မွေ့ရာကြောင့် ခါးနာတာ၊ ကျောနာတာတွေ ဖြစ်လာနိုင်....

မွေ့ရာကြောင့် ခါးနာတာ၊ ကျောနာတာတွေ ဖြစ်လာနိုင်.... - Property Knowledge in Myanmar from iMyanmarHouse.com
14 Jul 2022 11:12 am တွင် တင်ခဲ့သည်
764 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ခါးနာတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ နာရီပေါင်းများစွာကြာအောင်ထိုင်တာကစပြီး ကိုယ်နေဟန်ထားမမှန်တာ၊ ဖုန်းအကြာကြီးကြည့်တာ၊ သင့် အိပ်နေကျမွေ့ရာတွေအထိ ဘယ်အရာမဆို ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။

ခါးနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းကဘာလဲ

ခါးနာရတာရဲ့အဓိကအကြောင်းအရင်းက ပုံမှန်မဟုတ်တဲ့အနေအထားနဲ့ အချိန်အကြာကြီးထိုင်တာ၊ လဲလျောင်းတာတွေကြောင့် ကျောရိုးမှာ ဖိအားများလာတာကြောင့် ဖြစ်လာရပါတယ်။ ခါးနာတာကို ကျောအောက်ပိုင်း နာကျင်တာ၊ လည်ပင်းတောင့်တင်းတာ နဲ့ ခြေထောက်နဲ့ ခြေဖဝါးတွေမှာ ထုံကျင်တာတွေလို ပုံစံမျိုးတွေနဲ့ ပြပါတယ်။ ဒါပေမဲ့သင် အိပ်နေတဲ့ မွေ့ရာကလည်း ခါးနာရခြင်းရဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ ပျော့ပျောင်းမှုမရှိတဲ့၊ သက်တောင့်သက်သာမရှိတဲ့ မွေ့ရာတွေက သင့် အိပ်ရာထတာနဲ့ ခါးနာတာ၊ ကျောနာတာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

မွေ့ရာရဲ့ဘယ်လိုအချက်တွေကြောင့် ခါးနာတာဖြစ်လာနိုင်မလဲ

သက်တောင့်သက်သာမရှိတာ

သင့်ရဲ့ခါးကို သေချာဂရုစိုက်ပေးရပါမယ်။ သင့်အိပ်နေတဲ့ မွေ့ရာက ထတဲ့ ၁၀ မိနစ် ကနေ ၃၀ မိနစ်အတွင်း နာကျင်သလို ခံစားရရင် သင့်မွေ့ရာကြောင့် ဖြစ်နိုင်ပါတယ်။ သင့်မွေ့ရာက အိပ်ရာတာ သက်တောင့်သက်သာမရှိရင် မနက်အိပ်ရာနိုးတဲ့အခါ ခါးနာတာ၊ ကျောနာတာဖြစ်နိုင်ပါတယ်။ အိပ်ပျော်နေတဲ့အတွင်း မွေ့ရာက သက်တောင့်သက်သာမရှိတော့ ခန္ဓာကိုယ်ကို ဟိုဘက်လိမ့်၊ ဒီဘက်လိမ့်လုပ်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့အဆစ်တွေမှာ ဖိအားဖြစ်သွားစေတာကနေ ခါးနာတာ၊ ကျောနာတာဖြစ်လာရနိုင်ပါတယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် မွေ့ရာပြောင်းဖို့ လိုအပ်လာပါတယ်။

မွေ့ရာအမျိုးအစား

မာလွန်းတဲ့၊ ပျော့ပျောင်းလွန်းတဲ့ မွေ့ရာတွေက ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မမာလွန်း၊ မပျော့ပျောင်းလွန်းတဲ့ အလယ်အလတ်ဖြစ်တဲ့ မွေ့ရာတွေက ခါးနာတာကို လျော့နည်းသွားစေနိုင်ပါတယ်။ မွေ့ရာက သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးနေတဲ့အတွက် မွေ့ရာကို သေချာဂရုစိုက်ဝယ်ယူသင့်ပါတယ်။

မွေ့ရာအသစ်

မွေ့ရာအသစ်နဲ့ အိပ်တဲ့အခါမှာလည်း အိပ်နေကျမွေ့ရာမဟုတ်တဲ့အတွက် အသားမကျသေးတဲ့အတွက် ခါးနာတာဖြစ်နိုင်ပါတယ်။ မွေ့ရာအသစ်နဲ့ သင့်ကျောရိုးအနေအထားနဲ့ အသားကျဖို့အတွက် အချိန်တော့ပေးရပါမယ်။ တဖြည်းဖြည်းချင်း မွေ့ရာအသစ်နဲ့ အသားကျရင်တော့ ခါးနာတာတွေဖြစ်လာတော့မှာမဟုတ်ပါဘူး။

မွေ့ရာအသစ်ဝယ်တဲ့အခါ အကြံပြုချက်များ

မဝယ်ခင် စမ်းကြည့်ပါ

အိပ်ရတာ အဆင်မပြေရင် ပြန်လာလဲလို့ရမရမေးမြန်းပါ

အစစ်အမှန်ဖောက်သည်တွေဆီက သုံးသပ်ချက်တွေကို ဖတ်ပါ

သင့်မှာ ကျောရိုးနဲ့ ပတ်သက်သောပြဿနာတစ်ခုခုရှိရင် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူနဲ့ တိုင်ပင်ကြည့်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: ရိုးရာလေး

 

[Zawgyi]

ေမြ႕ရာေၾကာင့္ ခါးနာတာ၊ ေက်ာနာတာေတြ ျဖစ္လာႏိုင္....

 

ခါးနာတာက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ျပႆနာတစ္ခုပါ။ နာရီေပါင္းမ်ားစြာၾကာေအာင္ထိုင္တာကစၿပီး ကိုယ္ေနဟန္ထားမမွန္တာ၊ ဖုန္းအၾကာႀကီးၾကည့္တာ၊ သင့္ အိပ္ေနက်ေမြ႕ရာေတြအထိ ဘယ္အရာမဆို ခါးနာတာကို ျဖစ္ေစႏိုင္ပါတယ္။

ခါးနာတာကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းကဘာလဲ

ခါးနာရတာရဲ႕အဓိကအေၾကာင္းအရင္းက ပုံမွန္မဟုတ္တဲ့အေနအထားနဲ႔ အခ်ိန္အၾကာႀကီးထိုင္တာ၊ လဲေလ်ာင္းတာေတြေၾကာင့္ ေက်ာ႐ိုးမွာ ဖိအားမ်ားလာတာေၾကာင့္ ျဖစ္လာရပါတယ္။ ခါးနာတာကို ေက်ာေအာက္ပိုင္း နာက်င္တာ၊ လည္ပင္းေတာင့္တင္းတာ နဲ႔ ေျခေထာက္နဲ႔ ေျခဖဝါးေတြမွာ ထုံက်င္တာေတြလို ပုံစံမ်ိဳးေတြနဲ႔ ျပပါတယ္။ ဒါေပမဲ့သင္ အိပ္ေနတဲ့ ေမြ႕ရာကလည္း ခါးနာရျခင္းရဲ႕အေၾကာင္းအရင္းေတြထဲက တစ္ခုပါပဲ။ ေပ်ာ့ေပ်ာင္းမႈမ႐ွိတဲ့၊ သက္ေတာင့္သက္သာမ႐ွိတဲ့ ေမြ႕ရာေတြက သင့္ အိပ္ရာထတာနဲ႔ ခါးနာတာ၊ ေက်ာနာတာေတြျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

ေမြ႕ရာရဲ႕ဘယ္လိုအခ်က္ေတြေၾကာင့္ ခါးနာတာျဖစ္လာႏိုင္မလဲ

သက္ေတာင့္သက္သာမ႐ွိတာ

သင့္ရဲ႕ခါးကို ေသခ်ာဂ႐ုစိုက္ေပးရပါမယ္။ သင့္အိပ္ေနတဲ့ ေမြ႕ရာက ထတဲ့ ၁၀ မိနစ္ ကေန ၃၀ မိနစ္အတြင္း နာက်င္သလို ခံစားရရင္ သင့္ေမြ႕ရာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ သင့္ေမြ႕ရာက အိပ္ရာတာ သက္ေတာင့္သက္သာမ႐ွိရင္ မနက္အိပ္ရာႏိုးတဲ့အခါ ခါးနာတာ၊ ေက်ာနာတာျဖစ္ႏိုင္ပါတယ္။ အိပ္ေပ်ာ္ေနတဲ့အတြင္း ေမြ႕ရာက သက္ေတာင့္သက္သာမ႐ွိေတာ့ ခႏၶာကိုယ္ကို ဟိုဘက္လိမ့္၊ ဒီဘက္လိမ့္လုပ္မယ္ဆိုရင္ ခႏၶာကိုယ္ရဲ႕အဆစ္ေတြမွာ ဖိအားျဖစ္သြားေစတာကေန ခါးနာတာ၊ ေက်ာနာတာျဖစ္လာရႏိုင္ပါတယ္။ အဲဒီလိုျဖစ္မယ္ဆိုရင္ ေမြ႕ရာေျပာင္းဖို႔ လိုအပ္လာပါတယ္။

ေမြ႕ရာအမ်ိဳးအစား

မာလြန္းတဲ့၊ ေပ်ာ့ေပ်ာင္းလြန္းတဲ့ ေမြ႕ရာေတြက ခါးနာတာကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ မမာလြန္း၊ မေပ်ာ့ေပ်ာင္းလြန္းတဲ့ အလယ္အလတ္ျဖစ္တဲ့ ေမြ႕ရာေတြက ခါးနာတာကို ေလ်ာ့နည္းသြားေစႏိုင္ပါတယ္။ ေမြ႕ရာက သင့္ခႏၶာကိုယ္တစ္ခုလုံးကို ေထာက္ပံ့ေပးေနတဲ့အတြက္ ေမြ႕ရာကို ေသခ်ာဂ႐ုစိုက္ဝယ္ယူသင့္ပါတယ္။

ေမြ႕ရာအသစ္

ေမြ႕ရာအသစ္နဲ႔ အိပ္တဲ့အခါမွာလည္း အိပ္ေနက်ေမြ႕ရာမဟုတ္တဲ့အတြက္ အသားမက်ေသးတဲ့အတြက္ ခါးနာတာျဖစ္ႏိုင္ပါတယ္။ ေမြ႕ရာအသစ္နဲ႔ သင့္ေက်ာ႐ိုးအေနအထားနဲ႔ အသားက်ဖို႔အတြက္ အခ်ိန္ေတာ့ေပးရပါမယ္။ တျဖည္းျဖည္းခ်င္း ေမြ႕ရာအသစ္နဲ႔ အသားက်ရင္ေတာ့ ခါးနာတာေတြျဖစ္လာေတာ့မွာမဟုတ္ပါဘူး။

ေမြ႕ရာအသစ္ဝယ္တဲ့အခါ အၾကံျပဳခ်က္မ်ား

မဝယ္ခင္ စမ္းၾကည့္ပါ

အိပ္ရတာ အဆင္မေျပရင္ ျပန္လာလဲလို႔ရမရေမးျမန္းပါ

အစစ္အမွန္ေဖာက္သည္ေတြဆီက သုံးသပ္ခ်က္ေတြကို ဖတ္ပါ

သင့္မွာ ေက်ာ႐ိုးနဲ႔ ပတ္သက္ေသာျပႆနာတစ္ခုခု႐ွိရင္ က်န္းမာေရးေစာင့္ေ႐ွာက္မႈေပးတဲ့သူနဲ႔ တိုင္ပင္ၾကည့္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 Credit: ႐ိုးရာေလး

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service