ဟန်ဆောင် မွေးစားစာချုပ် ရှိပါသလား ?

ဟန်ဆောင် မွေးစားစာချုပ် ရှိပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
5 Aug 2022 12:14 pm တွင် တင်ခဲ့သည်
904 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

''ဟန်ဆောင်မွေးစား စာချုပ်ချုပ်ဆိုလို့ရပါသလား''ဆရာဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာရောက်မေးမြန်းဆွေးနွေးပါသည်။

''ဥပဒေမှာတော့ ဟန်ဆောင် မွေးစား စာချုပ်လို့ မရှိဘူး။ ဘယ်လို ကိစ္စဖြစ်လာလို့လဲ''

''ကိတ္တိမမွေးစား စာချုပ်နဲ့ ချုပ်ဆိုထားရင် တရားဝင်တယ် မဟုတ်လား''

''ကိတ္တိမမွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေအရ အမွေစား အမွေခံ သားသမီးအဖြစ် ရည်ရွယ်ပြီး မွေးစား ခြင်းဖြစ်ရပါမယ်။ စာချုပ်စာတမ်းရုံးမှာ မွေးစားစာချုပ်ကို မှတ်ပုံတင်ပြု လုပ် ချုပ်ဆိုရမှာဖြစ်တယ်။ မွေးစားခံရတဲ့ သားသမီးအနေနဲ့ အသက် ၁၈နှစ်ပြည့်ပြီး အရွယ်ရောက်သူ ဖြစ်လျှင် မွေးစားမိဘနှင့်အတူ စာချုပ်မှာ ကိုယ်တိုင်လက်မှတ်ရေးထိုးရပါတယ်။ တကယ်လို့ မွေးစားခံရတဲ့ သားသမီး ဟာ အရွယ်မရောက်သေးသူဖြစ်လျှင် ၎င်း၏ မိဘအရင်းရှိပါက မိဘအ ရင်း ကိုယ်တိုင်လက်မှတ်ရေးထိုးရမယ်။ မိဘမရှိပါက မွေးစားရန်ပေး နိုင်သူက လက်မှတ်ရေးထိုးမှတ်ပုံတင်ချုပ်ဆိုရမှာဖြစ်ပါတယ်''

''မိဘမရှိဘူးဆိုတာက ကွယ်လွန်သွားတာလား။ တစ်ခါတစ်ရံမှာ မိဘက မစောင့်ရှောက်ဘဲပစ်သွားတာမျိုးလား။ ဘာကိုဆိုလိုတာလဲ''

''မိတ်ဆွေကြီးပြောသလို မိဘအရင်းတွေက ကွယ်လွန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ အုပ်ထိန်းသူ တစ်ဦးဦးက တာဝန်ယူဆောင်ရွက် လက်မှတ်ရေးထိုးရမှာဖြစ်တယ်''

''အဘွားဖြစ်သူက မြေးတော်စပ် သူကို မွေးစားလို့ရပါသလား''

''မွေးစားလို့ရပါတယ်။ သွေးသား မတော်စပ်သူကိုပင် အမွေစား အမွေခံ သားသမီးအဖြစ်ရည်ရွယ်ပြီး ကိတ္တိမ မွေးစားစာချုပ် မှတ်ပုံတင်ချုပ်ဆိုပြု လုပ်နိုင်ပါတယ်''

''မှတ်ပုံတင်မချုပ်ဆိုရင် မွေးစား ခြင်း တရားမဝင်ဘူးလား''

''အရပ်စာချုပ်သဘောမျိုးချုပ် ဆိုထားရင်တော့ မွေးစားသူမှာ သားရင်းသမီးရင်းရှိရင် အမွေဆက်ခံခွင့် မရဘူး။ မှတ်ပုံတင်စာချုပ်နဲ့ ချုပ်ဆို မွေးစားမှသာ မွေးစားမိဘရဲ့ သားရင်းသမီးရင်းများနှင့်အတူ အမွေရပိုင်ခွင့်ရှိမှာဖြစ်တယ်''

''အခုကိစ္စမှာ မွေးစားစာချုပ် တော့ရှိတယ်။ ဆရာပြောသလို မှတ်ပုံတင် မွေးစားစာချုပ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူက နှိပ်စက်မှာစိုးလို့ အဘွားက မွေးစားစာချုပ်နဲ့ ဟန်ဆောင် ချုပ်ခဲ့တာလို့ ပြောတယ်''

''မွေးစားမိဘနဲ့ မိတ်ဆွေကြီးက ဆွေမျိုးတော်စပ်လို့လား၊ ဘယ်လိုပတ်သက်မှုရှိနေလို့လဲ''

''အိမ်ရောင်းမယ်ဆိုလို့ ကျွန် တော်သွားကြည့်တယ် ဆရာ။ မြေက တော့ ဂရန်မြေကွက် နှစ်ထပ်တိုက်၊ ပေ ၂ဝ x ပေ ၆ဝ ရှိမယ်။ ရောင်းမယ်ဆိုတော့ အမွေဆိုင်အိမ်ဖြစ်နေ တယ်။ မြေကွက်အမည်ပေါက်က ကွယ်လွန်သွားတဲ့ ဖခင်အမည်ပေါက် ဖြစ်တယ်။ မိခင်ကြီးကလည်း ဆုံးပါးသွားပြီ။ ဒါကြောင့် မောင်နှမသုံးဦး က အမွေခွဲဖို့ ရောင်းတာ ဆရာ''

''မောင်နှမသုံးဦးထဲမှာ ကိတ္တိမ မွေးစားသားသမီးပါလို့လား''

''မောင်နှမ သုံးဦးမှာ အစ်မကြီးက အပျိုကြီး ယခုလက်ရှိတူ၊ တူမတို့ နဲ့ အတူနေထိုင်တယ်။ အလတ်မောင် ဖြစ်သူနဲ့ ညီမအငယ်က သူတို့အိမ်ထောင်နဲ့သူ သီးခြားနေကြတယ်။ အခုကိစ္စက လက်ရှိအိမ်မှာနေတဲ့ တူ နဲ့ တူမက အဘွားဖြစ်သူက သူတို့ကို ကိတ္တိမမွေးစားစာချုပ်နဲ့ မွေးစားတာ ကြောင့် အမွေဝေစုရသင့်တယ်လို့ ကန့်ကွက်တာ ဆရာ''

''တူ၊ တူမအရင်းလား။ ဘယ်သူ ရဲ့ သားသမီးတွေလဲ''

''ညီမငယ်ရဲ့ သမီးနဲ့သားလို့ ပြောပါတယ်''

''ဥပဒေအရဆိုရင်တော့ တူ၊ တူမတွေနဲ့ မောင်နှမတော်စပ်တဲ့ သဘောဖြစ်သွားတယ်''

''ဒါဆိုရင် တူ၊ တူမတွေရဲ့ မိခင် ကလည်း ဝေစုပါမလား''

''ဥပဒေအရတော့ မအေနဲ့သား သမီးနှစ်ဦးက အမွေဆက်ခံခွင့်ရှိတဲ့ မောင်နှမတွေဖြစ်သွားတယ်''

''အမွေပုံက ငါးပုံဖြစ်သွားမှာ ပေါ့''

''ဟုတ်ပါတယ်''

''ဒါပေမယ့် ရောင်းမယ့်သမီးကြီး ဖြစ်သူက တူ၊ တူမတွေက မဆိုင်ဘူး။ သူ့အမေဝေစုပါနေလို့ အမေ့ဆီကပဲ ရခွင့်ရှိတယ်။ ကိတ္တိမစာချုပ်ကလည်း တရားမဝင်ဘူး။ သူတို့အဖေနဲ့ အမေ လင်မယားအဖြစ်မှ ကွဲကြပြီး အဖေက နှောင့်ယှက်မှာစိုးလို့ သမီးနဲ့သား ကို အဘွားက ဟန်ဆောင်ကိတ္တိမ စာချုပ်ချုပ်ပေးခဲ့တာလို့ ပြောပါတယ်''

''အခုကလေးတွေက အရွယ် ရောက်နေကြပြီပေါ့''

''ဟုတ်တယ် ဆရာ။ အလုပ်ဝင် နေကြပြီ။ ဘွဲ့ရပြီးသားလို့ သိရတယ်''

''ကလေးတွေက သူတို့အမေနဲ့ အတူမနေဘူးလား''

''ကလေးတွေအမေက နောက် အိမ်ထောင်ပြုသွားလို့ သီးခြားနေတယ်။ ကလေးတွေ အဖေကတော့ ကွယ်လွန်သွားပြီဖြစ်တယ်''

''အပျိုကြီးက ခွဲမပေးချင်တဲ့ သဘော ဖြစ်နေတာပေါ့''

''အလတ်ဖြစ်တဲ့ ယောက်ျားလေးက ခွဲမပေးချင်တာဆရာ၊ သူက အဓိကပဲ၊ သူပြောတာက မွေးစားစာချုပ်မှာ ကလေးနှစ်ယောက်က အရွယ်မရောက်သေးတော့ မိခင်က ကိုယ်စား လက်မှတ်ထိုးတယ်။ ဖခင်ကလာ ရောက်လက်မှတ်မထိုးလို့ တရားမဝင်ဘူးလို့ ပြောတယ် ဆရာ။ အဲဒါ ဟုတ်ပါသလား''

''တစ်ခုတော့ ရှိတာပေါ့ဗျာ။ ဖခင်ဖြစ်သူနဲ့ မိခင်တို့နှစ်ဦးသဘောတူ ကွာရှင်းထားကြောင်း အထောက် အထားနဲ့အတူ မွေးစားစာချုပ်မှာ ဖော်ပြထားရင်တော့ ဥပဒေမှာပါတဲ့ အတိုင်း မွေးစားရန်ပေးနိုင်သူအဖြစ် လက်မှတ်ရေးထိုးတာဖြစ်လို့ တရားဝင်မှာဖြစ်ပါတယ်''

''ဒါဆိုရင် အဲဒီအချက် မွေးစား စာချုပ်မှာပါ မပါ သေချာစိစစ်ဖို့လို တာပေါ့''

''မှန်ပါတယ်။ ဒီအချက်ပါရင်တော့ စာချုပ်ကပြီးပြည့်စုံပြီး မွေးစား ခံရသူများက အမွေဆက်ခံခွင့်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံဖော်ပြထားတာ မရှိရင်တော့ တရားရုံးမှာ အမွေမှု တရားစွဲတာတွေဖြစ်လာ နိုင်ပြီး အဲဒီအခါမှ သက်သေထွက်ဆိုပြသရမှာ ဖြစ်ပါတယ်''

''ဘာပဲဖြစ်ဖြစ် ဟန်ဆောင် ကိတ္တိမ စာချုပ်တော့ မဟုတ်ဘူးပေါ့''

''ရှင်းအောင် ပြောရရင် နိုင်ငံ တော် တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဦးမောင်မောင်လေးပါ (၂) နှင့် ဦးခင် မောင်တိုးပါ (၁၂) ၂ဝ၁၇ ခုနှစ် မြန် မာနိုင်ငံ တရားစီရင်ထုံး စာချုပ်နှာ-၁၅ဝ မှာ အရွယ်မရောက်သေးသည့် မြေးနှစ်ဦးကို အဘွားဖြစ်သူက ကိတ္တိ မမွေးစားခြင်း မှတ်ပုံတင်စာချုပ်ချုပ် ဆိုမွေးစားစဉ်က ဖခင်ရင်းနှင့် မိခင် ရင်းတို့မှာ နှစ်ဦးသဘောတူ လင်မ ယားကွာရှင်းပြီးဖြစ်သည်။ ကိတ္တိမ စာချုပ်တွင် ဖခင်ရင်းက လက်မှတ် မထိုးစေကာမူ မိခင်ရင်းက အရွယ်မရောက်သူ သမီးများအတွက် ကိတ္တိ မမွေးစား မှတ်ပုံတင်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းသည် ယင်း ဥပဒေပုဒ်မ-၅ (၁) အရ မွေးစားခြင်း ကို သဘောတူညီချက်ပေးရန် လိုအပ် သူအဖြစ် လက်မှတ်ရေးထိုးခြင်းဖြစ် ၍ တရားဝင်သည်လို့ ဆုံးဖြတ်ထား ပါတယ်''

''ဒါဆိုရင် အခုကိစ္စမှာလည်း ဆရာပြောသလို မိခင်ရင်းအပါအဝင် ဥပဒေအရ မောင်နှမငါးဦးအဖြစ် အမွေခွဲရမှာပေါ့''

''မှန်ပါတယ်။ ညှိနှိုင်းပြေလည် ရင်တော့ ဝယ်လိုက်ပါ''ဟု တိုက်တွန်း ပြောကြားလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: ထီယု(ဥပဒေ အတိုင်ပင်ခံ)

 

 

[Zawgyi]

ဟန္ေဆာင္ ေမြးစားစာခ်ဳပ္ ႐ွိပါသလား ?

 

''ဟန္ေဆာင္ေမြးစား စာခ်ဳပ္ ခ်ဳပ္ဆိုလို႔ရပါသလား''ဆရာဟု မိတ္ ေဆြတစ္ဦးက စာေရးသူထံ လာေရာက္ေမးျမန္းေဆြးေႏြးပါသည္။

''ဥပေဒမွာေတာ့ ဟန္ေဆာင္ ေမြးစား စာခ်ဳပ္လို႔ မ႐ွိဘူး။ ဘယ္လို ကိစၥျဖစ္လာလို႔လဲ''

''ကိတၱိမေမြးစား စာခ်ဳပ္နဲ႔ ခ်ဳပ္ဆိုထားရင္ တရားဝင္တယ္ မဟုတ္လား''

''ကိတၱိမေမြးစားျခင္း မွတ္ပုံတင္ အက္ဥပေဒအရ အေမြစား အေမြခံ သားသမီးအျဖစ္ ရည္႐ြယ္ၿပီး ေမြးစား ျခင္းျဖစ္ရပါမယ္။ စာခ်ဳပ္စာတမ္း႐ုံးမွာ ေမြးစားစာခ်ဳပ္ကို မွတ္ပုံတင္ျပဳ လုပ္ ခ်ဳပ္ဆိုရမွာျဖစ္တယ္။ ေမြးစားခံရတဲ့ သားသမီးအေနနဲ႔ အသက္ ၁၈ႏွစ္ျပည့္ၿပီး အ႐ြယ္ေရာက္သူ ျဖစ္လွ်င္ ေမြးစားမိဘႏွင့္အတူ စာခ်ဳပ္မွာ ကိုယ္တိုင္လက္မွတ္ေရးထိုးရပါတယ္။ တကယ္လို႔ ေမြးစားခံရတဲ့ သားသမီး ဟာ အ႐ြယ္မေရာက္ေသးသူျဖစ္လွ်င္ ၄င္း၏ မိဘအရင္း႐ွိပါက မိဘအ ရင္း ကိုယ္တိုင္လက္မွတ္ေရးထိုးရမယ္။ မိဘမ႐ွိပါက ေမြးစားရန္ေပး ႏိုင္သူက လက္မွတ္ေရးထိုးမွတ္ပုံတင္ခ်ဳပ္ဆိုရမွာျဖစ္ပါတယ္''

''မိဘမ႐ွိဘူးဆိုတာက ကြယ္လြန္သြားတာလား။ တစ္ခါတစ္ရံမွာ မိဘက မေစာင့္ေ႐ွာက္ဘဲပစ္သြားတာမ်ိဳးလား။ ဘာကိုဆိုလိုတာလဲ''

''မိတ္ေဆြႀကီးေျပာသလို မိဘအရင္းေတြက ကြယ္လြန္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ အုပ္ထိန္းသူ တစ္ဦးဦးက တာဝန္ယူေဆာင္႐ြက္ လက္မွတ္ေရးထိုးရမွာျဖစ္တယ္''

''အဘြားျဖစ္သူက ေျမးေတာ္စပ္ သူကို ေမြးစားလို႔ရပါသလား''

''ေမြးစားလို႔ရပါတယ္။ ေသြးသား မေတာ္စပ္သူကိုပင္ အေမြစား အေမြခံ သားသမီးအျဖစ္ရည္႐ြယ္ၿပီး ကိတၱိမ ေမြးစားစာခ်ဳပ္ မွတ္ပုံတင္ခ်ဳပ္ဆိုျပဳ လုပ္ႏိုင္ပါတယ္''

''မွတ္ပုံတင္မခ်ဳပ္ဆိုရင္ ေမြးစား ျခင္း တရားမဝင္ဘူးလား''

''အရပ္စာခ်ဳပ္သေဘာမ်ိဳးခ်ဳပ္ ဆိုထားရင္ေတာ့ ေမြးစားသူမွာ သားရင္းသမီးရင္း႐ွိရင္ အေမြဆက္ခံခြင့္ မရဘူး။ မွတ္ပုံတင္စာခ်ဳပ္နဲ႔ ခ်ဳပ္ဆို ေမြးစားမွသာ ေမြးစားမိဘရဲ႕ သားရင္းသမီးရင္းမ်ားႏွင့္အတူ အေမြရပိုင္ခြင့္႐ွိမွာျဖစ္တယ္''

''အခုကိစၥမွာ ေမြးစားစာခ်ဳပ္ ေတာ့႐ွိတယ္။ ဆရာေျပာသလို မွတ္ပုံတင္ ေမြးစားစာခ်ဳပ္လို႔ဆိုပါတယ္။ ဖခင္ျဖစ္သူက ႏွိပ္စက္မွာစိုးလို႔ အဘြားက ေမြးစားစာခ်ဳပ္နဲ႔ ဟန္ေဆာင္ ခ်ဳပ္ခဲ့တာလို႔ ေျပာတယ္''

''ေမြးစားမိဘနဲ႔ မိတ္ေဆြႀကီးက ေဆြမ်ိဳးေတာ္စပ္လို႔လား၊ ဘယ္လိုပတ္သက္မႈ႐ွိေနလို႔လဲ''

''အိမ္ေရာင္းမယ္ဆိုလို႔ ကြၽန္ ေတာ္သြားၾကည့္တယ္ ဆရာ။ ေျမက ေတာ့ ဂရန္ေျမကြက္ ႏွစ္ထပ္တိုက္၊ ေပ ၂ဝ x ေပ ၆ဝ ႐ွိမယ္။ ေရာင္းမယ္ဆိုေတာ့ အေမြဆိုင္အိမ္ျဖစ္ေန တယ္။ ေျမကြက္အမည္ေပါက္က ကြယ္လြန္သြားတဲ့ ဖခင္အမည္ေပါက္ ျဖစ္တယ္။ မိခင္ႀကီးကလည္း ဆုံးပါးသြားၿပီ။ ဒါေၾကာင့္ ေမာင္ႏွမသုံးဦး က အေမြခြဲဖို႔ ေရာင္းတာ ဆရာ''

''ေမာင္ႏွမသုံးဦးထဲမွာ ကိတၱိမ ေမြးစားသားသမီးပါလို႔လား''

''ေမာင္ႏွမ သုံးဦးမွာ အစ္မႀကီးက အပ်ိဳႀကီး ယခုလက္႐ွိတူ၊ တူမတို႔ နဲ႔ အတူေနထိုင္တယ္။ အလတ္ေမာင္ ျဖစ္သူနဲ႔ ညီမအငယ္က သူတို႔အိမ္ေထာင္နဲ႔သူ သီးျခားေနၾကတယ္။ အခုကိစၥက လက္႐ွိအိမ္မွာေနတဲ့ တူ နဲ႔ တူမက အဘြားျဖစ္သူက သူတို႔ကို ကိတၱိမေမြးစားစာခ်ဳပ္နဲ႔ ေမြးစားတာ ေၾကာင့္ အေမြေဝစုရသင့္တယ္လို႔ ကန္႔ကြက္တာ ဆရာ''

''တူ၊ တူမအရင္းလား။ ဘယ္သူ ရဲ႕ သားသမီးေတြလဲ''

''ညီမငယ္ရဲ႕ သမီးနဲ႔သားလို႔ ေျပာပါတယ္''

''ဥပေဒအရဆိုရင္ေတာ့ တူ၊ တူမေတြနဲ႔ ေမာင္ႏွမေတာ္စပ္တဲ့ သေဘာျဖစ္သြားတယ္''

''ဒါဆိုရင္ တူ၊ တူမေတြရဲ႕ မိခင္ ကလည္း ေဝစုပါမလား''

''ဥပေဒအရေတာ့ မေအနဲ႔သား သမီးႏွစ္ဦးက အေမြဆက္ခံခြင့္႐ွိတဲ့ ေမာင္ႏွမေတြျဖစ္သြားတယ္''

''အေမြပုံက ငါးပုံျဖစ္သြားမွာ ေပါ့''

''ဟုတ္ပါတယ္''

''ဒါေပမယ့္ ေရာင္းမယ့္သမီးႀကီး ျဖစ္သူက တူ၊ တူမေတြက မဆိုင္ဘူး။ သူ႕အေမေဝစုပါေနလို႔ အေမ့ဆီကပဲ ရခြင့္႐ွိတယ္။ ကိတၱိမစာခ်ဳပ္ကလည္း တရားမဝင္ဘူး။ သူတို႔အေဖနဲ႔ အေမ လင္မယားအျဖစ္မွ ကြဲၾကၿပီး အေဖက ေႏွာင့္ယွက္မွာစိုးလို႔ သမီးနဲ႔သား ကို အဘြားက ဟန္ေဆာင္ကိတၱိမ စာခ်ဳပ္ခ်ဳပ္ေပးခဲ့တာလို႔ ေျပာပါတယ္''

''အခုကေလးေတြက အ႐ြယ္ ေရာက္ေနၾကၿပီေပါ့''

''ဟုတ္တယ္ ဆရာ။ အလုပ္ဝင္ ေနၾကၿပီ။ ဘြဲ႕ရၿပီးသားလို႔ သိရတယ္''

''ကေလးေတြက သူတို႔အေမနဲ႔ အတူမေနဘူးလား''

''ကေလးေတြအေမက ေနာက္ အိမ္ေထာင္ျပဳသြားလို႔ သီးျခားေနတယ္။ ကေလးေတြ အေဖကေတာ့ ကြယ္လြန္သြားၿပီျဖစ္တယ္''

''အပ်ိဳႀကီးက ခြဲမေပးခ်င္တဲ့ သေဘာ ျဖစ္ေနတာေပါ့''

''အလတ္ျဖစ္တဲ့ ေယာက်္ားေလးက ခြဲမေပးခ်င္တာဆရာ၊ သူက အဓိကပဲ၊ သူေျပာတာက ေမြးစားစာခ်ဳပ္မွာ ကေလးႏွစ္ေယာက္က အ႐ြယ္မေရာက္ေသးေတာ့ မိခင္က ကိုယ္စား လက္မွတ္ထိုးတယ္။ ဖခင္ကလာ ေရာက္လက္မွတ္မထိုးလို႔ တရားမဝင္ဘူးလို႔ ေျပာတယ္ ဆရာ။ အဲဒါ ဟုတ္ပါသလား''

''တစ္ခုေတာ့ ႐ွိတာေပါ့ဗ်ာ။ ဖခင္ျဖစ္သူနဲ႔ မိခင္တို႔ႏွစ္ဦးသေဘာတူ ကြာ႐ွင္းထားေၾကာင္း အေထာက္ အထားနဲ႔အတူ ေမြးစားစာခ်ဳပ္မွာ ေဖာ္ျပထားရင္ေတာ့ ဥပေဒမွာပါတဲ့ အတိုင္း ေမြးစားရန္ေပးႏိုင္သူအျဖစ္ လက္မွတ္ေရးထိုးတာျဖစ္လို႔ တရားဝင္မွာျဖစ္ပါတယ္''

''ဒါဆိုရင္ အဲဒီအခ်က္ ေမြးစား စာခ်ဳပ္မွာပါ မပါ ေသခ်ာစိစစ္ဖို႔လို တာေပါ့''

''မွန္ပါတယ္။ ဒီအခ်က္ပါရင္ေတာ့ စာခ်ဳပ္ကၿပီးျပည့္စုံၿပီး ေမြးစား ခံရသူမ်ားက အေမြဆက္ခံခြင့္ရမွာ ျဖစ္ပါတယ္။ အျပည့္အစုံေဖာ္ျပထားတာ မ႐ွိရင္ေတာ့ တရား႐ုံးမွာ အေမြမႈ တရားစြဲတာေတြျဖစ္လာ ႏိုင္ၿပီး အဲဒီအခါမွ သက္ေသထြက္ဆိုျပသရမွာ ျဖစ္ပါတယ္''

''ဘာပဲျဖစ္ျဖစ္ ဟန္ေဆာင္ ကိတၱိမ စာခ်ဳပ္ေတာ့ မဟုတ္ဘူးေပါ့''

''႐ွင္းေအာင္ ေျပာရရင္ ႏိုင္ငံ ေတာ္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္တဲ့ ဦးေမာင္ေမာင္ေလးပါ (၂) ႏွင့္ ဦးခင္ ေမာင္တိုးပါ (၁၂) ၂ဝ၁၇ ခုႏွစ္ ျမန္ မာႏိုင္ငံ တရားစီရင္ထုံး စာခ်ဳပ္ႏွာ-၁၅ဝ မွာ အ႐ြယ္မေရာက္ေသးသည့္ ေျမးႏွစ္ဦးကို အဘြားျဖစ္သူက ကိတၱိ မေမြးစားျခင္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ ဆိုေမြးစားစဥ္က ဖခင္ရင္းႏွင့္ မိခင္ ရင္းတို႔မွာ ႏွစ္ဦးသေဘာတူ လင္မ ယားကြာ႐ွင္းၿပီးျဖစ္သည္။ ကိတၱိမ စာခ်ဳပ္တြင္ ဖခင္ရင္းက လက္မွတ္ မထိုးေစကာမူ မိခင္ရင္းက အ႐ြယ္မေရာက္သူ သမီးမ်ားအတြက္ ကိတၱိ မေမြးစား မွတ္ပုံတင္စာခ်ဳပ္တြင္ လက္မွတ္ေရးထိုးျခင္းသည္ ယင္း ဥပေဒပုဒ္မ-၅ (၁) အရ ေမြးစားျခင္း ကို သေဘာတူညီခ်က္ေပးရန္ လိုအပ္ သူအျဖစ္ လက္မွတ္ေရးထိုးျခင္းျဖစ္ ၍ တရားဝင္သည္လို႔ ဆုံးျဖတ္ထား ပါတယ္''

''ဒါဆိုရင္ အခုကိစၥမွာလည္း ဆရာေျပာသလို မိခင္ရင္းအပါအဝင္ ဥပေဒအရ ေမာင္ႏွမငါးဦးအျဖစ္ အေမြခြဲရမွာေပါ့''

''မွန္ပါတယ္။ ညႇိႏိႈင္းေျပလည္ ရင္ေတာ့ ဝယ္လိုက္ပါ''ဟု တိုက္တြန္း ေျပာၾကားလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု(ဥပေဒ အတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service