တရုတ်ပြည်တွင် ကြွက်မှကူးစက်သည့် ဗိုင်းရပ်စ်အသစ်ပျံ့နှံ့နေ၊ လူ ၃၅ ဦး ကူးစက်ခံထားရ

တရုတ်ပြည်တွင် ကြွက်မှကူးစက်သည့် ဗိုင်းရပ်စ်အသစ်ပျံ့နှံ့နေ၊ လူ ၃၅ ဦး ကူးစက်ခံထားရ - Property News in Myanmar from iMyanmarHouse.com
11 Aug 2022 2:15 pm တွင် တင်ခဲ့သည်
579 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သုတေသနပညာရှင်တို့သည် တရုတ်ပြည်တွင် ပေါ်ပေါက်နေသော ဗိုင်းရပ်စ်အသစ်တစ်မျိုးကို ခြေရာခံလျက် ရှိနေကြပြီး လက်ရှိတွင် လူပေါင်း ဆယ်ချီကာ ကူးစက်ခံထားရပြီ ဖြစ်သည်။

Langya ဗိုင်းရပ်စ်ဟု အမည်ပေးထားသည့် Langya henipavirus (LayV) ကို တရုတ်ပြည် အရှေ့မြောက်ပိုင်း ရှန်တုန်နှင့် ဟီနန်ပြည်နယ်များတွင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ပထမဆုံး စတင်တွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သော ရက်သတ္တပတ်အတွင်းကမူ သိပ္ပံပညာရှင်တို့က တရားဝင်အတည်ပြုဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်တို့၏ ပြောကြားချက်အရ အဆိုပါဗိုင်းရပ်စ်သည် တိရ စ္ဆာန်မှ လူသို့ ကူးစက်နိုင်ပုံရှိပြီး ထိုင်ဝမ်ကျန်းမာရေးဌာနကလည်း ထိုဗိုင်းရပ်စ်ပျံ့ပွားမှုကို စောင့်ကြည့်လျက်ရှိသည်။

သုတေသနပညာရှင်တို့သည် တောရိုင်းတိရ စ္ဆာန်များကို စမ်းသပ်စစ်ဆေးခဲ့ရာတွင် ကြွက်စုတ် ၂၆၂ ကောင်ကို စမ်းသပ်ခဲ့သည့်အနက် ၄ ပုံ ၁ ပုံကျော်တွင် LayV ဗိုင်းရပ်စ်၏ မျိုးဗီဇ viral RNA များ တွေ့ရှိခဲ့သည်ဟုဆိုသည်။

ထိုတွေ့ရှိချက်ကြောင့် ကြွက်စုတ်မှာ သဘာဝရောဂါဂိုဒေါင်သဖွယ်ဖြစ်နေသည်ဟု သုံးသပ်ကြသည်။

ယခု ဗိုင်းရပ်စ်ကို အိမ်မွေးခွေးများတွင် ၅ ရာခိုင်နှုန်းနှင့် ဆိတ်များတွင် ၂ ရာခိုင်နှုန်း စမ်းသပ်တွေ့ရှိခဲ့သည်။

တရုတ်၊ စင်္ကာပူနှင့် သြစတေးလျတို့မှ သိပ္ပံပညာရှင်များ ပူးတွဲပြုလုပ်သည့် ယခုစမ်းသပ်ချက်၏ ကနဦး တွေ့ရှိချက် စာတမ်းကို နယူးအင်္ဂလန် ဆေးပညာဂျာနယ် [New England Journal of Medicine (NEJM)] တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ဖော်ပြခဲ့သည်။

အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရမှု လက္ခဏာများတွင် ဖျားခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အစာစားလိုစိတ် မရှိခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းတို့ ပါဝင်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူအားလုံးမှာ ဖျားနာလေ့ရှိကြောင်း သိပ္ပံပညာရှင်တို့က ပြောသည်။ ယခုချိန်အထိမူ LayV ကူးစက်ခံရမှုကြောင့် သေဆုံးသူ မရှိသေးချေ။

Duke-NUS ဆေးတက္ကသိုလ်မှ ပါမောက္ခ Wang Linfa က တရုတ်နိုင်ငံပိုင် Global Times သတင်းစာသို့ ပြောသည်မှာ LayV ဗိုင်းရပ်စ်ကူးစက်ခံရမှု ဖြစ်ရပ်များတွင် အသက်သေစေနိုင်လောက်အောင် အလွန်ပြင်းထန်သည့်ဖြစ်ရပ်များ မရှိသေးသည့်အတွက် တုန်လှုပ်ခြောက်ခြားရန် မလိုကြောင်း ပြောသည်။

ပါမောက္ခ Linfa သည် NEJM တွင် ဖော်ပြခဲ့သည့် စာတမ်းကို ရေးသားရာတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

အဆိုပါဗိုင်းရပ်စ်သည် လူများအကြားတစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်မှု ရှိ၊ မရှိကိုမူ မသိနိုင်သေးကြောင်း သုတေသနပညာရှင်တို့က ပြောသည်။

ကူးစက်ခံရသူ ၃၅ ဦးအနက် အများစုမှာ လယ်သမားများဖြစ်ကြပြီး စက်ရုံအလုပ်သမားအချို့လည်း ပါဝင်သည်။

“လူနာ ၉ ဦးရဲ့ ထိတွေ့မှုမှတ်တမ်းကို ခြေရာခံရာမှာ သူတို့နဲ့ အနီးကပ်မိသားစုဝင် ၁၅ ဦးဟာ LayV ကူးစက်ခံရမှု မတွေ့ရဘူး။ ဒါပေမယ့် လူအချင်းချင်းကူးစက်နိုင်မှု အခြေအနေကို ကောက်ချက်ဆွဲဖို့အတွက် ဒီအထောက်အထားက တော်တော်နည်းပါးတဲ့ အထောက်အထားပါပဲ”ဟု သုတေသနပညာရှင်တို့က ပြောသည်။

သိပ္ပံပညာရှင်တို့သည် LayV ၏ မျိုးဗီဇကို ဖော်ထုတ်စစ်ဆေးရာ Henipavirus ဖြစ်ကြောင်း သိရသည်။

အဆိုပါဗိုင်းရပ်စ်သည် တိရ စ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသော RNA ဗိုင်းရပ်စ်များတွင် ပါဝင်သည်။

အဆိုပါ RNA ဗိုင်းရပ်စ်များတွင် Hendra ဗိုင်းရပ်စ်နှင့် Nipah ဗိုင်းရပ်စ်တို့လည်း ပါဝင်သည်။ Hendra ဗိုင်းရပ်စ်သည် မြင်းများနှင့် လူများတွင် ကူးစက်လေ့ရှိပြီး သြစတေးလျတွင် စတင်ပေါ်ပေါက်ခဲ့ကာ Nipah ဗိုင်းရပ်စ်မှာမူ အရှေ့တောင်အာရှတွင် ရောဂါကူးစက်ပျံ့ပွားမှုများ ဖြစ်ပေါ်ခဲ့ဖူးပြီး ယင်းဗိုင်းရပ်စ် ၂ မျိုးလုံးမှာ သေဆုံးနှုန်း မြင့်မားသည်။

LayV သည် တရုတ်ပြည်တောင်ပိုင်းတွင် တွေ့ခဲ့သော Mojiang ဗိုင်းရပ်စ်နှင့် များစွာနီးစပ်ဆက်နွှယ်မှုများ ရှိသည်။

သဘာဝတရားပျက်စီးခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် တိရ စ္ဆာန်မှ လူသို့ကူးစက်သည့် ဗိုင်းရပ်စ် အန္တရာယ် ပိုမ်ိုကြီးထွားလာမည်ဖြစ်ကြောင်း ကူးစက်ရောဂါပညာရှင်များက သတိပေးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။

(ကြွက်စုတ်ဘာလဲ)

ကြွက်စုတ်သည် ကိုက်ဖြတ်စားသောက်တက်သော ကြွက်မျိုးစိတ်ဝင် မဟုတ်ဘဲ Eulipotyphla မျိုးစိတ်တွင် ပါဝင်သော အမြင်အာရုံအားနည်းသည့် နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်ပါသည်။ အမြင်အာရုံအားနည်းသောကြောင့် တစ်နေရာမှတစ်နေရာသို့ ရွေ့ပြောင်းသည့်အခါ တစ်ကောင်၏အမြှီးကိုတစ်ကောင် ကိုက်ကာ(Shrew Caravan )ကြွက်မြှီးတန်းပုံစံဖြင့် ရွေ့ပြောင်းလေ့ရှိပါသည်။ မျိုးစိတ်ပေါင်း ၃၈၅ မျိုးရှိပြီး စတုတ္တမြောက်မျိုးစိတ်အများဆုံး နို့တိုက်သတ္တဝါ ဖြစ်ပါသည်။

အရှေ့တောင်အာရှရှိ အာရှအိမ်ကြွက်စုတ် [Asia house shrew (Suncus murinus)]သည် အရွယ်အစားအကြီးမားဆုံး ဖြစ်ပြီ Etruscan (Suncus etruscus) သည်အသေးဆုံးဖြစ်သည်။

ကြွက်စုတ်အမတစ်ကောင်၏ မျိုးပွားချိန်သည် ၁၇ရက်မှ ၃၂ရက်အထိသာ ကြာပြီး မွေးဖွားပြီး နောက်တစ်ရက်တွင် ထပ်မံ၍ ကိုယ်ဝန်ဆောင်တတ်ကြသည်။သက်တမ်းအားဖြင့် ၁၂ လမှ ၃၀လ အထိသက်တမ်းရှိကြသည်။

ကြွက်စုတ်များ၏ ခန္ဒာကိုယ်တွင် ကတိုးဂလင်းများစွာရှိပြီး ၎င်းတို့ အန္တရာယ်ကျရောက်သည့်အချိန် နှင့် မိတ်လိုက်သည့်အချိန်များတွင် အလွန်ဆိုးရွားသောအနံ့ဆိုးများ ထုတ်လွှတ်တက်ကြပြီး သွားနှင့်တံတွေးတွင် အခြားသောကြွက်နှင့် အရွယ်အစားတူ သတ္တဝါများကို ထုံထိုင်းစေတတ်သော အဆိပ်တစ်မျိုးပါဝင်သည်။ အင်းဆက်ပိုးမွှားများ၊ ကျောရိုးမဲ့သတ္တဝါများ၊ မှိုနှင့် အစေ့အဆံများကို စားသောက်တတ်ကြသည်။

ကြွက်စုတ်များတွင် လူနှင့် အခြားသက်ရှိများ၏ ဗဟိုအာရုံကျောစနစ်ကို ထိခိုက်ပျက်စီးစေတက်သော Borna Disease ( BD ) ရောဂါကိုဖြစ်ပွားစေသည့် Bornaviridae ဗိုင်းရပ်တစ်မျိုးနှင့် Hantaviruses ဟန်တာဗိုင်းရပ်စ်ပိုး တစ်မျိုး ရှိပါသည်။

Bonna Disease ရောဂါသည် မြင်းနှင့်သိုးများတွင်အဖြစ်များပြီး လူတွင် ကူးစက်ခံရပါက ဦးနှောက်အမြှေး ယောင်ရမ်းလာပြီး စိတ်ကစဉ့်ကလျား ဖြစ်စေသော ဝေဒနာကို ခံစားရစေပါသည်။ သတိပြုသင့်ပါသည်။

ကြွက်စုတ်မှတစ်ဆင့် ကူးစက်တက်သော ရောဂါများကိုကာကွယ်နိုင်ရန်အတွက် သန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်သင့်ပါသည်။

အသား၊ ငါးများ လှီးဖြတ်သည့် နေရာများအား အနံ့အသက်နှင့် အပိုင်းအစအကြွင်းအကျန်များ မရှိစေရန် စနစ်တကျထုတ်ပိုး၍ စွန့်ပစ်သင့်ပါသည်။

ကြွက်စုတ်များသည် မြေဆွေးပုံများ၊ သစ်ရွက်ခြောက်ပုံများတွင် ခိုအောင်းနေထိုင်လေ့ရှိသဖြင့် ခြံဝန်းအတွင်း အမှိုက်နှင့် သစ်ရွက်ခြောက်များမရှိစေရန် ဆောင်ရွက်သင့်ပါသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: (1) Newly identified Langya virus tracked after China reports dozens of cases (theguardian)

[Zawgyi]

တရုတ္ျပည္တြင္ ၾကြက္မွကူးစက္သည့္ ဗိုင္းရပ္စ္အသစ္ပ်ံ႕ႏွံ႔ေန၊ လူ ၃၅ ဦး ကူးစက္ခံထားရ

သုေတသနပညာရွင္တို႔သည္ တရုတ္ျပည္တြင္ ေပၚေပါက္ေနေသာ ဗိုင္းရပ္စ္အသစ္တစ္မ်ဳိးကို ေျခရာခံလ်က္ ရွိေနၾကျပီး လက္ရွိတြင္ လူေပါင္း ဆယ္ခ်ီကာ ကူးစက္ခံထားရျပီ ျဖစ္သည္။

Langya ဗိုင္းရပ္စ္ဟု အမည္ေပးထားသည့္ Langya henipavirus (LayV) ကို တရုတ္ျပည္ အေရွ႕ေျမာက္ပိုင္း ရွန္တုန္ႏွင့္ ဟီနန္ျပည္နယ္မ်ားတြင္ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းက ပထမဆံုး စတင္ေတြ႔ရွိခဲ့ျခင္းျဖစ္ေသာ္လည္း ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းကမူ သိပၸံပညာရွင္တို႔က တရားဝင္အတည္ျပဳေဖာ္ထုတ္ခဲ့ျခင္း ျဖစ္သည္။

သိပၸံပညာရွင္တို႔၏ ေျပာၾကားခ်က္အရ အဆိုပါဗိုင္းရပ္စ္သည္ တိရ စၦာန္မွ လူသို႔ ကူးစက္ႏိုင္ပံုရွိျပီး ထိုင္ဝမ္က်န္းမာေရးဌာနကလည္း ထိုဗိုင္းရပ္စ္ပ်ံ႕ပြားမႈကို ေစာင့္ၾကည့္လ်က္ရွိသည္။

သုေတသနပညာရွင္တို႔သည္ ေတာရိုင္းတိရ စၦာန္မ်ားကို စမ္းသပ္စစ္ေဆးခဲ့ရာတြင္ ၾကြက္စုတ္ ၂၆၂ ေကာင္ကို စမ္းသပ္ခဲ့သည့္အနက္ ၄ ပံု ၁ ပံုေက်ာ္တြင္ LayV ဗိုင္းရပ္စ္၏ မ်ဳိးဗီဇ viral RNA မ်ား ေတြ႔ရွိခဲ့သည္ဟုဆိုသည္။

ထိုေတြ႔ရွိခ်က္ေၾကာင့္ ၾကြက္စုတ္မွာ သဘာဝေရာဂါဂိုေဒါင္သဖြယ္ျဖစ္ေနသည္ဟု သံုးသပ္ၾကသည္။

ယခု ဗိုင္းရပ္စ္ကို အိမ္ေမြးေခြးမ်ားတြင္ ၅ ရာခိုင္ႏႈန္းႏွင့္ ဆိတ္မ်ားတြင္ ၂ ရာခိုင္ႏႈန္း စမ္းသပ္ေတြ႔ရွိခဲ့သည္။

တရုတ္၊ စကၤာပူႏွင့္ ၾသစေတးလ်တို႔မွ သိပၸံပညာရွင္မ်ား ပူးတြဲျပဳလုပ္သည့္ ယခုစမ္းသပ္ခ်က္၏ ကနဦး ေတြ႔ရွိခ်က္ စာတမ္းကို နယူးအဂၤလန္ ေဆးပညာဂ်ာနယ္ [New England Journal of Medicine (NEJM)] တြင္ ျပီးခဲ့သည့္ ရက္သတၱပတ္က ေဖာ္ျပခဲ့သည္။

အဆိုပါဗိုင္းရပ္စ္ကူးစက္ခံရမႈ လကၡဏာမ်ားတြင္ ဖ်ားျခင္း၊ ေမာပန္းျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အစာစားလိုစိတ္ မရွိျခင္း၊ ၾကြက္သားမ်ား နာက်င္ကိုက္ခဲျခင္းတို႔ ပါဝင္သည္။

ဗိုင္းရပ္စ္ကူးစက္ခံရသူအားလံုးမွာ ဖ်ားနာေလ့ရွိေၾကာင္း သိပၸံပညာရွင္တို႔က ေျပာသည္။ ယခုခ်ိန္အထိမူ LayV ကူးစက္ခံရမႈေၾကာင့္ ေသဆံုးသူ မရွိေသးေခ်။

Duke-NUS ေဆးတကၠသိုလ္မွ ပါေမာကၡ Wang Linfa က တရုတ္ႏိုင္ငံပိုင္ Global Times သတင္းစာသို႔ ေျပာသည္မွာ LayV ဗိုင္းရပ္စ္ကူးစက္ခံရမႈ ျဖစ္ရပ္မ်ားတြင္ အသက္ေသေစႏိုင္ေလာက္ေအာင္ အလြန္ျပင္းထန္သည့္ျဖစ္ရပ္မ်ား မရွိေသးသည့္အတြက္ တုန္လႈပ္ေျခာက္ျခားရန္ မလိုေၾကာင္း ေျပာသည္။

ပါေမာကၡ Linfa သည္ NEJM တြင္ ေဖာ္ျပခဲ့သည့္ စာတမ္းကို ေရးသားရာတြင္ ပါဝင္ခဲ့သူတစ္ဦး ျဖစ္သည္။

အဆိုပါဗိုင္းရပ္စ္သည္ လူမ်ားအၾကားတစ္ဦးႏွင့္တစ္ဦး ကူးစက္ႏိုင္မႈ ရွိ၊ မရွိကိုမူ မသိႏိုင္ေသးေၾကာင္း သုေတသနပညာရွင္တို႔က ေျပာသည္။

ကူးစက္ခံရသူ ၃၅ ဦးအနက္ အမ်ားစုမွာ လယ္သမားမ်ားျဖစ္ၾကျပီး စက္ရံုအလုပ္သမားအခ်ဳိ႕လည္း ပါဝင္သည္။

“လူနာ ၉ ဦးရဲ႕ ထိေတြ႔မႈမွတ္တမ္းကို ေျခရာခံရာမွာ သူတို႔နဲ႔ အနီးကပ္မိသားစုဝင္ ၁၅ ဦးဟာ LayV ကူးစက္ခံရမႈ မေတြ႔ရဘူး။ ဒါေပမယ့္ လူအခ်င္းခ်င္းကူးစက္ႏိုင္မႈ အေျခအေနကို ေကာက္ခ်က္ဆြဲဖို႔အတြက္ ဒီအေထာက္အထားက ေတာ္ေတာ္နည္းပါးတဲ့ အေထာက္အထားပါပဲ”ဟု သုေတသနပညာရွင္တို႔က ေျပာသည္။

သိပၸံပညာရွင္တို႔သည္ LayV ၏ မ်ဳိးဗီဇကို ေဖာ္ထုတ္စစ္ေဆးရာ Henipavirus ျဖစ္ေၾကာင္း သိရသည္။

အဆိုပါဗိုင္းရပ္စ္သည္ တိရ စၦာန္မ်ားတြင္ ျဖစ္ပြားေလ့ရွိေသာ RNA ဗိုင္းရပ္စ္မ်ားတြင္ ပါဝင္သည္။

အဆိုပါ RNA ဗိုင္းရပ္စ္မ်ားတြင္ Hendra ဗိုင္းရပ္စ္ႏွင့္ Nipah ဗိုင္းရပ္စ္တို႔လည္း ပါဝင္သည္။ Hendra ဗိုင္းရပ္စ္သည္ ျမင္းမ်ားႏွင့္ လူမ်ားတြင္ ကူးစက္ေလ့ရွိျပီး ၾသစေတးလ်တြင္ စတင္ေပၚေပါက္ခဲ့ကာ Nipah ဗိုင္းရပ္စ္မွာမူ အေရွ႕ေတာင္အာရွတြင္ ေရာဂါကူးစက္ပ်ံ႕ပြားမႈမ်ား ျဖစ္ေပၚခဲ့ဖူးျပီး ယင္းဗိုင္းရပ္စ္ ၂ မ်ဳိးလံုးမွာ ေသဆံုးႏႈန္း ျမင့္မားသည္။

LayV သည္ တရုတ္ျပည္ေတာင္ပိုင္းတြင္ ေတြ႔ခဲ့ေသာ Mojiang ဗိုင္းရပ္စ္ႏွင့္ မ်ားစြာနီးစပ္ဆက္ႏႊယ္မႈမ်ား ရွိသည္။

သဘာဝတရားပ်က္စီးျခင္းႏွင့္ ရာသီဥတုေဖာက္ျပန္ျခင္းတို႔ေၾကာင့္ တိရ စၦာန္မွ လူသို႔ကူးစက္သည့္ ဗိုင္းရပ္စ္ အႏၱရာယ္ ပိုမို္ၾကီးထြားလာမည္ျဖစ္ေၾကာင္း ကူးစက္ေရာဂါပညာရွင္မ်ားက သတိေပးခဲ့သည္မွာ ၾကာျမင့္ခဲ့ျပီလည္း ျဖစ္သည္။

(ၾကြက္စုတ္ဘာလဲ)

ႂကြက္စုတ္သည္ ကိုက္ျဖတ္စားေသာက္တက္ေသာ ႂကြက္မ်ိဳးစိတ္၀င္ မဟုတ္ဘဲ Eulipotyphla မ်ိဳးစိတ္တြင္ ပါ၀င္ေသာ အျမင္အာ႐ုံအားနည္းသည့္ ႏို႔တိုက္သတၱဝါ တစ္မ်ိဳးျဖစ္ပါသည္။ အျမင္အာ႐ုံအားနည္းေသာေၾကာင့္ တစ္ေနရာမွတစ္ေနရာသို႔ ေ႐ြ႕ေျပာင္းသည့္အခါ တစ္ေကာင္၏အျမႇီးကိုတစ္ေကာင္ ကိုက္ကာ(Shrew Caravan )ႂကြက္ျမႇီးတန္းပုံစံျဖင့္ ေ႐ြ႕ေျပာင္းေလ့ရွိပါသည္။ မ်ိဳးစိတ္ေပါင္း ၃၈၅ မ်ိဳးရွိၿပီး စတုတၱေျမာက္မ်ိဳးစိတ္အမ်ားဆုံး ႏို႔တိုက္သတၱဝါ ျဖစ္ပါသည္။

အေရွ႕ေတာင္အာရွရွိ အာရွအိမ္ႂကြက္စုတ္ [Asia house shrew (Suncus murinus)]သည္ အ႐ြယ္အစားအႀကီးမားဆုံး ျဖစ္ၿပီ Etruscan (Suncus etruscus) သည္အေသးဆုံးျဖစ္သည္။ ႂကြက္စုတ္အမတစ္ေကာင္၏ မ်ိဳးပြားခ်ိန္သည္ ၁၇ရက္မွ ၃၂ရက္အထိသာ ၾကာၿပီး ေမြးဖြားၿပီး ေနာက္တစ္ရက္တြင္ ထပ္မံ၍ ကိုယ္၀န္ေဆာင္တတ္ၾကသည္။သက္တမ္းအားျဖင့္ ၁၂ လမွ ၃၀လ အထိသက္တမ္းရွိၾကသည္။

ႂကြက္စုတ္မ်ား၏ ခႏၵာကိုယ္တြင္ ကတိုးဂလင္းမ်ားစြာရွိၿပီး ၄င္းတို႔ အႏၲရာယ္က်ေရာက္သည့္အခ်ိန္ ႏွင့္ မိတ္လိုက္သည့္အခ်ိန္မ်ားတြင္ အလြန္ဆိုး႐ြားေသာအနံ႔ဆိုးမ်ား ထုတ္လႊတ္တက္ၾကၿပီး သြားႏွင့္တံေတြးတြင္ အျခားေသာႂကြက္ႏွင့္ အ႐ြယ္အစားတူ သတၱဝါမ်ားကို ထုံထိုင္းေစတတ္ေသာ အဆိပ္တစ္မ်ိဳးပါ၀င္သည္။ အင္းဆက္ပိုးမႊားမ်ား၊ ေက်ာ႐ိုးမဲ့သတၱဝါမ်ား၊ မႈိႏွင့္ အေစ့အဆံမ်ားကို စားေသာက္တတ္ၾကသည္။

ႂကြက္စုတ္မ်ားတြင္ လူႏွင့္ အျခားသက္ရွိမ်ား၏ ဗဟိုအာ႐ုံေက်ာစနစ္ကို ထိခိုက္ပ်က္စီးေစတက္ေသာ Borna Disease ( BD ) ေရာဂါကိုျဖစ္ပြားေစသည့္ Bornaviridae ဗိုင္းရပ္တစ္မ်ိဳးႏွင့္ Hantaviruses ဟန္တာဗိုင္းရပ္စ္ပိုး တစ္မ်ိဳး ရွိပါသည္။

Bonna Disease ေရာဂါသည္ ျမင္းႏွင့္သိုးမ်ားတြင္အျဖစ္မ်ားၿပီး လူတြင္ ကူးစက္ခံရပါက ဦးေႏွာက္အေျမႇး ေယာင္ရမ္းလာၿပီး စိတ္ကစဥ့္ကလ်ား ျဖစ္ေစေသာ ေဝဒနာကို ခံစားရေစပါသည္။ သတိျပဳသင့္ပါသည္။

ႂကြက္စုတ္မွတစ္ဆင့္ ကူးစက္တက္ေသာ ေရာဂါမ်ားကိုကာကြယ္ႏိုင္ရန္အတြက္ သန႔္ရွင္းေရးကို ပုံမွန္ေဆာင္႐ြက္သင့္ပါသည္။

အသား၊ ငါးမ်ား လွီးျဖတ္သည့္ ေနရာမ်ားအား အနံ႔အသက္ႏွင့္ အပိုင္းအစအႂကြင္းအက်န္မ်ား မရွိေစရန္ စနစ္တက်ထုတ္ပိုး၍ စြန႔္ပစ္သင့္ပါသည္။

ႂကြက္စုတ္မ်ားသည္ ေျမေဆြးပုံမ်ား၊ သစ္႐ြက္ေျခာက္ပုံမ်ားတြင္ ခိုေအာင္းေနထိုင္ေလ့ရွိသျဖင့္ ၿခံ၀န္းအတြင္း အမႈိက္ႏွင့္ သစ္႐ြက္ေျခာက္မ်ားမရွိေစရန္ ေဆာင္႐ြက္သင့္ပါသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: (1) Newly identified Langya virus tracked after China reports dozens of cases (theguardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service