“ဓူဝံကြယ်ထက် မြင့်ပါတယ်”

“ဓူဝံကြယ်ထက် မြင့်ပါတယ်” - Property Knowledge in Myanmar from iMyanmarHouse.com
10 Aug 2022 10:36 am တွင် တင်ခဲ့သည်
474 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

“တစ်ခါလဲရုံနဲ့ အပြီးထိုင်လိုက်တော့မှာလား အကျိုးရယ်မှ မဟုတ်ဘဲနဲ့” ဒီသီချင်းစာသားကို ဆိုင်းထီးဆိုင်ရဲ့ သီချင်းထဲကနားရည်ဝနေတဲ့စကားလုံးပါ။ဆရာဆိုင်းခမ်းလိတ် ရေးသလားတော့ ကျွန်တော်မသိပါဘူး။ ဖြစ်ချင်လည်းဖြစ်မှာပါ။

ဘဝတွေဟာ အကောင်းတွေကြီးထဲမလာပါဘူး။ အစကတည်းကကြမ်းကြမ်းတမ်းတမ်း စကြရတဲ့ ဘဝတွေ ရှိပါတယ်။ကိုယ်လက်အင်္ဂါပြည့်စုံပြီး ဉာဏ်ရည်ချို့တဲ့သူတွေရှိသလို။ဉာဏ်ရည်ပြည့်ဝသော်လည်း ကိုယ်အင်္ဂါချို့ယွင်းတဲ့သူတွေလည်းရှိကြတယ်။

တချို့ကြတော့ ဉာဏ်ရည်ရော ကိုယ်အင်္ဂါပါ ချို့ယွင်းစွာနဲ့ဖြစ်တည်လာကြတာကိုတွေ့ရပါတယ်။ တချို့ကြတော့လည်း ရွှေဇွန်းကိုက်ပြီး မွေးခဲ့ကြတဲ့သူတွေလည်းရှိတယ်။ဘယ်လိုပဲမွေးခဲ့မွေးခဲ့ပါ။ လူတိုင်းရှင်သန်ဖို့တော့ အနည်းနဲ့ အများ ရုန်းကန်ကြရတာပါပဲ။

တချို့သောသူတွေက ဘဝမှာလူတန်းစေ့ မွေးလာခဲ့ကြပြီးပါမှ ဘဝကိုရေစုန်မျှောကာ တန်ဖိုးမဲ့နိဂုံးချုပ် သွားကြရပါတယ်။အချို့လည်း အလုပ်တွေလုပ်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ လွန်ကြူးသော လိုက်စားမှုတွေကြောင့် ဘဝနေဝင်ချိန်တွေက စောခဲ့ကြသူတွေကိုလည်း တွေ့ရပါတယ်။

ကျွန်တော်အသိ ကိုဉာဏ်ဆိုတာရှိပါတယ်။ သူက တီဗီတွေ ရေဒီယိုတွေနဲ့ ပတ်သက်တဲ့ စကစ်ပတ်လမ်းတွေ ပြုပြင်တတ်တဲ့ပညာနဲ့ အသက်မွေးနေနိုင်လောက်အောင်ကောင်းတဲ့ ပညာရှိပါတယ်။ ဒီလိုပညာတွေ ရှိပါရက်နဲ့ အသောက်အစားကို အထိန်းအကွပ်မဲ့စွာပြုမူနေထိုင်တာကြောင့် အရက်ရဲ့ကျေးကျွန်ဖြစ်ကာ သေမယ့်ရက်ကို လက်ချိုးကာစောင့်နေပါတယ်။

နောက်တစ်ယောက်က ကိုဝင်းဇော်ပါ။လက်သမားပညာလည်းတတ်၊ဂစ်တာတီးလည်း အရမ်းကောင်းသူ။ ဘဝကို အရည်ဖျော်လိုက်တော့၊ငယ်ငယ်ရွယ်နဲ့အရည်ပျော်ပြီး နေဝင်ချိန်စောခဲ့ပြန်ပါတယ်။

ဆိုချင်တာကဗျာ ဘဝတွေဟာ လာရာကောင်းခဲ့ပါရဲ့နဲ့ လားရာမကောင်းအောင် နေခဲ့ကြတော့ ဓူဝံကြယ်ဟာ သူတို့ရဲ့မျှော်မှန်းရာ မဟုတ်ခဲ့သလို။သူတို့ဆီလည်း ကြွေဆင်းမလားခဲ့ဘူးပေါ့။

တစ်ခါတစ်ရံ လူတွေဟာ ဓူဝံကြယ်ကို မျှော်မှန်းတာ မဟုတ်ခဲ့ပေမယ့် ဓူဝံကြယ်ကိုယ်တိုင်က ကြွေဆင်းပေးခဲ့ရတဲ့ သူတွေလည်းရှိပါတယ်။

ဒါကတော့ ဒေါင်ဆင်ဒုန်းရောဂါ ခံစားနေရသူတစ်ယောက်ရဲ့ ဘဝကိုအရှုံးမပေးဘဲ ရုန်းကန်ကြိုးစားနေတာကို လူမှုကွန်ရက်မှာတွေ့ရတော့ ဓူဝံကြယ်မနေသာဘူးပေါ့။ကြွေဆင်းရတာပေါ့။

ဒါဟာ လူအင်္ဂါရုပ်နဲ့ ပြည်စုံစွာ လူဖြစ်လာပြီး ဘဝမှာ မရှင်သန်လိုလို့ အရှုံးပေး ထွက်သွားကြသူတွေထက် အများကြီး ရဲရင့်တာထက်ကို ပိုပါတယ်။

သူနံမယ်(နာမည်)က ကိုအေးသန်းပါ။သူကဒေါင်ဆင်ဒုန်းရောဂါရှိသူပါ။ဆယ်တန်းထိတောင် ပညာသင်ခဲ့သူ။ အိုမင်းနေပြီဖြစ်သောမိခင်အတွက်တော့ သူဟာသူရဲကောင်းတစ်ယောက်။အားကိုးရာဒေါက်တိုင်။ ရှာဖွေကျွေးနိုင်သူ။ လူကောင်းတွေအတွက် ရှာဖွေစားသောက်ဖို့ မလွယ်တဲ့ခေတ်ကြီးမှာ သူဟာဘဝကို အရှုံးမပေးခဲ့ပါဘူး။ ရှင်သန်ဖို့ရဲဝံ့ခဲ့သူပါ။

သူဟာ ဂွေးသီး အချဉ်ပေါင်းရောင်းပြီး ဘဝကိုရှေ့ဆက်နေသူ။ သူတစ်ကိုယ်တည်းမဟုတ်ပါဘူး။မိခင်ရော သူ့အစ်မတွေရဲ့မိသားစုတွေကိုပါသူတာဝန်ယူထားသူ။ဓူဝံကြယ်က ကောင်းကင်ကြီးကနေ အခန့်သားနေမလား။ မနေနိုင်တော့ဘူးလေ။ဒီလိုလူမျိုးတွေအတွက် ဓူဝံကြယ်ဟာကြွေဆင်းပေးခဲ့ရပြီ။

ကောင်းကင်တမွတ်ကကြယ်ကို လှမ်းဆွတ်စရာမလိုပါဘူး။ဒီလိုရှင်သန်ကြိုးစား ရုန်းကန်နေသူတွေဟာ ဓူဝံကြယ်ထက်မြင့်ပါတယ်။ဒီလိုလူတွေအတွက် ဓူဝံကြယ်ဟာ မနေသာတော့ပါဘူး……။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“ဓူဝံၾကယ္ထက္ ျမင့္ပါတယ္”

 

“တစ္ခါလဲရုံနဲ႔ အၿပီးထိုင္လိုက္ေတာ့မွာလား အက်ိဳးရယ္မွ မဟုတ္ဘဲနဲ႔” ဒီသီခ်င္းစာသားကို ဆိုင္းထီးဆိုင္ရဲ႕ သီခ်င္းထဲကနားရည္ဝေနတဲ့စကားလုံးပါ။ဆရာဆိုင္းခမ္းလိတ္ ေရးသလားေတာ့ ကၽြန္ေတာ္မသိပါဘူး။ ျဖစ္ခ်င္လည္းျဖစ္မွာပါ။

ဘဝေတြဟာ အေကာင္းေတြႀကီးထဲမလာပါဘူး။ အစကတည္းကၾကမ္းၾကမ္းတမ္းတမ္း စၾကရတဲ့ ဘဝေတြ ရွိပါတယ္။ကိုယ္လက္အဂၤါျပည့္စုံၿပီး ဉာဏ္ရည္ခ်ိဳ႕တဲ့သူေတြရွိသလုိ။ဉာဏ္ရည္ျပည့္ဝေသာ္လည္း ကိုယ္အဂၤါခ်ိဳ႕ယြင္းတဲ့သူေတြလည္းရွိၾကတယ္။

တခ်ိဳ႕ၾကေတာ့ ဉာဏ္ရည္ေရာ ကိုယ္အဂၤါပါ ခ်ိဳ႕ယြင္းစြာနဲ႔ျဖစ္တည္လာၾကတာကိုေတြ႔ရပါတယ္။ တခ်ိဳ႕ၾကေတာ့လည္း ေရႊဇြန္းကိုက္ၿပီး ေမြးခဲ့ၾကတဲ့သူေတြလည္းရွိတယ္။ဘယ္လိုပဲေမြးခဲ့ေမြးခဲ့ပါ။ လူတိုင္းရွင္သန္ဖို႔ေတာ့ အနည္းနဲ႔ အမ်ား ရုန္းကန္ၾကရတာပါပဲ။

တခ်ိဳ႕ေသာသူေတြက ဘဝမွာလူတန္းေစ့ ေမြးလာခဲ့ၾကၿပီးပါမွ ဘဝကိုေရစုန္ေမွ်ာကာ တန္ဖိုးမဲ့နိဂုံးခ်ဳပ္ သြားၾကရပါတယ္။အခ်ိဳ႕လည္း အလုပ္ေတြလုပ္ႏိုင္ခဲ့ၾကပါတယ္။ဒါေပမဲ့ လြန္ၾကဴးေသာ လိုက္စားမႈေတြေၾကာင့္ ဘဝေနဝင္ခ်ိန္ေတြက ေစာခဲ့ၾကသူေတြကိုလည္း ေတြ႔ရပါတယ္။

ကၽြန္ေတာ္အသိ ကိုဉာဏ္ဆိုတာရွိပါတယ္။ သူက တီဗီေတြ ေရဒီယိုေတြနဲ႔ ပတ္သက္တဲ့ စကစ္ပတ္လမ္းေတြ ျပဳျပင္တတ္တဲ့ပညာနဲ႔ အသက္ေမြးေနႏိုင္ေလာက္ေအာင္ေကာင္းတဲ့ ပညာရွိပါတယ္။ ဒီလိုပညာေတြ ရွိပါရက္နဲ႔ အေသာက္အစားကို အထိန္းအကြပ္မဲ့စြာျပဳမူေနထိုင္တာေၾကာင့္ အရက္ရဲ႕ေက်းကၽြန္ျဖစ္ကာ ေသမယ့္ရက္ကို လက္ခ်ိဳးကာေစာင့္ေနပါတယ္။

ေနာက္တစ္ေယာက္က ကိုဝင္းေဇာ္ပါ။လက္သမားပညာလည္းတတ္၊ဂစ္တာတီးလည္း အရမ္းေကာင္းသူ။ ဘဝကို အရည္ေဖ်ာ္လိုက္ေတာ့၊ငယ္ငယ္ရြယ္နဲ႔အရည္ေပ်ာ္ၿပီး ေနဝင္ခ်ိန္ေစာခဲ့ျပန္ပါတယ္။

ဆိုခ်င္တာကဗ်ာ ဘဝေတြဟာ လာရာေကာင္းခဲ့ပါရဲ႕နဲ႔ လားရာမေကာင္းေအာင္ ေနခဲ့ၾကေတာ့ ဓူဝံၾကယ္ဟာ သူတို႔ရဲ႕ေမွ်ာ္မွန္းရာ မဟုတ္ခဲ့သလို။သူတို႔ဆီလည္း ေၾကြဆင္းမလားခဲ့ဘူးေပါ့။

တစ္ခါတစ္ရံ လူေတြဟာ ဓူဝံၾကယ္ကို ေမွ်ာ္မွန္းတာ မဟုတ္ခဲ့ေပမယ့္ ဓူဝံၾကယ္ကိုယ္တိုင္က ေၾကြဆင္းေပးခဲ့ရတဲ့ သူေတြလည္းရွိပါတယ္။

ဒါကေတာ့ ေဒါင္ဆင္ဒုန္းေရာဂါ ခံစားေနရသူတစ္ေယာက္ရဲ႕ ဘဝကိုအရႈံးမေပးဘဲ ရုန္းကန္ႀကိဳးစားေနတာကို လူမႈကြန္ရက္မွာေတြ႔ရေတာ့ ဓူဝံၾကယ္မေနသာဘူးေပါ့။ေၾကြဆင္းရတာေပါ့။

ဒါဟာ လူအဂၤါရုပ္နဲ႔ ျပည္စုံစြာ လူျဖစ္လာၿပီး ဘဝမွာ မရွင္သန္လိုလို႔ အရႈံးေပး ထြက္သြားၾကသူေတြထက္ အမ်ားႀကီး ရဲရင့္တာထက္ကို ပိုပါတယ္။

သူနံမယ္(နာမည္)က ကိုေအးသန္းပါ။သူကေဒါင္ဆင္ဒုန္းေရာဂါရွိသူပါ။ဆယ္တန္းထိေတာင္ ပညာသင္ခဲ့သူ။ အိုမင္းေနၿပီျဖစ္ေသာမိခင္အတြက္ေတာ့ သူဟာသူရဲေကာင္းတစ္ေယာက္။အားကိုးရာေဒါက္တိုင္။ ရွာေဖြေကၽြးႏိုင္သူ။ လူေကာင္းေတြအတြက္ ရွာေဖြစားေသာက္ဖို႔ မလြယ္တဲ့ေခတ္ႀကီးမွာ သူဟာဘဝကို အရႈံးမေပးခဲ့ပါဘူး။ ရွင္သန္ဖို႔ရဲဝံ႔ခဲ့သူပါ။

သူဟာ ေဂြးသီး အခ်ဥ္ေပါင္းေရာင္းၿပီး ဘဝကိုေရွ႕ဆက္ေနသူ။ သူတစ္ကိုယ္တည္းမဟုတ္ပါဘူး။မိခင္ေရာ သူ႔အစ္မေတြရဲ႕မိသားစုေတြကိုပါသူတာဝန္ယူထားသူ။ဓူဝံၾကယ္က ေကာင္းကင္ႀကီးကေန အခန္႔သားေနမလား။ မေနႏိုင္ေတာ့ဘူးေလ။ဒီလိုလူမ်ိဳးေတြအတြက္ ဓူဝံၾကယ္ဟာေၾကြဆင္းေပးခဲ့ရၿပီ။

ေကာင္းကင္တမြတ္ကၾကယ္ကို လွမ္းဆြတ္စရာမလိုပါဘူး။ဒီလိုရွင္သန္ႀကိဳးစား ရုန္းကန္ေနသူေတြဟာ ဓူဝံၾကယ္ထက္ျမင့္ပါတယ္။ဒီလိုလူေတြအတြက္ ဓူဝံၾကယ္ဟာ မေနသာေတာ့ပါဘူး……။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service