ဖေဖေရွတ်၍ ရခဲ့သော နှလုံးလှကဗျာများ(၈) လျော့တွက်၍မရသော ကလေးတို့၏သင်ယူနိုင်စွမ်း

ဖေဖေရွတ်၍ ရခဲ့သော နှလုံးလှကဗျာများ(၈) လျော့တွက်၍မရသော ကလေးတို့၏သင်ယူနိုင်စွမ်း - Property Knowledge in Myanmar from iMyanmarHouse.com
22 Jul 2022 10:28 am တွင် တင်ခဲ့သည်
781 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဒီဆောင်းပါးလေးတွေက ရင်သွေးငယ်တွေပိုင်ဆိုင်ထားတဲ့ မိဖတွေအတွက် ဦးတည်ပြီး ရေးခြင်းဖြစ်ပါသည်။ မိဖတိုင်းလည်း ကိုယ့်ရင်သွေးလေးတွေကို ဘယ်လိုပုံဖော်ချင်တယ်ဆိုတာ စိတ်မှာရှိကြပြီးသားဖြစ်ကြမှာပါ။

ကိုယ်တတ်နိုင်သည့် ပုံစံလေးများနှင့် ကိုယ့်ရင်သွေးတိုင်းကို မိဖတိုင်းပုံဖော်ခွင့်ရှိကြသည်။ အကုန်အကျ အနည်းဆုံးနှင့် မိဖနှင့်သားသမီးတို့ရဲ့ နွေးထွေးသောဆက်ဆံရေးလေးနှင့် သင်ကြားမှုကို ကျွန်တော်တို့ နေ့စဉ်လုပ်နိုင်ပါသည်။

ကျောင်းမထားမီ စကားပြောတတ် ဆိုတတ်ဖြစ်သည့် ၁နှစ်ခွဲကျော် အရွယ်လောက်ကစပြီး ကိုယ့်ရင်သွေးလေး တွေကို သူတို့အရွယ်နှင့် လိုက်ဖက်သည့် သင်ကြားမှုလေးတွေကို စတင်ကြည့်မိသည်။မိမိထင်သည်ထက် ကလေးများသည် အကြားအာရုံနှင့်လည်းကောင်း၊အမြင်အာရုံနှင့်လည်းကောင်း ကောင်းစွာသင်ယူတတ်မြောက် ကြသည်ကိုတွေ့ရသည်။

တစ်ခါတစ်ရံ သင်ယူနိုင်ပါ့မလားဟု အထင်ရောက်သော ကိစ္စရပ်များကိုပင် မိမိတို့မသိလိုက်ဘဲ သူတို့က သင်ယူပြီးနေကြသည်ကို တွေ့ရသည်။ထိုကဲ့သို့သောကိစ္စရပ်များ ကြုံလာသောအခါ မိမိရင်သွေးတို့ကို အမှတ်မဲ့ မထားဘဲ သင်ကြားပေးမှုကို သေချာလေးလုပ်ဆောင်ပေးသင့်ကြပါသည်။

မြန်မာစကားပြော ကာတွန်းအခွေများဝယ်ပြီး စီဒီပြားပေါ်တွင် ပါဝင်သောဇာတ်ကားနံပါတ်စဉ်တို့ကို ရှာဖွေရ မခက်စေရန် ကျွန်တော်ကရေးထားသည်။ ထိုအခွေကို သမီးငယ်ကမှတ်ထားသည်။ စာကတစ်လုံးမှ မတတ်သေးပါဘဲနှင့် အခွေကြည့်ချင်လျှင် သူကြိုက်သည့်အခွေကို သူ့ဟာသူရွေးခိုင်လိုက်ရာ အတော်များများသည် ရွေးတာနှင့်ပြောတာ မှန်ကန်နေသည်ကိုတွေ့ရသည်။

မိဖများဘုရားရှိခိုးနေစဉ် ဘေးမှာလာကစားရင်း သူ့နားတွင်ကြားသည့် အသံကိုမှတ်သားထားပုံရသည်။ သူ့ဟာသူ ဩကာသ ဩကာသနှင့်ဆိုနေရာ ကျွန်တော်တို့လည်းသတိထားမိပြီး သေချာသင်ပေးရတော့သည်။

တစ်ခါတွင် မိခင်ဖြစ်သူက စိန်ရောင်ခြည်ဘုရားပင့် ဂါထာတော်ကို ပါဠိနှင့်အနက်ပါရွတ်ဆိုပူဇော်ရာ ထိုရွတ်ဆိုသံကိုကြားပြီး သမီးကလိုက်ပြီးရွတ်ဆိုနေသည်ကိုတွေ့ရတော့သည်။ထိုစိန်ရောင်ခြည်ဘုရားပင့် ဂါထာတော်သည် အေဖိုးဆိုက်တစ်မျက်နှာခန့်ရှိသည်။

ကလေးတွေကို လျော့တွက်၍မရတော့ပါ။ကလေးဦးနှောက်နှင့်မဆံ့မှာဆိုး၍ သင်ကြားမပေးချင်ကြောင်း တချို့ကဆိုကြသည်။ သင်ယူမှုတိုင်းကိုတော့ သူတို့ရေရှည်မှတ်မိချင်မှမှတ်မိကြသည်။ ကောင်းစွာသင်ယူ ထားပြီးသည်များကိုတော့ မိဖများက အမြဲပြန်နွှေးပေးကြရပါသည်။ သူတို့နှင့်အတူ အကြိမ်ကြိမ်လိုက်လံ ရွတ်ဆိုပေးကြရပါလိမ့်မည်။ဒါမှသာလွယ်လွယ်နှင့် မမေ့ပျောက်ဘဲရှိပါလိမ့်မည်။

လယ်တီဆရာတော်ဘုရားကြီး ရေးသားခဲ့သော ခုနစ်နေ့ဘုရားရှိခိုးလင်္ကာများကို ကျွန်တော်တို့ကြီးမှ ရွတ်ဖတ်ပူဇော်လို၍ ကျက်မှတ်ကြရာ ရနိုင်ခဲလှသည်။ထိုခုနစ်နေ့ဘုရားရှိခိုးကို သမီးအားသင်ကြားပေးရာ ကောင်းကောင်းရွတ်ဖတ်ပူဇော်နိုင်သည်ကိုတွေ့ရပါသည်။

ဓမ္မစကူးသင်ရိုးညွှန်းတမ်းစာအုပ်များမှ ဇာတ်ကြောင်းလေးများကိုဖတ်ပြလိုက် ကဗျာလင်္ကာလေးများကို ရွတ်ဆိုပြလိုက်လုပ်ပေးရာ အမှတ်ရနှင့် အသံသာမှုရှိသော ကဗျာလင်္ကာများကို အရင်ဆုံး မှတ်သားထားတတ်သည်ကို တွေ့ရသည်။

ရင်သွေးငယ်တို့သည် အခြားသော ဘာသာစကားတို့ကိုလည်း ထိုသို့ပင်သင်ယူနိုင်စွမ်းရှိကြရာ ကလေးတို့အပေါ် လျော့မတွက်ကြဘဲ ၎င်းတို့သင်ယူနိုင်စွမ်းရှိသမျှ ဂရုတစိုက် သင်ကြားပေးနိုင်ကြဖို့ ကြိုးစားကြရမည်က အုပ်ထိန်းသူမိဖတို့၏ တာဝန်သာဖြစ်ပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 

















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service