ဦးထုပ်ဆောင်းရင် ခေါင်းကိုက်တာ ဘာကြောင့်လဲ

ဦးထုပ်ဆောင်းရင် ခေါင်းကိုက်တာ ဘာကြောင့်လဲ - Property Knowledge in Myanmar from iMyanmarHouse.com
9 Aug 2022 11:19 am တွင် တင်ခဲ့သည်
606 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

နေပူလို့ဦးထုပ်လေးဆောင်းပါမယ်ဆိုဆောင်းလို့မဖြစ်၊ သူများလို စတိုင်ထုတ်ချင်လည်း ဦးထုပ်ဆောင်းတိုင်းခေါင်းကိုက်ရသူတွေ ရှိပါတယ်။ အလှလည်းဆောင်းမရ၊ ကျန်းမာရေးအတွက်လည်းဆောင်းမရ၊နောက်ဆုံးဆောင်းတွင်းခေါင်းစွပ်တောင် စွပ်မရသူတွေမှာ အတော်အဆင်မပြေဖြစ်ရပါတယ်။ ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးမှာပါ။

ဒီလိုဖြစ်တာကို ဖိအားကြောင့်ခေါင်းကိုက်ခြင်း (compression headache) လို့ခေါ်ပါတယ်။ ဦးခေါင်းမှာ ဒါမှမဟုတ် ဦးရေပြားမှာ ဖိအားဖြစ်စေ၊ တင်းကျပ်စေတဲ့အရာတွေဝတ်ဆင်တဲ့အခါဖြစ်လာတတ်တဲ့ခေါင်းကိုက်ခြင်းတစ်မျိုးပါ။ ဦးထုပ်၊ခေါင်းစည်းကြိုး၊ခေါင်းပေါင်းတွေဝတ်ရင်ဖြစ်တတ်သလို တချို့မိန်းကလေးတွေမှာ ဘီးကုတ်တပ်ရင်တောင်ခေါင်းကိုက်တတ်ပါတယ်။

ဒီဝေဒနာက ဦးထုပ်ဆောင်းထားသရွေ့ခံစားနေရတတ်ပြီး ချွတ်လိုက်တဲ့အခါ သက်သာသွားတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေက –

- တဒုတ်ဒုတ်နဲ့ ထိုးကိုက်တာမဟုတ်ဘဲ ခေါင်းကိုက်ဝေဒနာကို ပုံမှန်နှုန်းနဲ့ခံစားနေရတယ်၊

- မအီမသာဖြစ်တာ၊ခေါင်းမူးတာလိုမျိုး တခြားလက္ခဏာတွေမရှိဘူး၊

- ခေါင်းကို ဖိအားဖြစ်စေတဲ့အရာ ဖယ်ရှားလိုက်တာနဲ့ တစ်နာရီအတွင်း ကိုက်ခဲမှုသက်သာသွားတယ်။

ဒါပေမယ့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်လေ့ရှိတဲ့သူတွေမှာဆို ဒီဝေဒနာကနေခေါင်းတစ်ခြမ်းကိုက်ဝေဒနာအဖြစ် ကူးပြောင်းသွားနိုင်ပါတယ် –

- ဦးခေါင်းတစ်ခြမ်း သို့မဟုတ် နှစ်ဖက်စလုံးမှာ တဒုတ်ဒုတ်နဲ့ထိုးကိုက်ခြင်း

- အလင်း၊အသံ ဒါမှမဟုတ် တစ်ခါတလေ အထိမခံနိုင်တဲ့အထိဖြစ်ခြင်း

- မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း

- အမြင်အာရုံဝေဝါးခြင်း တို့ဖြစ်လာနိုင်ပါတယ်။

 

ဖြစ်လာစေတဲ့ အကြောင်းရင်း

ဖိအားကြောင်းခေါင်းကိုက်ခြင်းကိုဖြစ်စေတာက အပေါ်မှာပြောခဲ့တဲ့အတိုင်း ဦးခေါင်းကိုတင်းကျပ်စေတဲ့အရာ – ဦးထုပ်၊ခေါင်းဆောင်း၊ခေါင်းစည်းကြိုးစတာတွေဝတ်ဆင်တာကြောင့်ဖြစ်ပါတယ်။

မျက်နှာကနေ ဦးနှော်က်ကို သတင်းပေးပို့တဲ့ နာကျင်မှုအာရုံကြောမျှင်လေးတွေနဲ့ နာကျင်မှုအာရုံလက်ခံပေးတဲ့အာရုံကြောဆဲလ်တွေ ဒါမှမဟုတ် ဦးခေါင်းနောက်စေ့က အာရုံကြောတွေကို ဖိအားဖြစ်စေရာကဖြစ်လာတာပါ။

နောက်ဆက်တွဲပြဿနာ

ဒီလိုဖြစ်တာကြာလာရင်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်လာစေနိုင်ပါတယ်။

 

ဘယ်လိုကာကွယ်မလဲ

ပြင်ပဖိအားကြောင့်ခေါင်းကိုက်ဝေဒနာကို ကာကွယ်နိုင်ဖို့ကတော့ ဒီလိုဖြစ်စေတဲ့အရာတွေ ဦးခေါင်းမှာမဝတ်မိဖို့ပဲဖြစ်ပါတယ်။ ဦးထုပ်ဆောင်းမယ်ဆိုရင်တောင်မှ သိပ်မကျပ်တဲ့ ခပ်ချောင်ချောင်အရွယ်အစားကိုရွေးချယ်ပါ။ ဦးခေါင်းမှာ ဘာပဲဝတ်ဝတ် သက်တောင့်သက်သာဖြစ်စေဖို့ ကိုယ်နဲ့သင့်တော်မယ့် အရွယ်အစားနဲ့ ဒီဇိုင်းကိုရွေးချယ်ပါ။

ဖြစ်လာရင်ရော ဘယ်လိုကုသမလဲ

အရှင်းဆုံးကတော့ ဒါကြောင့်ခေါင်းကိုက်နေရင် အဲဒီအရာကို ချွတ်ဖယ်လိုက်ဖို့ပဲလိုပါတယ်။နောက်ထပ်သီးသန့်ကုသဖို့ လိုအပ်တာ နည်းပါတယ်။ခေါင်းတစ်ခြမ်းကိုက် အဖြစ်များတဲ့သူတွေမှာသာ အခုလိုဖြစ်လာရင်ခေါင်းကိုက်ပျောက်ဆေးသောက်ဖို့လိုပါလိမ့်မယ်။

ဦးထုပ်ဆောင်းတဲ့အခါ ဦးထုပ်ကို မကျပ်အောင်လျှော့ထားလိုက်ရင်လည်း သက်သာပါတယ်။ ဆံပင်နဲ့ဦးခေါင်းကို တင်းပြီးဆွဲစည်းသလိုမဖြစ်စေဖို့ ဂရုစိုက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

ဦးထုပ္ေဆာင္းရင္ ေခါင္းကိုက္တာ ဘာေၾကာင့္လဲ

 

ေနပူလို႔ဦးထုပ္ေလးေဆာင္းပါမယ္ဆိုေဆာင္းလို႔မျဖစ္၊ သူမ်ားလို စတိုင္ထုတ္ခ်င္လည္း ဦးထုပ္ေဆာင္းတိုင္းေခါင္းကိုက္ရသူေတြ ႐ွိပါတယ္။ အလွလည္းေဆာင္းမရ၊ က်န္းမာေရးအတြက္လည္းေဆာင္းမရ၊ေနာက္ဆုံးေဆာင္းတြင္းေခါင္းစြပ္ေတာင္ စြပ္မရသူေတြမွာ အေတာ္အဆင္မေျပျဖစ္ရပါတယ္။ ဒါဘာေၾကာင့္ျဖစ္ရတာလဲဆိုတာကို ဒီေဆာင္းပါးမွာေဖာ္ျပေပးမွာပါ။

ဒီလိုျဖစ္တာကို ဖိအားေၾကာင့္ေခါင္းကိုက္ျခင္း (compression headache) လို႔ေခၚပါတယ္။ ဦးေခါင္းမွာ ဒါမွမဟုတ္ ဦးေရျပားမွာ ဖိအားျဖစ္ေစ၊ တင္းက်ပ္ေစတဲ့အရာေတြဝတ္ဆင္တဲ့အခါျဖစ္လာတတ္တဲ့ေခါင္းကိုက္ျခင္းတစ္မ်ိဳးပါ။ ဦးထုပ္၊ေခါင္းစည္းႀကိဳး၊ေခါင္းေပါင္းေတြဝတ္ရင္ျဖစ္တတ္သလို တခ်ိဳ႕မိန္းကေလးေတြမွာ ဘီးကုတ္တပ္ရင္ေတာင္ေခါင္းကိုက္တတ္ပါတယ္။

ဒီေဝဒနာက ဦးထုပ္ေဆာင္းထားသေ႐ြ႕ခံစားေနရတတ္ၿပီး ခြၽတ္လိုက္တဲ့အခါ သက္သာသြားတတ္ပါတယ္။ သူ႕ရဲ႕လကၡဏာေတြက –

- တဒုတ္ဒုတ္နဲ႔ ထိုးကိုက္တာမဟုတ္ဘဲ ေခါင္းကိုက္ေဝဒနာကို ပုံမွန္ႏႈန္းနဲ႔ခံစားေနရတယ္၊

- မအီမသာျဖစ္တာ၊ေခါင္းမူးတာလိုမ်ိဳး တျခားလကၡဏာေတြမ႐ွိဘူး၊

- ေခါင္းကို ဖိအားျဖစ္ေစတဲ့အရာ ဖယ္႐ွားလိုက္တာနဲ႔ တစ္နာရီအတြင္း ကိုက္ခဲမႈသက္သာသြားတယ္။

ဒါေပမယ့္ ေခါင္းတစ္ျခမ္းကိုက္ျခင္းျဖစ္ေလ့႐ွိတဲ့သူေတြမွာဆို ဒီေဝဒနာကေနေခါင္းတစ္ျခမ္းကိုက္ေဝဒနာအျဖစ္ ကူးေျပာင္းသြားႏိုင္ပါတယ္ –

- ဦးေခါင္းတစ္ျခမ္း သို႔မဟုတ္ ႏွစ္ဖက္စလုံးမွာ တဒုတ္ဒုတ္နဲ႔ထိုးကိုက္ျခင္း

- အလင္း၊အသံ ဒါမွမဟုတ္ တစ္ခါတေလ အထိမခံႏိုင္တဲ့အထိျဖစ္ျခင္း

- မအီမသာျဖစ္ျခင္း၊ ပ်ိဳ႕အန္ျခင္း

- အျမင္အာ႐ုံေဝဝါးျခင္း တို႔ျဖစ္လာႏိုင္ပါတယ္။

 

ျဖစ္လာေစတဲ့ အေၾကာင္းရင္း

ဖိအားေၾကာင္းေခါင္းကိုက္ျခင္းကိုျဖစ္ေစတာက အေပၚမွာေျပာခဲ့တဲ့အတိုင္း ဦးေခါင္းကိုတင္းက်ပ္ေစတဲ့အရာ – ဦးထုပ္၊ေခါင္းေဆာင္း၊ေခါင္းစည္းႀကိဳးစတာေတြဝတ္ဆင္တာေၾကာင့္ျဖစ္ပါတယ္။

မ်က္ႏွာကေန ဦးေႏွာ္က္ကို သတင္းေပးပို႔တဲ့ နာက်င္မႈအာ႐ုံေၾကာမွ်င္ေလးေတြနဲ႔ နာက်င္မႈအာ႐ုံလက္ခံေပးတဲ့အာ႐ုံေၾကာဆဲလ္ေတြ ဒါမွမဟုတ္ ဦးေခါင္းေနာက္ေစ့က အာ႐ုံေၾကာေတြကို ဖိအားျဖစ္ေစရာကျဖစ္လာတာပါ။

ေနာက္ဆက္တြဲျပႆနာ

ဒီလိုျဖစ္တာၾကာလာရင္ေခါင္းတစ္ျခမ္းကိုက္ေဝဒနာျဖစ္လာေစႏိုင္ပါတယ္။

 

ဘယ္လိုကာကြယ္မလဲ

ျပင္ပဖိအားေၾကာင့္ေခါင္းကိုက္ေဝဒနာကို ကာကြယ္ႏိုင္ဖို႔ကေတာ့ ဒီလိုျဖစ္ေစတဲ့အရာေတြ ဦးေခါင္းမွာမဝတ္မိဖို႔ပဲျဖစ္ပါတယ္။ ဦးထုပ္ေဆာင္းမယ္ဆိုရင္ေတာင္မွ သိပ္မက်ပ္တဲ့ ခပ္ေခ်ာင္ေခ်ာင္အ႐ြယ္အစားကိုေ႐ြးခ်ယ္ပါ။ ဦးေခါင္းမွာ ဘာပဲဝတ္ဝတ္ သက္ေတာင့္သက္သာျဖစ္ေစဖို႔ ကိုယ္နဲ႔သင့္ေတာ္မယ့္ အ႐ြယ္အစားနဲ႔ ဒီဇိုင္းကိုေ႐ြးခ်ယ္ပါ။

ျဖစ္လာရင္ေရာ ဘယ္လိုကုသမလဲ

အ႐ွင္းဆုံးကေတာ့ ဒါေၾကာင့္ေခါင္းကိုက္ေနရင္ အဲဒီအရာကို ခြၽတ္ဖယ္လိုက္ဖို႔ပဲလိုပါတယ္။ေနာက္ထပ္သီးသန္႔ကုသဖို႔ လိုအပ္တာ နည္းပါတယ္။ေခါင္းတစ္ျခမ္းကိုက္ အျဖစ္မ်ားတဲ့သူေတြမွာသာ အခုလိုျဖစ္လာရင္ေခါင္းကိုက္ေပ်ာက္ေဆးေသာက္ဖို႔လိုပါလိမ့္မယ္။

ဦးထုပ္ေဆာင္းတဲ့အခါ ဦးထုပ္ကို မက်ပ္ေအာင္ေလွ်ာ့ထားလိုက္ရင္လည္း သက္သာပါတယ္။ ဆံပင္နဲ႔ဦးေခါင္းကို တင္းၿပီးဆြဲစည္းသလိုမျဖစ္ေစဖို႔ ဂ႐ုစိုက္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service