ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
လူရယ်လို့ဖြစ်လာပြီဆိုမှဖြင့် ဘဝအတွေ့အကြုံတွေကလည်း တစ်ဦးနှင့်တစ်ဦး မတူကွဲပြားကြသည်ကို တွေ့ရသည်။ တစ်ဦးတွင် ပေါ့ပေါ့တန်တန်နှင့်ပြီးသွားသည့် ကိစ္စမျိုးမှာ အခြားတစ်ဦးအတွက် ကြီးလေးသည့် ဝန်ထုတ်ဝန်ပိုးကြီးဖြစ်သွားတတ်ပြန်သည်။
“ မောင်ကောင်းဖေ “ တို့၏ အိမ်ခြံမြေအရောင်းအဝယ်ကာလတွင် ယင်းကဲ့သို့သော ထူးထူးဆန်းဆန်း အဖြစ်အပျက်မျိုးတွေ ကြုံတွေ့ရလေ့ရှိသည်။ ယခုအချိန်အခါမျိုးတွင် အိမ်ခြံမြေ အရောင်းအဝယ်များကလည်း အထူးကောင်းမွန်လာသဖြင့် အိမ်ခြံမြေနှင့် ပတ်သက်သော အဖြစ်အပျက်များကလည်း တစ်ဦးနှင့်တစ်ဦး မတူကွဲပြားခြားနားကာ ပြောပြ၍ပင်မကုန်နိုင်အောင် ရှိနေပါသည်။
မကြာသေးမီက မောင်ကောင်းဖေ ရဲ့ မိတ်ဆွေကြီးဖြစ်သူ “ကိုလူမော် “ တစ်ယောက် ဖုန်းဆက်၍ အိမ်သို့မေးမြန်းစုံစမ်းကာ ရောက်လာသည်။ နေပူထဲ အိမ်အထိ ကားမှတ်တိုင်မှ လမ်းလျောက်လာရသဖြင့် ကော်ဖီတစ်ခွက်တိုက်လိုက်သည် အမောပြေလောက်တော့မှ လာရင်းကိစ္စကို မေးကြည့်မိသည်။
“ ဘာများအရေးကြီးလို့ မောကြီးပမ်းကြီးရောက်လာရတာလဲ သူငယ်ချင်းရယ် “ ဟု စကားစလိုက်ရာ ငါ့ရဲ့ အိမ်ကိစ္စ မင်းနဲ့တိုင်ပင်ရအောင်လာခဲ့တာပေါ့ မောင်ကောင်းရာ အခုငါနေတဲ့အိမ်ကို လွန်ခဲ့တဲ့ (၂၅) နှစ်က (၂)သိန်း နဲ့ ဝယ်ခဲ့တယ်လေ။ ဝယ်ပြီး အိမ်ဆောက်နေထိုင်လာခဲ့တာ ဒီနေ့အထိပေါ့ အဲဒီတုန်းက ဈေးလည်းသင့်တယ်၊ ထောင့်ကွက်လည်းဖြစ်တယ်။ ကျောင်းတို့၊ ဈေးတို့နဲ့လည်း နီးတယ်ဆိုတော့ အတော်သဘောကျပြီး ဝယ်ခဲ့တာပေါ့ ဟုဆိုကာ ကော်ဖီ သောက်လိုက်ပြီး ဆက်ပြောပြန်သည်။
အခုတစ်လော မြေကွက်ဈေးတွေကလည်း အဝယ်လိုက်လာပြန်တော့ ငါ့ရဲ့ မြေကွက်က (20’x60’) ဆိုပေမဲ့ သိန်း (၁၂၀၀) အထိတော့ လာပေးတဲ့သူရှိနေပြီ မောင်ကောင်းရ ”
“ ဟင်…. ဟုတ်လား “မော်ကြီး ” အခု သူဌေးဖြစ်နေပြီပေါ့ ” ဟု ကျွန်ုပ်က အားပါးတရ ပြောလိုက်သည်။
“ အဲဒီလို မြေကွက်တွေဈေးကောင်းလာတာနဲ့ ငါ့ရဲ့ မြေကွက်ပြဿနာကလည်း စတော့တာပဲ” “ အလို …ဘယ်လိုဖြစ်တာလဲ ” “ ဟိုစဉ် မြေကွက်ဝယ်တုန်းကတော့ မြေအကြောင်း သိနားလည်တာမဟုတ်ဘူး။ ဝယ်သာ ဝယ်လိုက်တာ “ မြေငှါးဂရန် ” မို့ကောင်းတာလား “မြေချပါမစ် ” က ပိုကောင်းတာလား မပြောတတ်ဘူး။
ဒဂုံမြို့သစ် (၄)မြို့နယ် မှာ ပြောင်းလာကြတဲ့သူတိုင်း ပါမစ်မြေကွက်ကိုင်ထားကြသူများတယ် ရောင်းတဲ့သူကလည်း ပြောတယ်။ ဂရန်မြေ ဆိုတာ အခွန်ဆောင်ရတယ်။ အလုပ်ရှုပ်တယ်။ အချိန်ကြာတယ်။ အဲဒီတော့ ဂရန်မြေထက် မြေချပါမစ် က ပိုကောင်းတယ်။ အခွန်ဆောင်စရာမလိုဘူး။ ပြန်ရောင်းချင်လည်း ရွှေရောင်းသလိုလွယ်တယ် လို့ ပြောတာနဲ့ ဝယ်ဖြစ်ခဲ့တာပဲ မောင်ကောင်းရယ် ဟု မြေကွက်ဝယ်ဖြစ်သည့်အကြောင်း ပြောပြရင်း ကော်ဖိ တစ်ငုံသောက်ပြီး ဆက်ရှင်းပြနေပြန်သည်။
အဲဒီ မြေချပါမစ်ရောင်းသူ စကားယုံခဲ့မိလို့ အခုတော့ ငါ့မှာ ဒုက္ခလှလှကြီးတွေ့နေပြီသူငယ်ချင်းရာ…. “ ဟေ….ဟုတ်လား ဆက်ပြောပါဦး ” “ မြေကွက်ဝယ်စဉ်က ရောင်းသူက ခဏခဏပြောတဲ့ စကားလေးကို အခုမှ ပြန်ပြီး သတိရနေတယ် “ ဘာပြောခဲ့တာလဲ ” ဦးလူမော် လက်ထဲကို ကျွန်တော် မြေကွက်အပ်လိုက်ပြီနော် ရောင်းသူအနေနဲ့ ကျွန်တော်ဘက်က တာဝန်ကျေတယ်နော်….တဲ့လေ။ “ ဘာ…အဓိပ္ပါယ်လည်း မသိဘူးနော် ”
သူက ထပ်ပြောသေးတယ် …တစ်ခုတော့ ထပ်ပြီး အသိပေးပါရစေ ဦလူမော်ရေ မြေကွက်ရပြီဆိုတာနဲ့ မြေကွက်ကိုပစ်မထားပါနဲ့ အမြန်ဆုံးအိမ်ဆောက်ပြီးတက်နေပါလို့ ပြန်ခါနီးအထိ အကြိမ်ကြိမ်တတွတ်တွတ် မှာကြားသွားခဲ့တယ်လေ။ ဒါကို အဲ့ဒီတုန်းက ငါသဘောမပေါက်ခဲ့ဘူးကွာ…
ဘာကြောင့်….. အိမ်ဆောက်ပြီး နေစေချင်တာလဲဆိုတာလည်း ပွင့်ပွင့်လင်းလင်းမပြောခဲ့ဘူးလေ။ ဒါနဲ့ ငါတို့လည်း ဥပဒေအရ လက်ရောက်ရသူက ပိုင်ဆိုင်မှုခိုင်မာအောင် အိမ်ဆောက်နေလိုက်တာ ဒီနေ့အထိဘဲ..ရောင်းသူကိုလည်း စိတ်ကောင်းစေတနာကောင်း နဲ့ ပြောခဲ့တာဘဲဆိုပြီး အကြိမ်ကြိမ်ကျေးဇူးတင်နေခဲ့တယ်လေ။ အခုတော့ အဲဒီအတွေးက တက်တက်စင်လွှဲတော့တာဘဲ..ငါးပါး မှောက်ရုံမကဘူး သံဃာစင်ပါမှောက်ပြီ သူငယ်ချင်းရေ … ဟု ပြောရင်း ငိုသံပါလာသည်။
“ ဘယ်လိုတွေ ဖြစ်ကုန်ကြလို့လဲ… အသက်ကြီးမှ စိတ်ဆင်းရဲးစရာ စိတ်ရှုပ်စရာတွေကြုံနေရလို့လား “ ဟု မောင်ကောင်းဖေက စူးစမ်းသလို မေးလိုက်မိသည်။
အေး….. ဟုတ်တယ်ကွ မင်းကတော့ အိမ်ခြံမြေရှေ့နေပီပီ အရိပ်ပြအကောင်ထင်တာကိုကွ …မင်းပြောသလို အခုအသက်ကြီးမှ စိတ်ဆင်းရဲစရာတွေ ကြုံနေရလို့ ကူညီပါဦး သူငယ်ချင်ရယ် “ ဘယ်လိုတွေ ဖြစ်လာလို့လဲ…..” ဒီလိုကွာ… မြေကွက်ဝယ်စဉ်က …မြေကွက်ရောင်းသူရဲ့ စကားက အခုမှ သွေးထွက်အောင် မှန်တော့တာဘဲ …မကြာခင်က …ဓာတ်ပုံမြေချပါမစ်အမည်ပေါက်ဆိုသူ အဘိုးကြီးတစ်ယောက် အိမ်ရှေ့ရောက်လာတယ် အသက်ကတော့ (၇၅)နှစ် လောက်ရှိပြီထင်တယ် သူ့ကြည့်ရတာ စုတ်စုတ်ပြတ်ပြတ်နဲ့ဆိုတော့ သားသမီးတွေမရှိလို့လား ၊ စောင့်ရှောက်မဲ့သူ မရှိလို့လားဆိုပြီး ထမင်းဖိုး ၅၀၀၀ လောက်ပေးလိုက်တော့ ကျေးဇူးတင်ပါတယ်ကွယ် လို့ပြောပြီး ပြန်သွားတယ်။
ဒါနဲ့ ကိစ္စက ပြီးမသွားဘူး မောင်ကောင်းရာ နောက်ပိုင်း မေ့မေ့ပျောက်ပျောက်ရှိလောက်တဲ့ အခါကျတော့ အိမ်ရှေ့တစ်ခေါက်ရောက်လာပြန်ရော။။ ထမင်းဖိုးပေးလိုက်ရာ ပြန်သွားပြန်ရော နောက်ကျတော့ အိမ်ရှေ့ခဏ ခဏ ရောက်လာတယ်။ ရောက်လာရုံတင် မဟုတ်တော့ဘူး။ သူ့အကြောင်းတွေပါ ရင်ဖွင့်ပြောလာတော့တယ်… ဟု ပြောပြီး ကိုလူမော်မှာ စကားဆုံးအောင် မပြောနိုင်ဘဲ ခေတ္တနားလိုက်ရသည်။ အမောပြေမှ…..
“ ဘကြီး က ပြောတယ်။ ကိုလူမော်တို့ အခုနေတဲ့ မြေကွက်က “အဘ” နာမည်နဲ့ရထားတဲ့ (20’x60’) မြေကွက်ပေါ့ကွယ် ၁၉၉၈ ခုနှစ် အရေးအခင်းပြီးတဲ့ နောက်ပိုင်း ရန်ကုန်မြို့ အလုံမြို့နယ် ၊ အမှိုက်ပုံနားက ကျူးကျော်တွေဖယ်ခိုင်းပြီး ဒဂုံမြို့သစ် ကိုပြောင်းခိုင်းတဲ့အခါမှာ (20’x60’) တစ်ကွက်ကို ငွေ ၄၀၀၀ကျပ် ပေးသွင်းရတယ်။ အဲ့ဒါနဲ့ အိုးအိမ်ဦးစီးဌာနက “ အဘ ” တို့ဇနီးမောင်နှံနဲ့ မြေချပါမစစ်ထုတ်ပေးခဲ့တယ်။ ပြောင်းလာစဉ်က ဒုက္ခရောက်ကြတယ်။ စားဝတ်နေရေး မပြေလည်ကြဘူး၊ ဒီကြားထဲ မိန်းမက အစာအိမ်အူအတက်ပေါက်ပြီး ဗိုက်ခွဲရမယ်ဆိုတော့ ကြုံရာမရဖြစ်ပြီး “အဘ ” ပိုင်တဲ့ မြေချပါမစ်ကို အခု ကိုလူမော် တို့ကို ရောင်းသွားတဲ့ အပေါင်ခံသူ ဦးလောဘ ထံမှာ (၁)သိန်းနဲ့ပေါင်နှံခဲ့ရတယ်။ အတိုးပေးရင်း ပေးရင်းမဆပ်နိုင်တဲ့ အချိန် တစ်နှစ်ခွဲဖြစ်သွားပြီး တစ်လအတွင်း လာရွေးရင်ရွေး မရွေးရင် ဆုံးပြီဆိုကာ အိမ်ခြံမြေ အပြီးအပိုင်အရောင်းအဝယ်စာချုပ် ပေါ်မှာ ရောင်းသူအဖြစ် အတင်းလက်မှတ်ထိုးခိုင်းခဲ့လို့ လက်မှတ် ထိုးပေးခဲ့ရတယ်။
ပြန်ရွေးနိုင်အောင် ကြိုးစားပါလို့ ပြောတာနဲ့ “အဘ” လည်း မြေချပါမစ်ပြန်ရွေးနိုင်အောင် ဇနီးနဲ့ သားသမီးတွေ မှာခဲ့ပြီး နယ်စပ် မြဝတီကနေ မဲဆောက် ထိုင်းနိုင်ငံအထိသွားပြီး လက်သမားအလုပ်နဲ့ ငွေစုခဲ့ပါတယ်။ နောက်ပိုင်း အဆင်မပြေတာနဲ့ မြဝတီနဲ့ မဲဆောက်နယ်စပ်မှာ ကုန်ပစ္စည်းသယ်ပေးတဲ့ အလုပ်ကို ဝင်လုပ်ပါတယ်။ အဆင်ပြေမယ်ကြုံရုံရှိသေးတဲ့ အချိန် တနေ့မှာတော့ ထိုင်းနယ်စပ်မှာ သယ်လာတဲ့ ပစ္စည်းတွေကို အဖမ်းခံရပါတယ်။ ကူသယ်ပေးတဲ့ ပစ္စည်းတွေထဲမှာ ဘိန်းဖြူတွေပါလာတယ်ဆိုပြီး ရဲက ဖမ်းလို့ ထောင် (၁၁) နှစ်ကျခဲ့တယ်လေ။
မြေချပါမစ်ကို ရန်ကုန်မြို့တော်စည်ပင်မှာ အနှစ်(၆၀) ဂရန် သွားလျှောက်ရင်လည်း ပါမစ်မူရင်း တင်ပြနိုင်သူကိုသာ မြေငှါးဂရန် ထုတ်ပေးပါတယ်။ ဒီတော့ ကိုလူမော်လည်း စိတ်အေးသွားရအောင် “အဘ” အမည်ပေါက် မြေချပါမစ်ကို ကိုလူမော် အမည်ပေါက် အနှစ် (၆၀) ဂရန်လျှောက်ပြီး မိမိအမည်ပေါက်အနှစ် (၆၀) ဂရန်သာ ကိုင်ထားလိုက်ပေါ့ကွာဟု အကြံပေးလိုက်ရပါတော့သည်။
မြေဆိုသည်မှာ တန်ဖိုးမြင့်ပစ္စည်းဖြစ်၍ နှစ်ကြာလာလေ တန်ဖိုးကြီးလာလေ ဖြစ်ပါသဖြင့် မိမိအမည်ပေါက်မြေငှါးဂရန်ပြုလုပ်ထားသင့်ကြောင်း သင်ခန်းစာတစ်ခု ရလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေနာက္ေၾကာင္း မေအးသည့္ေျမႏွင့္အိမ္
လူရယ္လို႔ျဖစ္လာၿပီဆိုမွျဖင့္ ဘဝအေတြ႕အၾကံဳေတြကလည္း တစ္ဦးႏွင့္တစ္ဦး မတူကြဲျပားၾကသည္ကို ေတြ႕ရသည္။ တစ္ဦးတြင္ ေပါ့ေပါ့တန္တန္ႏွင့္ၿပီးသြားသည့္ ကိစၥမ်ိဳးမွာ အျခားတစ္ဦးအတြက္ ႀကီးေလးသည့္ ဝန္ထုတ္ဝန္ပိုးႀကီးျဖစ္သြားတတ္ျပန္သည္။
“ ေမာင္ေကာင္းေဖ “ တို႔၏ အိမ္ျခံေျမအေရာင္းအဝယ္ကာလတြင္ ယင္းကဲ့သို႔ေသာ ထူးထူးဆန္းဆန္း အျဖစ္အပ်က္မ်ိဳးေတြ ၾကံဳေတြ႕ရေလ့ရွိသည္။ ယခုအခ်ိန္အခါမ်ိဳးတြင္ အိမ္ျခံေျမ အေရာင္းအဝယ္မ်ားကလည္း အထူးေကာင္းမြန္လာသျဖင့္ အိမ္ျခံေျမႏွင့္ ပတ္သက္ေသာ အျဖစ္အပ်က္မ်ားကလည္း တစ္ဦးႏွင့္တစ္ဦး မတူကြဲျပားျခားနားကာ ေျပာျပ၍ပင္မကုန္ႏိုင္ေအာင္ ရွိေနပါသည္။
မၾကာေသးမီက ေမာင္ေကာင္းေဖ ရဲ႕ မိတ္ေဆြႀကီးျဖစ္သူ “ကိုလူေမာ္ “ တစ္ေယာက္ ဖုန္းဆက္၍ အိမ္သို႔ေမးျမန္းစံုစမ္းကာ ေရာက္လာသည္။ ေနပူထဲ အိမ္အထိ ကားမွတ္တိုင္မွ လမ္းေလ်ာက္လာရသျဖင့္ ေကာ္ဖီတစ္ခြက္တိုက္လိုက္သည္ အေမာေျပေလာက္ေတာ့မွ လာရင္းကိစၥကို ေမးၾကည့္မိသည္။
“ ဘာမ်ားအေရးႀကီးလို႔ ေမာႀကီးပမ္းႀကီးေရာက္လာရတာလဲ သူငယ္ခ်င္းရယ္ “ ဟု စကားစလိုက္ရာ ငါ့ရဲ႕ အိမ္ကိစၥ မင္းနဲ႕တိုင္ပင္ရေအာင္လာခဲ့တာေပ့ါ ေမာင္ေကာင္းရာ အခုငါေနတဲ့အိမ္ကို လြန္ခဲ့တဲ့ (၂၅) ႏွစ္က (၂)သိန္း နဲ႕ ဝယ္ခဲ့တယ္ေလ။ ဝယ္ၿပီး အိမ္ေဆာက္ေနထိုင္လာခဲ့တာ ဒီေန႕အထိေပါ့ အဲဒီတုန္းက ေဈးလည္းသင့္တယ္၊ ေထာင့္ကြက္လည္းျဖစ္တယ္။ ေက်ာင္းတို႕၊ ေဈးတို႔နဲ႔လည္း နီးတယ္ဆိုေတာ့ အေတာ္သေဘာက်ၿပီး ဝယ္ခဲ့တာေပါ့ ဟုဆိုကာ ေကာ္ဖီ ေသာက္လိုက္ၿပီး ဆက္ေျပာျပန္သည္။
အခုတစ္ေလာ ေျမကြက္ေဈးေတြကလည္း အဝယ္လိုက္လာျပန္ေတာ့ ငါ့ရဲ႕ ေျမကြက္က (20’x60’) ဆိုေပမဲ့ သိန္း (၁၂၀၀) အထိေတာ့ လာေပးတဲ့သူရွိေနၿပီ ေမာင္ေကာင္းရ ”
“ ဟင္…. ဟုတ္လား “ေမာ္ႀကီး ” အခု သူေဌးျဖစ္ေနၿပီေပါ့ ” ဟု ကၽြႏ္ုပ္က အားပါးတရ ေျပာလိုက္သည္။
“ အဲဒီလို ေျမကြက္ေတြေဈးေကာင္းလာတာနဲ႕ ငါ့ရဲ႕ ေျမကြက္ျပႆနာကလည္း စေတာ့တာပဲ” “ အလို …ဘယ္လိုျဖစ္တာလဲ ” “ ဟိုစဥ္ ေျမကြက္ဝယ္တုန္းကေတာ့ ေျမအေၾကာင္း သိနားလည္တာမဟုတ္ဘူး။ ဝယ္သာ ဝယ္လိုက္တာ “ ေျမငွါးဂရန္ ” မို႕ေကာင္းတာလား “ေျမခ်ပါမစ္ ” က ပိုေကာင္းတာလား မေျပာတတ္ဘူး။
ဒဂံုၿမိဳ႕သစ္ (၄)ၿမိဳ႕နယ္ မွာ ေျပာင္းလာၾကတဲ့သူတိုင္း ပါမစ္ေျမကြက္ကိုင္ထားၾကသူမ်ားတယ္ ေရာင္းတဲ့သူကလည္း ေျပာတယ္။ ဂရန္ေျမ ဆိုတာ အခြန္ေဆာင္ရတယ္။ အလုပ္ရႈပ္တယ္။ အခ်ိန္ၾကာတယ္။ အဲဒီေတာ့ ဂရန္ေျမထက္ ေျမခ်ပါမစ္ က ပိုေကာင္းတယ္။ အခြန္ေဆာင္စရာမလိုဘူး။ ျပန္ေရာင္းခ်င္လည္း ေရႊေရာင္းသလိုလြယ္တယ္ လို႕ ေျပာတာနဲ႔ ဝယ္ျဖစ္ခဲ့တာပဲ ေမာင္ေကာင္းရယ္ ဟု ေျမကြက္ဝယ္ျဖစ္သည့္အေၾကာင္း ေျပာျပရင္း ေကာ္ဖိ တစ္ငံုေသာက္ၿပီး ဆက္ရွင္းျပေနျပန္သည္။
အဲဒီ ေျမခ်ပါမစ္ေရာင္းသူ စကားယံုခဲ့မိလို႕ အခုေတာ့ ငါ့မွာ ဒုကၡလွလွႀကီးေတြ႕ေနၿပီသူငယ္ခ်င္းရာ…. “ ေဟ….ဟုတ္လား ဆက္ေျပာပါဦး ” “ ေျမကြက္ဝယ္စဥ္က ေရာင္းသူက ခဏခဏေျပာတဲ့ စကားေလးကို အခုမွ ျပန္ၿပီး သတိရေနတယ္ “ ဘာေျပာခဲ့တာလဲ ” ဦးလူေမာ္ လက္ထဲကို ကၽြန္ေတာ္ ေျမကြက္အပ္လိုက္ၿပီေနာ္ ေရာင္းသူအေနနဲ႕ ကၽြန္ေတာ္ဘက္က တာဝန္ေက်တယ္ေနာ္….တဲ့ေလ။ “ ဘာ…အဓိပၸါယ္လည္း မသိဘူးေနာ္ ”
သူက ထပ္ေျပာေသးတယ္ …တစ္ခုေတာ့ ထပ္ၿပီး အသိေပးပါရေစ ဦလူေမာ္ေရ ေျမကြက္ရၿပီဆိုတာနဲ႔ ေျမကြက္ကိုပစ္မထားပါနဲ႔ အျမန္ဆုံးအိမ္ေဆာက္ၿပီးတက္ေနပါလို႔ ျပန္ခါနီးအထိ အႀကိမ္ႀကိမ္တတြတ္တြတ္ မွာၾကားသြားခဲ့တယ္ေလ။ ဒါကို အဲ့ဒီတုန္းက ငါသေဘာမေပါက္ခဲ့ဘူးကြာ…
ဘာေၾကာင့္….. အိမ္ေဆာက္ၿပီး ေနေစခ်င္တာလဲဆိုတာလည္း ပြင့္ပြင့္လင္းလင္းမေျပာခဲ့ဘူးေလ။ ဒါနဲ႕ ငါတို႕လည္း ဥပေဒအရ လက္ေရာက္ရသူက ပိုင္ဆိုင္မႈခိုင္မာေအာင္ အိမ္ေဆာက္ေနလိုက္တာ ဒီေန႕အထိဘဲ..ေရာင္းသူကိုလည္း စိတ္ေကာင္းေစတနာေကာင္း နဲ႕ ေျပာခဲ့တာဘဲဆိုၿပီး အႀကိမ္ႀကိမ္ေက်းဇူးတင္ေနခဲ့တယ္ေလ။ အခုေတာ့ အဲဒီအေတြးက တက္တက္စင္လႊဲေတာ့တာဘဲ..ငါးပါး ေမွာက္႐ုံမကဘူး သံဃာစင္ပါေမွာက္ၿပီ သူငယ္ခ်င္းေရ … ဟု ေျပာရင္း ငိုသံပါလာသည္။
“ ဘယ္လိုေတြ ျဖစ္ကုန္ၾကလို႔လဲ… အသက္ႀကီးမွ စိတ္ဆင္းရဲးစရာ စိတ္ရႈပ္စရာေတြၾကံဳေနရလို႕လား “ ဟု ေမာင္ေကာင္းေဖက စူးစမ္းသလို ေမးလိုက္မိသည္။
ေအး….. ဟုတ္တယ္ကြ မင္းကေတာ့ အိမ္ျခံေျမေရွ႕ေနပီပီ အရိပ္ျပအေကာင္ထင္တာကိုကြ …မင္းေျပာသလို အခုအသက္ႀကီးမွ စိတ္ဆင္းရဲစရာေတြ ၾကံဳေနရလို႔ ကူညီပါဦး သူငယ္ခ်င္ရယ္ “ ဘယ္လိုေတြ ျဖစ္လာလို႔လဲ…..” ဒီလိုကြာ… ေျမကြက္ဝယ္စဥ္က …ေျမကြက္ေရာင္းသူရဲ႕ စကားက အခုမွ ေသြးထြက္ေအာင္ မွန္ေတာ့တာဘဲ …မၾကာခင္က …ဓာတ္ပံုေျမခ်ပါမစ္အမည္ေပါက္ဆိုသူ အဘိုးႀကီးတစ္ေယာက္ အိမ္ေရွ႕ေရာက္လာတယ္ အသက္ကေတာ့ (၇၅)ႏွစ္ ေလာက္ရွိၿပီထင္တယ္ သူ႔ၾကည့္ရတာ စုတ္စုတ္ျပတ္ျပတ္နဲ႕ဆိုေတာ့ သားသမီးေတြမရွိလို႕လား ၊ ေစာင့္ေရွာက္မဲ့သူ မရွိလို႕လားဆိုၿပီး ထမင္းဖိုး ၅၀၀၀ ေလာက္ေပးလိုက္ေတာ့ ေက်းဇူးတင္ပါတယ္ကြယ္ လို႕ေျပာၿပီး ျပန္သြားတယ္။
ဒါနဲ႕ ကိစၥက ၿပီးမသြားဘူး ေမာင္ေကာင္းရာ ေနာက္ပိုင္း ေမ့ေမ့ေပ်ာက္ေပ်ာက္ရွိေလာက္တဲ့ အခါက်ေတာ့ အိမ္ေရွ႕တစ္ေခါက္ေရာက္လာျပန္ေရာ။။ ထမင္းဖိုးေပးလိုက္ရာ ျပန္သြားျပန္ေရာ ေနာက္က်ေတာ့ အိမ္ေရွ႕ခဏ ခဏ ေရာက္လာတယ္။ ေရာက္လာ႐ုံတင္ မဟုတ္ေတာ့ဘူး။ သူ႔အေၾကာင္းေတြပါ ရင္ဖြင့္ေျပာလာေတာ့တယ္… ဟု ေျပာၿပီး ကိုလူေမာ္မွာ စကားဆံုးေအာင္ မေျပာႏိုင္ဘဲ ေခတၱနားလိုက္ရသည္။ အေမာေျပမွ…..
“ ဘႀကီး က ေျပာတယ္။ ကိုလူေမာ္တို႔ အခုေနတဲ့ ေျမကြက္က “အဘ” နာမည္နဲ႔ရထားတဲ့ (20’x60’) ေျမကြက္ေပါ့ကြယ္ ၁၉၉၈ ခုႏွစ္ အေရးအခင္းၿပီးတဲ့ ေနာက္ပိုင္း ရန္ကုန္ၿမိဳ႕ အလုံၿမိဳ႕နယ္ ၊ အမိႈက္ပုံနားက က်ဴးေက်ာ္ေတြဖယ္ခိုင္းၿပီး ဒဂုံၿမိဳ႕သစ္ ကိုေျပာင္းခိုင္းတဲ့အခါမွာ (20’x60’) တစ္ကြက္ကို ေငြ ၄၀၀၀က်ပ္ ေပးသြင္းရတယ္။ အဲ့ဒါနဲ႔ အိုးအိမ္ဦးစီးဌာနက “ အဘ ” တို႔ဇနီးေမာင္ႏွံနဲ႔ ေျမခ်ပါမစစ္ထုတ္ေပးခဲ့တယ္။ ေျပာင္းလာစဥ္က ဒုကၡေရာက္ၾကတယ္။ စားဝတ္ေနေရး မေျပလည္ၾကဘူး၊ ဒီၾကားထဲ မိန္းမက အစာအိမ္အူအတက္ေပါက္ၿပီး ဗိုက္ခြဲရမယ္ဆိုေတာ့ ၾကဳံရာမရျဖစ္ၿပီး “အဘ ” ပိုင္တဲ့ ေျမခ်ပါမစ္ကို အခု ကိုလူေမာ္ တို႔ကို ေရာင္းသြားတဲ့ အေပါင္ခံသူ ဦးေလာဘ ထံမွာ (၁)သိန္းနဲ႔ေပါင္ႏွံခဲ့ရတယ္။ အတိုးေပးရင္း ေပးရင္းမဆပ္ႏိုင္တဲ့ အခ်ိန္ တစ္ႏွစ္ခြဲျဖစ္သြားၿပီး တစ္လအတြင္း လာေ႐ြးရင္ေ႐ြး မေ႐ြးရင္ ဆုံးၿပီဆိုကာ အိမ္ျခံေျမ အၿပီးအပိုင္အေရာင္းအဝယ္စာခ်ဳပ္ ေပၚမွာ ေရာင္းသူအျဖစ္ အတင္းလက္မွတ္ထိုးခိုင္းခဲ့လို႔ လက္မွတ္ ထိုးေပးခဲ့ရတယ္။
ျပန္ေရြးႏိုင္ေအာင္ ႀကိဳးစားပါလို႕ ေျပာတာနဲ႕ “အဘ” လည္း ေျမခ်ပါမစ္ျပန္ေရြးႏိုင္ေအာင္ ဇနီးနဲ႕ သားသမီးေတြ မွာခဲ့ၿပီး နယ္စပ္ ျမဝတီကေန မဲေဆာက္ ထိုင္းႏိုင္ငံအထိသြားၿပီး လက္သမားအလုပ္နဲ႔ ေငြစုခဲ့ပါတယ္။ ေနာက္ပိုင္း အဆင္မေျပတာနဲ႕ ျမဝတီနဲ႕ မဲေဆာက္နယ္စပ္မွာ ကုန္ပစၥည္းသယ္ေပးတဲ့ အလုပ္ကို ဝင္လုပ္ပါတယ္။ အဆင္ေျပမယ္ၾကံဳ႐ုံရွိေသးတဲ့ အခ်ိန္ တေန႕မွာေတာ့ ထိုင္းနယ္စပ္မွာ သယ္လာတဲ့ ပစၥည္းေတြကို အဖမ္းခံရပါတယ္။ ကူသယ္ေပးတဲ့ ပစၥည္းေတြထဲမွာ ဘိန္းျဖဴေတြပါလာတယ္ဆိုၿပီး ရဲက ဖမ္းလို႕ ေထာင္ (၁၁) ႏွစ္က်ခဲ့တယ္ေလ။
အခု ျပန္လြတ္လာေတာ့ မယားက ေသသြားၿပီ ဒါနဲ႔ သားသမီးေတြရဲ႕အိမ္မွာ ကပ္ေနရတယ္ေလ။ အဲဒါ ဟိုတုန္းက တစ္သိန္းနဲ႔ ဆုံးသြားတဲ့ေျမကြက္ကို ျပန္လိုခ်င္လို႔ ျပန္သတိရေနလို႔ အခုလို ခဏခဏ လာၾကည့္ေနရတာပါလို႔ ေျပာသြားတယ္ ေမာင္ေကာင္းရယ္..အခု ငါဘာဆက္လုပ္ရမွာလဲ အၾကံေပးပါဦး ဟု ေျပာရင္း ကိုလူေမာ္မွာ တ႐ိႈက္႐ိႈက္ႏွင့္ ငိုေနပါေတာ့သည္။ ေမာင္ေကာင္းေဖလည္း ကိုလူေမာ္ ပခုံးကိုဖက္၍…… ဒါကေတာ့ သားႀကီး အေနနဲ႔ သူ႕ခံစားခ်က္သူေျပာျပတာေလ။ တကယ္တမ္းက်ေတာ့ ဒီေျမကြက္ကိစၥက မင္းနဲ႔ တိုက္႐ိုက္မသက္ဆိုင္ဘူးေလ။ မိမိက္ိုယ္တိုင္က တန္ရာတန္ဖိုးေပးၿပီး ဦးေလာဘ ထံကတရားဝင္ဝယ္ယူထားတာေလ။ အမွန္အကန္ေရာင္းတာလား၊ အေပါင္ဆုံးျဖစ္လို႔ ျပန္ေရာင္းလိုက္ရတာပါလားဆိုတဲ့ ကိစၥေတြက “ဘႀကီး” နဲ႔ ဦးေလာဘ တို႔ ေျဖ႐ွင္းၾကရမယ့္ ကိစၥေလ။ ကိုယ့္ျပႆနာ။ ကိုယ့္ကိစၥမဟုတ္ဘူး။ ကိုယ္နဲ႕တိုက္႐ိုက္မသက္ဆိုင္ဘူး။ ကိုလူေမာ္ ဘက္ကၾကည့္မယ္ဆိုရင္ လြန္ခဲ့တဲ့ (၂၅) ႏွစ္ကတည္းက အခုထိ တရားဝင္ ဝယ္ယူၿပီး ေနထိုင္ခဲ့တာေလ။ သက္ေသခံ စာ႐ြက္စာတမ္း အေရာင္းအဝယ္စာခ်ဳပ္အဆက္အစပ္တို႔ ပါမစ္မူရင္းေတြ မိမိလက္ဝယ္မွာ ႐ွိေနတာဘဲ။ သူတို႔ေႏွာက္ယွက္လို႔ မရပါဘူး။ ပိုင္ဆိုင္မႈခိုင္မာပါတယ္။
ေျမခ်ပါမစ္ကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္မွာ အႏွစ္(၆၀) ဂရန္ သြားေလွ်ာက္ရင္လည္း ပါမစ္မူရင္း တင္ျပႏိုင္သူကိုသာ ေျမငွါးဂရန္ ထုတ္ေပးပါတယ္။ ဒီေတာ့ ကိုလူေမာ္လည္း စိတ္ေအးသြားရေအာင္ “အဘ” အမည္ေပါက္ ေျမခ်ပါမစ္ကို ကိုလူေမာ္ အမည္ေပါက္ အႏွစ္ (၆၀) ဂရန္ေလွ်ာက္ၿပီး မိမိအမည္ေပါက္အႏွစ္ (၆၀) ဂရန္သာ ကိုင္ထားလိုက္ေပါ့ကြာဟု အၾကံေပးလိုက္ရပါေတာ့သည္။
ေျမဆိုသည္မွာ တန္ဖိုးျမင့္ပစၥည္းျဖစ္၍ ႏွစ္ၾကာလာေလ တန္ဖိုးႀကီးလာေလ ျဖစ္ပါသျဖင့္ မိမိအမည္ေပါက္ေျမငွါးဂရန္ျပဳလုပ္ထားသင့္ေၾကာင္း သင္ခန္းစာ တစ္ခု ရလိုက္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com