ကောက်ယူမွေးစားသည့် သားသမီးထံမှ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

ကောက်ယူမွေးစားသည့် သားသမီးထံမှ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jul 2022 11:53 am တွင် တင်ခဲ့သည်
959 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

" မြေနဲ့ အိမ်ဝယ်ဖို့ သွားစုံစမ်း လိုက်တော့..."

'' ဘာပြဿနာရှိနေလို့လဲ'' မိတ်ဆွေ၏ စကားမဆုံးမီမှာ စာရေးသူက မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

''ပိုင်ရှင်အဘိုးကြီးကတော့ ဆုံးသွားပြီ။ အခုနေတဲ့ မွေးစားသားက ရောင်းမှာတဲ့''

''မွေးစားသားဆိုတော့ ကိတ္တိမ စာချုပ်နဲ့ မွေးစားထားတာလား''

''အဲဒါတော့ သေချာမသိဘူး။ မွေးစာသားဆိုလို့ ကန့်ကွက်ရန် ရှိ၊မရှိ သတင်းစာထဲမှာ ကြေညာလိုက်တယ်''

''ဒီတော့ ကန့်ကွက်သူ ပေါ်လာတယ်ပေါ့''

''ပိုင်ရှင် အဘိုးကြီးရဲ့ ဇနီးဆိုပြီး ကန့်ကွက်လာတယ်။ အဲဒါ ဘယ်လို ဖြစ်နိုင်သလဲလို့''

''သူငယ်ချင်းကို မေးမယ့် မေးခွန်းလေးတွေ ဖြေရင်းနဲ့ အဖြေ ရလာပါလိမ့်မယ်။ ကဲ- ပထမဦးဆုံး မြေကွက်က ဂရန်မြေပဲလား၊ အမည်ပေါက်က ဘယ်သူလဲ''

''ဂရန်အမည်ပေါက်ကတော့ ကွယ်လွန်သွားတဲ့ အဘိုးကြီး အမည်နဲ့ ဖြစ်တယ်''

''မွေးစား အဖေလို့ ပြောရမှာပေါ့ မဟုတ်ဘူးလား။ မွေးစား အဖေရဲ့ အမည်တစ်ဦးတည်း အမည်ပေါက် ဆိုရင်၊ သူ့ဇနီးက အမွေဆက်ခံမှာပေါ့''

''အခုဇနီးက ဒုတိယဇနီးလို့ သိရတယ်။ ပထမဇနီးကလည်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ ပြောတယ်''

''ဒါဆိုရင် မွေးစားသားနဲ့ မိထွေးတို့ရဲ့ အမွေဆက်ခံရေး ဖြစ်နေတာပေါ့''

''မွေးစားသားက ရပိုင်ခွင့်ရှိရဲ့လား''

''မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရဆိုရင် မြန်မာဗုဒ္ဓဘာသာဝင်များဟာ သားသမီးမွေးစားခြင်း (၄)မျိုး ရှိတယ်။ ကိတ္တိမ မွေးစားခြင်း (အမွေခံ သားသမီးအဖြစ် မွေးစားခြင်း) နဲ့ အပတိဋ္ဌ မွေးစားခြင်း (ကောက်ယူမွေးစားခြင်း) နှစ်မျိုးသာ မွေးစားမိဘများထံမှ အမွေခံထိုက်တဲ့ သားသမီးများလို့ သတ်မှတ်ထားတယ်''

''ကိတ္တိမ မွေးစားခြင်းက မှတ်ပုံတင်စာချုပ်ချုပ်မှ တရားဝင် အမွေဆက်ခံခွင့်ရတယ်ဆိုတာ ဟုတ်သလား''

''ဟုတ်ပါတယ်။ ကိတ္တိမ မွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေ အရ စာချုပ်စာတမ်းရုံးမှာ ကိတ္တိမ မွေးစားစာချုပ်ကို မှတ်ပုံတင်ချုပ်ဆိုမှ တရားဝင် အတည်ဖြစ်ပြီး မွေးစားခံရသူဟာ မွေးစားမိဘတို့ရဲ့ သားရင်း၊ သမီးရင်းတို့နဲ့ တန်းတူ အမွေဆက်ခံခွင့် ရရှိလာမှာ ဖြစ်ပါတယ်''

''ကိတ္တိမ မွေးစားစာချုပ်နဲ့ မွေးစားခြင်း မဟုတ်ရင်တော့ ကောက်ယူမွေးစားခြင်း ဖြစ်သွားနိုင်တာပေါ့နော်''

''မှန်ပါတယ်။ ကောက်ယူမွေးစားခြင်းခံရတဲ့ သားသမီးတွေကတော့ မွေးစားမိဘမှာ သားသမီး၊ မြေး၊ မြစ်၊ ကိတ္တိမ မွေးစား သားသမီးတွေ မရှိမှသာ အမွေခံစားခွင့် ရှိမှာ ဖြစ်တယ်''

''ဒါဆိုရင် အခုကိစ္စမှာ မွေးစားသားက၊ ကိတ္တိမ မွေးစားစာချုပ်နဲ့ မွေးစားထားခြင်း ဟုတ်၊မဟုတ် အရင်စုံစမ်းရမှာပေါ့''

''ဟုတ်ပါတယ်။ ကိတ္တိမ မွေးစားသား ဖြစ်မယ်ဆိုရင်တော့ သားရင်း သမီးရင်းကဲ့သို့ အမွေဆက်ခံခွင့်ရမှာ ဖြစ်တယ်။ မွေးစားမိဘ နှစ်ဦးအနက်၊ တစ်ဦးဦး ကွယ်လွန်ပြီးနောက်မှာ ကျန်ရစ်တဲ့ မွေးစားမိဘက နောက်အိမ်ထောင်ပြုမယ် ဆိုရင် နောက်အိမ်ထောင်ပြုတဲ့ အချိန်ကစပြီး မွေးစားသားသမီးက အမွေတောင်းခံခွင့် ရှိမှာဖြစ်တယ်''

''အခု အိမ်နဲ့မြေကို ရောင်းမယ်ဆိုတဲ့ သူ့ကို အဘိုးကြီးကနေ ကိတ္တိမ သားအဖြစ် တရားဝင် စာချုပ်နဲ့ မွေးစားခဲ့မယ်ဆိုရင် မိထွေးဖြစ်သူနဲ့ အမွေခွဲဝေယူရမယ့် သဘောပေါ့''

''မှန်ပါတယ်''

''ဒါနဲ့ ကောက်ယူမွေးစားတဲ့ သားသမီးဆိုရင်ကော''

''အစောက ပြောခဲ့သလို အပတိဋ္ဌ သားသမီး၊ ကောက်ယူမွေးစားတဲ့ သားသမီးမျိုး ဖြစ်ရင်တော့ မွေးစားမိဘရဲ့ သားသမီး မြေး၊ မြစ်၊ ကိတ္တိမ မွေးစားသားသမီး မရှိမှသာ အမွေဆက်ခံခွင့် ရမှာဖြစ်တယ်။ မွေးစားမိဘရဲ့ ဇနီး၊ ခင်ပွန်း ရှိခဲ့ရင်တော့ မွေးစားမိဘရဲ့ ဇနီး၊ ခင်ပွန်းကပဲ ရခွင့်ရှိမှာ ဖြစ်တယ်''

''ကောက်ယူမွေးစားတဲ့ သားသမီးက မွေးစားမိဘနဲ့ အတူနေရင်လည်း မိထွေးနဲ့ယှဉ်ရင် ဆုံးရှုံးနိုင်တယ်ပေါ့''

''ကောက်ယူမွေးစားတဲ့ သားသမီးဟာ ကိတ္တိမ သားသမီးတို့ရဲ့ အခွင့်အရေးနဲ့ မတူဘူး။ မွေးစားမိဘနဲ့ အတူနေဖို့ လိုအပ်တယ်။ မွေးစားမိဘနဲ့ ခွဲခြားနေထိုင်ရင် အမွေဆက်ခံခွင့် ဆုံးရှုံးခံရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် ကောက်ယူမွေးစားတဲ့ သားသမီးတွေဟာ မွေးစားမိဘနဲ့အတူ နေဖို့တော့ လိုတယ်''

''အခုအိမ်မြေရောင်းမယ်ဆိုတဲ့ သူအနေနဲ့ကတော့ ကိတ္တိမ မွေးစားစာချုပ်နဲ့ ချုပ်ဆိုထားတာ မဟုတ်ဘူးလို့ တစ်ဖက်က ကန့်ကွက်ထားတာ ရှိတယ်။ ဒီတော့ ကောက်ယူမွေးစားသားလို့ပဲ ယူဆရမယ့် သဘောဖြစ်နေတယ်။ အဲဒီလိုဆိုရင် မိထွေးကပဲ အမွေဆက်ဆံခွင့် ရမယ်ပေါ့။ ဒီလိုသဘောမျိုးလား''

''ဒါနဲ့ ပတ်သက်လို့ သူငယ်ချင်းကို ရှင်းအောင် ပြောပြရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မစောမြ (ခ) မသန်းနွဲ့နှင့် မချိုချိုမာ ပါ နှစ်ဦး၊ ၁၉၈၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၅ အမှုမှာ မစောမြသည် ကွယ်လွန်သူ ဦးလှရွှေ၏ ဇနီးဖြစ်သဖြင့် အပတိဋ္ဌ သမီးဖြစ်သော မချိုချိုမာသည် မိထွေးဖြစ်သူ မစောမြနှင့် ယှဉ်ပြိုင်၍ မွေးစား ဖခင်ဦးလှရွှေ၏ အမွေကို ခံစားခွင့် မရှိ''ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အခုရောင်းမယ်ဆိုတဲ့ မွေးစားသားဟာ ကောက်ယူ မွေးစားသားဖြစ်ရင်တော့ မိထွေးနဲ့ ယှဉ်ရင် အမွေရခွင့်ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် အမွေဆိုင်မြေနဲ့ အိမ်မှာ မွေးစားသားကနေပြီး မိထွေးဖြစ်သူက သီးခြားနေတယ် ဆိုတာက စဉ်းစားစရာ ဖြစ်နေတယ်''

''မွေးစားသားပြောတဲ့ စကား အရတော့ မွေးစားအဖေက သူ မသေခင်ကတည်းက အဲဒီမိန်းမနဲ့ ကွဲသွားပြီး အမွေလည်း ခွဲပေးလိုက်တယ် ပြောတယ်။ သူက မွေးစားအဖေနဲ့ အတူနေ ပြုစုခဲ့တာလို့ ပြောတာပဲ''

''သူပြောတဲ့အတိုင်း တရားဝင် ကွာရှင်းပြီး ပစ္စည်းခန်းပါ ခွဲဝေပြီးပြီ ဆိုရင်တော့ အခု အိမ်နဲ့ မြေဟာ မွေးစားသားက ရပိုင်ခွင့်ရှိမှာဖြစ်တယ်။ ဒီတော့ အစစအရာရာ အသေးစိတ်စုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း''ဟု အကြံပြု ဆွေးနွေးပေးလိုက်ရင်း ဗဟုသုတ အဖြစ် ရေးသားလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : ထီယု(ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

 

ေကာက္ယူေမြးစားသည့္ သားသမီးထံမွ ေျမႏွင့္အိမ္ကို ၀ယ္မည္ဆိုလွ်င္

 

" ေျမနဲ႔ အိမ္ဝယ္ဖုိ႔ သြားစုံစမ္း လုိက္ေတာ့..."

'' ဘာျပႆနာရွိေနလုိ႔လဲ'' မိတ္ေဆြ၏ စကားမဆုံးမီမွာ စာေရးသူက ေမးခြန္းထုတ္လုိက္ျခင္း ျဖစ္သည္။

''ပိုင္ရွင္အဘုိးႀကီးကေတာ့ ဆုံးသြားၿပီ။ အခုေနတဲ့ ေမြးစားသားက ေရာင္းမွာတ့ဲ''

''ေမြးစားသားဆုိေတာ့ ကိတိၱမ စာခ်ဳပ္နဲ႔ ေမြးစားထားတာလား''

''အဲဒါေတာ့ ေသခ်ာမသိဘူး။ ေမြးစာသားဆုိလုိ႔ ကန္႔ကြက္ရန္ ရွိ၊မရွိ သတင္းစာထဲမွာ ေၾကညာလုိက္တယ္''

''ဒီေတာ့ ကန္႔ကြက္သူ ေပၚလာတယ္ေပါ့''

''ပိုင္ရွင္ အဘုိးႀကီးရဲ႕ ဇနီးဆုိၿပီး ကန္႔ကြက္လာတယ္။ အဲဒါ ဘယ္လုိ ျဖစ္ႏုိင္သလဲလုိ႔''

''သူငယ္ခ်င္းကို ေမးမယ့္ ေမးခြန္းေလးေတြ ေျဖရင္းနဲ႔ အေျဖ ရလာပါလိမ့္မယ္။ ကဲ- ပထမဦးဆုံး ေျမကြက္က ဂရန္ေျမပဲလား၊ အမည္ေပါက္က ဘယ္သူလဲ''

''ဂရန္အမည္ေပါက္ကေတာ့ ကြယ္လြန္သြားတဲ့ အဘုိးႀကီး အမည္နဲ႔ ျဖစ္တယ္''

''ေမြးစား အေဖလုိ႔ ေျပာရမွာေပါ့ မဟုတ္ဘူးလား။ ေမြးစား အေဖရဲ႕ အမည္တစ္ဦးတည္း အမည္ေပါက္ ဆုိရင္၊ သူ႔ဇနီးက အေမြဆက္ခံမွာေပါ့''

''အခုဇနီးက ဒုတိယဇနီးလုိ႔ သိရတယ္။ ပထမဇနီးကလည္း ကြယ္လြန္သြားၿပီျဖစ္တယ္လုိ႔ ေျပာတယ္''

''ဒါဆုိရင္ ေမြးစားသားနဲ႔ မိေထြးတုိ႔ရဲ႕ အေမြဆက္ခံေရး ျဖစ္ေနတာေပါ့''

''ေမြးစားသားက ရပုိင္ခြင့္ရွိရဲ႕လား''

''ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒ အရဆုိရင္ ျမန္မာဗုဒၶဘာသာဝင္မ်ားဟာ သားသမီးေမြးစားျခင္း (၄)မ်ဳိး ရွိတယ္။ ကိတိၱမ ေမြးစားျခင္း (အေမြခံ သားသမီးအျဖစ္ ေမြးစားျခင္း) နဲ႔ အပတိ႒ ေမြးစားျခင္း (ေကာက္ယူေမြးစားျခင္း) ႏွစ္မ်ဳိးသာ ေမြးစားမိဘမ်ားထံမွ အေမြခံထုိက္တဲ့ သားသမီးမ်ားလုိ႔ သတ္မွတ္ထားတယ္''

''ကိတိၱမ ေမြးစားျခင္းက မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္မွ တရားဝင္ အေမြဆက္ခံခြင့္ရတယ္ဆုိတာ ဟုတ္သလား''

''ဟုတ္ပါတယ္။ ကိတိၱမ ေမြးစားျခင္း မွတ္ပုံတင္ အက္ဥပေဒ အရ စာခ်ဳပ္စာတမ္း႐ံုးမွာ ကိတိၱမ ေမြးစားစာခ်ဳပ္ကို မွတ္ပုံတင္ခ်ဳပ္ဆုိမွ တရားဝင္ အတည္ျဖစ္ၿပီး ေမြးစားခံရသူဟာ ေမြးစားမိဘတုိ႔ရဲ႕ သားရင္း၊ သမီးရင္းတုိ႔နဲ႔ တန္းတူ အေမြဆက္ခံခြင့္ ရရွိလာမွာ ျဖစ္ပါတယ္''

''ကိတိၱမ ေမြးစားစာခ်ဳပ္နဲ႔ ေမြးစားျခင္း မဟုတ္ရင္ေတာ့ ေကာက္ယူေမြးစားျခင္း ျဖစ္သြားႏုိင္တာေပါ့ေနာ္''

''မွန္ပါတယ္။ ေကာက္ယူေမြးစားျခင္းခံရတဲ့ သားသမီးေတြကေတာ့ ေမြးစားမိဘမွာ သားသမီး၊ ေျမး၊ ျမစ္၊ ကိတိၱမ ေမြးစား သားသမီးေတြ မရွိမွသာ အေမြခံစားခြင့္ ရွိမွာ ျဖစ္တယ္''

''ဒါဆုိရင္ အခုကိစၥမွာ ေမြးစားသားက၊ ကိတိၱမ ေမြးစားစာခ်ဳပ္နဲ႔ ေမြးစားထားျခင္း ဟုတ္၊မဟုတ္ အရင္စုံစမ္းရမွာေပါ့''

''ဟုတ္ပါတယ္။ ကိတိၱမ ေမြးစားသား ျဖစ္မယ္ဆုိရင္ေတာ့ သားရင္း သမီးရင္းကဲ့သို႔ အေမြဆက္ခံခြင့္ရမွာ ျဖစ္တယ္။ ေမြးစားမိဘ ႏွစ္ဦးအနက္၊ တစ္ဦးဦး ကြယ္လြန္ၿပီးေနာက္မွာ က်န္ရစ္တဲ့ ေမြးစားမိဘက ေနာက္အိမ္ေထာင္ျပဳမယ္ ဆုိရင္ ေနာက္အိမ္ေထာင္ျပဳတဲ့ အခ်ိန္ကစၿပီး ေမြးစားသားသမီးက အေမြေတာင္းခံခြင့္ ရွိမွာျဖစ္တယ္''

''အခု အိမ္နဲ႔ေျမကို ေရာင္းမယ္ဆုိတဲ့ သူ႔ကို အဘုိးႀကီးကေန ကိတိၱမ သားအျဖစ္ တရားဝင္ စာခ်ဳပ္နဲ႔ ေမြးစားခဲ့မယ္ဆုိရင္ မိေထြးျဖစ္သူနဲ႔ အေမြခြဲေဝယူရမယ့္ သေဘာေပါ့''

''မွန္ပါတယ္''

''ဒါနဲ႔ ေကာက္ယူေမြးစားတဲ့ သားသမီးဆုိရင္ေကာ''

''အေစာက ေျပာခဲ့သလုိ အပတိ႒ သားသမီး၊ ေကာက္ယူေမြးစားတဲ့ သားသမီးမ်ဳိး ျဖစ္ရင္ေတာ့ ေမြးစားမိဘရဲ႕ သားသမီး ေျမး၊ ျမစ္၊ ကိတိၱမ ေမြးစားသားသမီး မရွိမွသာ အေမြဆက္ခံခြင့္ ရမွာျဖစ္တယ္။ ေမြးစားမိဘရဲ႕ ဇနီး၊ ခင္ပြန္း ရွိခဲ့ရင္ေတာ့ ေမြးစားမိဘရဲ႕ ဇနီး၊ ခင္ပြန္းကပဲ ရခြင့္ရွိမွာ ျဖစ္တယ္''

''ေကာက္ယူေမြးစားတဲ့ သားသမီးက ေမြးစားမိဘနဲ႔ အတူေနရင္လည္း မိေထြးနဲ႔ယွဥ္ရင္ ဆုံး႐ႈံးႏုိင္တယ္ေပါ့''

''ေကာက္ယူေမြးစားတဲ့ သားသမီးဟာ ကိတိၱမ သားသမီးတုိ႔ရဲ႕ အခြင့္အေရးနဲ႔ မတူဘူး။ ေမြးစားမိဘနဲ႔ အတူေနဖုိ႔ လုိအပ္တယ္။ ေမြးစားမိဘနဲ႔ ခြဲျခားေနထုိင္ရင္ အေမြဆက္ခံခြင့္ ဆုံး႐ႈံးခံရမယ္လုိ႔ ဥပေဒမွာ ျပ႒ာန္းထားတယ္။ ဒါေၾကာင့္ ေကာက္ယူေမြးစားတဲ့ သားသမီးေတြဟာ ေမြးစားမိဘနဲ႔အတူ ေနဖုိ႔ေတာ့ လုိတယ္''

''အခုအိမ္ေျမေရာင္းမယ္ဆုိတဲ့ သူအေနနဲ႔ကေတာ့ ကိတိၱမ ေမြးစားစာခ်ဳပ္နဲ႔ ခ်ဳပ္ဆုိထားတာ မဟုတ္ဘူးလုိ႔ တစ္ဖက္က ကန္႔ကြက္ထားတာ ရွိတယ္။ ဒီေတာ့ ေကာက္ယူေမြးစားသားလုိ႔ပဲ ယူဆရမယ့္ သေဘာျဖစ္ေနတယ္။ အဲဒီလုိဆုိရင္ မိေထြးကပဲ အေမြဆက္ဆံခြင့္ ရမယ္ေပါ့။ ဒီလုိသေဘာမ်ဳိးလား''

''ဒါနဲ႔ ပတ္သက္လုိ႔ သူငယ္ခ်င္းကို ရွင္းေအာင္ ေျပာျပရမယ္ဆုိရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ မေစာျမ (ခ) မသန္းႏြဲ႕ႏွင့္ မခ်ဳိခ်ဳိမာ ပါ ႏွစ္ဦး၊ ၁၉၈၁ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၂၅ အမႈမွာ မေစာျမသည္ ကြယ္လြန္သူ ဦးလွေရႊ၏ ဇနီးျဖစ္သျဖင့္ အပတိ႒ သမီးျဖစ္ေသာ မခ်ဳိခ်ဳိမာသည္ မိေထြးျဖစ္သူ မေစာျမႏွင့္ ယွဥ္ၿပိဳင္၍ ေမြးစား ဖခင္ဦးလွေရႊ၏ အေမြကို ခံစားခြင့္ မရွိ''ဆုိၿပီး ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ အခုေရာင္းမယ္ဆိုတဲ့ ေမြးစားသားဟာ ေကာက္ယူ ေမြးစားသားျဖစ္ရင္ေတာ့ မိေထြးနဲ႔ ယွဥ္ရင္ အေမြရခြင့္ရွိမွာ မဟုတ္ဘူး။ ဒါေပမယ့္ အေမြဆုိင္ေျမနဲ႔ အိမ္မွာ ေမြးစားသားကေနၿပီး မိေထြးျဖစ္သူက သီးျခားေနတယ္ ဆုိတာက စဥ္းစားစရာ ျဖစ္ေနတယ္''

''ေမြးစားသားေျပာတဲ့ စကား အရေတာ့ ေမြးစားအေဖက သူ မေသခင္ကတည္းက အဲဒီမိန္းမနဲ႔ ကြဲသြားၿပီး အေမြလည္း ခြဲေပးလုိက္တယ္ ေျပာတယ္။ သူက ေမြးစားအေဖနဲ႔ အတူေန ျပဳစုခဲ့တာလုိ႔ ေျပာတာပဲ''

''သူေျပာတဲ့အတုိင္း တရားဝင္ ကြာရွင္းၿပီး ပစၥည္းခန္းပါ ခြဲေဝၿပီးၿပီ ဆုိရင္ေတာ့ အခု အိမ္နဲ႔ ေျမဟာ ေမြးစားသားက ရပိုင္ခြင့္ရွိမွာျဖစ္တယ္။ ဒီေတာ့ အစစအရာရာ အေသးစိတ္စုံစမ္းၿပီးမွ ဝယ္သင့္တယ္ သူငယ္ခ်င္း''ဟု အႀကံျပဳ ေဆြးေႏြးေပးလုိက္ရင္း ဗဟုသုတ အျဖစ္ ေရးသားလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : ထီယု(ဥပေဒအတိုင္ပင္ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service