ချောင်းဆိုးရပ်စေဖို့ အိမ်တွင်းကုစားမှု (၇) မျိုး

ချောင်းဆိုးရပ်စေဖို့ အိမ်တွင်းကုစားမှု (၇) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
14 Jul 2022 11:52 am တွင် တင်ခဲ့သည်
17475 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ချောင်းဆိုးခြင်းဟာ တကယ်ကိုပဲ ကောင်းမွန်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ချောင်းဆိုးခြင်းဆိုတာ သင့်လည်ချောင်းက သူ့ကို ယားယံစေတဲ့အရာကို အလိုအလျောက်တုံ့ပြန်ရှင်းလင်းတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

ချောင်းဆိုးခြင်းက သင့်ကို တစ်ညလုံးအိပ်မရဖြစ်စေနိုင်ကာ ယေဘုယျအားဖြင့် သင့်ကို မသက်မသာဖြစ်စေနိုင်တဲ့အပြင် တစ်ခါတစ်ရံဆို ဘယ်တော့မှ ချောင်းဆိုးမပျောက်တော့ဘူးလားလို့တောင် ခံစားရစေပါတယ်။

ချောင်းဆိုးခြင်းအများစုက ကုသစရာမလိုဘဲ သူ့သာသာ ပျောက်ကင်းသွားကြပေမဲ့ မပျောက်သေးခင်အချိန်အတွင်း ခံစားရသက်သာစေဖို့ သဘာဝဆေးများစွာ ရှိပါတယ်။ ဒါကြောင့် ချောင်းဆိုးသက်သာပျောက်ကင်းစေဖို့အတွက် လူတိုင်းအလွယ်တကူ နေအိမ်မှာ အကုန်ကျသက်သက်သာသာ ကိုယ့်ဘာသာ သဘာဝအတိုင်း ကုစားနိုင်တဲ့ နည်းလမ်းလေးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျားရည်အနည်းငယ် သောက်ပါ

ပျားရည်ကြိုက်သူဆိုရင်တော့ ကံကောင်းတာပါပဲ။ ပျားရည်ရောထားတဲ့ သောက်စရာပူပူလေးတွေက ဝေဒနာသက်သာစေနိုင်ကာ ချောင်းဆိုးခြင်းကို သက်တမ်းတိုအချိန်ပိုင်းတွေအတွက် ကုသပေးနိုင်ပါတယ်။ ရေနွေးပူပူလေးတစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည်ပူပူလေးတစ်ခွက်မှာ ပျားရည်နဲ့ သံပရာ (သံပရာကတော့ အနံ့အတွက် သက်သက်ပါ) ရောပြီး သောက်သုံးပေးပါ။

ပျားရည်ကို ဇွန်းထဲထည့်ပြီး သူ့ချည်းသက်သက် လျှာနဲ့လျက်ပေးတာကလည်း ချောင်းဆိုးသက်သာပျောက်ကင်းစေဖို့

ချောင်းဆိုးသက်သာပျောက်ကင်းစေဖို့အကုန်အကျသက်သာတဲ့ နောက်ထပ်အိမ်တွင်းဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ချောင်းဆိုးနေတဲ့ အသက်နှစ်နှစ်နဲ့အထက် ကလေးတွေကို ညအိပ်ရာဝင်ခါနီး ပျားရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းအထိ တိုက်ကျွေးဖို့ Pediatric Clinics of North America ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက အဆိုပြုထားပါတယ်။ ပျားရည်ဟာ ညအချိန်ချောင်းဆိုးခြင်းကို လျော့နည်းစေရုံသာမက အိပ်ရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဒါပေမဲ့ အသက် ၁ နှစ်အောက်ကလေးငယ်လေးတွေကိုတော့ ပျားရည်မတိုက်ကျွေးပါနဲ့နော်။ အခန့်မသင့်ရင် အစာဆိပ်သင့်စေနိုင်လို့ပဲဖြစ်ပါတယ်။

၂။ တံတွေးထွက်ခြင်းကိုလှုံ့ဆော်ရန် ငုံဆေးပြားများနှင့် သကြားလုံးအမာတို့ကို စုပ်ပါ

ပါးစပ်ထဲက စိမ့်ထွက်ရည်တွေနဲ့ တံတွေးဟာ ဘယ်လိုချောင်းဆိုးခြင်းမဆိုကို လျော့စေနိုင်ပါတယ်။ ဗီတာမင်စီ၊ ဇင့် စတာတွေ ပါဝင်တဲ့ ငုံဆေးပြားတွေနဲ့ မာကျောတဲ့သကြားလုံးတွေက တံတွေးကို ကူညီနှိုးဆွပေး ဒါမှမဟုတ် ပါးစပ်ထဲမှာ စိမ့်ထွက်ရည်တွေ တိုးများစေဖို့ ကူညီပေးပါတယ်။ ဒီအိမ်တွင်းဆေးကတော့ ချောင်းခြောက်ဆိုးခြင်းအတွက် အထူးအလုပ်ဖြစ်၊ ထိရောက်ပါတယ်။

၃။ သင့်ကိုယ်ခံအားစနစ်တိုးမြှင့်ရန်နှင့် ရေဓာတ်ဖြည့်တင်းရန်အတွက် အရည်များသောက်ပေးပါ

အရည်မျိုးစုံ အထူးသဖြင့် ရေနွေးပူ၊ ကြက်စွပ်ပြုတ်နဲ့ လက်ဖက်ရည်လိုမျိုး ပူပူနွေးနွေးအရည်တွေကို သောက်ခြင်းက ချောင်းဆိုးခြင်းအတွက် နောက်ထပ်ကောင်းမွန်တဲ့အိမ်တွင်းဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ချောင်းဆိုနေသူအတော်များများဟာ ရေဓာတ်ခမ်းခြောက်လေ့ရှိကြပါတယ်။ ရေဓာတ်ဖြည့်တင်းဖို့အတွက်အပြင် အရည်တွေဟာ သင့်ရဲ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ချောင်းဆိုခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ရောဂါကူးစက်မှုရင်းမြစ်ကို တိုက်ထုတ်နိုင်ဖို့အတွက်ကိုလည်း ကူညီပေးကာ ချောင်းဆိုးခြင်းနဲ့အတူ အဖြစ်များတဲ့ လည်ချောင်းနာခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

၄။ အာလုပ်ကျင်းခြင်းက ချောင်းဆိုးခြင်းအား မြန်မြန်သက်သာပျောက်ကင်းစေနိုင်သည်

အိမ်မှာ ဆားရှိတယ်ဟုတ်? ရေနွေးနွေးလေးထဲကို ဆားအနည်းငယ်ထည့်ပြီး ၎င်းဆားပျော်ရည်နဲ့ အာလုပ်ကျင်း‌ပေးပါ။ ဒီလိုမျိုးအာလုပ်ကျင်းခြင်းဟာ အသက်ရှူလမ်းကြောင်းအထက်ပိုင်းကူးစက်ရောဂါတွေရဲ့ ရောဂါလက္ခဏာတွေကို အားပျော့စေနိုင်ကာ ၎င်းကူးစက်ရောဂါကို နေရာထပ်မပျံ့လာအောင်ပါ တားဆီးပေးနိုင်ကြောင်း American Journal of Preventive Medicine ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

၅။ ဝမ်းချုပ်ခြင်းကို ‌လျော့ပါးစေပါ

အကယ်၍ သင်က ရေနွေးစိမ်ခြင်း ဒါမှမဟုတ် ရေနွေးနဲ့ရေချိုးခြင်းကို မွေ့လျော်တာကြောင့် သင့်ရဲ့ ချောင်းဆိုးခြင်းနဲ့ ဝမ်းချုပ်ခြင်း သက်သာသွားတာကို သတိပြုမိဖူးတယ်ဆိုရင် ၎င်းဝေဒနာတွေသက်သာလျော့ပါးစေဖို့အတွက် အစိုဓာတ်ရဲ့ တန်ဖိုးကို သင်သိလောက်ပါပြီ။ ဒီရိုးရှင်းတဲ့ချောင်းဆိုးပျောက်ဆေးကို ရေနွေးစိမ်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းနဲ့ humidifier လို့ခေါ်တဲ့ စိုထိုင်းမှုထိန်းစက်ကို အသုံးပြုခြင်းတို့ဖြင့် သင့်အိမ်မှာ ဖန်တီးနိုင်ပါတယ်။

၆။ ချောင်းဆိုးသက်သာစေရန် ကြက်သွန်နီလှီးဖြတ်ပါ

လူအတော်များများဟာ ကြက်သွန်နီ စလှီးတဲ့မိနစ်ပိုင်းမှာတင် မျက်ရည်စထွက်တတ်ကြပါတယ်။ သိပ္ပံနည်းကျတွေ့ရှိချက်တော့ မဟုတ်ပေမဲ့ ကြက်သွန်နီကို လှီးဖြတ်လိုက်လို့ ထွက်လာတဲ့ အငွေ့ပြင်းပြင်းက ချောင်းဆိုးခြင်းကို သက်သာစေတယ်လို့ လူအချို့က ဆိုကြပါတယ်။ အိပ်ရာမဝင်ခင်မှာ ကြက်သွန်နီကို လေးပိုင်းပိုင်းပြီး ပန်းကန်ပြားတစ်ချပ်ပေါ်တင်၍ သင့်အိပ်ရာနံ‌‌ဘေးရှိ စားပွဲပေါ် ထားပါ ဒါမှမဟုတ် အိပ်ရာခြေရင်းမှာ ထားပါ။ ကြက်သွန်နီတွေသုံးခြင်းက ရှေးခေတ်အိမ်ရှင်မတွေရဲ့အပြုအမူနဲ့မခြားဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လည်း စပိန်နဲ့ပြင်သစ်မှာတော့ ယနေ့အထိ အတော်လေးလူကြိုက်များရေပန်းစားတယ်လို့ သိရပါတယ်။

၇။ ချောင်းဆိုးပျောက်ဆေးများ

ဒီအိမ်တွင်းကုစားမှုကတော့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်တွေမှာ ကိုယ့်ဘာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုချက်ရ ချောင်းဆိုးပျောက်ဆေးကို သောက်သုံးခြင်းပဲဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 7 Home Remedies to Stop a Bad Cough (everydayhealth)

[Zawgyi]

ေခ်ာင္းဆိုးရပ္ေစဖို႔ အိမ္တြင္းကုစားမႈ (၇) မ်ိဳး

ေခ်ာင္းဆိုးျခင္းဟာ တကယ္ကိုပဲ ေကာင္းမြန္တဲ့အရာတစ္ခုမဟုတ္ပါဘူး။ ေခ်ာင္းဆိုးျခင္းဆိုတာ သင့္လည္ေခ်ာင္းက သူ႕ကို ယားယံေစတဲ့အရာကို အလိုအေလ်ာက္တုံ႔ျပန္႐ွင္းလင္းတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။

ေခ်ာင္းဆိုးျခင္းက သင့္ကို တစ္ညလုံးအိပ္မရျဖစ္ေစႏိုင္ကာ ေယဘုယ်အားျဖင့္ သင့္ကို မသက္မသာျဖစ္ေစႏိုင္တဲ့အျပင္ တစ္ခါတစ္ရံဆို ဘယ္ေတာ့မွ ေခ်ာင္းဆိုးမေပ်ာက္ေတာ့ဘူးလားလို႔ေတာင္ ခံစားရေစပါတယ္။

ေခ်ာင္းဆိုးျခင္းအမ်ားစုက ကုသစရာမလိုဘဲ သူ႕သာသာ ေပ်ာက္ကင္းသြားၾကေပမဲ့ မေပ်ာက္ေသးခင္အခ်ိန္အတြင္း ခံစားရသက္သာေစဖို႔ သဘာဝေဆးမ်ားစြာ ႐ွိပါတယ္။ ဒါေၾကာင့္ ေခ်ာင္းဆိုးသက္သာေပ်ာက္ကင္းေစဖို႔အတြက္ လူတိုင္းအလြယ္တကူ ေနအိမ္မွာ အကုန္က်သက္သက္သာသာ ကိုယ့္ဘာသာ သဘာဝအတိုင္း ကုစားႏိုင္တဲ့ နည္းလမ္းေလးေတြကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ပ်ားရည္အနည္းငယ္ ေသာက္ပါ

ပ်ားရည္ႀကိဳက္သူဆိုရင္ေတာ့ ကံေကာင္းတာပါပဲ။ ပ်ားရည္ေရာထားတဲ့ ေသာက္စရာပူပူေလးေတြက ေဝဒနာသက္သာေစႏိုင္ကာ ေခ်ာင္းဆိုးျခင္းကို သက္တမ္းတိုအခ်ိန္ပိုင္းေတြအတြက္ ကုသေပးႏိုင္ပါတယ္။ ေရေႏြးပူပူေလးတစ္ခြက္ ဒါမွမဟုတ္ လက္ဖက္ရည္ပူပူေလးတစ္ခြက္မွာ ပ်ားရည္နဲ႔ သံပရာ (သံပရာကေတာ့ အနံ႔အတြက္ သက္သက္ပါ) ေရာၿပီး ေသာက္သုံးေပးပါ။

ပ်ားရည္ကို ဇြန္းထဲထည့္ၿပီး သူ႕ခ်ည္းသက္သက္ လွ်ာနဲ႔လ်က္ေပးတာကလည္း ေခ်ာင္းဆိုးသက္သာေပ်ာက္ကင္းေစဖို႔

ေခ်ာင္းဆိုးသက္သာေပ်ာက္ကင္းေစဖို႔အကုန္အက်သက္သာတဲ့ ေနာက္ထပ္အိမ္တြင္းေဆးတစ္မ်ိဳးပဲျဖစ္ပါတယ္။ ေခ်ာင္းဆိုးေနတဲ့ အသက္ႏွစ္ႏွစ္နဲ႔အထက္ ကေလးေတြကို ညအိပ္ရာဝင္ခါနီး ပ်ားရည္လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းအထိ တိုက္ေကြၽးဖို႔ Pediatric Clinics of North America ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ ေလ့လာမႈတစ္ခုက အဆိုျပဳထားပါတယ္။ ပ်ားရည္ဟာ ညအခ်ိန္ေခ်ာင္းဆိုးျခင္းကို ေလ်ာ့နည္းေစ႐ုံသာမက အိပ္ေရးကိုလည္း ပိုမိုေကာင္းမြန္ေစပါတယ္။ ဒါေပမဲ့ အသက္ ၁ ႏွစ္ေအာက္ကေလးငယ္ေလးေတြကိုေတာ့ ပ်ားရည္မတိုက္ေကြၽးပါနဲ႔ေနာ္။ အခန္႔မသင့္ရင္ အစာဆိပ္သင့္ေစႏိုင္လို႔ပဲျဖစ္ပါတယ္။

၂။ တံေတြးထြက္ျခင္းကိုလႈံ႕ေဆာ္ရန္ ငုံေဆးျပားမ်ားႏွင့္ သၾကားလုံးအမာတို႔ကို စုပ္ပါ

ပါးစပ္ထဲက စိမ့္ထြက္ရည္ေတြနဲ႔ တံေတြးဟာ ဘယ္လိုေခ်ာင္းဆိုးျခင္းမဆိုကို ေလ်ာ့ေစႏိုင္ပါတယ္။ ဗီတာမင္စီ၊ ဇင့္ စတာေတြ ပါဝင္တဲ့ ငုံေဆးျပားေတြနဲ႔ မာေက်ာတဲ့သၾကားလုံးေတြက တံေတြးကို ကူညီႏိႈးဆြေပး ဒါမွမဟုတ္ ပါးစပ္ထဲမွာ စိမ့္ထြက္ရည္ေတြ တိုးမ်ားေစဖို႔ ကူညီေပးပါတယ္။ ဒီအိမ္တြင္းေဆးကေတာ့ ေခ်ာင္းေျခာက္ဆိုးျခင္းအတြက္ အထူးအလုပ္ျဖစ္၊ ထိေရာက္ပါတယ္။

၃။ သင့္ကိုယ္ခံအားစနစ္တိုးျမႇင့္ရန္ႏွင့္ ေရဓာတ္ျဖည့္တင္းရန္အတြက္ အရည္မ်ားေသာက္ေပးပါ

အရည္မ်ိဳးစုံ အထူးသျဖင့္ ေရေႏြးပူ၊ ၾကက္စြပ္ျပဳတ္နဲ႔ လက္ဖက္ရည္လိုမ်ိဳး ပူပူေႏြးေႏြးအရည္ေတြကို ေသာက္ျခင္းက ေခ်ာင္းဆိုးျခင္းအတြက္ ေနာက္ထပ္ေကာင္းမြန္တဲ့အိမ္တြင္းေဆးတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ေခ်ာင္းဆိုေနသူအေတာ္မ်ားမ်ားဟာ ေရဓာတ္ခမ္းေျခာက္ေလ့႐ွိၾကပါတယ္။ ေရဓာတ္ျဖည့္တင္းဖို႔အတြက္အျပင္ အရည္ေတြဟာ သင့္ရဲ႕ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္က ေခ်ာင္းဆိုျခင္းကိုျဖစ္ေစတဲ့ ဗိုင္းရပ္စ္နဲ႔ ေရာဂါကူးစက္မႈရင္းျမစ္ကို တိုက္ထုတ္ႏိုင္ဖို႔အတြက္ကိုလည္း ကူညီေပးကာ ေခ်ာင္းဆိုးျခင္းနဲ႔အတူ အျဖစ္မ်ားတဲ့ လည္ေခ်ာင္းနာျခင္းကိုလည္း သက္သာေစႏိုင္ပါတယ္။

၄။ အာလုပ္က်င္းျခင္းက ေခ်ာင္းဆိုးျခင္းအား ျမန္ျမန္သက္သာေပ်ာက္ကင္းေစႏိုင္သည္

အိမ္မွာ ဆား႐ွိတယ္ဟုတ္? ေရေႏြးေႏြးေလးထဲကို ဆားအနည္းငယ္ထည့္ၿပီး ၎ဆားေပ်ာ္ရည္နဲ႔ အာလုပ္က်င္း‌ေပးပါ။ ဒီလိုမ်ိဳးအာလုပ္က်င္းျခင္းဟာ အသက္႐ွဴလမ္းေၾကာင္းအထက္ပိုင္းကူးစက္ေရာဂါေတြရဲ႕ ေရာဂါလကၡဏာေတြကို အားေပ်ာ့ေစႏိုင္ကာ ၎ကူးစက္ေရာဂါကို ေနရာထပ္မပ်ံ႕လာေအာင္ပါ တားဆီးေပးႏိုင္ေၾကာင္း American Journal of Preventive Medicine ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ ေလ့လာမႈတစ္ခုက ဆိုပါတယ္။

၅။ ဝမ္းခ်ဳပ္ျခင္းကို ‌ေလ်ာ့ပါးေစပါ

အကယ္၍ သင္က ေရေႏြးစိမ္ျခင္း ဒါမွမဟုတ္ ေရေႏြးနဲ႔ေရခ်ိဳးျခင္းကို ေမြ႕ေလ်ာ္တာေၾကာင့္ သင့္ရဲ႕ ေခ်ာင္းဆိုးျခင္းနဲ႔ ဝမ္းခ်ဳပ္ျခင္း သက္သာသြားတာကို သတိျပဳမိဖူးတယ္ဆိုရင္ ၎ေဝဒနာေတြသက္သာေလ်ာ့ပါးေစဖို႔အတြက္ အစိုဓာတ္ရဲ႕ တန္ဖိုးကို သင္သိေလာက္ပါၿပီ။ ဒီ႐ိုး႐ွင္းတဲ့ေခ်ာင္းဆိုးေပ်ာက္ေဆးကို ေရေႏြးစိမ္ျခင္း၊ ေရေႏြးျဖင့္ေရခ်ိဳးျခင္းနဲ႔ humidifier လို႔ေခၚတဲ့ စိုထိုင္းမႈထိန္းစက္ကို အသုံးျပဳျခင္းတို႔ျဖင့္ သင့္အိမ္မွာ ဖန္တီးႏိုင္ပါတယ္။

၆။ ေခ်ာင္းဆိုးသက္သာေစရန္ ၾကက္သြန္နီလွီးျဖတ္ပါ

လူအေတာ္မ်ားမ်ားဟာ ၾကက္သြန္နီစလွီးတဲ့မိနစ္ပိုင္းမွာတင္ မ်က္ရည္စထြက္တတ္ၾကပါတယ္။ သိပၸံနည္းက်ေတြ႕႐ွိခ်က္ေတာ့ မဟုတ္ေပမဲ့ ၾကက္သြန္နီကို လွီးျဖတ္လိုက္လို႔ ထြက္လာတဲ့ အေငြ႕ျပင္းျပင္းက ေခ်ာင္းဆိုးျခင္းကို သက္သာေစတယ္လို႔ လူအခ်ိဳ႕က ဆိုၾကပါတယ္။ အိပ္ရာမဝင္ခင္မွာ ၾကက္သြန္နီကို ေလးပိုင္းပိုင္းၿပီး ပန္းကန္ျပားတစ္ခ်ပ္ေပၚတင္၍ သင့္အိပ္ရာနံ‌‌ေဘး႐ွိ စားပြဲေပၚ ထားပါ ဒါမွမဟုတ္ အိပ္ရာေျခရင္းမွာ ထားပါ။ ၾကက္သြန္နီေတြသုံးျခင္းက ေ႐ွးေခတ္အိမ္႐ွင္မေတြရဲ႕အျပဳအမူနဲ႔မျခားျဖစ္ေကာင္းျဖစ္ႏိုင္ေပမဲ့လည္း စပိန္နဲ႔ျပင္သစ္မွာေတာ့ ယေန႔အထိ အေတာ္ေလးလူႀကိဳက္မ်ားေရပန္းစားတယ္လို႔ သိရပါတယ္။

၇။ ေခ်ာင္းဆိုးေပ်ာက္ေဆးမ်ား

ဒီအိမ္တြင္းကုစားမႈကေတာ့ ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ ေဆးဆိုင္ေတြမွာ ကိုယ့္ဘာသာ ဝယ္ယူေသာက္သုံးႏိုင္တဲ့ တရားဝင္ေဆးဝါးမွတ္ပုံတင္ခြင့္ျပဳခ်က္ရ ေခ်ာင္းဆိုးေပ်ာက္ေဆးကို ေသာက္သုံးျခင္းပဲျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 7 Home Remedies to Stop a Bad Cough (everydayhealth)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service