များကို လိမ်းပေးက လျင်မြန်စွာသက်သာပျောက်ကင်းစေ၏။

(၁၀) ကလေးများ အနာစက်၊ ဝဲစို၊ အိုင်းနာကို လောက်သေရွက် အကျွမ်းလှော၍ ရေနံကြီးစစ်စစ်နှင့် လူးလျှင်ပျောက်၏။

(၁၁) ကျွဲ၊ နွားများအနာပေါက်၍ လောက်ကောင်များကျခြင်း၊ ငပိအိုးတွင်လောက်ကောင်များကျခြင်းအတွက် ၎င်းလောက်သေရွက်ကို ထောင်း၍အမှုန့်ဖြူးပေးသော် လောက်များသေကြေပျက်စီးပြီး အနာများကိုလည်း အသားနုတက်၍ ကျက်စေ၏။

(၁၂) စအိုမျှော့ဝင်သော ရောဂါအတွက် လောက်သေရွက်၊ ကြွက်နားပေါင်းရွက်၊ ကြက်မွှေး ၎င်း၃ပါး ဆတူစု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်းသကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီးအခိုးငွေ့များ အခြားသို့မထွက်နိုင်ရန် ခါးအောက်ပိုင်းနှင့် အိုးကိုပါ အဝတ်ထူထူရစ်ပတ်၍ အငွေ့မှိုင်းခံပါက မျှော့များအကောင်လိုက်သော်လည်းကောင်း၊ ကြွေပြုတ်၍ သော်လည်းကောင်း ကျလာစေ၏။ လောက်သေရွက်နှင့် ကြွက်နားပေါင်းဆတူပြုတ်၍ လက်ဖက်ရည်ကြမ်းပန်းကန်လုံးနှင့် ခပ်ပူပူသောက်ပေးရ၏။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

[Zawgyi]

ေလာက္ေသပင္ရဲ႕ ေဆးဖက္ဝင္ပုံမ်ား

မ်ိဳးရင္း။ ။ Papilionaceae

႐ုကၡေဗဒအမည္။ ။ Desmodium triquetrum

အေခၚအေဝၚ

ျမန္မာအမည္ - ေလာက္ေသ

ပုံသဏၭာန္

အပင္ - ပင္ေပ်ာ့ပင္ငယ္ သက္ျပင္းမ်ိဳးျဖစ္သည္။ မွီတြယ္ရာမ႐ွိေသာ ေနရာမ်ား၌ ေျမေပၚတြင္ ျဖန္႔တြားေပါက္၏။ အျမင့္ ၅-၆ ေပခန္႔ျမင့္၏။ ပင္စည္ေသးသြယ္ၿပီး မြဲေျခာက္ေျခာက္ အေရာင္႐ွိသည္။ အကိုင္းအခက္မ်ား အညိဳေရာင္႐ွိသည္။

အ႐ြက္ - ႐ြက္လႊဲထြက္၏။ လွံသြားပုံ႐ွိ၏။ အလ်ား ၆လက္မ၊ အနံ ၂ လက္မခန္႔႐ွိ၏။ ႐ြက္ထိပ္ခြၽန္၏။ အေပၚမ်က္ႏွာျပင္ေပၚတြင္ ေသးငယ္ေသာ ဆူးေလးမ်ား႐ွိသည္။ ႐ြက္ညႇာအေတာင္ပါသည္။ ႐ြက္ညႇာရင္းနားတြင္ ႐ြက္စြယ္ အဖတ္ေလးမ်ား႐ွိ၏။

အပြင့္ - အလြန္ေသးငယ္၏။ နီေရာင္သမ္းေသာ အညိဳေရာင္ (သို႔) မရန္းေရာင္႐ွိ၏။ နတ္ေတာ္၊ ျပာသိုလမ်ားတြင္ ပြင့္၏။

အသီး - သီးေတာင့္ျဖစ္သည္။ ၁လက္မမွ် ႐ွည္၍ျပား၏။ အဆစ္ ၆-၈ ထိ႐ွိၿပီး ေျပာင္ေခ်ာ၏။ သို႔မဟုတ္ အေမြးႏုမ်ား႐ွိသည္။ တေပါင္း၊ တန္ခူးလမ်ားတြင္ အသီးရင့္မွည့္သည္။

ေပါက္ေရာက္သည့္ေဒသ - ျမန္မာႏိုင္ငံေအာက္ပိုင္း စြတ္စိုေသာေဒသမ်ားတြင္ ေပါက္သည္။

ေပါက္ေရာက္ပုံ - သဘာဝအေလ်ာက္ ေပါက္ေရာက္သည္။

အသုံးျပဳသည့္အစိတ္အပိုင္း - အျမစ္၊ အ႐ြက္။

အာနိသင္

ျမန္မာ့ေဆးက်မ္းမ်ားအလိုအရ ေလာက္ေသပင္သည္ ေလ၊ သလိပ္၊ သည္းေျခကို ႏိုင္၏။ အသက္ကို႐ွည္ေစ၏။ ကာမကို အားေပး၏။ ေရာဂါျဖစ္ေစေသာ ပိုးမ်ားကို ပယ္တတ္၏။ အဆီကို တိုးပြားေစ၏။ အူတို႔ကို တြန္႔႐ႈံ႕ေစတတ္၏။ အဖ်ားေရာဂါ၊ အဖ်ားေၾကာင့္ ျဖစ္ေသာ စိတ္မသက္သာမႈ၊ ေလေရာဂါ၊ ျမင္းသ႐ိုက္၊ ေဖာေရာင္ျခင္း၊ ပန္းနာေခ်ာင္းဆိုး၊ ေရငတ္ႏွင့္ အန္ျခင္းတို႔ကိုေပ်ာက္ေစႏိုင္သည္။

အသုံးျပဳပုံ

အျမစ္ - ဆီးတြင္ ေသြးပါေသာေရာဂါအတြက္ အျမစ္ကို င႐ုတ္ေကာင္းအနည္းငယ္ ထည့္က်ိဳၿပီး ဆီးႁပြန္ေခ်ာင္းမွ ၎ျပဳတ္ေဆးကို ဖန္ႁပြန္ပိုက္ စသည္ျဖင့္ ေသြးေပးေသာ္ေပ်ာက္၏။

အ႐ြက္

(၁) အ႐ြက္ မႏုမရင့္ကို ျပဳတ္၍ သုပ္စားျခင္း၊ တို႔စားျခင္းျဖင့္ ဝမ္းကိုက္ေရာဂါ၊ ဝမ္းေဖာ၊ ဝမ္းေရာင္ေရာဂါ ကေလးမ်ား သန္ဝမ္းကိုက္ျခင္း၊ ရင္ျပည့္ရင္ကယ္ျဖစ္ျခင္း ေပ်ာက္၏။

(၂) အ႐ြက္ကို လက္ဖက္ေျခာက္ကဲ့သို႔ ေသာက္သုံးေသာ္ ဆီးပူ၊ ဆီးေအာင့္ေရာဂါႏွင့္ အေရျပားေရာဂါေပ်ာက္၏။

(၃) ၎အ႐ြက္ကို အျခားေသာေဆးပင္တို႔ႏွင့္ ေပါင္းစပ္၍ ဆီး႐ႊင္ေဆးအျဖစ္ ေဖာ္စပ္ေသာက္သုံးႏိုင္သည္။

(၄) ေလာက္ေသ႐ြက္ႏွင့္ ထားဝယ္မိႈင္း႐ြက္ကို ေရေႏြးေျဖာ၍ သုပ္စားေသာ္ဆီးပူ၊ ဆီးေအာင့္၊ ဝမ္းကိုက္၊ ေသြးဝမ္းသြား၊ ေသြးျမင္းသ႐ိုက္၊ မီးယပ္ေသြးလြန္တို႔ကို ရပ္တန္႔ေစသည္။

(၅) ေလာက္ေသ႐ြက္ေျခာက္၊ ဖလံေတာင္ေဝွး႐ြက္ေျခာက္တို႔ကို ဆတူအမႈန္႔ျပဳ၍ အုန္းဆီႏွင့္ေဖ်ာ္ၿပီး ေနပူပူတြင္ လွန္း၍ အေပၚဆီအၾကည္ကို နားတြင္းသို႔ အစက္ခ်ျခင္း၊ ၾကက္ေတာင္ႏွင့္ ၾကပ္ေပးျခင္းမ်ားျပဳလုပ္ပါက နားျပည္ယို နားကိုက္ေရာဂါမ်ားေပ်ာက္၍ နားတြင္း႐ွိပိုးမ်ားကိုေသေစသည္။ လိမ္းေဆးအျဖစ္သုံးပါက ဝဲနာ၊ အနာစက္နာ၊ အနာမီးလွ်ံ၊ အိုင္းနာ၊ ဒက္နာမ်ားေပ်ာက္၏။

(၆) ေလာက္ေသ႐ြက္၊ စံကားစိမ္းပြင့္ေျခာက္တို႔ကို ႏွမ္းဆီစစ္စစ္ႏွင့္ စိမ္ၿပီး ေခါင္းလိမ္းဆီအျဖစ္သုံးပါက ေခါင္းကိုက္၊ ေခါင္းပူ၊ ေဗာက္ထျခင္း၊ ယားျခင္း၊ သန္းေပါက္ျခင္းမ်ားေပ်ာက္၍ ဦးေႏွာက္ကိုၾကည္လင္လန္းဆန္းေစ၏။

(၇) ေလာက္ေသ႐ြက္ႏွင့္ ေဆာက္ျပာ႐ြက္ ၂မ်ိဳးကို ျပဳတ္၍ ေရေႏြးေႏြးျဖင့္ မီးဖြားၿပီးေနာက္ မိခင္ကိုလည္းေကာင္း၊ ကေလးကိုလည္းေကာင္း ခ်ိဳးေပးပါက က်ဗဟုံးေရာဂါ၊ ေမြးကတည္းကပါလာတတ္ေသာ သူငယ္နာမ်ိဳးစုံ၊ အေၾကာတတ္၊ အေၾကာကပ္ေရာဂါႏွင့္ မိဘကိုယ္မွ ကူးစက္တတ္ေသာ ေရာဂါမ်ားကိုကာကြယ္ႏိုင္၏။

(၈) ေလာက္ေသ႐ြက္ကို ကိုယ္ပူခြၽဲထ၊ အေညႇာ္ဝင္၊ ေခ်ာင္းဆိုး၊ ႏွာေစး၊ ႏွာပိတ္ေရာဂါအတြက္လည္း ေဆးေဖာ္စပ္သုံးႏိုင္သည္။

(၉) ေလာက္ေသ႐ြက္၊ ေရခရာ႐ြက္၊ နႏြင္း႐ိုး႐ိုးအ႐ြက္ ဆတူအကြၽမ္းေလွာ္၍ ႏွမ္းဆီတြင္ေဖ်ာ္လိမ္းပါက ကေလးမ်ားခ်က္ႀကိဳးခ်က္တိုင္ ကိုက္ျခင္းေပ်ာက္၍ ခ်က္ႀကိဳးေႂကြလြယ္၏။ ႏို႔ေခ်ာင္းပိတ္၊ ႏို႔နာ၊ ႏို႔ပ်ဥ္းထေသာ မိခင္မ်ားကို လိမ္းေပးက လ်င္ျမန္စြာသက္သာေပ်ာက္ကင္းေစ၏။

(၁၀) ကေလးမ်ား အနာစက္၊ ဝဲစို၊ အိုင္းနာကို ေလာက္ေသ႐ြက္ အကြၽမ္းေလွာ၍ ေရနံႀကီးစစ္စစ္ႏွင့္ လူးလွ်င္ေပ်ာက္၏။

(၁၁) ကြၽဲ၊ ႏြားမ်ားအနာေပါက္၍ ေလာက္ေကာင္မ်ားက်ျခင္း၊ ငပိအိုးတြင္ေလာက္ေကာင္မ်ားက်ျခင္းအတြက္ ၎ေလာက္ေသ႐ြက္ကို ေထာင္း၍အမႈန္႔ျဖဴးေပးေသာ္ ေလာက္မ်ားေသေၾကပ်က္စီးၿပီး အနာမ်ားကိုလည္း အသားႏုတက္၍ က်က္ေစ၏။

(၁၂) စအိုေမွ်ာ့ဝင္ေသာ ေရာဂါအတြက္ ေလာက္ေသ႐ြက္၊ ႂကြက္နားေပါင္း႐ြက္၊ ၾကက္ေမႊး ၎၃ပါး ဆတူစု၍ ျပဳတ္ၿပီး အေငြ႕ကို ေခြၽးေအာင္းသကဲ့သို႔ အိုးေပၚတြင္ ထိုင္ၿပီးအခိုးေငြ႕မ်ား အျခားသို႔မထြက္ႏိုင္ရန္ ခါးေအာက္ပိုင္းႏွင့္ အိုးကိုပါ အဝတ္ထူထူရစ္ပတ္၍ အေငြ႕မိႈင္းခံပါက ေမွ်ာ့မ်ားအေကာင္လိုက္ေသာ္လည္းေကာင္း၊ ေႂကြျပဳတ္၍ ေသာ္လည္းေကာင္း က်လာေစ၏။ ေလာက္ေသ႐ြက္ႏွင့္ ႂကြက္နားေပါင္းဆတူျပဳတ္၍ လက္ဖက္ရည္ၾကမ္းပန္းကန္လုံးႏွင့္ ခပ္ပူပူေသာက္ေပးရ၏။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service