အစဉ်အလာကြီးမားခဲ့တဲ့ ဒဂုံမြို့သစ်မြေ

အစဉ်အလာကြီးမားခဲ့တဲ့ ဒဂုံမြို့သစ်မြေ - Property Knowledge in Myanmar from iMyanmarHouse.com
22 Jul 2022 10:24 am တွင် တင်ခဲ့သည်
918 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မြို့သစ်တွေထဲမှာမှ အစဉ်အလာကြီးခဲ့တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် တွေမှာ ပါမစ်မြေကွက်ရောင်းဈေးက အရောင်းအဝယ်ဖြစ်နေဆဲဖြစ်ပါတယ်။

အမည်ပေါက်ရှာ၊ ရှေ့ပြေးဝယ်သူမှာ အမြတ်ရလာ

အဲဒီလို ဝယ်လိုအားများတဲ့ ပါမစ်မြေဈေးကွက်ကြောင့် အိမ်၊ ခြံ၊မြေ အရောင်းအဝယ်ကျွမ်းကျင်တဲ့ ဝယ်ပွဲစား အချို့ကလည်း ရပ်ကွက်အတွင်း ပိုင်ရှင်လာမနေသေးတဲ့ မြေကွက်ပိုင်ရှင်များကို လိုက်လံစုံစမ်းယူကြတယ်။ ဒီလိုစုံစမ်းတဲ့အခါမှာ အချို့ကလည်းစလစ်မြေအဖြစ်သာ ရှိနေသေးတယ်။ မြေချပါမစ် ထုတ်ယူထားခြင်း မရှိသေးတာ တွေ့ရတယ်။

အချို့  မြေကွက် အမည်ပေါက်သူတွေ ကျတော့လည်း မြေချပါမစ်ပျောက်သွားလို့ ပါမစ်စာရွက်စာတမ်းတွေရအောင်လို့ ဆက်လက်ဆောင်ရွက်ရမယ်မသိတာနဲ့ လာမနေသေးတဲ့သူတွေ ရှိနေကြတာကို တွေ့ရတယ်။

ဒီလိုအားနည်းချက်ကို သိထားတဲ့ အိမ်ခြံမြေ  ကျွမ်းကျင်သူတွေက ပိုင်ရှင်အမည်ပေါက်တွေကို အချိန်ပေးပြီး ရအောင်ရှာတယ်။ တွေ့တာနဲ့ မျက်မြင်အခြေအနေအရ ဈေးတစ်ခုသတ်မှတ်ပြီး ဝယ်လိုက်ကြတယ်။ မြေချပါမစ် စာရွက်စာတမ်းများထွက်လာအောင်တော့ ကျွမ်းကျင်သူတွေက သူတို့နည်းသူတို့ဟန်နဲ့ အကုန်ကျခံပြီး ပါမစ်ရအောင် ကြိုးစားယူကြတယ်။

အဲဒီလိုဆောင်ရွက်ကြတဲ့အခါမှာ တရားဝင်ပါမစ်မြေကွက်တွေ ထွက်လာပြီဆိုရင် ကာလပေါက်ဈေးအတိုင်း သိန်း(၁၅၀)မှ သိန်း(၅၀၀)အထိ ဈေးနှုန်းသတ်မှတ်ပြီး ပြန်လည်ရောင်းချကြတယ်လို့ သိရတယ်။

ဒီတော့ သိန်း(၁၀၀)အရင်းပြုပြီး သိန်း(၅၀၀)နဲ့ ပြန်ရောင်းထွက်တယ်ဆိုတော့ စဉ်းစားကြည့်ပါ။ ဒီလိုအမြတ် များများရနိုင်တဲ့လုပ်ငန်းမျိုးက လက်ရှိအချိန်မှာ အခြားမှာမရှိနိုင်သေးဘူးလေ။ ဒါကြောင့် ဘယ်လိုပဲ အခက်အခဲ ရှိပါစေ၊ အိမ်ခြံမြေပါမစ်စာရွက်စာတမ်းတွေရအောင် ကြိုးစားနေကြတယ်လို့ သိရတယ်။

နောက်တစ်မျိုးကတော့ ဂရန်ကတုံးလို့ အရပ်ခေါ်ကြတဲ့ ဂရန်မြေတွေမှာ ဂရန်အမည်ပေါက်မရှိတော့ပဲ နောက်ဆုံးဝယ်ထားသူတွေက အမည်ပေါက်ကို လိုက်လံရှာဖွေပြီးနောက် ရှာမရတဲ့အဆုံး မြေအမည်ပေါက်ကို တရားရုံးမှာ တရားစွဲပြီး ဆင့်ခေါ်ရတာမျိုးဖြစ်ပါတယ်။ အဲလိုမျိုး ဂရန်ကတုံးတွေကိုလည်း နားလည်တတ်ကျွမ်း သူတစ်ချို့က ဈေးနည်းနည်းနဲ့ဝယ်ယူပြီး ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ကြတယ်။

‌နောက်ပိုင်းမှာ အမြတ်များများတင်ပြီး ပြန်ရောင်းကြတာမျိုးဖြစ်လို့ ဒဂုံမြို့သစ်မြေတွေဟာ တန်ဖိုးတော်တော်မြင့် တက်လာတာ ဖြစ်ပါတယ်။ ထို့ကြောင့် အစဉ်အလာကြီးခဲ့တဲ့ ဒဂုံမြို့သစ်မြေတွေဟာ တန်ဖိုးကြီး ဒဂုံမြေအဖြစ်သို့ ရောက်ရှိ နေပြီဖြစ်ပါကြောင်းနှင့် ဝယ်ယူလိုပါက လက်မနှေးပဲ အမြန်စုံစမ်း ဝယ်ယူထားသင့်ကြောင်း လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ၏ ရောင်းကြ၊ ဝယ်ကြ၊ ကိုယ်တွေ့ကြုံရသည့် ဖြစ်ရပ်များစာအုပ်မှ ကိုးကားဖော်ပြ ရေးသား ထားခြင်းဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service