အိမ်တွင်းမှာ အသက်ရှူပြဿနာတွေ ကင်းဝေးစေဖို့ ...

အိမ်တွင်းမှာ အသက်ရှူပြဿနာတွေ ကင်းဝေးစေဖို့ ... - Property Knowledge in Myanmar from iMyanmarHouse.com
30 Jul 2022 11:08 am တွင် တင်ခဲ့သည်
595 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

1. အိမ်ထဲကို အပြင်က လေလေးတွေ ဝင်အောင်လုပ်ပါ။

အိမ်တွေမှာ လေဝင်လေထွက်ကောင်းဖို့ အရေးကြီးပါတယ်။ ဒီတော့ ရာသီဥတုကောင်းပြီးတော့ အပြင်မှာ ပန်းဝတ်မှုန်တွေ ပျံ့နေတာလည်း နည်းလာပြီး အမှုန်တွေလည်း နည်းလာပြီဆိုရင်တော့ ပြတင်းပေါက်တွေနဲ့ တံခါးတွေကို ဖွင့်ထားပါ။ အထူးသဖြင့်တော့ ဆေးသုတ်ထားတဲ့၊ ချက်ပြုတ်တဲ့ အနံ့တွေရှိနေရင် တံခါးတွေဖွင့်ထားဖို့ လိုပါတယ်။

 

2. ရိုးရှင်းတဲ့ အိမ်သန့်ရှင်းရေးပစ္စည်းတွေကိုပဲ သုံးပါ။

တချို့အိမ်သန့်ရှင်းရေးပစ္စည်းတွေမှာ ဓာတုပစ္စည်းပြင်းပြင်းတွေပါလို့ အသက်ရှူပြဿနာတွေ (သို့) ဓာတ်မတည့်တာတွေနဲ့ ပန်းနာရင်ကြပ်ထတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီပစ္စည်းတွေဝယ်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပြီး အငွေ့ပြန်စေမယ့် ဓာတ်ပေါင်းတွေ၊ အမွှေးနံ့တွေနဲ့ မီးလောင်လွယ်တာတွေပါရင် မဝယ်ပါနဲ့။ ရိုးရိုးဆပ်ပြာတောင့်၊ ရေ၊ ရှာလကာရည် (သို့) မုန့်ဖုတ်ဆိုဒါတွေ သုံးပြီး ကိုယ့်ဟာကိုယ်လုပ်လို့လည်း ရပါတယ်။

 

3. အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေ

အထူးသဖြင့် ကိုယ့်ရဲ့အိမ်က လေဝင်လေထွက် မကောင်းဘူးဆိုရင် ဒီအပင်လေးတွေက အလှဆင်တယ်ဆိုတာထက် ပိုပြီးအကျိုးရှိပါတယ်။ ဒီအပင်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ဖယ်ရှားပေးပြီးတော့ အောက်ဆီဂျင် ထုတ်ပေးရုံသာမကဘဲနဲ့ တချို့အပင်တွေဆိုရင် လေထဲက ဓာတုအငွေ့တွေကိုတောင်မှ ဖယ်ပေးနိုင်ပါတယ်။ ဒီထဲကမှ စိုက်ရလွယ်ပြီးတော့ ကျန်းမာရေးအတွက်ကောင်းတဲ့ အပင်တွေကတော့ English ivy, ficus trees, peace lilies နဲ့ အချို့သော ထန်းပင်အမျိုးအစားတွေ ဖြစ်ပါတယ်။

 

4. အဲကွန်းတွေ၊ heater တွေက ဇကာလေးတွေ

အဲကွန်းက ဇကာလေးက ညစ်ပတ်နေရင် လေဝင်လေထွက် ကောင်းသင့်သလောက် မကောင်းတော့ဘဲ မှိုတွေ တက်လာပြီးတော့ ညစ်ပတ်နေနိုင်ပါတယ်။ ဒီတော့ ဒါကို အနည်းဆုံး ၃ လတစ်ကြိမ် လဲပြီး သေချာဆေးပေးပါ။ မိသားစုထဲမှာ ပန်းနာရင်ကြပ်ရှိရင်၊ ဓာတ်မတည့်တတ်တဲ့သူတွေရှိရင် တစ်လတစ်ခါ စစ်ကြည့်သင့်ပါတယ်။ ကျွမ်းကျင်တဲ့သူကိုခေါ်ပြီးတော့ တစ်နှစ်တစ်ကြိမ် စစ်ဖို့လိုပါတယ်။

 

5. ရေချိုးခန်းတွေ

အိမ်ထဲမှာ မှိုတွေရှိနေပြီဆိုရင် ဒီက အမှုန်သေးသေးလေးတွေက လေထဲမှာ လွင့်နေပြီးတော့ နှာခေါင်းတွေ၊ လည်ချောင်းတွေထဲကို ဝင်နိုင်ပါတယ်။ ဒီအခါမှာ ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ နှာချေ၊ ချောင်းဆိုးခြင်းနဲ့ အခြားအသက်ရှူပြဿနာတွေကို ကြုံတွေ့စေနိုင်ပါတယ်။ မှိုတွေက စိုစွတ်တဲ့နေရာတွေမှာ ဖြစ်တတ်လို့ ရေချိုးခန်းကို တတ်နိုင်သမျှ ခြောက်သွေ့အောင််ထားပါ။ ရေချိုးပြီးရင် ပန်ကာဖွင့်တာဖြစ်ဖြစ်၊ ပြတင်းပေါက်ဖွင့်ထားတာဖြစ်ဖြစ် လုပ်ပါ။ ပြီးရင် စိုနေတဲ့တဘက်တွေနဲ့ လျှော်ပြီးသားအဝတ်တွေကို သေချာလှန်းပါ။ ရေပိုက်ခေါင်းတွေနဲ့ တခြားနေရာတွေမှာ မှိုစွဲနေတာတွေ့ရင် မကြာခဏ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။

 

6. ရှူးရှူးဖြန်းတဲ့ လေသန့်စင်စေတဲ့ဟာတွေကို တတ်နိုင်ရင် မသုံးပါနဲ့။

ဒီကထွက်တဲ့ မွှေးတဲ့အနံ့တွေကတောင်မှ ဒုက္ခပေးနိုင်ပါတယ်။ တချို့တွေမှာဆိုရင် နှာခေါင်းနဲ့ လည်ချောင်းကို ထိခိုက်စေနိုင်တဲ့ပစ္စည်းတွေ ပါ,ပါတယ်။

 

7. လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုပဲ ထားပါ။

ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကို အကြာကြီးထားထားရင် မှိုတက်လာနိုင်ပါတယ်။ ဒါကြောင့် သိမ်းထားတဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို မကြာခဏစစ်ကြည့်ပြီး မှိုတက်နေပြီဆိုရင် လွှင့်ပစ်လိုက်ပါ။ ဒါတွေကို ပိုပြီးကြာရှည်ခံဖို့အတွက်ဆိုရင် ရေမဆေးဘဲ သိမ်းပါ။ စားခါနီးမှပဲ ရေဆေးစားပါ။ လတ်ဆတ်လား၊ မလတ်ဆတ်လား မသေချာရင် လွှင့်ပစ်လိုက်ပါ။

 

8. ပိုးဟပ်တွေ

ဒီအကောင်တွေက သေသွားရင်တောင်မှ ဒုက္ခပေးနိုင်ပါတယ်။ သေသွားတဲ့အခါမှာ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေ အစစကွဲပြီးတော့ လေထဲပါနိုင်သလို သူတို့ရဲ့ချေးတွေလည်း လေထဲလွင့်နေပြီးတော့ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေ၊ အခြားချည်ထည်တွေမှာ ကပ်နေပြီးတော့ ပန်းနာရင်ကြပ်ထတာနဲ့ ဓာတ်မတည့်တာတွေ ဖြစ်နို်င်ပါတယ်။

 

9. ယိုစိမ့်မှုတွေ

ဘေစင်တွေ၊ အိမ်သာတွေ၊ ရေချိုးခန်းတွေ၊ ပန်းကန်ဆေးစက်တွေနဲ့ ရေခဲသေတ္တာတွေမှာ ယိုစိမ့်မှုတွေဖြစ်ရင် ရေတွေထွက်လာပြီးတော့ အိုင်နေတဲ့အခါမှာ မှိုတွေ၊ ပိုးဟပ်တွေ စတဲ့ ပြဿနာတွေဖြစ်လာနိုင်လို့ ဒီလိုဖြစ်ရင် ချက်ချင်းပြင်ဖို့ လိုပါတယ်။

 

10. အစားအစာ အကြွင်းအကျန်တွေ

ပိုးဟပ်တွေက ရေထက် အစားအစာတွေကို ပိုကြိုက်ပါတယ်။ စားပြီးသား ပန်းကန်တွေကို မဆေးဘဲထားရင် သေချာလုံအောင် အုပ်ထားပါ။ အစားအစာတွေ လွှင့်ပစ်ရင်လည်း အဖုံးသေချာဖုံးထားတဲ့ အမှိုက်ပုံးထဲကို ပစ်ပါ။

 

11. အိမ်မွေးတိရစၧာန်တွေ

ခွေးလေး၊ ကြောင်လေးတွေရဲ့ အမွေးတွေနဲ့ သူတို့အပြင်ကနေ သယ်လာတဲ့ ဓာတ်မတည့်စေတဲ့အရာတွေကြောင့် အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ သူတို့ကို အိပ်ခန်းအပြင်ဘက်မှာ ထားပြီးတော့ အိပ်ခန်းထဲ မဝင်ခိုင်းတာ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ ရေမှန်မှန် ချိုးပေးပြီးတော့ သူတို့နေတတ်တဲ့နေရာတွေကို သေချာသန့်ရှင်းရေးလုပ်ပါ၊ ဖုန်စုပ်ပါ။

 

12. သန့်ရှင်းရေးလုပ်ရင် ကျန်ခဲ့တတ်တဲ့နေရာတွေ

ဗီရိုအပေါ်တွေနဲ့ တခြားနေရာတော်တော်များများကို သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ပါတယ်။ ဒီနေရာတွေကို ဆပ်ပြာရေနွေးနွေးနဲ့ မကြာခဏ ပွတ်ပေးပါ။ အိမ်မွေးတိရစၧာန်ကို အစာကျွေးတဲ့ခွက်ကိုလည်း နေ့တိုင်းဆေးကြောပြီးတော့ အဆီတွေ၊ အစာတွေ၊နဲ့ ရေတွေ တင်နေနိုင်တဲ့ အခြားနေရာတွေကိုလည်း သေချာကြည့်ပါ။

 

13. အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေ

အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ၊ စောင်တွေကို တစ်ပတ်တစ်ခါ အပူချိန် 130°F ရှိတဲ့ ရေပူထဲမှာ လျှော်ပေးရင် ဖုန်တွေ၊ မှိုတွေ၊ သန်းတွေနဲ့ တခြားအရာတွေကို ဖယ်ရှားပေးရာ ရောက်ပါတယ်။

 

14. ပရိဘောဂပစ္စည်းတွေ

ချည်တွေမှာ အမှုန်တွေနဲ့ တခြားဓာတ်မတည့်စေတဲ့အရာတွေ ကပ်နေနိုင်တဲ့အတွက် အိမ်မှာ သုံးမယ်ဆိုရင် တတ်နို်င်သမျှ သားရည်တွေနဲ့ ဗီနိုင်းသားတွေ သုံးပါ။

 

15. ကြမ်းပြင်တွေ

သစ်သားလိုမျိုးမာတဲ့ ကြမ်းပြင်တွေမှာ ကော်ဇောတွေလိုမျိုး အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနို်င်တဲ့အရာတွေ စုပုံမနေနိုင်ပါဘူး။ ကော်ဇော ခင်းထားရင်တော့ တစ်ပတ်တစ်ခါ ဖုန်စုပ်ပေးဖို့ လိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Dr. Mya Myo Myo Swe

 

 

 

 

[Zawgyi]

 

အိမ္တြင္းမွာ အသက္႐ွဴျပႆနာေတြ ကင္းေဝးေစဖို႔ ...

 

1. အိမ္ထဲကို အျပင္က ေလေလးေတြ ဝင္ေအာင္လုပ္ပါ။

အိမ္ေတြမွာ ေလဝင္ေလထြက္ေကာင္းဖို႔ အေရးႀကီးပါတယ္။ ဒီေတာ့ ရာသီဥတုေကာင္းၿပီးေတာ့ အျပင္မွာ ပန္းဝတ္မႈန္ေတြ ပ်ံ႕ေနတာလည္း နည္းလာၿပီး အမႈန္ေတြလည္း နည္းလာၿပီဆိုရင္ေတာ့ ျပတင္းေပါက္ေတြနဲ႔ တံခါးေတြကို ဖြင့္ထားပါ။ အထူးသျဖင့္ေတာ့ ေဆးသုတ္ထားတဲ့၊ ခ်က္ျပဳတ္တဲ့ အနံ႔ေတြ႐ွိေနရင္ တံခါးေတြဖြင့္ထားဖို႔ လိုပါတယ္။

 

2. ႐ိုး႐ွင္းတဲ့ အိမ္သန္႔႐ွင္းေရးပစၥည္းေတြကိုပဲ သုံးပါ။

တခ်ိဳ႕အိမ္သန္႔႐ွင္းေရးပစၥည္းေတြမွာ ဓာတုပစၥည္းျပင္းျပင္းေတြပါလို႔ အသက္႐ွဴျပႆနာေတြ (သို႔) ဓာတ္မတည့္တာေတြနဲ႔ ပန္းနာရင္ၾကပ္ထတာေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီပစၥည္းေတြဝယ္မယ္ဆိုရင္ ပါဝင္ပစၥည္းေတြကို ေသခ်ာဖတ္ၿပီး အေငြ႕ျပန္ေစမယ့္ ဓာတ္ေပါင္းေတြ၊ အေမႊးနံ႔ေတြနဲ႔ မီးေလာင္လြယ္တာေတြပါရင္ မဝယ္ပါနဲ႔။ ႐ိုး႐ိုးဆပ္ျပာေတာင့္၊ ေရ၊ ႐ွာလကာရည္ (သို႔) မုန္႔ဖုတ္ဆိုဒါေတြ သုံးၿပီး ကိုယ့္ဟာကိုယ္လုပ္လို႔လည္း ရပါတယ္။

 

3. အိမ္ထဲမွာ စိုက္လို႔ရတဲ့ အပင္ေလးေတြ

အထူးသျဖင့္ ကိုယ့္ရဲ႕အိမ္က ေလဝင္ေလထြက္ မေကာင္းဘူးဆိုရင္ ဒီအပင္ေလးေတြက အလွဆင္တယ္ဆိုတာထက္ ပိုၿပီးအက်ိဳး႐ွိပါတယ္။ ဒီအပင္ေလးေတြက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြကို ဖယ္႐ွားေပးၿပီးေတာ့ ေအာက္ဆီဂ်င္ ထုတ္ေပး႐ုံသာမကဘဲနဲ႔ တခ်ိဳ႕အပင္ေတြဆိုရင္ ေလထဲက ဓာတုအေငြ႕ေတြကိုေတာင္မွ ဖယ္ေပးႏိုင္ပါတယ္။ ဒီထဲကမွ စိုက္ရလြယ္ၿပီးေတာ့ က်န္းမာေရးအတြက္ေကာင္းတဲ့ အပင္ေတြကေတာ့ English ivy, ficus trees, peace lilies နဲ႔ အခ်ိဳ႕ေသာ ထန္းပင္အမ်ိဳးအစားေတြ ျဖစ္ပါတယ္။

 

4. အဲကြန္းေတြ၊ heater ေတြက ဇကာေလးေတြ

အဲကြန္းက ဇကာေလးက ညစ္ပတ္ေနရင္ ေလဝင္ေလထြက္ ေကာင္းသင့္သေလာက္ မေကာင္းေတာ့ဘဲ မိႈေတြ တက္လာၿပီးေတာ့ ညစ္ပတ္ေနႏိုင္ပါတယ္။ ဒီေတာ့ ဒါကို အနည္းဆုံး ၃ လတစ္ႀကိမ္ လဲၿပီး ေသခ်ာေဆးေပးပါ။ မိသားစုထဲမွာ ပန္းနာရင္ၾကပ္႐ွိရင္၊ ဓာတ္မတည့္တတ္တဲ့သူေတြ႐ွိရင္ တစ္လတစ္ခါ စစ္ၾကည့္သင့္ပါတယ္။ ကြၽမ္းက်င္တဲ့သူကိုေခၚၿပီးေတာ့ တစ္ႏွစ္တစ္ႀကိမ္ စစ္ဖို႔လိုပါတယ္။

 

5. ေရခ်ိဳးခန္းေတြ

အိမ္ထဲမွာ မိႈေတြ႐ွိေနၿပီဆိုရင္ ဒီက အမႈန္ေသးေသးေလးေတြက ေလထဲမွာ လြင့္ေနၿပီးေတာ့ ႏွာေခါင္းေတြ၊ လည္ေခ်ာင္းေတြထဲကို ဝင္ႏိုင္ပါတယ္။ ဒီအခါမွာ ဓာတ္မတည့္တဲ့လကၡဏာေတြျဖစ္တဲ့ ႏွာေခ်၊ ေခ်ာင္းဆိုးျခင္းနဲ႔ အျခားအသက္႐ွဴျပႆနာေတြကို ၾကဳံေတြ႕ေစႏိုင္ပါတယ္။ မိႈေတြက စိုစြတ္တဲ့ေနရာေတြမွာ ျဖစ္တတ္လို႔ ေရခ်ိဳးခန္းကို တတ္ႏိုင္သမွ် ေျခာက္ေသြ႕ေအာင္္ထားပါ။ ေရခ်ိဳးၿပီးရင္ ပန္ကာဖြင့္တာျဖစ္ျဖစ္၊ ျပတင္းေပါက္ဖြင့္ထားတာျဖစ္ျဖစ္ လုပ္ပါ။ ၿပီးရင္ စိုေနတဲ့တဘက္ေတြနဲ႔ ေလွ်ာ္ၿပီးသားအဝတ္ေတြကို ေသခ်ာလွန္းပါ။ ေရပိုက္ေခါင္းေတြနဲ႔ တျခားေနရာေတြမွာ မိႈစြဲေနတာေတြ႕ရင္ မၾကာခဏ သန္႔႐ွင္းေရးလုပ္ေပးဖို႔ လိုပါတယ္။

 

6. ႐ွဴး႐ွဴးျဖန္းတဲ့ ေလသန္႔စင္ေစတဲ့ဟာေတြကို တတ္ႏိုင္ရင္ မသုံးပါနဲ႔။

ဒီကထြက္တဲ့ ေမႊးတဲ့အနံ႔ေတြကေတာင္မွ ဒုကၡေပးႏိုင္ပါတယ္။ တခ်ိဳ႕ေတြမွာဆိုရင္ ႏွာေခါင္းနဲ႔ လည္ေခ်ာင္းကို ထိခိုက္ေစႏိုင္တဲ့ပစၥည္းေတြ ပါ,ပါတယ္။

 

7. လတ္ဆတ္တဲ့ ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးေတြကိုပဲ ထားပါ။

ဟင္းသီးဟင္း႐ြက္ေတြ သစ္သီးေတြကို အၾကာႀကီးထားထားရင္ မိႈတက္လာႏိုင္ပါတယ္။ ဒါေၾကာင့္ သိမ္းထားတဲ့ ဟင္းသီးဟင္း႐ြက္နဲ႔သစ္သီးေတြကို မၾကာခဏစစ္ၾကည့္ၿပီး မိႈတက္ေနၿပီဆိုရင္ လႊင့္ပစ္လိုက္ပါ။ ဒါေတြကို ပိုၿပီးၾကာ႐ွည္ခံဖို႔အတြက္ဆိုရင္ ေရမေဆးဘဲ သိမ္းပါ။ စားခါနီးမွပဲ ေရေဆးစားပါ။ လတ္ဆတ္လား၊ မလတ္ဆတ္လား မေသခ်ာရင္ လႊင့္ပစ္လိုက္ပါ။

 

8. ပိုးဟပ္ေတြ

ဒီအေကာင္ေတြက ေသသြားရင္ေတာင္မွ ဒုကၡေပးႏိုင္ပါတယ္။ ေသသြားတဲ့အခါမွာ သူတို႔ရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းေလးေတြ အစစကြဲၿပီးေတာ့ ေလထဲပါႏိုင္သလို သူတို႔ရဲ႕ေခ်းေတြလည္း ေလထဲလြင့္ေနၿပီးေတာ့ အိပ္ရာခင္းေတြ၊ ေခါင္းအုံးေတြ၊ အျခားခ်ည္ထည္ေတြမွာ ကပ္ေနၿပီးေတာ့ ပန္းနာရင္ၾကပ္ထတာနဲ႔ ဓာတ္မတည့္တာေတြ ျဖစ္ႏို္င္ပါတယ္။

 

9. ယိုစိမ့္မႈေတြ

ေဘစင္ေတြ၊ အိမ္သာေတြ၊ ေရခ်ိဳးခန္းေတြ၊ ပန္းကန္ေဆးစက္ေတြနဲ႔ ေရခဲေသတၱာေတြမွာ ယိုစိမ့္မႈေတြျဖစ္ရင္ ေရေတြထြက္လာၿပီးေတာ့ အိုင္ေနတဲ့အခါမွာ မိႈေတြ၊ ပိုးဟပ္ေတြ စတဲ့ ျပႆနာေတြျဖစ္လာႏိုင္လို႔ ဒီလိုျဖစ္ရင္ ခ်က္ခ်င္းျပင္ဖို႔ လိုပါတယ္။

 

10. အစားအစာ အႂကြင္းအက်န္ေတြ

ပိုးဟပ္ေတြက ေရထက္ အစားအစာေတြကို ပိုႀကိဳက္ပါတယ္။ စားၿပီးသား ပန္းကန္ေတြကို မေဆးဘဲထားရင္ ေသခ်ာလုံေအာင္ အုပ္ထားပါ။ အစားအစာေတြ လႊင့္ပစ္ရင္လည္း အဖုံးေသခ်ာဖုံးထားတဲ့ အမိႈက္ပုံးထဲကို ပစ္ပါ။

 

11. အိမ္ေမြးတိရစၧာန္ေတြ

ေခြးေလး၊ ေၾကာင္ေလးေတြရဲ႕ အေမြးေတြနဲ႔ သူတို႔အျပင္ကေန သယ္လာတဲ့ ဓာတ္မတည့္ေစတဲ့အရာေတြေၾကာင့္ အဆုတ္ကို ထိခိုက္ေစႏိုင္ပါတယ္။ သူတို႔ကို အိပ္ခန္းအျပင္ဘက္မွာ ထားၿပီးေတာ့ အိပ္ခန္းထဲ မဝင္ခိုင္းတာ အေကာင္းဆုံးပါပဲ။ ဒီလိုမွမဟုတ္ရင္ေတာ့ ေရမွန္မွန္ ခ်ိဳးေပးၿပီးေတာ့ သူတို႔ေနတတ္တဲ့ေနရာေတြကို ေသခ်ာသန္႔႐ွင္းေရးလုပ္ပါ၊ ဖုန္စုပ္ပါ။

 

12. သန္႔႐ွင္းေရးလုပ္ရင္ က်န္ခဲ့တတ္တဲ့ေနရာေတြ

ဗီ႐ိုအေပၚေတြနဲ႔ တျခားေနရာေတာ္ေတာ္မ်ားမ်ားကို သန္႔႐ွင္းေရးလုပ္ဖို႔ ေမ့တတ္ပါတယ္။ ဒီေနရာေတြကို ဆပ္ျပာေရေႏြးေႏြးနဲ႔ မၾကာခဏ ပြတ္ေပးပါ။ အိမ္ေမြးတိရစၧာန္ကို အစာေကြၽးတဲ့ခြက္ကိုလည္း ေန႔တိုင္းေဆးေၾကာၿပီးေတာ့ အဆီေတြ၊ အစာေတြ၊နဲ႔ ေရေတြ တင္ေနႏိုင္တဲ့ အျခားေနရာေတြကိုလည္း ေသခ်ာၾကည့္ပါ။

 

13. အိပ္ရာခင္းနဲ႔ ေခါင္းအုံးစြပ္ေတြ

အိပ္ရာခင္းေတြ၊ ေခါင္းအုံးစြပ္ေတြ၊ ေစာင္ေတြကို တစ္ပတ္တစ္ခါ အပူခ်ိန္ 130°F ႐ွိတဲ့ ေရပူထဲမွာ ေလွ်ာ္ေပးရင္ ဖုန္ေတြ၊ မိႈေတြ၊ သန္းေတြနဲ႔ တျခားအရာေတြကို ဖယ္႐ွားေပးရာ ေရာက္ပါတယ္။

 

14. ပရိေဘာဂပစၥည္းေတြ

ခ်ည္ေတြမွာ အမႈန္ေတြနဲ႔ တျခားဓာတ္မတည့္ေစတဲ့အရာေတြ ကပ္ေနႏိုင္တဲ့အတြက္ အိမ္မွာ သုံးမယ္ဆိုရင္ တတ္ႏို္င္သမွ် သားရည္ေတြနဲ႔ ဗီႏိုင္းသားေတြ သုံးပါ။

 

15. ၾကမ္းျပင္ေတြ

သစ္သားလိုမ်ိဳးမာတဲ့ ၾကမ္းျပင္ေတြမွာ ေကာ္ေဇာေတြလိုမ်ိဳး အသက္႐ွဴလမ္းေၾကာင္းကို ထိခိုက္ေစႏို္င္တဲ့အရာေတြ စုပုံမေနႏိုင္ပါဘူး။ ေကာ္ေဇာ ခင္းထားရင္ေတာ့ တစ္ပတ္တစ္ခါ ဖုန္စုပ္ေပးဖို႔ လိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: Dr. Mya Myo Myo Swe

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service