တစ္ဆေမကြောက်သူများကိုသာ တည်းခွင့်ပြုသည့် ဟိုတယ်

တစ္ဆေမကြောက်သူများကိုသာ တည်းခွင့်ပြုသည့် ဟိုတယ် - Property News in Myanmar from iMyanmarHouse.com
8 Jul 2022 10:06 am တွင် တင်ခဲ့သည်
1548 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်နိုင်ငံတွင် Ye Olde Kings Head အမည်ရှိ ဟိုတယ်အသေးစားတစ်ခုရှိပြီး တစ္ဆေသရဲခြောက်သည့် ညများကို ရင်ဆိုင်တွေ့ကြုံလိုသူများအနေဖြင့် သတ္တိကောင်းပါက တည်းခိုနိုင်လေသည်။

သို့သော် ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာမှုများကို မိမိဘာသာ တာဝန်ယူရမည်ဟု ဟိုတယ်သို့ ရောက်သည်နှင့် လက်မှတ်ရေးထိုးရမည် ဟု ဆိုသည်။

ထို့အပြင် မိမိ၏ အခန်းကို ဗွီဒီယိုရိုက်ကူးရယူကာ တစ္ဆေခြောက်ပုံဖြစ်ရပ်များကို YouTube channel တစ်ခုဖြစ်သော My Haunted Hotel တွင် အပတ်စဉ်လွှင့်တင်မှုကိုလည်း သဘောတူရမည်ဟု ဆိုသည်။

ဟိုတယ်၏ တည်နေရာမှာ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း ချက်စ်တာ (Chester) ခရိုင်တွင်ရှိပြီး ၁၆၂၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဆောက်လုပ်ပြီးစတွင် လူနေအိမ်အဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ပြည့်တန်ဆာဂေဟာအဖြစ် ပြောင်းလဲခဲ့ကာ ၁၇၁၄ ခုနှစ်တွင်မူ တည်းခိုခန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရသည်မှာ ကုလားထိုင်များသည် အလိုအလျောက် ရွေ့လျားနေသည်ကို တွေ့ရသည်။

ထို့အပြင် တစ္ဆေဟု ယူဆရသော အရာကိုတွေ့ကာ တည်းခိုသည့်ဧည့်သည်များ ကြောက်လန့်တကြား အော်ဟစ်ခြင်းများ၊ ကလေးကစားခန်းတွင် ဧည့်သည်များထံ အရုပ်များ ပျံသန်းလာခြင်းတို့တွေ့ရရာ ထိုဟိုတယ်တွင် အသည်းမကောင်းသူတို့ မတည်းခိုသင့်ချေ။

အဆိုပါဟိုတယ်ကို ပရလောကသုတေသီ Harry Achilleos က ၂၀၁၂ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

(သရဲခြောက်သော ဤဟိုတယ်တွင် သင်တည်းခိုဝံ့ပါသလား)

(သရဲခြောက်သော ဟိုတယ်၏ အခန်းများ)

(တည်းခိုမည့်ဧည့်သည်များအနေဖြင့် အခန်းအတွင်း ဗွီဒီယိုရိုက်ကူးမှတ်တမ်းတင်ထားခြင်းကို လက်ခံရမည်ဖြစ်သည့်အပြင် ဟိုတယ်သို့ တည်းခိုရန် ရောက်ရှိလာလျှင် ဖြစ်ပေါ်လာသည့် ကိစ္စအဝဝကို မိမိဘာသာ တာဝန်ယူရမည်ဖြစ်ကြောင်း သဘောတူလက်မှတ်ထိုးရမည် ဖြစ်သည်။)

(ဟိုတယ်တွင် ပရလောက သုတေသီအဖွဲ့တစ်ဖွဲ့ ထားရှိထားသည်)

Achilleos သည် ၂၀၁၁ ခုနှစ်တွင် ပရလောက သုတေသနအဖွဲ့တစ်ခုကို တည်ထောင်ခဲ့သည်။

သူသည် Ye Olde Kings Head ဟိုတယ်အကြောင်း ကြားဖူးထားပြီး ပိုင်ရှင်နှင့်လည်း သိကျွမ်းထားကာ ၎င်းတို့အဖွဲ့၏ သီးသန့်အခမ်းအနားများအတွက် ထိုဟိုတယ်တွင် စတင်ပြုလုပ်ခဲ့သည်။

“ဒီနေရာမှာ ပရလောက လှုပ်ရှားမှုတွေ အရမ်းများတယ်။ ဒါကြောင့် ဟိုတယ်ခန်းတွေထဲက ပရလောက လှုပ်ရှားမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ အခန်းတွေထဲမှာ ကင်မရာတွေ တပ်လို့ရမလားလို့ ပိုင်ရှင်ကို မေးခဲ့ပါတယ်။ သူပြောတာက သူဟာ ဟိုတယ်ကို ပြန်ရောင်းဖို့ စီစဉ်နေတယ်လို့ ပြောတာနဲ့ ကျွန်တော် ဝယ်လိုက်တာပါ”

သို့သော် Achilleos သည် ကင်မရာကို ၂၄ နာရီလုံး ဖွင့်ထားခွင့်မရချေ။ ထိုသို့ ဖွင့်ထားပါက အခကြေးငွေ ပေးကာ တည်းခိုသည့်ဧည့်သည်များအတွက် အနှောင့်အယှက်ဖြစ်နိုင်ခြင်းကြောင့် ဖြစ်သည်။

သို့ကြောင့် ဟိုတယ်ခန်းများအတွင်း သရဲခြောက်သည့် ဖြစ်ရပ်များကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ရာ သရဲခြောက်သည့်ဟိုတယ်ဖြစ်ကြောင်း တရားဝင်ကြေညာကာ ပရလောက လေ့လာလိုသူများ တည်းခိုနိုင်သည့်နေရာတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး ဟိုတယ်အမည်ကိုလည်း My Haunted Hotel ဟု အမည်ပြောင်းခဲ့သည်။

ထို့အပြင် ဟိုတယ်တွင် ပရလောက စုံစမ်းလေ့လာရေးအဖွဲ့ကို ဖွဲ့စည်းထားရှိသည်။

(ပရလောက လေ့လာလိုသူများအတွက် သင့်လျော်သည့်နေရာ)

(ဤဟိုတယ်တွင် တည်းခိုပြီး သင့်အိမ် မွမ်းမံရန်စိတ်ကူးရလာဖွယ်ကား မရှိ)

(ကလေးကစားခန်း အပါအဝင် မည်သည့်အခန်းမျှ ပရလောက လှုပ်ရှားမှုများ ကင်းသည့်နေရာမရှိချေ)

ခြောက်ခြားဖွယ်ဟိုတယ်ကို ဒီဇိုင်နာဖြစ်သည့်အပြင် ပရလောကသုတေသီတစ်ဦးဖြစ်သူ Brett Jones က ပိုမိုခြောက်ခြားဖွယ်ကောင်းအောင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ခြောက်လှန့်မှု ဖြစ်ရပ်များ ပိုမိုဆိုးရွားလာကြောင်း Jones က ပြောသည်။

သတ္တိကောင်းသော တည်းခိုမည့်သူများအနေဖြင့် ဟိုတယ်တွင် ည ၈း ၃၀ အချိန်၌ check in ဝင်နိုင်သည်။

ယင်းနောက် ဟိုတယ်၏ စီစဉ်ထားရှိမှုအကြောင်း အသေးစိတ်ရှင်းပြမှုများ ပြုလုပ်ပြီးမှ တည်းခိုရမည့်အခန်းသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

တည်းခိုနိုင်မည့် အခန်း ၆ ခန်းရှိပြီး ယခင်က ပြည့်တန်ဆာခန်းများအဖြစ် အသုံးပြုခဲ့သည့်နေရာများဖြစ်သည်။

ဟိုတယ်တစ်ခုလုံးတွင် ကင်မရာ ၁၆ လုံး တပ်ဆင်ထားရာ စင်္ကြန်လမ်းများနှင့် မြေတိုက်ခန်းများ အပါအဝင် ဖြစ်သည်။

My Haunted Hotel ၏ ပရလောကသုတေသီအဖွဲ့က ဧည့်သည်များကို ရေဒီယိုမှတဆင့် တညလုံး အဆက်အသွယ်ရှိနေမည်ဖြစ်သည်။

ပရလောက စုံစမ်းသည့်အဖွဲ့က ဟိုတယ်တစ်ခုလုံးကို ထိန်းချုပ်ခန်းမှတဆင့် စောင့်ကြည့်နေမည် ဖြစ်သည်။

(ဤဟိုတယ်တွင် ကောင်းသောအိပ်ခြင်း ရရှိရန် အာမ မခံနိုင်ချေ)

(အခန်းတစ်ခုအတွင်းရှိ ဆော့ကုလားထိုင်မှာ အလိုအလျောက် လှုပ်ရမ်းနေတတ်သည်)

တည်းခိုသည့်ဧည့်သည်များသည် ညဉ့်သန်းခေါင်ကျော် နံနက် ၂ နာရီတွင် ကင်မရာကို ပိတ်ထားနိုင်သည်။ ထိုအချိန်တွင် ပရလောက စုံစမ်းမှုများ အပြီးသတ်ချိန် ဖြစ်သည်။

ယင်းနောက် ထိုနေ့ မွန်းလွဲ ၁၂း ၃၀ တွင် ငွေရှင်းကာ ဟိုတယ်မှ ထွက်ခွာခြင်း (check-out) ပြုလုပ်ရမည် ဖြစ်သည်။

ပရလောက သုတေသီအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် သရဲဇာတ်လမ်းတွဲဖြစ်သော The Haunted Hunts မှ သရုပ်ဆောင်တစ်ဦးဖြစ်သူ Danny Moss က ပြောသည်မှာ မည်သည့်နေရာက လာမှန်းမသိသည့် အသံများ၊ ခြေသံများအပြင် ပုဏ္ဍကတိုက်သည့် ဗွီဒီယိုမှတ်တမ်းများပါ ရရှိထားသည်ဟု ဆိုသည်။

“ဗွီဒီယိုတစ်ခုမှာဆိုရင် အခန်းနံပါတ် ၆ မှာ ဆော့ကုလားထိုင်ဟာ သူ့အလိုလို လှုပ်ရမ်းနေတာ တွေ့ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့၊ ညနေ ၃ နာရီ ၂၈ မိနစ်မှာပါ”

“ဒီအဆောက်အအုံကြီးရဲ့ အတိတ်ကို ပြောရမယ်ဆိုရင် ၁၇ ရာစုအတွင်း ပြည့်တန်ဆာဂေဟာအဖြစ် အသုံးပြုခဲ့စဉ်က ဖြစ်ရပ်တစ်ခုရှိပါတယ်။ ဒီမှာအလုပ်လုပ်တဲ့ ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ရသွားတယ်။ ပြည့်တန်ဆာဂေဟာပိုင်ရှင်က ကိုယ်ဝန်ရတဲ့ အမျိုးသမီးကို သတ်လိုက်ပြီး ဒီအဆောက်အအုံရဲ့ တစ်နေရာမှာ မြှုပ်နှံခဲ့ပါတယ်”

သင့်အနေဖြင့် အသည်းကောင်းသဖြင့် အဆိုပါဟိုတယ်တွင် တည်းခိုလိုပါက တစ်ညလျှင် ကန်ဒေါ်လာ ၁၇၂ ဒေါ်လာဖြင့် တည်းခိုနိုင်သည်။

တစ်ခန်းလျှင် လူ ၂ ဦး တည်းခိုနိုင်ပြီး အထူးအစီအစဉ်ဖြင့် တောင်းဆိုပါက ၃ ဦး တည်းခိုနိုင်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Haunted’ inn is ghost-hunting hot spot — with a catch if you want to stay the night (nypost)

[Zawgyi]

တေစၦမေၾကာက္သူမ်ားကိုသာ တည္းခြင့္ျပဳသည့္ ဟိုတယ္

ျဗိတိန္ႏိုင္ငံတြင္ Ye Olde Kings Head အမည္ရွိ ဟိုတယ္အေသးစားတစ္ခုရွိျပီး တေစၦသရဲေျခာက္သည့္ ညမ်ားကို ရင္ဆိုင္ေတြ႔ၾကံဳလိုသူမ်ားအေနျဖင့္ သတိၱေကာင္းပါက တည္းခိုႏိုင္ေလသည္။

သို႔ေသာ္ ျဖစ္ေပၚလာမည့္ ထိခိုက္နစ္နာမႈမ်ားကို မိမိဘာသာ တာဝန္ယူရမည္ဟု ဟိုတယ္သို႔ ေရာက္သည္ႏွင့္ လက္မွတ္ေရးထိုးရမည္ ဟု ဆိုသည္။

ထို႔အျပင္ မိမိ၏ အခန္းကို ဗီြဒီယိုရိုက္ကူးရယူကာ တေစၦေျခာက္ပံုျဖစ္ရပ္မ်ားကို YouTube channel တစ္ခုျဖစ္ေသာ My Haunted Hotel တြင္ အပတ္စဥ္လႊင့္တင္မႈကိုလည္း သေဘာတူရမည္ဟု ဆိုသည္။

ဟိုတယ္၏ တည္ေနရာမွာ အဂၤလန္ႏိုင္ငံ အေနာက္ေျမာက္ပုိင္း ခ်က္စ္တာ (Chester) ခရိုင္တြင္ရွိျပီး ၁၆၂၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ေဆာက္လုပ္ျပီးစတြင္ လူေနအိမ္အျဖစ္ အသံုးျပဳခဲ့ျပီး ေနာက္ပုိင္းတြင္ ျပည့္တန္ဆာေဂဟာအျဖစ္ ေျပာင္းလဲခဲ့ကာ ၁၇၁၄ ခုႏွစ္တြင္မူ တည္းခိုခန္းတစ္ခုအျဖစ္ ေျပာင္းလဲခဲ့ျခင္း ျဖစ္သည္။

ဗြီဒီယိုဖိုင္တြင္ ေတြ႔ျမင္ရသည္မွာ ကုလားထုိင္မ်ားသည္ အလိုအေလ်ာက္ ေရြ႕လ်ားေနသည္ကုိ ေတြ႔ရသည္။

ထို႔အျပင္ တေစၦဟု ယူဆရေသာ အရာကိုေတြ႔ကာ တည္းခိုသည့္ဧည့္သည္မ်ား ေၾကာက္လန္႔တၾကား ေအာ္ဟစ္ျခင္းမ်ား၊ ကေလးကစားခန္းတြင္ ဧည့္သည္မ်ားထံ အရုပ္မ်ား ပ်ံသန္းလာျခင္းတို႔ေတြ႔ရရာ ထုိဟိုတယ္တြင္ အသည္းမေကာင္းသူတို႔ မတည္းခိုသင့္ေခ်။

အဆိုပါဟိုတယ္ကုိ ပရေလာကသုေတသီ Harry Achilleos က ၂၀၁၂ ခုႏွစ္တြင္ ဝယ္ယူခဲ့သည္။

(သရဲေျခာက္ေသာ ဤဟုိတယ္တြင္ သင္တည္းခိုဝံ့ပါသလား)

(သရဲေျခာက္ေသာ ဟိုတယ္၏ အခန္းမ်ား)

(တည္းခုိမည့္ဧည့္သည္မ်ားအေနျဖင့္ အခန္းအတြင္း ဗီြဒီယိုရိုက္ကူးမွတ္တမ္းတင္ထားျခင္းကို လက္ခံရမည္ျဖစ္သည့္အျပင္ ဟိုတယ္သို႔ တည္းခုိရန္ ေရာက္ရွိလာလွ်င္ ျဖစ္ေပၚလာသည့္ ကိစၥအဝဝကို မိမိဘာသာ တာဝန္ယူရမည္ျဖစ္ေၾကာင္း သေဘာတူလက္မွတ္ထုိးရမည္ ျဖစ္သည္။)

(ဟိုတယ္တြင္ ပရေလာက သုေတသီအဖြဲ႔တစ္ဖြဲ႔ ထားရွိထားသည္)

Achilleos သည္ ၂၀၁၁ ခုႏွစ္တြင္ ပရေလာက သုေတသနအဖြ႔ဲတစ္ခုကို တည္ေထာင္ခဲ့သည္။

သူသည္ Ye Olde Kings Head ဟိုတယ္အေၾကာင္း ၾကားဖူးထားျပီး ပိုင္ရွင္ႏွင့္လည္း သိကၽြမ္းထားကာ ၎တို႔အဖြဲ႔၏ သီးသန္႔အခမ္းအနားမ်ားအတြက္ ထိုဟိုတယ္တြင္ စတင္ျပဳလုပ္ခဲ့သည္။

“ဒီေနရာမွာ ပရေလာက လႈပ္ရွားမႈေတြ အရမ္းမ်ားတယ္။ ဒါေၾကာင့္ ဟိုတယ္ခန္းေတြထဲက ပရေလာက လႈပ္ရွားမႈေတြကို မွတ္တမ္းတင္ႏိုင္ဖုိ႔ အခန္းေတြထဲမွာ ကင္မရာေတြ တပ္လို႔ရမလားလို႔ ပိုင္ရွင္ကို ေမးခဲ့ပါတယ္။ သူေျပာတာက သူဟာ ဟိုတယ္ကို ျပန္ေရာင္းဖုိ႔ စီစဥ္ေနတယ္လို႔ ေျပာတာနဲ႔ ကၽြန္ေတာ္ ဝယ္လိုက္တာပါ”

သို႔ေသာ္ Achilleos သည္ ကင္မရာကို ၂၄ နာရီလံုး ဖြင့္ထားခြင့္မရေခ်။ ထိုသုိ႔ ဖြင့္ထားပါက အခေၾကးေငြ ေပးကာ တည္းခုိသည့္ဧည့္သည္မ်ားအတြက္ အေႏွာင့္အယွက္ျဖစ္ႏိုင္ျခင္းေၾကာင့္ ျဖစ္သည္။

သို႔ေၾကာင့္ ဟိုတယ္ခန္းမ်ားအတြင္း သရဲေျခာက္သည့္ ျဖစ္ရပ္မ်ားကို ဖံုးကြယ္ထားရန္ မျဖစ္ႏိုင္ေတာ့ရာ သရဲေျခာက္သည့္ဟိုတယ္ျဖစ္ေၾကာင္း တရားဝင္ေၾကညာကာ ပရေလာက ေလ့လာလိုသူမ်ား တည္းခုိႏိုင္သည့္ေနရာတစ္ခုအျဖစ္ ေျပာင္းလဲခဲ့ျပီး ဟိုတယ္အမည္ကုိလည္း My Haunted Hotel ဟု အမည္ေျပာင္းခဲ့သည္။

ထို႔အျပင္ ဟိုတယ္တြင္ ပရေလာက စံုစမ္းေလ့လာေရးအဖြဲ႔ကို ဖြဲ႔စည္းထားရွိသည္။

(ပရေလာက ေလ့လာလိုသူမ်ားအတြက္ သင့္ေလ်ာ္သည့္ေနရာ)

(ဤဟိုတယ္တြင္ တည္းခုိျပီး သင့္အိမ္ မြမ္းမံရန္စိတ္ကူးရလာဖြယ္ကား မရွိ)

(ကေလးကစားခန္း အပါအဝင္ မည္သည့္အခန္းမွ် ပရေလာက လႈပ္ရွားမႈမ်ား ကင္းသည့္ေနရာမရွိေခ်)

ေျခာက္ျခားဖြယ္ဟိုတယ္ကို ဒီဇိုင္နာျဖစ္သည့္အျပင္ ပရေလာကသုေတသီတစ္ဦးျဖစ္သူ Brett Jones က ပိုမိုေျခာက္ျခားဖြယ္ေကာင္းေအာင္ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ျပီးေနာက္ပုိင္း ေျခာက္လွန္႔မႈ ျဖစ္ရပ္မ်ား ပိုမိုဆိုးရြားလာေၾကာင္း Jones က ေျပာသည္။

သတိၱေကာင္းေသာ တည္းခိုမည့္သူမ်ားအေနျဖင့္ ဟိုတယ္တြင္ ည ၈း ၃၀ အခ်ိန္၌ check in ဝင္ႏိုင္သည္။

ယင္းေနာက္ ဟိုတယ္၏ စီစဥ္ထားရွိမႈအေၾကာင္း အေသးစိတ္ရွင္းျပမႈမ်ား ျပဳလုပ္ျပီးမွ တည္းခိုရမည့္အခန္းသု႔ိ ပု႔ိေဆာင္ေပးမည္ ျဖစ္သည္။

တည္းခိုႏိုင္မည့္ အခန္း ၆ ခန္းရွိျပီး ယခင္က ျပည့္တန္ဆာခန္းမ်ားအျဖစ္ အသံုးျပဳခဲ့သည့္ေနရာမ်ားျဖစ္သည္။

ဟိုတယ္တစ္ခုလံုးတြင္ ကင္မရာ ၁၆ လံုး တပ္ဆင္ထားရာ စၾကၤန္လမ္းမ်ားႏွင့္ ေျမတိုက္ခန္းမ်ား အပါအဝင္ ျဖစ္သည္။

My Haunted Hotel ၏ ပရေလာကသုေတသီအဖြဲ႔က ဧည့္သည္မ်ားကို ေရဒီယိုုမွတဆင့္ တညလံုး အဆက္အသြယ္ရွိေနမည္ျဖစ္သည္။

ပရေလာက စံုစမ္းသည့္အဖြဲ႔က ဟိုတယ္တစ္ခုလံုးကို ထိန္းခ်ဳပ္ခန္းမွတဆင့္ ေစာင့္ၾကည့္ေနမည္ ျဖစ္သည္။

(ဤဟိုတယ္တြင္ ေကာင္းေသာအိပ္ျခင္း ရရွိရန္ အာမ မခံႏိုင္ေခ်)

(အခန္းတစ္ခုအတြင္းရွိ ေဆာ့ကုလားထုိင္မွာ အလိုအေလ်ာက္ လႈပ္ရမ္းေနတတ္သည္)

တည္းခုိသည့္ဧည့္သည္မ်ားသည္ ညဥ့္သန္းေခါင္ေက်ာ္ နံနက္ ၂ နာရီတြင္ ကင္မရာကို ပိတ္ထားႏုိင္သည္။ ထိုအခ်ိန္တြင္ ပရေလာက စံုစမ္းမႈမ်ား အျပီးသတ္ခ်ိန္ ျဖစ္သည္။

ယင္းေနာက္ ထိုေန႔ မြန္းလြဲ ၁၂း ၃၀ တြင္ ေငြရွင္းကာ ဟိုတယ္မွ ထြက္ခြာျခင္း (check-out) ျပဳလုပ္ရမည္ ျဖစ္သည္။

ပရေလာက သုေတသီအဖြဲ႔ဝင္တစ္ဦးျဖစ္သည့္အျပင္ သရဲဇာတ္လမ္းတြဲျဖစ္ေသာ The Haunted Hunts မွ သရုပ္ေဆာင္တစ္ဦးျဖစ္သူ Danny Moss က ေျပာသည္မွာ မည္သည့္ေနရာက လာမွန္းမသိသည့္ အသံမ်ား၊ ေျခသံမ်ားအျပင္ ပု႑ကတိုက္သည့္ ဗီြဒီယိုမွတ္တမ္းမ်ားပါ ရရွိထားသည္ဟု ဆိုသည္။

“ဗြီဒီယိုတစ္ခုမွာဆိုရင္ အခန္းနံပါတ္ ၆ မွာ ေဆာ့ကုလားထုိင္ဟာ သူ႔အလိုလို လႈပ္ရမ္းေနတာ ေတြ႔ခဲ့ရပါတယ္။ ဗုဒၶဟူးေန႔၊ ညေန ၃ နာရီ ၂၈ မိနစ္မွာပါ”

“ဒီအေဆာက္အအံုၾကီးရဲ႕ အတိတ္ကို ေျပာရမယ္ဆိုရင္ ၁၇ ရာစုအတြင္း ျပည့္တန္ဆာေဂဟာအျဖစ္ အသံုးျပဳခဲ့စဥ္က ျဖစ္ရပ္တစ္ခုရွိပါတယ္။ ဒီမွာအလုပ္လုပ္တဲ့ ျပည့္တန္ဆာ အမ်ဳိးသမီးတစ္ဦးဟာ ကိုယ္ဝန္ရသြားတယ္။ ျပည့္တန္ဆာေဂဟာပိုင္ရွင္က ကိုယ္ဝန္ရတဲ့ အမ်ဳိးသမီးကို သတ္လိုက္ျပီး ဒီအေဆာက္အအံုရဲ႕ တစ္ေနရာမွာ ျမွဳပ္ႏွံခဲ့ပါတယ္”

သင့္အေနျဖင့္ အသည္းေကာင္းသျဖင့္ အဆိုပါဟိုတယ္တြင္ တည္းခိုလိုပါက တစ္ညလွ်င္ ကန္ေဒၚလာ ၁၇၂ ေဒၚလာျဖင့္ တည္းခိုႏိုင္သည္။

တစ္ခန္းလွ်င္ လူ ၂ ဦး တည္းခိုႏိုင္ျပီး အထူးအစီအစဥ္ျဖင့္ ေတာင္းဆိုပါက ၃ ဦး တည္းခိုႏိုင္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Haunted’ inn is ghost-hunting hot spot — with a catch if you want to stay the night (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service