အဝတ်အစားကြောင့် ဖြစ်တဲ့ ဓာတ်မတည့်ခြင်းအကြောင်း....

အဝတ်အစားကြောင့် ဖြစ်တဲ့ ဓာတ်မတည့်ခြင်းအကြောင်း.... - Property Knowledge in Myanmar from iMyanmarHouse.com
30 Jul 2022 12:17 pm တွင် တင်ခဲ့သည်
692 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဓာတ်မတည့်ခြင်းဆိုတာဘာလဲ။

ပုံမှန်အားဖြင့် ဘေးအန္တရာယ်မပြုတဲ့ အရာတစ်ခုက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်နဲ့ ငြိစွန်းသွားတဲ့အခါ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ မြေပဲ၊ ပျားရည်၊ ကြက်ဥ၊ ဖုန်မှုန့်တွေက အဖြစ်များတဲ့ ဓာတ်မတည့်ပစ္စည်းတွေဖြစ်ပြီး ရှားရှားပါးပါးအနေနဲ့ အဝတ်အစားကို ရက်လုပ်ထားတဲ့ Polyester လို့ခေါ်တဲ့ အထည်သားကြောင့် ဓာတ်မတည့်တာမျိုးလည်း ရှိပါတယ်။

ဓာတ်မတည့်ခြင်း လက္ခဏာတွေ

ဓာတ်မတည့်တဲ့အခါ တွေ့ရတဲ့ လက္ခဏာတွေက ပုံစံချင်းဆင်တူကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

နှာချေတာ

အင်ပျဉ်ထတာ

အရေပြားယားယံတာ

ဖောရောင်တာ

အသက်ရှူကျပ်တာတွေပဲ ဖြစ်ပါတယ်။

ဓာတ်မတည့်အခြေအနေပေါ် မူတည်ပြီး လက္ခဏာရဲ့ ပြင်းထန်မှုက တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာမဟုတ်ပါဘူး။

Polyester နှင့် ဓာတ်မတည့်ခြင်း

Polyester ဆိုတာကတော့ ပုံမှန်ချည်သား၊ နိုင်လွန်သားလို လက်နဲ့ ရက်လုပ်ထားတာမျိုးမဟုတ်ဘဲ ဓာတုဗေဒနည်းပညာတွေနဲ့ လုပ်ထားတဲ့ အထည်သားဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားအတွင်းခံတွေ၊ ဘောင်းဘီတွေကို ရက်လုပ်တဲ့ အထည်သားဖြစ်ပြီး အရေပြားနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့အခါ

အင်ပျဉ်အနီကွက်တွေထတာ

အရေပြား ပျော့တွဲတွဲဖြစ်တာ

နီနေတဲ့အရေပြားက ပူစပ်ပူလောင်ဖြစ်နေတာ

အနီစက်သေးသေးလေးတွေ စုပြုံထတာ

အရေပြားက နီရဲလာတာ

အသားက မခံမရပ်နိုင်အောင် ယားလာတဲ့ လက္ခဏာတွေအပြင် ရင်ဘတ်ထဲက တင်းကျပ်နေသလို၊ အောင့်သလို ခံစားရတာ

အသက်ရှူကျပ်တာ

အရေပြားဖောရောင်တဲ့အထိ ဓာတ်မတည့်လက္ခဏာက ပြင်းထန်နိုင်ပါတယ်။ ကျပ်လွန်းတဲ့ အတွင်းခံဝတ်တာ၊ မနက်ကနေ ညအထိ မချွတ်မလဲဘဲ ဒီအတိုင်းနေတာ၊ အဝလွန်တာ၊ ချွေးတွေနဲ့ စိုညစ်ညစ်ဖြစ်နေတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့အခါမှာလည်း ဓာတ်မတည့်လက္ခဏာက ပိုဆိုးနိုင်ပါတယ်။

တခြား ဓာတ်မတည့်ခြင်းနဲ့ ဘာကွာလဲ။

အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ပြီးမှ ဖြစ်လာတဲ့ Polyester ဓာတ်မတည့်ခြင်းဟာ အရေပြားကိုသာ အဓိကဒုက္ခပေးတာဖြစ်ပါတယ်။ လက္ခဏာတွေဟာ ထင်သာမြင်သာရှိတဲ့အတွက် ကိုယ့်မှာ ဒီအထည်သားနဲ့ ဓာတ်မတည့်ဘူးဆိုရင် တန်းသိနိုင်ပါတယ်။ လက်ရှိအချိန်ထိ Polyester ဓာတ်မတည့်ခြင်းအတွက် ကုသလို့ရတဲ့ နည်းလမ်းတွေတော့ မရှိသေးပါဘူး။

ဒါဆို ဘယ်လိုလုပ်ကြမလဲ။

အကောင်းဆုံးက Polyester အထည်သားနဲ့ လုပ်ထားတာ မှန်သမျှ အရေပြားနဲ့ တိုက်ရိုက်မထိဖို့ကို ဂရုစိုက်ရပါမယ်။ Polyester အထည်သားကို အမျိုးသားအတွင်းခံတွေအပြင် အားကစားသုံး အဝတ်အထည်တွေ၊ ညဝတ်အကျီ၊ စကပ်၊ ကော်ဇော၊ အိပ်ရာခင်းတွေမှာ တွေ့နိုင်ပါတယ်။

Polyester ဓာတ်မတည့်ခြင်း ကိုယ့်မှာရှိတယ်လို့ သိထားပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်လို့ရမယ့် ဆေးတွေ၊ အရေပြားအတွက် လိမ်းဆေးတွေကို ညွှန်းခိုင်းလို့ရပါတယ်။ လိမ်းဆေးမလိမ်းခင် အရင်ဆုံး ဓာတ်မတည့်ဖြစ်နေတဲ့ အရေပြားကို ဆပ်ပြာ၊ ရေနဲ့စင်ကြယ်အောင် ဆေးကြောရပါမယ်။ နီရဲယားယံတာ သက်သာဖို့ အဝတ်စိုစိုတစ်ခုနဲ့ အရေပြားကို ၁၀မိနစ်လောက် အုပ်ထားပေးပါ။ လက်ကိုသေချာဆေးပြီး အရေပြားကို ခြောက်အောင်သုတ်ပြီးမှပဲ လိမ်းဆေးကို လိမ်းပေးရပါမယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

အဝတ္အစားေၾကာင့္ ျဖစ္တဲ့ ဓာတ္မတည့္ျခင္းအေၾကာင္း....

 

ဓာတ္မတည့္ျခင္းဆိုတာဘာလဲ။

ပုံမွန္အားျဖင့္ ေဘးအႏၲရာယ္မျပဳတဲ့ အရာတစ္ခုက ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ခံအားစနစ္နဲ႔ ၿငိစြန္းသြားတဲ့အခါ ဓာတ္မတည့္ျခင္း ျဖစ္ႏိုင္ပါတယ္။ ေျမပဲ၊ ပ်ားရည္၊ ၾကက္ဥ၊ ဖုန္မႈန္႔ေတြက အျဖစ္မ်ားတဲ့ ဓာတ္မတည့္ပစၥည္းေတြျဖစ္ၿပီး ႐ွား႐ွားပါးပါးအေနနဲ႔ အဝတ္အစားကို ရက္လုပ္ထားတဲ့ Polyester လို႔ေခၚတဲ့ အထည္သားေၾကာင့္ ဓာတ္မတည့္တာမ်ိဳးလည္း ႐ွိပါတယ္။

ဓာတ္မတည့္ျခင္း လကၡဏာေတြ

ဓာတ္မတည့္တဲ့အခါ ေတြ႕ရတဲ့ လကၡဏာေတြက ပုံစံခ်င္းဆင္တူၾကပါတယ္။ အျဖစ္မ်ားတဲ့ လကၡဏာေတြကေတာ့

ႏွာေခ်တာ

အင္ပ်ဥ္ထတာ

အေရျပားယားယံတာ

ေဖာေရာင္တာ

အသက္႐ွဴက်ပ္တာေတြပဲ ျဖစ္ပါတယ္။

ဓာတ္မတည့္အေျခအေနေပၚ မူတည္ၿပီး လကၡဏာရဲ႕ ျပင္းထန္မႈက တစ္ေယာက္နဲ႔ တစ္ေယာက္ တူႏိုင္မွာမဟုတ္ပါဘူး။

Polyester ႏွင့္ ဓာတ္မတည့္ျခင္း

Polyester ဆိုတာကေတာ့ ပုံမွန္ခ်ည္သား၊ ႏိုင္လြန္သားလို လက္နဲ႔ ရက္လုပ္ထားတာမ်ိဳးမဟုတ္ဘဲ ဓာတုေဗဒနည္းပညာေတြနဲ႔ လုပ္ထားတဲ့ အထည္သားျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ အမ်ိဳးသားအတြင္းခံေတြ၊ ေဘာင္းဘီေတြကို ရက္လုပ္တဲ့ အထည္သားျဖစ္ၿပီး အေရျပားနဲ႔ တိုက္႐ိုက္ထိေတြ႕ေနတဲ့အခါ

အင္ပ်ဥ္အနီကြက္ေတြထတာ

အေရျပား ေပ်ာ့တြဲတြဲျဖစ္တာ

နီေနတဲ့အေရျပားက ပူစပ္ပူေလာင္ျဖစ္ေနတာ

အနီစက္ေသးေသးေလးေတြ စုျပဳံထတာ

အေရျပားက နီရဲလာတာ

အသားက မခံမရပ္ႏိုင္ေအာင္ ယားလာတဲ့ လကၡဏာေတြအျပင္ ရင္ဘတ္ထဲက တင္းက်ပ္ေနသလို၊ ေအာင့္သလို ခံစားရတာ

အသက္႐ွဴက်ပ္တာ

အေရျပားေဖာေရာင္တဲ့အထိ ဓာတ္မတည့္လကၡဏာက ျပင္းထန္ႏိုင္ပါတယ္။ က်ပ္လြန္းတဲ့ အတြင္းခံဝတ္တာ၊ မနက္ကေန ညအထိ မခြၽတ္မလဲဘဲ ဒီအတိုင္းေနတာ၊ အဝလြန္တာ၊ ေခြၽးေတြနဲ႔ စိုညစ္ညစ္ျဖစ္ေနတာ၊ တစ္ကိုယ္ေရသန္႔႐ွင္းမႈအားနည္းတဲ့အခါမွာလည္း ဓာတ္မတည့္လကၡဏာက ပိုဆိုးႏိုင္ပါတယ္။

တျခား ဓာတ္မတည့္ျခင္းနဲ႔ ဘာကြာလဲ။

အေရျပားနဲ႔ တိုက္႐ိုက္ထိေတြ႕ၿပီးမွ ျဖစ္လာတဲ့ Polyester ဓာတ္မတည့္ျခင္းဟာ အေရျပားကိုသာ အဓိကဒုကၡေပးတာျဖစ္ပါတယ္။ လကၡဏာေတြဟာ ထင္သာျမင္သာ႐ွိတဲ့အတြက္ ကိုယ့္မွာ ဒီအထည္သားနဲ႔ ဓာတ္မတည့္ဘူးဆိုရင္ တန္းသိႏိုင္ပါတယ္။ လက္႐ွိအခ်ိန္ထိ Polyester ဓာတ္မတည့္ျခင္းအတြက္ ကုသလို႔ရတဲ့ နည္းလမ္းေတြေတာ့ မ႐ွိေသးပါဘူး။

ဒါဆို ဘယ္လိုလုပ္ၾကမလဲ။

အေကာင္းဆုံးက Polyester အထည္သားနဲ႔ လုပ္ထားတာ မွန္သမွ် အေရျပားနဲ႔ တိုက္႐ိုက္မထိဖို႔ကို ဂ႐ုစိုက္ရပါမယ္။ Polyester အထည္သားကို အမ်ိဳးသားအတြင္းခံေတြအျပင္ အားကစားသုံး အဝတ္အထည္ေတြ၊ ညဝတ္အက်ီ၊ စကပ္၊ ေကာ္ေဇာ၊ အိပ္ရာခင္းေတြမွာ ေတြ႕ႏိုင္ပါတယ္။

Polyester ဓာတ္မတည့္ျခင္း ကိုယ့္မွာ႐ွိတယ္လို႔ သိထားၿပီဆိုရင္ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ၿပီး ေသာက္လို႔ရမယ့္ ေဆးေတြ၊ အေရျပားအတြက္ လိမ္းေဆးေတြကို ၫႊန္းခိုင္းလို႔ရပါတယ္။ လိမ္းေဆးမလိမ္းခင္ အရင္ဆုံး ဓာတ္မတည့္ျဖစ္ေနတဲ့ အေရျပားကို ဆပ္ျပာ၊ ေရနဲ႔စင္ၾကယ္ေအာင္ ေဆးေၾကာရပါမယ္။ နီရဲယားယံတာ သက္သာဖို႔ အဝတ္စိုစိုတစ္ခုနဲ႔ အေရျပားကို ၁၀မိနစ္ေလာက္ အုပ္ထားေပးပါ။ လက္ကိုေသခ်ာေဆးၿပီး အေရျပားကို ေျခာက္ေအာင္သုတ္ၿပီးမွပဲ လိမ္းေဆးကို လိမ္းေပးရပါမယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service