အမေရိကန်ရှိ အိမ်တစ်လုံး နှစ် (၆၀) အခမဲ့ နေထိုင်ခွင့်ရမည့် အခွင့်အလမ်း
အမေရိကန်ရှိ အိမ်တစ်လုံး နှစ် (၆၀) အခမဲ့ နေထိုင်ခွင့်ရမည့် အခွင့်အလမ်း - Property News in Myanmar from iMyanmarHouse.com
25 Jul 2022 10:25 am တွင် တင်ခဲ့သည်
843 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စုတွင် အိပ်ခန်း ၆ ခန်းပါ နေအိမ်တစ်လုံးကို အခမဲ့ရရှိမည့် အခွင့်အရေးတစ်ခု ပေါ်ပေါက်နေသည်။
သို့သော် သတိပြုစရာအချက်တစ်ခု ရှိနေသည်။
ပရိဘောဂမပါသော်လည်း လှပသည့်အဆိုပါနေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ Maine ပြည်နယ်၊ ဝါရှင်တန်ခရိုင်၊ Calais မြို့တွင် တည်ရှိပြီး စိန့် Croix Island နိုင်ငံတကာ သမိုင်းဝင်နေရာ အမျိုးသားဥယျာဉ် အတွင်း တည်ရှိနေခြင်း ဖြစ်သည်။
(McGlashan-Nickerson အမည်ရှိ သမိုင်းဝင်စံအိမ်မှာ Maine ၏ အထင်ကရ ပြယုဂ်တစ်ခုဖြစ်သည်)
(အီတလီဗိသုကာဟန်ဖြင့် ၁၈၈၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်)
(ခြံဝန်းအကျယ်မှာ ၁ ဒသမ ၅ ဧကရှိသည်)
( ၂ ထပ် ပျဉ်ထောင်အိမ်ဖြစ်ပြီး နေအိမ်အကျယ်အဝန်း ၅၄၀၀ စတုရန်းပေ ရှိသည်)
သို့သော် သတိပြုရမည့်အချက်ကား အဆိုပါနေအိမ်သည် ဂရုတစိုက် ပြုပြင်ထိန်းသိမ်းမှုများ များစွာပြုလုပ်ရန် လိုအပ်ခြင်း ဖြစ်သည်။
ယင်းနေအိမ်ကို စာချုပ်စာတမ်းဖြင့် အခမဲ့အငှားချထားပေးမည်ဖြစ်ကာ ရယူနေထိုင်မည့်သူအနေဖြင့် နေထိုင်ရုံ နေအိမ်သက်သက်အဖြစ်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။
သို့သော် နေအိမ်ကို ကာလကြာရှည် ငွေကြေးသုံးစွဲမှုများပြုလုပ်ကာ မွမ်းမံပြင်ဆင်မှုများပြုလုပ်ပေးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။
သမိုင်းဝင်ရှေးဟောင်းနေအိမ်များ ထိန်းသိမ်းလိုစိတ်ရှိသူများအတွက်မူ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်။
အဆိုပါစံအိမ်ကို စကော့တလန်မှ လာရောက်အခြေချခဲ့သည့် George G. McGlashan က ၁၈၈၃ ခုနှစ်တွင် အီတလီဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့သည်။
နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ဒုတိယထပ်တွင် အိပ်ခန်း ၃ ခန်းပါဝင်သည်။ ပထမထပ်တွင် ရှေ့နောက် ဧည့်ခန်း၊ ညစာစားခန်း၊ မီးဖိုဆောင်တို့ရှိပြီး ၂ ထပ်လုံးတွင် ရေချိုးခန်းများ ပါဝင်သည်။
အီတလီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောစံအိမ်တွင် ပုံသွင်းထားသောတံခါးမကြီးများ၊ ပြတင်းများ၊ ၄ ကွက်ဖော် တံခါးများနှင့် ကြွေပြားကပ် မီးလင်းဖိုများ ပါဝင်သည်။
ခြံဝန်းအတွင်းရှိ စတုရန်းပေ ၇၅၀ ရှိသော စပါးကျီတွင်လည်း ကြီးမားသောလျှောတံခါး၊ ပစ္စည်းပစ္စယများ အသွင်းအထုတ်ပြုလုပ်ရာ တံခါးမကြီး နှင့် မြင်းဇောင်း ၃ ခု ပါသည်။
ခြံအကျယ်မှာ ၁ ဒသမ ၅ ဧကရှိပြီး ကျောက်စရစ်လမ်းနှင့် ကားရပ်နားရန်နေရာတစ်ခုတို့ရှိသည်။
ရယူနေထိုင်မည့် ပိုင်ရှင်သစ်အနေဖြင့် နှစ် ၆၀ နှင့်အထက် အခမဲ့နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။
အခြားသိရှိထားရမည့်အချက်မှာ အချိန်ကာလသတ်မှတ်ချက်ဖြစ်သည်။ ယခုစံအိမ်ကို ရယူနေထိုင်မည့်သူများအနေဖြင့် နှစ် ၆၀ နှင့်အထက် ငှားရမ်းသုံးစွဲခွင့် ရရှိမည် ဖြစ်သည်။
စံအိမ်ကို လူနေအိမ်၊ ရုံးခန်း၊ အပန်းဖြေစခန်း၊ နွေရာသီစံအိမ်အစရှိသဖြင့် အမျိုးမျိုး အသုံးပြုခွင့်ပေးထားသည်။
ထိုစံအိမ်တွင် နေထိုင်လိုကြောင်း လျှောက်ထားမည့်သူများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးထားကာ လျှောက်ထားနိုင်သည်ဟု သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ အင်တာနက်လင့်ခ်မှတဆင့် လျှောက်ထားနိုင်သည်။
https://www.nps.gov/articles/mcglashan-nickerson-house.htm
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Incredible 6-bedroom home ‘frozen in time’ could be yours FOR FREE – but there’s a catch
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service