Night out များစွန့်လွှတ် ငွေစုကာ အိမ်ဝယ်နိုင်ခဲ့သည့် စုံတွဲ

Night out များစွန့်လွှတ် ငွေစုကာ အိမ်ဝယ်နိုင်ခဲ့သည့် စုံတွဲ - Property News in Myanmar from iMyanmarHouse.com
13 Jul 2022 10:44 am တွင် တင်ခဲ့သည်
1027 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံရှိ စုံတွဲတစ်တွဲသည် ညဘက်အပြင်ထွက်လည်ချိန်းတွေ့ခြင်း (night out) များကို စွန့်လွှတ်ကာ လမ်းအတူလျှောက်ခြင်းများဖြင့်သာ ဖြတ်သန်းရင်း ကုန်ကျမည့်ငွေများကို အတူစုဆောင်းကြရာမှ နေအိမ်ဝယ်နိုင်ခဲ့ကြသည်။

Olivia Gill (အသက် ၂၀) နှင့် Jack Eacott (အသက် ၂၂ နှစ်) တို့သည် ကိုဗစ်ကာလ အထွတ်အထိပ်သို့ ရောက်ချိန်တွင် ပုံမှန်ချိန်းတွေ့ခြင်းများ မပြုလုပ်နိုင်ကြချေ။ ထိုသို့ မတွေ့ဆုံသည့်အတွက် ငွေစုဆောင်းမိခဲ့ကြကြောင်း ၎င်းတို့ ၂ ဦး သတိထားမိခဲ့ကြသည်။

နောက်ပိုင်းတွင် ကိုဗစ်စည်းမျဉ်းများ ဖြေလျှော့ပေးလိုက်ချိန်တွင်လည်း night out များ မလုပ်တော့ဘဲ ပန်းခြံအတွင်း လမ်းအတူလျှောက်ခြင်းသာပြုလုပ်ကာ ငွေစုသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

Olivia သည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အရာရှိတစ်ဦးအဖြစ် လုပ်ကိုင်သူတစ်ဦး ဖြစ်သည်။

အိမ်တစ်လုံး ပိုင်ဆိုင်ရရန်အတွက် စတေးခဲ့ရသမျှမှာ ထိုက်တန်ကြောင်းလည်း Olivia က ပြောသည်။

“နှစ်ဦးတွဲပိုင်ဆိုင်တဲ့ ပူးတွဲဘဏ်စာရင်းတစ်ခုဖွင့်ခဲ့ပါတယ်။ ပိုမိုလျင်မြန်တဲ့နှုန်းနဲ့ စုငွေများလာတာကို ကြည့်ရင်း ဒီဘဏ်စာရင်းဟာ ငွေတွေ ပိုမိုစုဆောင်းစေဖို့ ကြီးမားတဲ့တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်”

“ဒီတစ်လျှောက်မှာ စတေးခဲ့ရတာတချို့ ပြုလုပ်ခဲ့ရပါတယ်။ ကိုဗစ်လော့ဒေါင်းကာလမှာ အပြင်ထွက်လည်လို့ မရတာကြောင့် လမ်းအတူလျှောက်ရင်း ငွေစုမိစေပါတယ်။ ဒါက ငွေစုဆောင်းမှု ဆက်လုပ်ဖို့အတွက် တကယ်ကောင်းမွန်စေခဲ့တယ်”

(ဝယ်ယူပိုင်ဆိုင်ခဲ့သော နေအိမ်)

(ဝယ်ယူလိုက်သောနေအိမ်တွင် အိပ်ခန်း ၂ ခန်း ပါဝင်သည်)

“အစိုးရရဲ့ Help to Buy 5% အစီအစဉ်နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒီအိမ်က ပေါင် ၂၃၂၀၀၀ တန်ပါတယ်။ ပူးတွဲဘဏ်စာရင်းကနေ လက်ငင်းပေးချေရမယ့်ငွေ ပေါင် ၁၂၀၀၀ ကို ပေးနိုင်ခဲ့တာပါ”

၎င်းတို့စုံတွဲ ဝယ်ယူလိုက်သည့်နေအိမ်မှာ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း Wiltshire ခရိုင်၊Chippenham မြို့တွင် တည်ရှိပြီး ဇူလိုင်လအတွင်း ပြောင်းရွှေ့နေထိုင်လျက်ရှိပြီ ဖြစ်သည်။

သူမနှင့် လက်သမားဆရာတစ်ဦးဖြစ်သူ Jack တို့သည် မိမိတို့ အသက်အရွယ်နှင့်ဆိုလျှင် ထူးခြားသည့် အနေအထားတစ်ခုသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း Olivia က ပြောသည်။

“ကျွန်မသူငယ်ချင်းတွေ ဘယ်သူမှ သူတို့ကိုယ်ပိုင်အိမ် မရှိကြသေးပါဘူး။ သူငယ်ချင်းအများစုက တက္ကသိုလ်တက်နေကြဆဲပါ။ သူတို့အတွက်ဆို တော်တော်ခက်ခဲမယ်ဆိုတာ ကျွန်မတွေ့ရပါတယ်။ အခုဆို ကျွန်မမှာ ကိုယ်ပိုင်အိမ်ရှိပါပြီ။ ကျွန်မရဲ့ သူငယ်ချင်းတွေကတော့ ဒီလိုအနေအထားမျိုး နီးစပ်မှု မရှိရှာသေးပါဘူး”

“ကျွန်မတို့ သူငယ်ချင်းတွေနဲ့ မိသားစုက ငွေစုတဲ့ကာလတစ်လျှောက် ထောက်ခံအားပေးမှုတွေ လုပ်ခဲ့ကြတယ်။ အခုဆိုရင် ကျွန်မတို့ ကြိုးစားခဲ့တာတွေ၊ ရရှိလာတဲ့ အသီးအပွင့်တွေအတွက် အရမ်းပျော်ပါတယ်”

(နေအိမ်တွင်း မြင်ကွင်း)

(night out တွေကို ကျွန်မတို့ စတေးခဲ့ရတယ်။ ဒါပေမယ့် ဖြတ်သန်းခဲ့ရတဲ့ကာလတွေကို ကျွန်မတို့ ကျေနပ်နှစ်သက်ပါတယ်)

“ကျွန်မတို့လို တူညီတဲ့ပန်းတိုင်ရှိသူတွေကို ပြောချင်တာက ငွေစုတာဟာ လက်တွေ့ကျပါတယ်။ ဘယ်လောက်ပဲ ကြာပါစေ တနေ့မှာ ပန်းတိုင်ကို ရောက်မှာပါ”

“အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုတာဟာ တွန်းအားကောင်းတစ်ခုပါ။ ကျွန်မ လိုချင်တာကို ချက်ချင်းမရနိုင်တာ ရှိကောင်းရှိမယ်။ ဒါပေမယ့် အနာဂတ်မှာ ဒါကို ရလာလိမ့်မှာပါ”

“ညဘက်အပြင်ထွက်လည်ပတ်တာတွေကို စတေးခဲ့ပြီး ဈေးပေါတဲ့ စားသောက်ဆိုင်တွေကို သွားတယ်။ လမ်းအတူလျှောက်ကြတယ်”

အစားအသောက်ဝယ်ရန်အတွက် သီးခြားဘဏ်စာရင်းတစ်ခုလည်း ဖွင့်ထားပြီး ရက်သတ္တပတ်လျှင် အစားအစာဝယ်ရန် ပေါင် ၅၀ သတ်မှတ်သုံးစွဲကြောင်း Olivia က ပြောသည်။

၎င်းတို့စုံတွဲ၏ အင်စတာဂရမ်စာမျက်နှာ @jacknlivv တွင် ငွေစုဆောင်းခဲ့ပုံနှင့် အိမ်ဝယ်ခဲ့ပုံများကို မှတ်တမ်းဖော်ပြထားကြောင်း၊ နေအိမ်ဝယ်ရန် ကြိုးစားနေသည့်အခြားသူများအတွက် စိတ်ခွန်အား၊ တွန်းအားတစ်ရပ်ဖြစ်စေရန် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သူမက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple buy first house aged 19 and 21 by swapping date nights for walks (metro)

[Zawgyi]

Night out မ်ားစြန္႔လႊတ္ ေငြစုကာ အိမ္ဝယ္ႏိုင္ခဲ့သည့္ စံုတြဲ

အဂၤလန္ႏိုင္ငံရွိ စံုတြဲတစ္တြဲသည္ ညဘက္အျပင္ထြက္လည္ခ်ိန္းေတြ႔ျခင္း (night out) မ်ားကို စြန္႔လႊတ္ကာ လမ္းအတူေလွ်ာက္ျခင္းမ်ားျဖင့္သာ ျဖတ္သန္းရင္း ကုန္က်မည့္ေငြမ်ားကို အတူစုေဆာင္းၾကရာမွ ေနအိမ္ဝယ္ႏိုင္ခဲ့ၾကသည္။

Olivia Gill (အသက္ ၂၀) ႏွင့္ Jack Eacott (အသက္ ၂၂ ႏွစ္) တို႔သည္ ကိုဗစ္ကာလ အထြတ္အထိပ္သို႔ ေရာက္ခ်ိန္တြင္ ပံုမွန္ခ်ိန္းေတြ႔ျခင္းမ်ား မျပဳလုပ္ႏိုင္ၾကေခ်။ ထိုသို႔ မေတြ႔ဆံုသည့္အတြက္ ေငြစုေဆာင္းမိခဲ့ၾကေၾကာင္း ၎တို႔ ၂ ဦး သတိထားမိခဲ့ၾကသည္။

ေနာက္ပိုင္းတြင္ ကိုဗစ္စည္းမ်ဥ္းမ်ား ေျဖေလွ်ာ့ေပးလိုက္ခ်ိန္တြင္လည္း night out မ်ား မလုပ္ေတာ့ဘဲ ပန္းျခံအတြင္း လမ္းအတူေလွ်ာက္ျခင္းသာျပဳလုပ္ကာ ေငြစုသြားရန္ ဆံုးျဖတ္ခဲ့ၾကသည္။

Olivia သည္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အရာရွိတစ္ဦးအျဖစ္ လုပ္ကိုင္သူတစ္ဦး ျဖစ္သည္။

အိမ္တစ္လံုး ပိုင္ဆိုင္ရရန္အတြက္ စေတးခဲ့ရသမွ်မွာ ထိုက္တန္ေၾကာင္းလည္း Olivia က ေျပာသည္။

“ႏွစ္ဦးတြဲပိုင္ဆိုင္တဲ့ ပူးတြဲဘဏ္စာရင္းတစ္ခုဖြင့္ခဲ့ပါတယ္။ ပိုမိုလ်င္ျမန္တဲ့ႏႈန္းနဲ႔ စုေငြမ်ားလာတာကို ၾကည့္ရင္း ဒီဘဏ္စာရင္းဟာ ေငြေတြ ပိုမိုစုေဆာင္းေစဖုိ႔ ၾကီးမားတဲ့တြန္းအားတစ္ခုျဖစ္ခဲ့ပါတယ္”

“ဒီတစ္ေလွ်ာက္မွာ စေတးခဲ့ရတာတခ်ဳိ႕ ျပဳလုပ္ခဲ့ရပါတယ္။ ကိုဗစ္ေလာ့ေဒါင္းကာလမွာ အျပင္ထြက္လည္လို႔ မရတာေၾကာင့္ လမ္းအတူေလွ်ာက္ရင္း ေငြစုမိေစပါတယ္။ ဒါက ေငြစုေဆာင္းမႈ ဆက္လုပ္ဖို႔အတြက္ တကယ္ေကာင္းမြန္ေစခဲ့တယ္”

(ဝယ္ယူပိုင္ဆိုင္ခဲ့ေသာ ေနအိမ္)

(ဝယ္ယူလိုက္ေသာေနအိမ္တြင္ အိပ္ခန္း ၂ ခန္း ပါဝင္သည္)

“အစိုးရရဲ႕ Help to Buy 5% အစီအစဥ္နဲ႔ ဝယ္ယူခဲ့တာျဖစ္ပါတယ္။ ဒီအိမ္က ေပါင္ ၂၃၂၀၀၀ တန္ပါတယ္။ ပူးတြဲဘဏ္စာရင္းကေန လက္ငင္းေပးေခ်ရမယ့္ေငြ ေပါင္ ၁၂၀၀၀ ကို ေပးႏိုင္္ခဲ့တာပါ”

၎တို႔စံုတြဲ ဝယ္ယူလိုက္သည့္ေနအိမ္မွာ အဂၤလန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Wiltshire ခရိုင္၊Chippenham ျမိဳ႕တြင္ တည္ရွိျပီး ဇူလိုင္လအတြင္း ေျပာင္းေရႊ႕ေနထိုင္လ်က္ရွိျပီ ျဖစ္သည္။

သူမႏွင့္ လက္သမားဆရာတစ္ဦးျဖစ္သူ Jack တို႔သည္ မိမိတို႔ အသက္အရြယ္ႏွင့္ဆိုလွ်င္ ထူးျခားသည့္ အေနအထားတစ္ခုသို႔ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း Olivia က ေျပာသည္။

“ကၽြန္မသူငယ္ခ်င္းေတြ ဘယ္သူမွ သူတို႔ကိုယ္ပိုင္အိမ္ မရွိၾကေသးပါဘူး။ သူငယ္ခ်င္းအမ်ားစုက တကၠသိုလ္တက္ေနၾကဆဲပါ။ သူတုိ႔အတြက္ဆို ေတာ္ေတာ္ခက္ခဲမယ္ဆိုတာ ကၽြန္မေတြ႔ရပါတယ္။ အခုဆို ကၽြန္မမွာ ကိုယ္ပိုင္အိမ္ရွိပါျပီ။ ကၽြန္မရဲ႕ သူငယ္ခ်င္းေတြကေတာ့ ဒီလိုအေနအထားမ်ဳိး နီးစပ္မႈ မရွိရွာေသးပါဘူး”

“ကၽြန္မတို႔ သူငယ္ခ်င္းေတြနဲ႔ မိသားစုက ေငြစုတဲ့ကာလတစ္ေလွ်ာက္ ေထာက္ခံအားေပးမႈေတြ လုပ္ခဲ့ၾကတယ္။ အခုဆိုရင္ ကၽြန္မတို႔ ၾကိဳးစားခဲ့တာေတြ၊ ရရွိလာတဲ့ အသီးအပြင့္ေတြအတြက္ အရမ္းေပ်ာ္ပါတယ္”

(ေနအိမ္တြင္း ျမင္ကြင္း)

(night out ေတြကို ကၽြန္မတို႔ စေတးခဲ့ရတယ္။ ဒါေပမယ့္ ျဖတ္သန္းခဲ့ရတဲ့ကာလေတြကို ကၽြန္မတို႔ ေက်နပ္ႏွစ္သက္ပါတယ္)

“ကၽြန္မတုိ႔လို တူညီတဲ့ပန္းတိုင္ရွိသူေတြကို ေျပာခ်င္တာက ေငြစုတာဟာ လက္ေတြ႔က်ပါတယ္။ ဘယ္ေလာက္ပဲ ၾကာပါေစ တေန႔မွာ ပန္းတိုင္ကို ေရာက္မွာပါ”

“အနာဂတ္ကို လွမ္းေမွ်ာ္ၾကည့္ရႈတာဟာ တြန္းအားေကာင္းတစ္ခုပါ။ ကၽြန္မ လိုခ်င္တာကို ခ်က္ခ်င္းမရႏိုင္တာ ရွိေကာင္းရွိမယ္။ ဒါေပမယ့္ အနာဂတ္မွာ ဒါကို ရလာလိမ့္မွာပါ”

“ညဘက္အျပင္ထြက္လည္ပတ္တာေတြကို စေတးခဲ့ျပီး ေစ်းေပါတဲ့ စားေသာက္ဆိုင္ေတြကို သြားတယ္။ လမ္းအတူေလွ်ာက္ၾကတယ္”

အစားအေသာက္ဝယ္ရန္အတြက္ သီးျခားဘဏ္စာရင္းတစ္ခုလည္း ဖြင့္ထားျပီး ရက္သတၱပတ္လွ်င္ အစားအစာဝယ္ရန္ ေပါင္ ၅၀ သတ္မွတ္သံုးစြဲေၾကာင္း Olivia က ေျပာသည္။

၎တို႔စံုတြဲ၏ အင္စတာဂရမ္စာမ်က္ႏွာ @jacknlivv တြင္ ေငြစုေဆာင္းခဲ့ပံုႏွင့္ အိမ္ဝယ္ခဲ့ပံုမ်ားကို မွတ္တမ္းေဖာ္ျပထားေၾကာင္း၊ ေနအိမ္ဝယ္ရန္ ၾကိဳးစားေနသည့္အျခားသူမ်ားအတြက္ စိတ္ခြန္အား၊ တြန္းအားတစ္ရပ္ျဖစ္ေစရန္ ဝင္ေရာက္ၾကည့္ရႈႏိုင္ေၾကာင္းလည္း သူမက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple buy first house aged 19 and 21 by swapping date nights for walks (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service