နေ့စဉ်ဝဝလင်လင်စားသုံးခြင်းဖြင့်ဝိတ်ချနိုင်သော အစားအစာများ

နေ့စဉ်ဝဝလင်လင်စားသုံးခြင်းဖြင့်ဝိတ်ချနိုင်သော အစားအစာများ - Property Knowledge in Myanmar from iMyanmarHouse.com
8 Jul 2022 12:46 pm တွင် တင်ခဲ့သည်
1922 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဒီသတင်းကတော့ ကိုယ်အလေးချိန်လည်း လျှော့ချင်တယ် ဒါမှမဟုတ် ထိန်းထားချင်တယ်၊ ဒါပေမဲ့ အတိုင်းအချင့်နဲ့မဟုတ်ဘဲ ဗိုက်ပြည့်တဲ့အထိလည်း စားချင်တယ်ဆိုသူတွေအတွက် အထူးရည်ရွယ်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချင်၊ ထိန်းချင်တာနဲ့ပဲ အငတ်ခံဖို့မလိုပါဘူး‌နော်။ စားလို့ရပါတယ်။ ဒါပေမဲ့ သင့်လျော်တဲ့အစားအသောက်တွေဖြစ်ဖို့ပဲ လိုတာပါ။

အောက်ဖော်ပြပါအစားအစာတွေကတော့ သင့်ကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ထိန်းပေးထားနိုင်တဲ့အပြင် ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်လည်း လျှင်မြန်စွာ လျော့ကျစေမယ့်အစားအစာတွေပဲ ဖြစ်ပါတယ်။

၁။ ဒေါက်ခွရွက် (ဟင်းနုနွယ်)

- ဟင်းနုနွယ်ဆိုပေမဲ့ ကျွန်မတို့ စားနေကျ ရပ်ကွက်ဈေးတွေမှာရောင်းချနေတဲ့ ဒေသထွက်ဟင်းနုနွယ်နဲ့မျိုးစုမျိုးစိတ်ချင်း မတူပါဘူး။ အနောက်နိုင်ငံတွေမှ အစားများပြီး စူပါမားကတ်တွေမှာ ရောင်းချတတ်တဲ့ တစ်ထွာသာသာ အစည်းလိုက် ဟင်းနုနွယ်လေးတွေပဲဖြစ်ပါတယ်။ စိမ်းလန်းပြီး အရွက်ဝေဝေဆာဆာနဲ့ဆိုပေမဲ့ ဒေါက်ခွတွေဟာ အာဟာရရှိတဲ့ ခြံအလှပန်းတော့ မဟုတ်ပါဘူး။ ဒေါက်ခွတွေမှာ နှလုံးရောဂေါ၊ လေဖြတ်ခြင်းနဲ့ အရိုးပွရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အပင်အခြေပြု အိုမီဂါ-၃ နဲ့ ဖောလိတ်ဓာတ်တွေ ပေါကြွယ်ဝလှပါတယ်။ ‌ဒါ့အပြင် ဖောလိတ်ကလည်း ခန္ဓာကိုယ်အောက်ပိုင်းဆီ သွေးစီးဆင်းမှုပိုမိုကောင်းမွန်စေတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတွေကနေလည်း သင့်ကို ကူညီကာကွယ်ပေးနိုင်ပါသေးတယ်။

- စားသုံးနိုင်သည့်နည်းများ - ဒေါက်ခွရွက်သုပ်၊ အခြားအသုပ်တစ်ခုခုထဲ ထည့်သုပ်စားခြင်း၊ ကြက်ဥမွှေကြော်ထဲ ထည့်ကြော်စားခြင်း၊ ပီဇာ‌ပေါ်တင်စားခြင်း

 

၂။ ဒိန်ချဉ်

- စတင်ပေါ်ပေါက်လာတာ ဒီနှစ်ထောင်ချီ သက်တမ်းရှိနေပြီဖြစ်တဲ့ အစားအစာရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ ဘယ်သူကမှ အငြင်းပွားစရာ မရှိပါဘူး။ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပြီး ကင်ဆာရောဂါမဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

- စားသုံးနိုင်သည့်နည်းများ - ပျားရည်ဖြင့် တွဲဖက်ဖျော်သောက်ခြင်း သို့မဟုတ် စားခြင်း၊ ဘလူးဘယ်ရီသီးနှင့် သစ်ကြားသီးတိုးအား အပေါ်မှ တင်၍စားခြင်း

 

၃။ ခရမ်းချဉ်သီး

- ခရမ်းချဉ်သီးနဲ့ပတ်သက်လို့ သင်သိဖို့လိုတဲ့အရာနှစ်ခုရှိပါတယ်။ တစ်ခုကတော့ အနီရောင်က အကောင်းဆုံးဆိုတာပါပဲ၊ ဘာလို့ဆို အနီရောင်ခရမ်းချဉ်သီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း လိုင်ကိုပင်းဒြပ်ပေါင်း ပိုမိုပါဝင်လို့ပါပဲ။ နောက်တစ်ခုကတော့ ချက်ပြုတ်ထားတဲ့ ခရမ်းချဉ်သီးတွေဟာလည်း မပြုမပြင်ထားတဲ့ အစိမ်းသက်သက်လိုပဲ အာနိသင်ရှိဆဲပါပဲ၊ ဘာလို့ဆို ချက်ပြုတ်ပြုပြင်လိုက်တဲ့အခါ လိုင်ကိုပင်းကို ခန္ဓာကိုယ်က စုပ်ယူရတာ ပိုလွယ်သွားတာကြောင့်ဖြစ်ပါတယ်။ လိုင်ကိုပင်းဒြပ်ပေါင်းကြွယ်ဝရင် ဆီးအိတ်၊ အဆုတ်၊ ဆီးကြိတ်၊ အရေပြားနဲ့ အစာအိမ်စတာတွေမှာ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး နှလုံးပတ်သွေးလွှတ်ကြောရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ကျစေတယ်လို့ လေ့လာမှုတွေက တွေ့ရှိထားပါတယ်။

- စားသုံးနိုင်သည့်နည်းများ - သုပ်ခြင်း၊ ချက်ခြင်း၊ ခရမ်းချဉ်သီးပန်ထွေဖျော်

 

၄။ မုန်လာဥနီ၊ ကန်စွန်းဥနှင့် ရွှေဖရုံ

- အနီ၊ အဝါ သို့မဟုတ် လိမ္မော်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာတော်တော်များများကို လျော့ပါးသက်သာစေနိုင်ပြီး ပန်းနာရင်ကျပ်နဲ့ နာတာရှည်အဆစ်အမြစ်ရောင်ရောဂါလိုမျိုး ရောင်းရမ်းနာတွေ ဖြစ်နိုင်ခြေနဲ့ ရောဂါအခြေအနေပြင်းထန်မှုတွေကို လျှော့ချပေးနိုင်တဲ့ carotenoid ဒြပ်ပေါင်း ပါဝင်ပါတယ်။

- စားသုံးနိုင်သည့်နည်းများ - မုန်လာဥနီငယ်လေးများအား အစိမ်းလိုက်ကိုက်စားခြင်း၊ ဟင်းရည်ထဲ ထည့်ပြုတ်ခြင်း၊ ဥနီကိတ်မုန့်၊ ကန်စွန်းဥမီးဖုတ် သို့ ပြုတ်၊ ရွှေဖရုံပူတင်း၊ ရွှေဖရုံသီးပိုင်မုန့်

 

၅။ ဘလူးဘယ်ရီ၊ ခရမ်းရောင်စပျစ်၊ စတော်ဘယ်ရီ

- အမျှင်ဓာတ်နဲ့ ဗီတာမင် အေ၊ စီတို့ ပေါကြွယ်ဝတဲ့ ဒီအသီးအနှံတွေဟာ ကင်ဆာ၊ ဆီးချိုနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ပြောင်းလဲမှုတွေရဲ့ရန်ကနေ ကူညီကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

- ထူးခြားချက် - မြောက်အမေရိကတိုက်ရဲ့ အသီးဖြစ်တဲ့ ဘလူးဘယ်ရီတွေဟာ အာဟာရဓာတ်အများစုကို အခြောက်၊ အေးခဲထား ဒါမှမဟုတ် ယိုထိုးထားတဲ့ ပုံစံတွေမှာ ထိန်းသိမ်းထားကြတာဖြစ်ပါတယ်။

 

၆။ ပဲမည်း

- ပဲအားလုံးကတော့ သင့်နှလုံးအတွက် ကောင်းတယ်ဆိုပေမဲ့ ပဲမည်းလောက်တော့ ဘယ်ပဲကမှ သင့်ဦးနှောက်ခွန်အားကို တိုးမ‌ပေးနိုင်ပါဘူး။ ပဲမည်းတွေမှာ အန်သိုစိုင်ယာနင်နဲ့ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေ ပါဝင်တာမို့ ဦး‌နှောက်လုပ်ဆောင်ချက်ကို ပိုကောင်းစေတာပဲ ဖြစ်ပါတယ်။

၇။ သစ်ကြားသီးနှင့် ဗာဒံသီး၊ almond သီး

- ဒီအသီးတွေရဲ့ အ‌စေ့အဆန်တွေမှာပါတဲ့ အမျှင်ဓာတ်တွေက အဆာခံစေကာ အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ပွားစေတာကြောင့် ဝမ်းမှန်စေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးကာ အစာခြေအားကိုလည်း ကောင်းစေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့အပြင် နှလုံးအကျိုပြု မပြည့်ဝဆီလည်း ပါဝင်တာမို့ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ သူ့မှာပါဝင်တဲ့ omega-3 fatty acids ကလည်း အဆီလောင်ကျွမ်းခြင်းကို အားပေးတာကြောင့် ကိုယ်တွင်းစုနေတဲ့ အဆီတွေကို ချဖျက်ပေးပါတယ်။

- စားသုံးနိုင်သည့်နည်းများ - သူ့ချည်းသက်သက် စားသုံးခြင်း၊ အသုပ်ထဲ ထည့်စားခြင်း၊ လှီးဖြတ်၍ ပန်ကိတ်တွင် ဖြူးခြင်းကပ်ခြင်း၊ သူ့အားကြိတ်၍ ယင်းအမှုန့်အား ငါးကင် ကြက်ကင်တို့ဖြင့် တွဲဖက်စားသုံးရန် အချဉ်ရည်တွင် ရောနှောခြင်း

၈။ အုတ်ဂျုံ

- နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သွေးတွင်းရှိ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ကာ နေ့စဉ်တစ်ပန်းကန်အနည်းဆုံး ပုံမှန်စားပေးရင် လွယ်ကူလျှင်မြန်စွာ ဝိတ်ကျစေပါတယ်။

- ကွေကာအုပ်လို ဖျော်သောက်ခြင်း၊ ပျစ်ပျစ်ကျိုဖျော်စားခြင်း၊ ဒိန်ချဉ်၊ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ခရမ်းရောင်စပျစ်တို့ ရောနှော၍ စားသုံးခြင်း

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: https://www.eatthis.com/8-superfoods-you-should-eat-every-day/

 

[Zawgyi]

ေန႔စဥ္ဝဝလင္လင္စားသုံးျခင္းျဖင့္ဝိတ္ခ်ႏိုင္ေသာ အစားအစာမ်ား

 

ဒီသတင္းကေတာ့ ကိုယ္အေလးခ်ိန္လည္း ေလွ်ာ့ခ်င္တယ္ ဒါမွမဟုတ္ ထိန္းထားခ်င္တယ္၊ ဒါေပမဲ့ အတိုင္းအခ်င့္နဲ႔မဟုတ္ဘဲ ဗိုက္ျပည့္တဲ့အထိလည္း စားခ်င္တယ္ဆိုသူေတြအတြက္ အထူးရည္႐ြယ္ပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်င္၊ ထိန္းခ်င္တာနဲ႔ပဲ အငတ္ခံဖို႔မလိုပါဘူး‌ေနာ္။ စားလို႔ရပါတယ္။ ဒါေပမဲ့ သင့္ေလ်ာ္တဲ့အစားအေသာက္ေတြျဖစ္ဖို႔ပဲ လိုတာပါ။

ေအာက္ေဖာ္ျပပါအစားအစာေတြကေတာ့ သင့္ကို က်န္းက်န္းမာမာနဲ႔ ကိုယ္အေလးခ်ိန္ထိန္းေပးထားႏိုင္တဲ့အျပင္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်လိုသူေတြအတြက္လည္း လွ်င္ျမန္စြာ ေလ်ာ့က်ေစမယ့္အစားအစာေတြပဲ ျဖစ္ပါတယ္။

၁။ ေဒါက္ခြ႐ြက္ (ဟင္းႏုႏြယ္)

- ဟင္းႏုႏြယ္ဆိုေပမဲ့ ကြၽန္မတို႔ စားေနက် ရပ္ကြက္ေဈးေတြမွာေရာင္းခ်ေနတဲ့ ေဒသထြက္ဟင္းႏုႏြယ္နဲ႔မ်ိဳးစုမ်ိဳးစိတ္ခ်င္း မတူပါဘူး။ အေနာက္ႏိုင္ငံေတြမွ အစားမ်ားၿပီး စူပါမားကတ္ေတြမွာ ေရာင္းခ်တတ္တဲ့ တစ္ထြာသာသာ အစည္းလိုက္ ဟင္းႏုႏြယ္ေလးေတြပဲျဖစ္ပါတယ္။ စိမ္းလန္းၿပီး အ႐ြက္ေဝေဝဆာဆာနဲ႔ဆိုေပမဲ့ ေဒါက္ခြေတြဟာ အာဟာရ႐ွိတဲ့ ျခံအလွပန္းေတာ့ မဟုတ္ပါဘူး။ ေဒါက္ခြေတြမွာ ႏွလုံးေရာေဂါ၊ ေလျဖတ္ျခင္းနဲ႔ အ႐ိုးပြေရာဂါေတြ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ အပင္အေျချပဳ အိုမီဂါ-၃ နဲ႔ ေဖာလိတ္ဓာတ္ေတြ ေပါႂကြယ္ဝလွပါတယ္။ ‌ဒါ့အျပင္ ေဖာလိတ္ကလည္း ခႏၶာကိုယ္ေအာက္ပိုင္းဆီ ေသြးစီးဆင္းမႈပိုမိုေကာင္းမြန္ေစတာေၾကာင့္ အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ လိင္ပိုင္းဆိုင္ရာျပႆနာေတြကေနလည္း သင့္ကို ကူညီကာကြယ္ေပးႏိုင္ပါေသးတယ္။

- စားသုံးႏိုင္သည့္နည္းမ်ား - ေဒါက္ခြ႐ြက္သုပ္၊ အျခားအသုပ္တစ္ခုခုထဲ ထည့္သုပ္စားျခင္း၊ ၾကက္ဥေမႊေၾကာ္ထဲ ထည့္ေၾကာ္စားျခင္း၊ ပီဇာ‌ေပၚတင္စားျခင္း

 

၂။ ဒိန္ခ်ဥ္

- စတင္ေပၚေပါက္လာတာ ဒီႏွစ္ေထာင္ခ်ီ သက္တမ္း႐ွိေနၿပီျဖစ္တဲ့ အစားအစာရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကိုေတာ့ ဘယ္သူကမွ အျငင္းပြားစရာ မ႐ွိပါဘူး။ ကိုယ္ခံစြမ္းအားကို တိုးျမႇင့္ေပးၿပီး ကင္ဆာေရာဂါမျဖစ္ပြားေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

- စားသုံးႏိုင္သည့္နည္းမ်ား - ပ်ားရည္ျဖင့္ တြဲဖက္ေဖ်ာ္ေသာက္ျခင္း သို႔မဟုတ္ စားျခင္း၊ ဘလူးဘယ္ရီသီးႏွင့္ သစ္ၾကားသီးတိုးအား အေပၚမွ တင္၍စားျခင္း

 

၃။ ခရမ္းခ်ဥ္သီး

- ခရမ္းခ်ဥ္သီးနဲ႔ပတ္သက္လို႔ သင္သိဖို႔လိုတဲ့အရာႏွစ္ခု႐ွိပါတယ္။ တစ္ခုကေတာ့ အနီေရာင္က အေကာင္းဆုံးဆိုတာပါပဲ၊ ဘာလို႔ဆို အနီေရာင္ခရမ္းခ်ဥ္သီးေတြမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္း လိုင္ကိုပင္းျဒပ္ေပါင္း ပိုမိုပါဝင္လို႔ပါပဲ။ ေနာက္တစ္ခုကေတာ့ ခ်က္ျပဳတ္ထားတဲ့ ခရမ္းခ်ဥ္သီးေတြဟာလည္း မျပဳမျပင္ထားတဲ့ အစိမ္းသက္သက္လိုပဲ အာနိသင္႐ွိဆဲပါပဲ၊ ဘာလို႔ဆို ခ်က္ျပဳတ္ျပဳျပင္လိုက္တဲ့အခါ လိုင္ကိုပင္းကို ခႏၶာကိုယ္က စုပ္ယူရတာ ပိုလြယ္သြားတာေၾကာင့္ျဖစ္ပါတယ္။ လိုင္ကိုပင္းျဒပ္ေပါင္းႂကြယ္ဝရင္ ဆီးအိတ္၊ အဆုတ္၊ ဆီးႀကိတ္၊ အေရျပားနဲ႔ အစာအိမ္စတာေတြမွာ ကင္ဆာျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး ႏွလုံးပတ္ေသြးလႊတ္ေၾကာေရာဂါျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ့က်ေစတယ္လို႔ ေလ့လာမႈေတြက ေတြ႕႐ွိထားပါတယ္။

- စားသုံးႏိုင္သည့္နည္းမ်ား - သုပ္ျခင္း၊ ခ်က္ျခင္း၊ ခရမ္းခ်ဥ္သီးပန္ေထြေဖ်ာ္

 

၄။ မုန္လာဥနီ၊ ကန္စြန္းဥႏွင့္ ေ႐ႊဖ႐ုံ

- အနီ၊ အဝါ သို႔မဟုတ္ လိေမၼာ္ေရာင္ ဟင္းသီးဟင္း႐ြက္ေတြမွာ ကင္ဆာေတာ္ေတာ္မ်ားမ်ားကို ေလ်ာ့ပါးသက္သာေစႏိုင္ၿပီး ပန္းနာရင္က်ပ္နဲ႔ နာတာ႐ွည္အဆစ္အျမစ္ေရာင္ေရာဂါလိုမ်ိဳး ေရာင္းရမ္းနာေတြ ျဖစ္ႏိုင္ေျခနဲ႔ ေရာဂါအေျခအေနျပင္းထန္မႈေတြကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ carotenoid ျဒပ္ေပါင္း ပါဝင္ပါတယ္။

- စားသုံးႏိုင္သည့္နည္းမ်ား - မုန္လာဥနီငယ္ေလးမ်ားအား အစိမ္းလိုက္ကိုက္စားျခင္း၊ ဟင္းရည္ထဲ ထည့္ျပဳတ္ျခင္း၊ ဥနီကိတ္မုန္႔၊ ကန္စြန္းဥမီးဖုတ္ သို႔ ျပဳတ္၊ ေ႐ႊဖ႐ုံပူတင္း၊ ေ႐ႊဖ႐ုံသီးပိုင္မုန္႔

 

၅။ ဘလူးဘယ္ရီ၊ ခရမ္းေရာင္စပ်စ္၊ စေတာ္ဘယ္ရီ

- အမွ်င္ဓာတ္နဲ႔ ဗီတာမင္ ေအ၊ စီတို႔ ေပါႂကြယ္ဝတဲ့ ဒီအသီးအႏွံေတြဟာ ကင္ဆာ၊ ဆီးခ်ိဳနဲ႔ အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ မွတ္ဉာဏ္ေျပာင္းလဲမႈေတြရဲ႕ရန္ကေန ကူညီကာကြယ္ေပးႏိုင္တဲ့အျပင္ ႏွလုံးေသြးေၾကာဆိုင္ရာ က်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။

- ထူးျခားခ်က္ - ေျမာက္အေမရိကတိုက္ရဲ႕ အသီးျဖစ္တဲ့ ဘလူးဘယ္ရီေတြဟာ အာဟာရဓာတ္အမ်ားစုကို အေျခာက္၊ ေအးခဲထား ဒါမွမဟုတ္ ယိုထိုးထားတဲ့ ပုံစံေတြမွာ ထိန္းသိမ္းထားၾကတာျဖစ္ပါတယ္။

 

၆။ ပဲမည္း

- ပဲအားလုံးကေတာ့ သင့္ႏွလုံးအတြက္ ေကာင္းတယ္ဆိုေပမဲ့ ပဲမည္းေလာက္ေတာ့ ဘယ္ပဲကမွ သင့္ဦးေႏွာက္ခြန္အားကို တိုးမ‌ေပးႏိုင္ပါဘူး။ ပဲမည္းေတြမွာ အန္သိုစိုင္ယာနင္နဲ႔ ဓာတ္တိုးဆန္႔က်င္ျဒပ္ေပါင္းေတြ ပါဝင္တာမို႔ ဦး‌ေႏွာက္လုပ္ေဆာင္ခ်က္ကို ပိုေကာင္းေစတာပဲ ျဖစ္ပါတယ္။

၇။ သစ္ၾကားသီးႏွင့္ ဗာဒံသီး၊ almond သီး

- ဒီအသီးေတြရဲ႕ အ‌ေစ့အဆန္ေတြမွာပါတဲ့ အမွ်င္ဓာတ္ေတြက အဆာခံေစကာ အူတြင္းက အက်ိဳးျပဳဘက္တီးရီးယားေတြကို ေပါက္ပြားေစတာေၾကာင့္ ဝမ္းမွန္ေစၿပီး ကိုယ္အေလးခ်ိန္ကို ထိန္းေပးကာ အစာေျခအားကိုလည္း ေကာင္းေစပါတယ္။ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ႂကြယ္ဝတဲ့အျပင္ ႏွလုံးအက်ိဳျပဳ မျပည့္ဝဆီလည္း ပါဝင္တာမို႔ ေသြးတြင္း သၾကားဓာတ္ကိုလည္း ထိန္းညႇိေပးပါတယ္။ သူ႕မွာပါဝင္တဲ့ omega-3 fatty acids ကလည္း အဆီေလာင္ကြၽမ္းျခင္းကို အားေပးတာေၾကာင့္ ကိုယ္တြင္းစုေနတဲ့ အဆီေတြကို ခ်ဖ်က္ေပးပါတယ္။

- စားသုံးႏိုင္သည့္နည္းမ်ား - သူ႕ခ်ည္းသက္သက္ စားသုံးျခင္း၊ အသုပ္ထဲ ထည့္စားျခင္း၊ လွီးျဖတ္၍ ပန္ကိတ္တြင္ ျဖဴးျခင္းကပ္ျခင္း၊ သူ႕အားႀကိတ္၍ ယင္းအမႈန္႔အား ငါးကင္ ၾကက္ကင္တို႔ျဖင့္ တြဲဖက္စားသုံးရန္ အခ်ဥ္ရည္တြင္ ေရာေႏွာျခင္း

၈။ အုတ္ဂ်ံဳ

- ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးၿပီး ေသြးတြင္း႐ွိ ကိုလက္စထေရာနဲ႔ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ကာ ေန႔စဥ္တစ္ပန္းကန္အနည္းဆုံး ပုံမွန္စားေပးရင္ လြယ္ကူလွ်င္ျမန္စြာ ဝိတ္က်ေစပါတယ္။

- ေကြကာအုပ္လို ေဖ်ာ္ေသာက္ျခင္း၊ ပ်စ္ပ်စ္က်ိဳေဖ်ာ္စားျခင္း၊ ဒိန္ခ်ဥ္၊ ဘလူးဘယ္ရီ၊ စေတာ္ဘယ္ရီ၊ ခရမ္းေရာင္စပ်စ္တို႔ ေရာေႏွာ၍ စားသုံးျခင္း

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: https://www.eatthis.com/8-superfoods-you-should-eat-every-day/

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service