စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ် စားပါ

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ် စားပါ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jul 2022 1:35 pm တွင် တင်ခဲ့သည်
773 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ဥအနှစ် (Egg yolk) ဆိုတာက ကြက်ဥ၊ ဘဲဥစတဲ့ ဥတွေရဲ့အလယ်ဗဟိုက အဝါရောင်အနှစ် အစုအဝေးလေးကို ဆိုလိုတာပါ။ ဥတစ်လုံးရဲ့ အတွင်းပိုင်းမှာ အဝါရောင်အနှစ်နဲ့ ကြည်လင်တဲ့ အကာရည်ဆိုပြီး အစိတ်အပိုင်း ၂ ခုပါဝင်ပါတယ်။ အရသာရှိသလို အာဟာရလည်းပြည့်ဝလွန်းတဲ့ အစိတ်အပိုင်းတွေပေါ့။

ဒီအစိတ်အပိုင်း ၂ ခုထဲကမှ အနှစ်ကတော့ ကိုလက်စထရောပါဝင်မှုမြင့်မားပေမယ့် ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတဲ့နေရာပါ။ ဒါကြောင့်လည်း ဘဲဥ၊ ကြက်ဥအနှစ် တွေဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာစေတဲ့ အစားအစာတွေလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ် စားပါ

ကြက်ဥ၊ ဘဲဥဆိုတဲ့အစားအစာတွေက ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူပြီး နေရာစုံမှာအသုံးချနိုင်သလို ကိုယ်အလိုရှိတဲ့ ကျန်းမာရေး အကျိုးရလဒ်ရရှိအောင် စီမံရာမှာလည်း မခက်ခဲပါဘူး။ ဒီထဲကမှ အာဟာရဓာတ်အကြွယ်အဝဆုံးအပိုင်းကတော့ အဝါရောင်အနှစ်နေရာပါပဲ။ ဒီအချက်က ကြက်ဥ ဘဲဥတွေကို မှီဝဲစားသောက်ရင် အကာထက် အနှစ်ကိုပိုနှစ်ခြိုက်သူတွေအတွက်တော့ သတင်းကောင်းလို့ဆိုရမှာပါပဲ။

ဒီလိုညွှန်းဆိုရလောက်အောင် ကြက်ဥအနှစ် တွေက ဘယ်လိုများ အာဟာရဓာတ်တွေကြွယ်ဝနေလို့လဲ၊ ကြက်ဥ ဘဲဥအနှစ်တွေက သင့်ကျန်းမာရေးကို ဘယ်လိုများအထောက်အကူဖြစ်စေမှာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အာဟာရဓာတ်နဲ့ အကျိုးကျေးဇူးများ

ဥအနှစ်ဟာ ဥတွေရဲ့ အတွင်းဘက်က အာဟာရဓာတ်အကြွယ်ဝဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဥအနှစ်တွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျိုးစိတ်၊ ဥထုတ်လုပ်မှုပုံစံနဲ့ အရွယ်အစားတွေပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်ပေမယ့် ယျေဘုယျအားဖြင့်တော့ ပရိုတိန်း၊ အဆီနဲ့ ကယ်လိုရီကြွယ်ဝတာခြင်း တူကြပါတယ်။

ဥအနှစ်တွေထဲမှာ အဓိကအားဖြင့် အောက်ပါ အာဟာရဓာတ်တွေပါဝင်နေပါတယ်။

ကယ်လိုရီ၊

ပရိုတင်း၊

အဆီ၊

ကိုလက်စထရော၊

ကာဘိုဟိုက်ဒြိတ်၊

သကြား၊

ဖိုက်ဘာ၊

ကယ်လ်ဆီယမ်၊

သံဓာတ်၊

မဂ္ဂနီဆီယမ်၊

ဖော့စဖောရပ်စ်၊

ပိုတက်ဆီယမ်၊

ဆိုဒီယမ်၊

သွပ်ဓာတ် (zinc) တို့ပါပဲ။

ဒါ့အပြင် ဥအနှစ်တွေထဲမှာ ဗီတာမင်ဓာတ်တွေ အမြောက်အများလည်းပါဝင်ပြီး အများစုကတော့ ရေနဲ့ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားတွေပါ။ လေ့လာချက်တွေအရတော့ ဘဲဥ၊ ငုံးဥ၊ မန်ဒါလီဥနဲ့ ကြက်ဆင်ဥတွေဟာ ကြက်ဥထက် အာဟာရဓာတ်တွေပိုကြွယ်ဝတယ်လို့ ဆိုထားပါတယ်။

နောက်ပြီး ဥအနှစ်ကို မှန်ကန်စွာ အသုံးချမယ်ဆိုရင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ ဒါတွေကတော့

ဥအနှစ်ဟာ အစာအိမ်ဆိုင်ရာဝေဒနာအတော်များများကို သက်သာလျော့ပါးစေနိုင်ပါတယ်။

အနှစ်နဲ့ အကာကို တွဲဖက်ပြီး ချိန်ညှိစားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်မယ့် ပရိုတင်းတွေ၊ ကယ်လိုရီတွေနဲ့ အဆီတွေကို လိုအပ်သလို ထိန်းချုပ်ဖြည့်တင်းလို့ရပါတယ်။

ကြက်ဥ၊ ဘဲဥဟာ ဗိုက်ပြည့်စေတဲ့ အာနိသင်ရှိပြီး ဒီလိုမျိုးအဓိကဖြစ်စေတာက အတွင်းက အနှစ်ကြောင့်ပါ။

ဥအမျိုးမျိုးထဲမှာပါဝင်တဲ့ ပရိုတိန်းပမာဏရဲ့ အများစုက အနှစ်ထဲမှာပါ။ ဥအနှစ်ထဲက ပရိုတိန်းထဲမှာပါဝင်တဲ့ Phosvitin ဟာ နာကျင်မှုဝေဒနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။

ဥအနှစ်ထဲက Glycopeptides ဆိုတဲ့ ဒြပ်ပေါင်းကတော့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ Macrophages cells တွေကို ထုတ်လုပ်ပေးပြီး ဒီ ဆဲလ်တွေက ရောဂါကူးစက်မှုကို တိုက်ထုတ်နိုင်ပါတယ်။ သွေးဖိအားကို လျော့ပါးစေပြီး သွေးတိုးရောဂါကို ထိန်းချုပ်ပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ပါးစေတယ်။

Lutein နဲ့ Zeaxanthin တို့လို ဓာတ်တွေပါဝင်တာမို့ အမြင်အာရုံ ချို့ယွင်းမှုနဲ့ မျက်စိမှာတိမ်စွဲနိုင်ခြေကို လျော့ကျစေတယ်။

ဥအနှစ် နဲ့ အစာအဆိပ်သင့်မှု

ဥတွေနဲ့ ဥအနှစ်တွေဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမှန်ပေမယ့် တခါတစ်ရံမှာတော့ အစာအဆိပ်သင့်စေတာမျိုးဖြစ်တတ်ပါတယ်။ အဖြစ်နည်းပေမယ့် မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီအချက်က သတိထားရမယ့် အချက်ဖြစ်ပါတယ်။

ဥအစာအဆိပ်သင့်မှုဟာ ကလေးငယ်တွေနဲ့ ကိုယ်ခံအားစနစ်ကျဆင်းနေပြီဖြစ်တဲ့ အသက် ၆၅ နှစ်အထက်လူကြီးတွေမှာ အဖြစ်များပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ဥတွေဟာ ဘက်တီးရီးယားတွယ်ညိနိုင်ခြေမြင့်မားတာကြောင့်လို့ ဆိုပါတယ်။

ဥအနှစ်တွေမှာ အာဟာရဓာတ် ပြည့်ဝစွာပါဝင်လာအောင်နဲ့ အစာအဆိပ်သင့်တာမျိုးမဖြစ်ရလေအောင် အောက်ပါအချက်တွေကို သတိထားဖို့ လိုအပ်ပါတယ်။

စိတ်ချရသူတွေဆီကသာ ဝယ်ယူဖို့၊

ဥအစိမ်းတွေကို ကိုင်တွယ်ပြီးတဲ့အခါ လက်သေချာဆေးဖို့၊

ကွဲနေတဲ့ ကြေနေတဲ့ ပေါက်နေတဲ့ ဥတွေကို စားသောက်ခြင်းက ရှောင်ကြဉ်ဖို့၊

ချက်ပြုတ်စားသောက်မှုမပြုလုပ်ခင်အချိန်အထိ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့၊

ကျက်အောင်ချက်ပြုတ်စားသောက်ဖို့ (ဘက်တီးရီးယား ပိုးကူးစက်မှုတွေဟာ အနှစ်နဲ့ အကာရည်တွေဆီကနေ အဓိကလာတာကြောင့်) အနံ့ထွက်နေတာ ပုပ်သိုးနေတယ်လို့ ယူဆစရာမျိုးဖြစ်နေတဲ့ ဥတွေကို အသုံးမပြုဖို့၊

အစိမ်းအတိုင်းစားသောက်မှီဝဲတာမျိုးကို ရှောင်ကြဉ်ဖို့၊

စတဲ့ နည်းလမ်းတွေကို လိုက်နာပြီး မှီဝဲစားသုံးမယ်ဆိုရင် ဥအမျိုးမျိုးနဲ့ အနှစ်တွေကို စိတ်ချလက်ချမှီဝဲစားသောက်နိုင်မှာဖြစ်ပါတယ်။

အနှစ်ကို စားချင်ပေမယ့် ကိုလက်စထရောကြောင့် စားသင့် မစားသင့်ချိန်ဆနေသူတွေလည်း ရှိမှာပါ။ အစားများတဲ့ ကြက်ဥအနှစ်မှာဆိုရင် တစ်လုံးကို ကိုလက်စထရော ၁၈၀ မီလီဂရမ်ဝန်းကျင်ပါပါတယ်။ ကိုယ့်ရဲ့ ကျန်းမာအခြေအနေကို လိုက်ပြီး တစ်နေ့ ဘယ်နှလုံးထိစားနိုင်သလဲဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။

အထက်မှာဖော်ပြခဲ့သလိုပဲ ဥအနှစ်ဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာစေနိုင်တဲ့ အကျိုးကိုရစေနိုင်တာမို့ နေ့စဉ်မှီဝဲစားသောက်ပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ မှန်ကန်စွာ အသုံးချပြီး စနစ်တကျမှီဝဲနိုင်မယ်ဆိုရင် နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ ဥအနှစ်တွေက အကောင်းဆုံး အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

စရိတ္နည္းနည္းနဲ႔ က်န္းမာခ်င္ရင္ ၾကက္ဥအႏွစ္ စားပါ

 

ဥအႏွစ္ (Egg yolk) ဆိုတာက ၾကက္ဥ၊ ဘဲဥစတဲ့ ဥေတြရဲ႕အလယ္ဗဟိုက အဝါေရာင္အႏွစ္ အစုအေဝးေလးကို ဆိုလိုတာပါ။ ဥတစ္လုံးရဲ႕ အတြင္းပိုင္းမွာ အဝါေရာင္အႏွစ္နဲ႔ ၾကည္လင္တဲ့ အကာရည္ဆိုၿပီး အစိတ္အပိုင္း ၂ ခုပါဝင္ပါတယ္။ အရသာ႐ွိသလို အာဟာရလည္းျပည့္ဝလြန္းတဲ့ အစိတ္အပိုင္းေတြေပါ့။

ဒီအစိတ္အပိုင္း ၂ ခုထဲကမွ အႏွစ္ကေတာ့ ကိုလက္စထေရာပါဝင္မႈျမင့္မားေပမယ့္ ဗီတာမင္ေတြနဲ႔ အာဟာရဓာတ္ေတြလည္း ႂကြယ္ဝစြာပါဝင္ေနတဲ့ေနရာပါ။ ဒါေၾကာင့္လည္း ဘဲဥ၊ ၾကက္ဥအႏွစ္ ေတြဟာ ကုန္က်စရိတ္နည္းနည္းနဲ႔ က်န္းမာေစတဲ့ အစားအစာေတြလို႔ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

စရိတ္နည္းနည္းနဲ႔ က်န္းမာခ်င္ရင္ ၾကက္ဥအႏွစ္ စားပါ

ၾကက္ဥ၊ ဘဲဥဆိုတဲ့အစားအစာေတြက ျပင္ဆင္ခ်က္ျပဳတ္ရတာ လြယ္ကူၿပီး ေနရာစုံမွာအသုံးခ်ႏိုင္သလို ကိုယ္အလို႐ွိတဲ့ က်န္းမာေရး အက်ိဳးရလဒ္ရ႐ွိေအာင္ စီမံရာမွာလည္း မခက္ခဲပါဘူး။ ဒီထဲကမွ အာဟာရဓာတ္အႂကြယ္အဝဆုံးအပိုင္းကေတာ့ အဝါေရာင္အႏွစ္ေနရာပါပဲ။ ဒီအခ်က္က ၾကက္ဥ ဘဲဥေတြကို မွီဝဲစားေသာက္ရင္ အကာထက္ အႏွစ္ကိုပိုႏွစ္ၿခိဳက္သူေတြအတြက္ေတာ့ သတင္းေကာင္းလို႔ဆိုရမွာပါပဲ။

ဒီလိုၫႊန္းဆိုရေလာက္ေအာင္ ၾကက္ဥအႏွစ္ ေတြက ဘယ္လိုမ်ား အာဟာရဓာတ္ေတြႂကြယ္ဝေနလို႔လဲ၊ ၾကက္ဥ ဘဲဥအႏွစ္ေတြက သင့္က်န္းမာေရးကို ဘယ္လိုမ်ားအေထာက္အကူျဖစ္ေစမွာလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

အာဟာရဓာတ္နဲ႔ အက်ိဳးေက်းဇူးမ်ား

ဥအႏွစ္ဟာ ဥေတြရဲ႕ အတြင္းဘက္က အာဟာရဓာတ္အႂကြယ္ဝဆုံး အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဥအႏွစ္ေတြမွာပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ မ်ိဳးစိတ္၊ ဥထုတ္လုပ္မႈပုံစံနဲ႔ အ႐ြယ္အစားေတြေပၚမူတည္ၿပီး အနည္းငယ္ကြဲျပားႏိုင္ေပမယ့္ ေယ်ဘုယ်အားျဖင့္ေတာ့ ပ႐ိုတိန္း၊ အဆီနဲ႔ ကယ္လိုရီႂကြယ္ဝတာျခင္း တူၾကပါတယ္။

ဥအႏွစ္ေတြထဲမွာ အဓိကအားျဖင့္ ေအာက္ပါ အာဟာရဓာတ္ေတြပါဝင္ေနပါတယ္။

ကယ္လိုရီ၊

ပ႐ိုတင္း၊

အဆီ၊

ကိုလက္စထေရာ၊

ကာဘိုဟိုက္ၿဒိတ္၊

သၾကား၊

ဖိုက္ဘာ၊

ကယ္လ္ဆီယမ္၊

သံဓာတ္၊

မဂၢနီဆီယမ္၊

ေဖာ့စေဖာရပ္စ္၊

ပိုတက္ဆီယမ္၊

ဆိုဒီယမ္၊

သြပ္ဓာတ္ (zinc) တို႔ပါပဲ။

ဒါ့အျပင္ ဥအႏွစ္ေတြထဲမွာ ဗီတာမင္ဓာတ္ေတြ အေျမာက္အမ်ားလည္းပါဝင္ၿပီး အမ်ားစုကေတာ့ ေရနဲ႔ အဆီမွာ ေပ်ာ္ဝင္ႏိုင္တဲ့ ဗီတာမင္အမ်ိဳးအစားေတြပါ။ ေလ့လာခ်က္ေတြအရေတာ့ ဘဲဥ၊ ငုံးဥ၊ မန္ဒါလီဥနဲ႔ ၾကက္ဆင္ဥေတြဟာ ၾကက္ဥထက္ အာဟာရဓာတ္ေတြပိုႂကြယ္ဝတယ္လို႔ ဆိုထားပါတယ္။

ေနာက္ၿပီး ဥအႏွစ္ကို မွန္ကန္စြာ အသုံးခ်မယ္ဆိုရင္ ေအာက္ပါက်န္းမာေရး အက်ိဳးေက်းဇူးေတြကိုလည္း ရ႐ွိႏိုင္ဦးမွာျဖစ္ပါတယ္။ ဒါေတြကေတာ့

ဥအႏွစ္ဟာ အစာအိမ္ဆိုင္ရာေဝဒနာအေတာ္မ်ားမ်ားကို သက္သာေလ်ာ့ပါးေစႏိုင္ပါတယ္။

အႏွစ္နဲ႔ အကာကို တြဲဖက္ၿပီး ခ်ိန္ညႇိစားသုံးမယ္ဆိုရင္ ခႏၶာကိုယ္အတြက္ လိုအပ္မယ့္ ပ႐ိုတင္းေတြ၊ ကယ္လိုရီေတြနဲ႔ အဆီေတြကို လိုအပ္သလို ထိန္းခ်ဳပ္ျဖည့္တင္းလို႔ရပါတယ္။

ၾကက္ဥ၊ ဘဲဥဟာ ဗိုက္ျပည့္ေစတဲ့ အာနိသင္႐ွိၿပီး ဒီလိုမ်ိဳးအဓိကျဖစ္ေစတာက အတြင္းက အႏွစ္ေၾကာင့္ပါ။

ဥအမ်ိဳးမ်ိဳးထဲမွာပါဝင္တဲ့ ပ႐ိုတိန္းပမာဏရဲ႕ အမ်ားစုက အႏွစ္ထဲမွာပါ။ ဥအႏွစ္ထဲက ပ႐ိုတိန္းထဲမွာပါဝင္တဲ့ Phosvitin ဟာ နာက်င္မႈေဝဒနာေတြကို သက္သာေလ်ာ့ပါးေစႏိုင္ပါတယ္။

ဥအႏွစ္ထဲက Glycopeptides ဆိုတဲ့ ျဒပ္ေပါင္းကေတာ့ ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစတဲ့ Macrophages cells ေတြကို ထုတ္လုပ္ေပးၿပီး ဒီ ဆဲလ္ေတြက ေရာဂါကူးစက္မႈကို တိုက္ထုတ္ႏိုင္ပါတယ္။ ေသြးဖိအားကို ေလ်ာ့ပါးေစၿပီး ေသြးတိုးေရာဂါကို ထိန္းခ်ဳပ္ေပးႏိုင္သလို ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ့ပါးေစတယ္။

Lutein နဲ႔ Zeaxanthin တို႔လို ဓာတ္ေတြပါဝင္တာမို႔ အျမင္အာ႐ုံ ခ်ိဳ႕ယြင္းမႈနဲ႔ မ်က္စိမွာတိမ္စြဲႏိုင္ေျခကို ေလ်ာ့က်ေစတယ္။

ဥအႏွစ္ နဲ႔ အစာအဆိပ္သင့္မႈ

ဥေတြနဲ႔ ဥအႏွစ္ေတြဟာ က်န္းမာေရးကို အေထာက္အကူျဖစ္ေစတာမွန္ေပမယ့္ တခါတစ္ရံမွာေတာ့ အစာအဆိပ္သင့္ေစတာမ်ိဳးျဖစ္တတ္ပါတယ္။ အျဖစ္နည္းေပမယ့္ မျဖစ္ႏိုင္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒီအခ်က္က သတိထားရမယ့္ အခ်က္ျဖစ္ပါတယ္။

ဥအစာအဆိပ္သင့္မႈဟာ ကေလးငယ္ေတြနဲ႔ ကိုယ္ခံအားစနစ္က်ဆင္းေနၿပီျဖစ္တဲ့ အသက္ ၆၅ ႏွစ္အထက္လူႀကီးေတြမွာ အျဖစ္မ်ားပါတယ္။ ဒီလိုျဖစ္ရတဲ့အေၾကာင္းအရင္းကေတာ့ ဥေတြဟာ ဘက္တီးရီးယားတြယ္ညိႏိုင္ေျချမင့္မားတာေၾကာင့္လို႔ ဆိုပါတယ္။

ဥအႏွစ္ေတြမွာ အာဟာရဓာတ္ ျပည့္ဝစြာပါဝင္လာေအာင္နဲ႔ အစာအဆိပ္သင့္တာမ်ိဳးမျဖစ္ရေလေအာင္ ေအာက္ပါအခ်က္ေတြကို သတိထားဖို႔ လိုအပ္ပါတယ္။

စိတ္ခ်ရသူေတြဆီကသာ ဝယ္ယူဖို႔၊

ဥအစိမ္းေတြကို ကိုင္တြယ္ၿပီးတဲ့အခါ လက္ေသခ်ာေဆးဖို႔၊

ကြဲေနတဲ့ ေၾကေနတဲ့ ေပါက္ေနတဲ့ ဥေတြကို စားေသာက္ျခင္းက ေ႐ွာင္ၾကဥ္ဖို႔၊

ခ်က္ျပဳတ္စားေသာက္မႈမျပဳလုပ္ခင္အခ်ိန္အထိ ေရခဲေသတၱာထဲမွာ သိမ္းဆည္းဖို႔၊

က်က္ေအာင္ခ်က္ျပဳတ္စားေသာက္ဖို႔ (ဘက္တီးရီးယား ပိုးကူးစက္မႈေတြဟာ အႏွစ္နဲ႔ အကာရည္ေတြဆီကေန အဓိကလာတာေၾကာင့္) အနံ႔ထြက္ေနတာ ပုပ္သိုးေနတယ္လို႔ ယူဆစရာမ်ိဳးျဖစ္ေနတဲ့ ဥေတြကို အသုံးမျပဳဖို႔၊

အစိမ္းအတိုင္းစားေသာက္မွီဝဲတာမ်ိဳးကို ေ႐ွာင္ၾကဥ္ဖို႔၊

စတဲ့ နည္းလမ္းေတြကို လိုက္နာၿပီး မွီဝဲစားသုံးမယ္ဆိုရင္ ဥအမ်ိဳးမ်ိဳးနဲ႔ အႏွစ္ေတြကို စိတ္ခ်လက္ခ်မွီဝဲစားေသာက္ႏိုင္မွာျဖစ္ပါတယ္။

အႏွစ္ကို စားခ်င္ေပမယ့္ ကိုလက္စထေရာေၾကာင့္ စားသင့္ မစားသင့္ခ်ိန္ဆေနသူေတြလည္း ႐ွိမွာပါ။ အစားမ်ားတဲ့ ၾကက္ဥအႏွစ္မွာဆိုရင္ တစ္လုံးကို ကိုလက္စထေရာ ၁၈၀ မီလီဂရမ္ဝန္းက်င္ပါပါတယ္။ ကိုယ့္ရဲ႕ က်န္းမာအေျခအေနကို လိုက္ၿပီး တစ္ေန႔ ဘယ္ႏွလုံးထိစားႏိုင္သလဲဆိုတာကို အာဟာရဆရာဝန္နဲ႔ တိုင္ပင္ပါ။

အထက္မွာေဖာ္ျပခဲ့သလိုပဲ ဥအႏွစ္ဟာ ကုန္က်စရိတ္နည္းနည္းနဲ႔ က်န္းမာေစႏိုင္တဲ့ အက်ိဳးကိုရေစႏိုင္တာမို႔ ေန႔စဥ္မွီဝဲစားေသာက္ေပးသင့္တဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ မွန္ကန္စြာ အသုံးခ်ၿပီး စနစ္တက်မွီဝဲႏိုင္မယ္ဆိုရင္ ေန႔စဥ္ဘဝမွာ က်န္းမာေစဖို႔ ဥအႏွစ္ေတြက အေကာင္းဆုံး အေထာက္အကူျဖစ္ေစမွာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service