မျိုးတုန်းတော့မည့် သားရဲတိရ စ္ဆာန်များရှိသော ဧက ၄၀၀၀၀ ဘေးမဲ့တောကြီး ဒေါ်လာ ၃၆ သန်းဖြင့် ရောင်းမည်

မျိုးတုန်းတော့မည့် သားရဲတိရ စ္ဆာန်များရှိသော ဧက ၄၀၀၀၀ ဘေးမဲ့တောကြီး ဒေါ်လာ ၃၆ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
11 Jul 2022 11:32 am တွင် တင်ခဲ့သည်
667 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောင်အာဖရိကနိုင်ငံတွင် မျိုးတုန်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော သားရဲ တိရ စ္ဆာန်များ ထိန်းသိမ်းထားရှိသည့် သားကောင်ကြည့်ဘေးမဲ့တောကြီးတစ်ခုကို ဒေါ်လာ ၃၆ သန်းဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာသည်။

တစ်သက်တာတွင် တစ်ကြိမ်သာကြုံရမည့် ရှားပါး အခွင့်အလမ်းမျိုးဖြစ်သည်။

တောင်အာဖရိကနိုင်ငံ ၊ East Cape ပြည်နယ်၊ Karoo ရှိ သီးသန့် ဘေးမဲ့တောကြီး၏ အကျယ်အဝန်းမှာ ဧကပေါင်း ၄၁၂၆၀ ရှိသည်။

အဆိုပါ ဘေးမဲ့တောကို အမည်အမျိုးမျိုးဖြင့် ခေါ်ဆိုကြရာတွင် Magic Hills ဟုလည်း လူသိများသည်။

ကမ္ဘာပေါ်တွင် မျိုးတုန်းပျောက်ကွယ်လုနီးပါးရှိနေပြီဖြစ်သော တောရိုင်းတိရ စ္ဆာန်မျိုးစိတ်များ ထိန်းသိမ်းရှိထားကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

iSanti Big-5 ဟုလည်း ခေါ်ဆိုသော ထိုဘေးမဲ့တောတွင် ထိန်းသိမ်းထားရှိသော တောရိုင်းတိရ စ္ဆာန်များတွင် ခြင်္သေ့များ၊ ကျားသစ်များ၊ ကြံ့များ၊ ဆင်များ၊ သစ်ကုလားအုတ်များနှင့် အာဖရိကကျွဲတို့လည်း ပါဝင်သည်။

ထို့အပြင် ကမ္ဘာ့အကြီးမားဆုံး ကြံ့နက်လည်း ဘေးမဲ့တောတွင်ရှိသည်။ ဘေးမဲ့တော ခြံဝန်းကြီးအတွင်း အဆောက်အအုံ ၄ လုံးပါဝင်ကာ အိပ်ခန်းပေါင်း ၂၈ ခန်းနှင့် ရေချိုးခန်း ၂၈ ခန်း ရှိသည်။

“Magic Hills ဘေးမဲ့တောက ကျွန်တော်တွေ့ဖူးခဲ့တဲ့ ဘယ်အရာနဲ့မှ မတူပါဘူး။ ခရီးသွား စာရေးဆရာတစ်ယောက်အနေနဲ့ဆိုရင် ပြောစရာတွေ အများကြီးရှိနေပါတယ်။ ဒီနေရာကြီးရဲ့ ဆိတ်ငြိမ်မှု၊ ရှုမျှော်ခင်းတွေ၊ ကြီးမားကျယ်ဝန်းလှတဲ့ နေရာ၊ ပြီးတော့…ကြယ်တွေ။ ဒီနေရာမှာ ကွဲပြားတဲ့ စွမ်းအင်တစ်မျိုးကို ရပါတယ်။ သဘာဝလွန် တစ်ခုခုပေါ့” ဟု LookBook Studio မှ နိုင်ငံတကာ ခရီးသွားအယ်ဒီတာ လင်းနက် ဘိုသာက ပြောသည်။

(ဘေးမဲ့တောအတွင်းရှိ အဆောက်အအုံ ၄ လုံးတွင် အိပ်ခန်းပေါင်း ၂၈ ခန်း၊ ရေချိုးခန်း ၂၈ ခန်း ပါဝင်သည်)

 

(The Sky Lodge အမည်ရှိ အဆောက်အအုံတွင် အခန်း ၇ ခန်းဖြင့် ဖွဲ့စည်းထားပြီး ဘေးမဲ့တောအတွင်း အမြင့်ဆုံးတောင်၏ တောင်ထိပ်တွင် ဆောက်လုပ်ထားသည်)

(Sky Lodge မှ နားနေခန်း၏ အတွင်းပိုင်းမြင်ကွင်း)

(ဧကပေါင်း ၄၀၀၀၀ ကျော် ကျယ်ဝန်းသည့် ဘေးမဲ့တောတွင် အဆောက်အအုံ ၄ လုံးပါဝင်ရာ the Sky Lodge, the ILanga Manor House, Elsa’s Farmhouse နှင့် the iSanti Tented camp ဟု အသီးသီး အမည်ပေးထားသည်။)

(ဘေးမဲ့တောဝန်းအတွင်း ကျားသစ်၊ ဆင်နှင့် ကြံ့တို့ကဲ့သို့ သားရဲတိရ စ္ဆာန်များ လွတ်လပ်စွာ လှည့်ပတ်သွားလာနေကြသည်)

 

(ယခုဘေးမဲ့တောသည် တောင်အာဖရိကတွင် လက်ရှိဈေးကွက်တင်ထားသော အိမ်ခြံမြေများအနက် ဈေးအကြီးဆုံးအိမ်ခြံမြေတစ်ခုအဖြစ် ရပ်တည်နေသည်)

 

(ဘေးမဲ့တောအတွင်း မြင်ကွင်း)

 

(Ilanga Manor House အဆောက်အအုံကို Cape Dutch ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး စိမ်းလန်းသော သစ်ပင်တို့ ဝန်းပတ်ထားသည့် ရေကန်တစ်ခုလည်း ပါဝင်သည်)

 

(လက်ရှိပိုင်ရှင်များက ယခုဘေးမဲ့တောနေရာကြီးကို ၁၀ နှစ်ခန့် အချိန်ယူကာ မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်)

 

(နေထိုင်မည့်သူများအနေဖြင့် ဘေးမဲ့တော အစောင့်တို့၏ စောင့်ကြပ်လိုက်ပါမှုဖြင့် ဘေးမဲ့တောအတွင်း ညဘက်တွင် လှည့်လည်ကြည့်ရှုနိုင်သည်)

 

(ဈေးကွက်တင်မှတ်တမ်းအရ ယခုဘေးမဲ့တောတွင် ကမ္ဘာ့အကြီးမားဆုံး သက်ရှိထင်ရှား ကြံ့နက်ကြီး ရှိသည်ဟု ဆိုသည်။)

အပြောကျယ်သော မိုးကုတ်စက်ဝိုင်း၊ ရှုမျှော်ခင်း၊ လွင်ပြင်များဖြင့် ဖွဲ့စည်းထားသော ဘေးမဲ့တောသည် တောင်အာဖရိက အမျိုးသားဥယျာဉ်တစ်ခုဖြစ်သော Addo ဆင်ဥယျာဉ်အနီးတွင် တည်ရှိသည်။

တောင်ထိပ်တွင် ဆောက်လုပ်ထားသည့် Sky Villa တွင် နေထိုင်ရခြင်းမှာ တိမ်တိုက်များအကြား နိုးထလာရသည့် တမူထူးသော အတွေ့အကြုံမျိုးရရှိမည်ဖြစ်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ဒုတိယမြောက် အဆောက်အအုံတစ်ခုဖြစ်သော Ilanga Manor House အဆောက်အအုံကို Cape Dutch ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အခန်း ၁၀ ခန်း ပါဝင်သည်။

ယခုဘေးမဲ့တောမှ ပင်လယ်ကမ်းခြေဆီသို့ မော်တော်ကားဖြင့် မိနစ် ၃၀ ၊ ကိတ်ပ်တောင်းမြို့သို့ မိနစ် ၉၀ ခရီးသာ ဝေးကွာသည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Sotheby’s International Realty မှ အကျိုးဆောင် Kim Cooper ဖြစ်သည်။

 

 

 

 

 

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Massive South African reserve with endangered species lists for $36M (nypost)

 

 

[Zawgyi]

မ်ဳိးတုန္းေတာ့မည့္ သားရဲတိရ စၦာန္မ်ားရွိေသာ ဧက ၄၀၀၀၀ ေဘးမဲ့ေတာၾကီး ေဒၚလာ ၃၆ သန္းျဖင့္ ေရာင္းမည္

 

ေတာင္အာဖရိကႏိုင္ငံတြင္ မ်ဳိးတုန္းေပ်ာက္ကြယ္ေတာ့မည့္ အႏၱရာယ္ႏွင့္ ရင္ဆိုင္ေနရေသာ သားရဲ တိရ စၦာန္မ်ား ထိန္းသိမ္းထားရွိသည့္ သားေကာင္ၾကည့္ေဘးမဲ့ေတာၾကီးတစ္ခုကို ေဒၚလာ ၃၆ သန္းျဖင့္ ဝယ္ယူပိုင္ဆိုင္ႏိုင္မည့္ အခြင့္အလမ္းတစ္ခု ေပၚေပါက္လာသည္။

တစ္သက္တာတြင္ တစ္ၾကိမ္သာၾကံဳရမည့္ ရွားပါး အခြင့္အလမ္းမ်ဳိးျဖစ္သည္။

ေတာင္အာဖရိကႏိုင္ငံ ၊ East Cape ျပည္နယ္၊ Karoo ရွိ သီးသန္႔ ေဘးမဲ့ေတာၾကီး၏ အက်ယ္အဝန္းမွာ ဧကေပါင္း ၄၁၂၆၀ ရွိသည္။

အဆုိပါ ေဘးမဲ့ေတာကို အမည္အမ်ဳိးမ်ဳိးျဖင့္ ေခၚဆိုၾကရာတြင္ Magic Hills ဟုလည္း လူသိမ်ားသည္။

ကမၻာေပၚတြင္ မ်ဳိးတုန္းေပ်ာက္ကြယ္လုနီးပါးရွိေနျပီျဖစ္ေသာ ေတာရိုင္းတိရ စၦာန္မ်ဳိးစိတ္မ်ား ထိန္းသိမ္းရွိထားေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

iSanti Big-5 ဟုလည္း ေခၚဆိုေသာ ထိုေဘးမဲ့ေတာတြင္ ထိန္းသိမ္းထားရွိေသာ ေတာရိုင္းတိရ စၦာန္မ်ားတြင္ ျခေသၤ့မ်ား၊ က်ားသစ္မ်ား၊ ၾကံ႕မ်ား၊ ဆင္မ်ား၊ သစ္ကုလားအုတ္မ်ားႏွင့္ အာဖရိကကၽြဲတို႔လည္း ပါဝင္သည္။

ထို႔အျပင္ ကမၻာ့အၾကီးမားဆံုး ၾကံ႕နက္လည္း ေဘးမဲ့ေတာတြင္ရွိသည္။ ေဘးမဲ့ေတာ ျခံဝန္းၾကီးအတြင္း အေဆာက္အအံု ၄ လံုးပါဝင္ကာ အိပ္ခန္းေပါင္း ၂၈ ခန္းႏွင့္ ေရခ်ဳိးခန္း ၂၈ ခန္း ရွိသည္။

“Magic Hills ေဘးမဲ့ေတာက ကၽြန္ေတာ္္ေတြ႔ဖူးခဲ့တဲ့ ဘယ္အရာနဲ႔မွ မတူပါဘူး။ ခရီးသြား စာေရးဆရာတစ္ေယာက္အေနနဲ႔ဆိုရင္ ေျပာစရာေတြ အမ်ားၾကီးရွိေနပါတယ္။ ဒီေနရာၾကီးရဲ႕ ဆိတ္ျငိမ္မႈ၊ ရႈေမွ်ာ္ခင္းေတြ၊ ၾကီးမားက်ယ္ဝန္းလွတဲ့ ေနရာ၊ ျပီးေတာ့…ၾကယ္ေတြ။ ဒီေနရာမွာ ကြဲျပားတဲ့ စြမ္းအင္တစ္မ်ဳိးကို ရပါတယ္။ သဘာဝလြန္ တစ္ခုခုေပါ့” ဟု LookBook Studio မွ ႏိုင္ငံတကာ ခရီးသြားအယ္ဒီတာ လင္းနက္ ဘိုသာက ေျပာသည္။

(ေဘးမဲ့ေတာအတြင္းရွိ အေဆာက္အအံု ၄ လံုးတြင္ အိပ္ခန္းေပါင္း ၂၈ ခန္း၊ ေရခ်ဳိးခန္း ၂၈ ခန္း ပါဝင္သည္)

(The Sky Lodge အမည္ရွိ အေဆာက္အအံုတြင္ အခန္း ၇ ခန္းျဖင့္ ဖြဲ႔စည္းထားျပီး ေဘးမဲ့ေတာအတြင္း အျမင့္ဆံုးေတာင္၏ ေတာင္ထိပ္တြင္ ေဆာက္လုပ္ထားသည္)

(Sky Lodge မွ နားေနခန္း၏ အတြင္းပိုင္းျမင္ကြင္း)

(ဧကေပါင္း ၄၀၀၀၀ ေက်ာ္ က်ယ္ဝန္းသည့္ ေဘးမဲ့ေတာတြင္ အေဆာက္အအံု ၄ လံုးပါဝင္ရာ the Sky Lodge, the ILanga Manor House, Elsa’s Farmhouse ႏွင့္ the iSanti Tented camp ဟု အသီးသီး အမည္ေပးထားသည္။)

(ေဘးမဲ့ေတာဝန္းအတြင္း က်ားသစ္၊ ဆင္ႏွင့္ ၾကံ႕တို႔ကဲ့သို႔ သားရဲတိရ စၦာန္မ်ား လြတ္လပ္စြာ လွည့္ပတ္သြားလာေနၾကသည္)

(ယခုေဘးမဲ့ေတာသည္ ေတာင္အာဖရိကတြင္ လက္ရွိေစ်းကြက္တင္ထားေသာ အိမ္ျခံေျမမ်ားအနက္ ေစ်းအၾကီးဆံုးအိမ္ျခံေျမတစ္ခုအျဖစ္ ရပ္တည္ေနသည္)

(ေဘးမဲ့ေတာအတြင္း ျမင္ကြင္း)

(Ilanga Manor House အေဆာက္အအံုကို Cape Dutch ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး စိမ္းလန္းေသာ သစ္ပင္တို႔ ဝန္းပတ္ထားသည့္ ေရကန္တစ္ခုလည္း ပါဝင္သည္)

(လက္ရွိပိုင္ရွင္မ်ားက ယခုေဘးမဲ့ေတာေနရာၾကီးကို ၁၀ ႏွစ္ခန္႔ အခ်ိန္ယူကာ မြမ္းမံထိန္းသိမ္းမႈမ်ား ျပဳလုပ္ခဲ့သည္)

(ေနထိုင္မည့္သူမ်ားအေနျဖင့္ ေဘးမဲ့ေတာ အေစာင့္တို႔၏ ေစာင့္ၾကပ္လိုက္ပါမႈျဖင့္ ေဘးမဲ့ေတာအတြင္း ညဘက္တြင္ လွည့္လည္ၾကည့္ရႈႏိုင္သည္)

(ေစ်းကြက္တင္မွတ္တမ္းအရ ယခုေဘးမဲ့ေတာတြင္ ကမၻာ့အၾကီးမားဆံုး သက္ရွိထင္ရွား ၾကံ႕နက္ၾကီး ရွိသည္ဟု ဆိုသည္။)

အေျပာက်ယ္ေသာ မိုးကုတ္စက္ဝိုင္း၊ ရႈေမွ်ာ္ခင္း၊ လြင္ျပင္မ်ားျဖင့္ ဖြဲ႔စည္းထားေသာ ေဘးမဲ့ေတာသည္ ေတာင္အာဖရိက အမ်ဳိးသားဥယ်ာဥ္တစ္ခုျဖစ္ေသာ Addo ဆင္ဥယ်ာဥ္အနီးတြင္ တည္ရွိသည္။

ေတာင္ထိပ္တြင္ ေဆာက္လုပ္ထားသည့္ Sky Villa တြင္ ေနထုိင္ရျခင္းမွာ တိမ္တိုက္မ်ားအၾကား ႏိုးထလာရသည့္ တမူထူးေသာ အေတြ႔အၾကံဳမ်ိဳးရရွိမည္ျဖစ္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ဒုတိယေျမာက္ အေဆာက္အအံုတစ္ခုျဖစ္ေသာ Ilanga Manor House အေဆာက္အအံုကို Cape Dutch ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး အခန္း ၁၀ ခန္း ပါဝင္သည္။

ယခုေဘးမဲ့ေတာမွ ပင္လယ္ကမ္းေျခဆီသို႔ ေမာ္ေတာ္ကားျဖင့္ မိနစ္ ၃၀ ၊ ကိတ္ပ္ေတာင္းျမိဳ႕သို႔ မိနစ္ ၉၀ ခရီးသာ ေဝးကြာသည္။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Sotheby’s International Realty မွ အက်ဳိးေဆာင္ Kim Cooper ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Massive South African reserve with endangered species lists for $36M (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service