သင့်နေအိမ်အား သူခိုး၊သူဝှက်တွေ ချဉ်းကပ်ဝင်ရောက်ခြင်းမှ ကာကွယ်ရန် နည်းလမ်းကောင်းများ....
သင့်နေအိမ်အား သူခိုး၊သူဝှက်တွေ ချဉ်းကပ်ဝင်ရောက်ခြင်းမှ ကာကွယ်ရန် နည်းလမ်းကောင်းများ.... - Property Knowledge in Myanmar from iMyanmarHouse.com
30 Jul 2022 12:47 pm တွင် တင်ခဲ့သည်
2397 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
လူတိုင်းလူတိုင်းကတော့ မိမိပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို အလဟဿ ဆုံးရှုံးရမှာတော့ နှမြောတတ်ကြတာချည်းပါပဲ။ ဒါပေမဲ့ ရန်သူ မျိုးငါးပါးကြောင့် နေအိမ်တိုက်တာတွေ၊ ဥစ္စပစ္စည်းတွေ ဆုံးရှုံးသွားခဲ့ကြရတဲ့ အခါမျိုးဆိုရင်လည်း ဖြစ်တတ်တဲ့သဘောနဲ့ စိတ်ဖြေတတ် ကြရတာပါပဲ။ ဒီရန်မျိုးငါးပါးဖျက်ဆီးခြင်းကို တားဆီးလို့မရနိုင်ပေမယ့် ဒီငါးပါးထဲက တစ်ပါးရန်သူဖြစ်တဲ့ သူခိုး၊ သူဝှက်တွေရဲ့ရန်က နေ မိမိနေအိမ်၊ တိုက်တာတွေကို ကာကွယ်ဖို့အတွက်ကတော့ မိမိမှာ တာဝန်ရှိပါတယ်။
အခုနောက်ပိုင်းမှာ တချို့သူခိုးတွေက အိမ်ထဲပစ္စည်းဝင်ရောက်ခိုးရုံတင်မကပဲ လူကိုပါအန္တရာယ်ပြုသွားတတ် ကြတာကြောင့် သိပ်ကိုထိတ်လန့်စရာကောင်းလာပါတယ်။
မိမိနေအိမ်အတွင်းသို့ ခိုးသူ၊ သူခိုးသူဝှက်တွေ အလွယ်တကူမဝင် ရောက်နိုင်အောင်၊ မိမိအိမ်အတွင်းကပစ္စည်း ဥစ္စာတွေအလွယ်တကူခိုးယူသွားလို့ မရအောင် ကာကွယ်တဲ့ နည်းလမ်းကိုတော့ အိမ်ပိုင်ရှင်တိုင်းက ကိုယ့်နည်းကိုယ်ဟန်နဲ့ အတားအဆီး အကာအကွယ်တွေ ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းတွေထဲက အထိရောက်ဆုံးနဲ့ အလုံခြုံဆုံးဖြစ်မယ့် နေအိမ်လုံခြုံရေး၊ အကာအကွယ်နည်းလမ်းကောင်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သင့်ခြံဝင်းထဲမှာ ရှိနေတဲ့ ချုံပုတ်ထူထူ၊ အပင်၊ ပန်းပင်ရှည်ရှည် တွေကို ရှင်းလင်းလိုက်ပါ။ ခြံဝင်းထဲနဲ့ခြံဝင်းအပြင်ဘက်မှာ မြက်ပင်၊ အလှပန်းပင်နဲ့ အပင်ကြီးအပင်တွေလောက်သာ စိုက်ပျိုးထားပြီး ကျန်တဲ့ ချုံပုတ်လို ဖြစ်နေတဲ့ အပင်အုပ်အုပ်ထူထူတွေကို ခုတ်ပစ် လိုက်တာတို့ ပြုလုပ်လိုက်တာ။ မဟုတ်ရင် ဒီချုံပုတ်အပင်တွေက ခိုးသူနဲ့ မိမိအိမ်နားကို ကပ်ဝင်ရောက်လာမယ့် မသာမသူတွေအတွက် အကာအကွယ်တွေ ရသွားနိုင်ပါတယ်။
၂။ ခြံဝင်းတံခါး၊ ဒါမှမဟုတ် အိမ်ရှေ့အဝင်တံခါးဝမှာ “ သတိ ခွေး ကိုက်တတ်သည်” ဆိုတဲ့ သတိပေးဆိုင်းပုဒ်ကို ချိတ်ဆွဲထားပါ။ ဒါက သိပ်ကိုထိရောက်ပြီး အကာအကွယ်ကောင်းတဲ့ နည်းလမ်းတစ်ခုပါ ပဲ။ အကယ်၍ သင့်အိမ်မှာ ဒီလိုကိုက်ဟောင်မယ့် ခွေးမရှိရင်တောင် မှ ဒီဆိုင်းပုဒ်ကို အယောင်ဆောင်အဟန့်တစ်ခုအနေနဲ့ ထားလိုက်ပါ။ ဒီသတိပေးဆိုင်းပုဒ်ကို မြင်တာနဲ့တင် သင့်အိမ်ကိုဘယ်သူကမှ အနားလာကပ်ရဲမှာတောင် မဟုတ်ပါဘူး။
၃။ တကယ့်ကို ခြံလုံ၊ အိမ်လုံပြီး အစောင့်အဖော်ရတဲ့ ခွေးလိမ္မာ လေးတစ်ကောင် မွေးထား လိုက်ခြင်းကလည်း ညဘက်အချိန်တွေနဲ့ အိမ်သူအိမ်သားတွေ မရှိတဲ့အချိန်တွေမှာ သင့်အိမ်အနား သူစိမ်း မသမာတွေ ဝင်ရောက်ခြင်းနဲ့ ချဉ်းကပ်လာခြင်းတွေကို အကောင်းဆုံး အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။ ညဘက်နဲ့ လူခြေတိတ်ချိန်တွေမှာ လှုပ်ရှားကြတဲ့ သူခိုးတွေရဲ့လှုပ်ရှားမှုတိုင်းကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံးအနံ့ခံပြီး ရန်မူစွတ်ထိုးဟောင်မှုကြောင့်ပဲ သူခိုးနဲ့ လူစိမ်းတွေ သင့်အိမ်နားကနေ အမြန်ဆုံးထွက်ခွာထွက်ပြေးသွားရ ပါလိမ့်မယ်။
၄။ သင့်အိမ်ရှေ့က စာတိုက်ပုံး၊ သတင်းစာထည့်တဲ့ပုံးနဲ့ တခြား အခွန်၊ လက်ဆောင်နဲ့ အကြောင်းကြားစာ၊ စာရွက်စာတမ်းများ ထည့်စရာပုံးတွေမှာ ပစ္စည်းတွေမစုပြုံမိပါစေနဲ့။ သတင်းစာအမှာ ယူထားတာတွေ၊ အခွန်စာရွက်တွေနဲ့ အကြောင်းအကြားစာတွေ အများကြီးကို သင်မသိမ်းဆည်းထားဘူးဆိုရင် သင့်အိမ်မှာ လူမရှိဘူးလို့ မှတ်ယူကာအိမ်ထဲကို ဝင်ရောက်ဖို့ကြိုးစားပါလိမ့်မယ်။
အကယ်၍များ သင့်အိမ်ကိုလူမရှိလို့ဝင်ခဲ့တဲ့ အချိန်မျိုးမှာ သင်တစ်ယောက်တည်း အိမ်မှာရှိနေခိုက်ဆိုရင် အရမ်းကိုအန္တရာယ်များပါတယ်။ တချို့လက်ရဲနေတဲ့ မသမာသူ၊ သူခိုးတွေက ပစ္စည်းကိုခိုးဝှက်လို့ မရရင်လူကိုပါ အန္တရာယ်ပြုသွားနိုင်တာကြောင့်ပါပဲ။
၅။ ပြတင်းတံခါးတွေကို လူမရှိခိုက် ပိတ်ထားခဲ့ဖို့ မမေ့ပါနဲ့။ များသောအားဖြင့် နေအိမ်ဖောက်ထွင်းသူတော်တော်များများက အိမ် တံခါးမနဲ့ နောက်ဘက်အပေါက်တွေက ဝင်ရောက်တာထက်စာရင် ပြတင်းဘေးတံခါးတွေက ဝင်ရောက်ခြင်းက ပိုမိုလွယ်ကူတာကြောင့် ပါပဲ။ ဒါ့ကြောင့်မို့လို့ ပြတင်းတံခါးပေါက်တွေမှာဆိုရင် အရံအတား အကာအကွယ်ဖြစ်စေမယ့် သံတိုင်တွေတပ်ဆင်တာတို့၊ ပြတင်းနား ချဉ်းကပ်လာမယ့်နေရာတစ်ဝိုက်မှာ သံဆူးကြိုးခွေတွေ တပ်ဆင် ထားတာတို့ ဆူးပင်၊ ချုံပင်တွေနဲ့ ဝင်ရောက်ဖို့ခက်ခဲတဲ့ အပင်တွေ စိုက်ပျိုးတာမျိုးတွေ ပြုလုပ်ထားသင့်ပါတယ်။
၆။ နေအိမ်ပတ်ဝန်းကျင်တစ်ဝိုက်မှာ ညဘက်အခါမျိုးတွေ မီးအလင်း ရောင်ပိုမို အသုံးပြုပါ။ တတ်နိုင်ရင် အိမ်နဲ့အနီးတစ်ဝိုက်မှာ အလင်း ရောင်ကောင်းကောင်း ထားရှိခြင်းက လူစိမ်းနဲ့ သူခိုးတွေမချဉ်းကပ် လာနိုင်အောင် အဟန့်အတားလုပ်ထားခြင်း ဖြစ်ပါတယ်။ အလင်း ရောင်ကောင်းကောင်းကြောင့် သူတို့တွေ ခိုးဝှက်လှုပ်ရှားခြင်းတွေကို ကာကွယ်ထားလို့ မရနိုင်လို့ပါပဲ။
၇။ မိမိကိုယ်ကို ကာကွယ်ဖို့နဲ့ ရန်သူကိုခုခံဖို့အတွက် လက်နက်နဲ့ အသုံးအဆောင်တွေကို အမြဲလိုလိုဆောင်ထားပါ။ မိသားစုဝင်တွေ အားလုံး သတိထားမိကြမယ့် နေရာတွေ၊ သိတဲ့နေရာတွေမှာ တုတ် ကောင်းကောင်းတို့၊ သံတုတ်၊ လက်နက်အစရှိသဖြင့် ရန်သူကို ခုခံဖို့၊ ဖမ်းဆီးဖို့အတွက် ပစ္စည်းတွေကိုအလွယ်တကူ ယူနိုင်တဲ့နေရာတွေ မှာထားပြီး အရေးပေါ်ကြုံလာတဲ့အခါ သုံးစွဲပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service