ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
တခါက အိန္ဒိယပြည်၊ ဘီဟာပြည်နယ်တွင် ဒက်ရှ်ရက် မန်ဂျီ (Dashrath Manjhi) အမည်ရှိ အလုပ်သမားတစ်ဦး ရှိခဲ့ဖူးသည်။
ဘီဟာပြည်နယ်၊ ဂယာမြို့တွင် မြို့နှင့်ကျောက်တောင်ကြီးခြားထားသော ရွာကလေးတစ်ခုရှိပြီး ဂေးလောဟု အမည်ရသည်။
ထိုကျေးရွာလေးတွင် နေထိုင်သူ မြေယာမဲ့တစ်ဦးဖြစ်သည့် ဒက်ရှ်ရက် မန်ဂျီသည် တောင်၏ တစ်ဖက်ခြမ်းရှိ မြေရှင်တစ်ဦး၏ ယာခင်းများတွင် အလုပ်လုပ်ကာ မိသားစုကို ရှာဖွေကျွေးမွေးရသည်။
အလုပ်သွားရန် မန်ဂျီသည် မတ်စောက်သောကျောက်တောင်ကို နေ့စဉ်တွယ်တက်ရ၏။
မန်ဂျီ၏ ဇနီး ဖာဂူးနီး ဒေဝီ (Falguni Devi) က တောင်၏ တစ်ဘက်ခြမ်းတွင် အလုပ်လုပ်နေသူ ခင်ပွန်းထံ ထမင်းထုပ်သွားပို့ရလေ့ရှိသည်။
တောင်ကြောကို ကွေ့ဖောက်ထားသည့် ၃၂ မိုင်လမ်းမှ လမ်းလျှောက်သွားပို့ရန် မဖြစ်နိုင်ရာ ဖာဂူးနီးဒေဝီမှာ တိုက်ရိုက်လမ်းကြောင်းကိုသာ ရွေးချယ်ရသဖြင့် မတ်စောက်သော ကျောက်တောင်ကို တွယ်တက်ကာ ထမင်းပို့ရလေ့ရှိသည်။
တစ်နေ့တွင်မူ မွန်းလွဲချိန်ထိ ထမင်းပို့မည့်ဇနီးရောက်မလာသောကြောင့် မန်ဂျီမှာ ဆာလောင်မွတ်သိပ်ကာ ဒေါသထွက်လာသည်။
(အချိန်ကား ၁၉၆၀ ပြည့်လွန် အစောပိုင်းကာလများဖြစ်သည်)
ဇနီးဖြစ်သူရောက်ရှိလာချိန်တွင် တကိုယ်လုံးသွေးများချင်းချင်းနီကာ စုတ်ပြတ်နေသည်ကို တွေ့ရသည်။
ဖာဂူးနီးဒေဝီသည် ကျောက်တောင်ပေါ်သို့အတက်တွင် ချောမွတ်သော ကျောက်တောင်တစ်ခုကို နင်းမိပြီး အလွန်မြင့်မားသောအမြင့်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။
ဖာဂူးနီးဒေဝီ ကြုံရသောအဖြစ်မျိုးမှာ ဂေးလောရွာသားများအတွက် အဆန်းတကြယ်မဟုတ်။
ထိုရွာကလေးတွင်နေထိုင်ကြသူတို့ မျိုးဆက်များစွာ ဤတောင်ပေါ်မှ ပြုတ်ကျကာ ထိခိုက်အနာတရဖြစ်ကြသူ မရေမတွက်န်ိုင်အောင်ရှိပြီး ဖြစ်သည်။
ဖာဂူးနီး၏ ဒဏ်ရာမှာ ဆေးထည့်ရန်လိုအပ်သည့်အပြင် ဆေးဝါးကုသမှုများပြုလုပ်ရန်လည်း လိုသည့်အခြေအနေမျိုး ဖြစ်သည်။
သို့အတွက် ခင်ပွန်းဖြစ်သူ ဒက်ရှ်ရက် မန်ဂျီက ဂယာမြို့သို့ ဆေးဆရာ သွားပင့်ရသည်။
မန်ဂျီ ဂယာမြို့သို့ ရောက်ချိန်တွင် မှောင်ရီပျိုးစဖြစ်နေပြီ ဖြစ်သည်။ ဆေးဆရာက ကျောက်တောင်ပေါ်တွယ်တက်ရသည့် အန္တရာယ်များသော လမ်းမှ မသွားလို။ အထူးသဖြင့် ညကြီးမင်းကြီးအချိန်မျိုးတွင် ကျောက်တောင်ပေါ် တွယ်မတက်ဝံ့။ သို့အတွက် ၃၂ မိုင်ရှည်သည့် လမ်းကြောင်းမှသာ လူနာကြည့်ရန် လိုက်လာခဲ့ရာ ရွာသို့ရောက်ချိန်တွင် နောက်တနေ့ နံနက်ဖြစ်နေပြီ။
ဆရာဝန်လည်း ဖာဂူးနီးဒေဝီ၏ ဒဏ်ရာကိုကြည့်ရှုကာ ကုသမှုများပြုလုပ်ပေး၏။ သို့သော် အလွန်နောက်ကျသွားခဲ့ပြီ။ အချိန်မီ ဆေးကုသမှု မရသောကြောင့် ဖာဂူးနီးဒေဝီမှာ ဆုံးပါးသွားခဲ့သည်။ ဤအဖြစ်ဆိုးမျိုးမှာလည်း ဂေးလောရွာတွင် မကြာခဏကြုံရလေ့ရှိသည့် အဖြစ်မျိုးပင်။
ဆရာဝန်မှာ ဂယာတွင်သာရှိသည်။ ဂယာသို့သွားရာလမ်းတွင် တောင်တန်းတစ်ခုခံနေသည်။
သို့အတွက် ရွာသားတို့မှာ အချိန်မီ ဆေးကုသမှု မရသောကြောင့် မကြာခဏသေဆုံးကြရလေ့ရှိ၏။
(သမားရိုးကျမဟုတ်သော လုပ်ဆောင်မှု)
ဇနီးဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားပြီးနောက် ဒက်ရှ်ရက် မန်ဂျီ၏ စိတ်နှလုံးတွင် သမားရိုးကျမဟုတ်သော စိတ်ကူးတစ်ခု ဖြစ်တည်လာသည်။
ဤရွာတွင်နေလျှင် ဤအဖြစ်မျိုးကြုံရသည်မှာမဆန်းဟု သာမန်အတွေးအခေါ်မျိုးကို မန်ဂျီ လက်မခံ။
ဇနီးကို သေပွဲဝင်စေခဲ့သည့် တောင်ကြီးကို မန်ဂျီဖြိုချလိုသည်။
မိမိတို့ မိသားစု၏ အဖြစ်ဆိုးမျိုး နောက်ထပ်အခြားသူများ မဖြစ်စေလို။
ထိုအတွေးကို လက်တွေ့အကောင်အထည်ဖော်ရန် ဒက်ရှ်ရက် မန်ဂျီ ဆုံးဖြတ်လိုက်သည်။
ဇနီးဖြစ်သူဆုံးပါးသွားပြီးနောက်နေ့တွင်ပင် မန်ဂျီက သူ၏ ဆိတ် ၃ ကောင်ကို ရောင်းလိုက်၏။
ဆိတ်ရောင်းရငွေဖြင့် တူကြီးတစ်လက်နှင့် ဆောက်တစ်ခု ဝယ်လိုက်သည်။
ထိုနေ့တွင်ပင် ကျောက်တောင်ကြီးကို စတင်ထွင်းထုဖြိုချမှု စတင်ပြုလုပ်တော့သည်။
(သူအလုပ်လုပ်နေသည့် ယာတောတွင် အလုပ်မရှိသည့်အခါမျိုး၌ ဒက်ရှ်ရက် မန်ဂျီသည် တောင်ဖြိုသည့်အလုပ်ကို လုပ်ကိုင်နေလေ့ရှိသည်)
နေ့စဉ်နေ့တိုင်း မန်ဂျီသည် နံနက် ၄ နာရီထကာ အလုပ်ဆင်းရမည့် နံနက် ၈ နာရီအထိ ကျောက်တောင်ဖြို သည့် အလုပ်သွားရောက်လုပ်ကိုင်လေ့ရှိ၏။
မွန်းလွဲ ၁ နာရီဆိုလျှင် သူ၏ လယ်တောအလုပ်များ အပြီးသတ်သည်။ ထို့နောက် ထမင်း ကသုတ်ကရက်စားကာ ကျောက်တောင်ဆီ ပြန်လာလေ့ရှိသည်။
ထို့နောက် ဆောက်၊ တူတို့ဖြင့် မှောင်ရီပျိုးလာသည်အထိ တူးဖော်ဖြိုချနေလေ့ရှိသည်။
ထိုပုံစံအတိုင်း တစ်နေ့ပြီးတစ်နေ့၊ တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီးတစ်လ လုပ်ဆောင်လေသည်။
(တုန့်ပြန်မှုများ)
မန်ဂျီက တောင်ဖြိုနေသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး ရွာသားများ တွေးထင်ကြသည်မှာ မန်ဂျီ ရူးသွားပြီဟု ထင်ကြသည်။ မဖြစ်နိုင်သည့်အလုပ်တစ်ခုအပေါ် အချိန်ဖြုန်းနေသည်ဟု အများက ယူဆကာ လှောင်ပြောင်ကြသည်။
၂၀၀၇ ခုနှစ်အတွင်း အိန္ဒိယသတင်းစာတစ်စောင်ဖြစ်သော Tehelka က မန်ဂျီအား တွေ့ဆုံမေးမြန်းမှု တစ်ခု ပြုလုပ်ခဲ့သည်။
“ရွာသားအများစုက ကျွန်တော့်ကို ပြက်ရယ်ပြုကြပါတယ်” ဟု တွေ့ဆုံမေးမြန်းခန်းတွင် မန်ဂျီက ပြောသည်။
၂၀၁၅ ခုနှစ်သို့ ရောက်သောအခါတွင်လည်း အိန္ဒိယ သတင်းဌာနတစ်ခုဖြစ်သော Milaap က တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ရာတွင် မန်ဂျီ၏ တူတော်စပ်သူ Dahu Manjhi က ပြောခဲ့သည်မှာ “လူတွေက မန်ဂျီ့ကို ပြောကြတယ်။ သူဘယ်လိုမှ ပြီးအောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြပါတယ်။ စားဝတ်နေရေး လုံးပန်းနေရတဲ့ လူဆင်းရဲတစ်ယောက်သာဖြစ်တယ်လို့ ပြောကြတယ်။ မန်ဂျီရဲ့ အကိုကလည်း သူ့ကို အရူးလို့ ခေါ်ပါတယ်။ ဒါပေမယ့် မန်ဂျီကတော့ သူ့ရဲ့ ရူးသွပ်မှုနဲ့ပဲ တောင်ကိုဆက်ပြီး ဖြိုချနေဆဲပါ” ဟု ဆိုသည်။
(တောင်ကို စပြီးတူးဖော်ဖြိုချချိန်မှာ လူတွေက ကျွန်တော့်ကို ငမိုက်သားတစ်ယောက်လို့ ခေါ်ကြတယ်။ ဒါတွေကပဲ ကျွန်တော့်ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာစေခဲ့တယ်- ဒက်ရှ်ရက် မန်ဂျီ)
မန်ဂျီနှင့် အရင်းနှီးဆုံးသူများကပင် သူ၏လုပ်ဆောင်မှုအပေါ် ပြက်ရယ်ပြုကြသည်။
သို့သော် ဒက်ရှ်ရက်မန်ဂျီက မတုန်လှုပ်။ တောင်ကိုသာ ဆက်လက်ထွင်းထုဖြိုချမှု ပြုလုပ်နေသည်။
(လမှသည် နှစ်သို့…)
အချိန်အားဖြင့် ၄ နှစ်ခန့် ကုန်လွန်ဖြတ်သန်းသွားသည်။ ဒက်ရှ်ရက် မန်ဂျီကား နံနက်တိုင်း အိပ်ယာစောစာထကာ ကျောက်တောင်တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေမြဲ။
ထိုအချိန်တွင်ကား ရွာသားအချို့၏ လှောင်ပြောင်မှုများ ရပ်ဆိုင်းသွားသည်။ အဘယ့်ကြောင့်ဆိုလျှင် မန်ဂျီ၏ အောင်ပွဲကို မြင်လာရပြီဖြစ်သောကြောင့်ပင်။
ကျောက်တောင်ကုန်း၏ အစိတ်အပိုင်းအချို့ကို တူးထုတ်လိုက်နိုင်လေပြီ။
ရွာသားအချို့က တူးဖော်ရေးပစ္စည်းကိရိယာအချို့ ဝယ်ပေးခြင်း၊မန်ဂျီ၏ မိသားစုအတွက် အစားအစာပေးခြင်းတို့ဖြင့် အကူအညီပေးမှုများပင် ပြုလုပ်လာသည်။
မန်ဂျီက အကူအညီများကို ကြိုဆိုလက်ခံပြီး ဆက်လက်တူးဖော်၏။ ထွင်း၏။ ဖြိုချ၏။
ထိုသို့ဖြင့် ၅ နှစ်။ ထိုမှသည် ၁၀ နှစ်--။ အနှစ် ၂၀ ….ကုန်လွန်သွားသည်။
၂၂ နှစ်တာ ကြာမြင့်ပြီးနောက် တစ်နေ့သောအခါတွင်ကား မန်ဂျီသည် သူ၏ရွာကလေးနှင့် ဂယာမြို့အကြား ဆီးတားပိတ်ဆို့ထားသော ကျောက်တောင်ကို အပြီးသတ်ထွင်းချ၊ ဖြိုချနိုင်ခဲ့လေသည်။
မန်ဂျီ အောင်နိုင်ခဲ့ပြီ။
ဒက်ရှ်ရက် မန်ဂျီသည် Gehlaur ကျောက်တောင်ကြီး၏ ကျောရိုးကို လက်ချည်းသက်သက်ဖြင့် ထွင်းချ၊ ဖြိုချနိုင်ခဲ့ခြင်း ဖြစ်၏။
မန်ဂျီ ထွင်းထုဖြိုချခဲ့သည့် အတိုင်းအတာမှာ အကျယ် ပေ ၃၀၊ အမြင့် ၂၅ ပေ၊ အလျား ပေ ၃၆၀ ဖြစ်သည်။
ထုထည်ပမာဏအားဖြင့် ကျောက်တုံးကုဗပေ ၁၃၅၀၀၀ ဖြစ်ပြီး နည်းနည်းချင်းသယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
မန်ဂျီက ကျောက်ဆောင်များပေါ်တွင် မီးဖိုကာ ရေအေးဖြင့် ငြိမ်းသတ်မှုများ မကြာခဏပြုလုပ်ပေး၏။ ကျောက်ဆောင်များ ကွဲအက်လာချိန်တွင် ထွင်းထုတ်မှုများ ပြုလုပ်၏။
ယခင်က ကာဆီးနေခဲ့သော ကျောက်တောင်ကြီး၏ အလယ်ဗဟိုတစ်လျှောက် ပြန့်ပြူးသော လမ်းတစ်ခု ပေါ်ပေါက်လာကာ မော်တော်ယာဉ်များပင် မောင်းနှင်သွားလာနိုင်နေပြီ ဖြစ်သည်။
မန်ဂျီ၏လမ်းသည် ဂေးလောရွာမှ ဂယာမြို့သို့ ခရီးအကွာအဝေးကို ၄ ပုံ ၁ ပုံခန့်ဖြစ်သွားအောင် လျှော့ချပေးလိုက်နိုင်သည်။
၁၉၆၀ ပြည့်နှစ်မှ စတင်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် အပြီးသတ်ဖောက်လုပ်နိုင်ခဲ့သည့် လမ်းသည် မန်ဂျီ၏ ရွာကလေးသာမက အနီးဝန်းကျင် ရွာပေါင်း ၆၀ အတွက်လည်း ဂယာသို့ ခရီးကိုလျှော့ချလိုက်နိုင်ပြီး မူလက ၅၅ ကီလိုမီတာသွားရသည့်ခရီးမှာ ၁၅ ကီလိုမီတာသာ ဝေးကွာတော့သည်။
ကျောက်တောင်ကြီးကို ၂၂ နှစ်ကြာ ထွင်းဖောက်အောင်မြင်ပြီးနောက် မန်ဂျီသည် ဘီဟာပြည်နယ် ဝန်ကြီးချုပ် Nitish Kumar ထံ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုလမ်းကလေးကို ကတ္တရာလောင်းနိုင်ရေးအတွက် ဖြစ်၏။
မန်ဂျီရောက်ရှိသွားချိန်တွင် ဘီဟာပြည်နယ်ဝန်ကြီးချုပ်မှာ သတင်းမီဒီယာတို့နှင့် တွေ့ဆုံနေချိန်ဖြစ်သည်။
ဝန်ကြီးချုပ် Nitish က မန်ဂျီ၏ လုပ်ဆောင်ချက်ကို သိလိုက်ရချိန်တွင် များစွာလေးစားသွားပြီး သူ၏ ထိုင်ခုံတွင် ထိုင်ကာ သတင်းမီဒီယာများအား စကားပြောပေးရန် ဖိတ်ခေါ်ခဲ့သည်။
ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားမှု အလွန်ပြင်းထန်သော အိန္ဒိယတွင် ဝန်ကြီးချုပ်၏ နှိမ့်ချမှုမှာလည်း ပြောစမှတ်တွင်ခဲ့သည်။
(ရထားစီးခွင့်မရ)
တခါကလည်း မန်ဂျီသည် နယူးဒေလီသို့ ရထားဖြင့်သွားရန် စီစဉ်ရာ ရထားတာဝန်ရှိသူများက စီးခွင့်မပေးသောကြောင့် မန်ဂျီသည် ရထားလမ်းအတိုင်း လမ်းလျှောက်သွားခဲ့သည်ဟုဆိုသည်။
(ကျောင်းသုံးစာအုပ်တွင် ပြဌာန်း)
အိန္ဒိယ၏ အနာဂတ်မျိုးဆက်တို့အနေဖြင့် မန်ဂျီ၏ ခိုင်မာသည့်စိတ်ဓာတ်ကို စံနမူနာယူနိုင်ကြစေရန် မန်ဂျီ၏ ဘဝဇာတ်ကြောင်းကို ကျောင်းသုံးစာအုပ်များတွင် ထည့်သွင်းပြဌာန်းထားသည်။
(ကွယ်လွန်ခြင်း)
မန်ဂျီသည် ဘီဟာပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး မကြာမီ ကင်ဆာဝေဒနာဖြင့် ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီ ဖြစ်သည်။
မန်ဂျီဖောက်ခဲ့သော လမ်းကိုလည်း သူ၏ အမည်ပင်ပေးထားသည်။
(ရုပ်ရှင်ရိုက်ကူးပြီ)
မန်ဂျီ၏ ဘဝဇာတ်ကြောင်းကို Manjhi- The Mountain Man အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်တွင် ရုံတင်ပြသခဲ့ရာ ဝင်ငွေ ရူပီးသန်း ၁၈၀ ခန့် ရရှိခဲ့သည်။
(မန်ဂျီဖောက်လုပ်ခဲ့သော လမ်း၏ တည်နေရာ)
24°52'37.5"N 85°14'34.6"E
သင်သည် ဘဝတွင် ကြီးမားသော အခက်အခဲအတားအဆီး တောင်ကုန်း၊ တောင်တန်းကြီးများနှင့် ရင်ဆိုင်နေရသူဆိုပါက မန်ဂျီ၏ ဇွဲလုံ့လကို ပြန်လည်သတိရလိုက်ပါ။
မည်မျှကြီးမားခက်ခဲသည့်အလုပ်ဖြစ်ပါစေ နေ့စဉ်မှန်မှန်ကြိုးစားလုပ်ဆောင်သွားမည်ဆိုပါက တစ်နေ့တွင် မုချအောင်မြင်ရမည်သာ ဖြစ်သည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Man Who Moved a Mountain .. (thetrumpet)
[Zawgyi]
အညတရသူရဲေကာင္းတစ္ဦး (သို႔မဟုတ္) ၂၂ ႏွစ္အခ်ိန္ယူကာ ေတာင္တစ္လံုးကို ျဖဳိခဲ့သူ
တခါက အိႏိၵယျပည္၊ ဘီဟာျပည္နယ္တြင္ ဒက္ရွ္ရက္ မန္ဂ်ီ (Dashrath Manjhi) အမည္ရွိ အလုပ္သမားတစ္ဦး ရွိခဲ့ဖူးသည္။
ဘီဟာျပည္နယ္၊ ဂယာျမိဳ႕တြင္ ျမိဳ႕ႏွင့္ေက်ာက္ေတာင္ၾကီးျခားထားေသာ ရြာကေလးတစ္ခုရွိျပီး ေဂးေလာဟု အမည္ရသည္။
ထိုေက်းရြာေလးတြင္ ေနထိုင္သူ ေျမယာမဲ့တစ္ဦးျဖစ္သည့္ ဒက္ရွ္ရက္ မန္ဂ်ီသည္ ေတာင္၏ တစ္ဖက္ျခမ္းရွိ ေျမရွင္တစ္ဦး၏ ယာခင္းမ်ားတြင္ အလုပ္လုပ္ကာ မိသားစုကို ရွာေဖြေကၽြးေမြးရသည္။
အလုပ္သြားရန္ မန္ဂ်ီသည္ မတ္ေစာက္ေသာေက်ာက္ေတာင္ကို ေန႔စဥ္တြယ္တက္ရ၏။
မန္ဂ်ီ၏ ဇနီး ဖာဂူးနီး ေဒဝီ (Falguni Devi) က ေတာင္၏ တစ္ဘက္ျခမ္းတြင္ အလုပ္လုပ္ေနသူ ခင္ပြန္းထံ ထမင္းထုပ္သြားပို႔ရေလ့ရွိသည္။
ေတာင္ေၾကာကို ေကြ႔ေဖာက္ထားသည့္ ၃၂ မိုင္လမ္းမွ လမ္းေလွ်ာက္သြားပို႔ရန္ မျဖစ္ႏိုင္ရာ ဖာဂူးနီးေဒဝီမွာ တိုက္ရိုက္လမ္းေၾကာင္းကိုသာ ေရြးခ်ယ္ရသျဖင့္ မတ္ေစာက္ေသာ ေက်ာက္ေတာင္ကို တြယ္တက္ကာ ထမင္းပို႔ရေလ့ရွိသည္။
တစ္ေန႔တြင္မူ မြန္းလြဲခ်ိန္ထိ ထမင္းပို႔မည့္ဇနီးေရာက္မလာေသာေၾကာင့္ မန္ဂ်ီမွာ ဆာေလာင္မြတ္သိပ္ကာ ေဒါသထြက္လာသည္။ (အခ်ိန္ကား ၁၉၆၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားျဖစ္သည္) ဇနီးျဖစ္သူေရာက္ရွိလာခ်ိန္တြင္ တကိုယ္လံုးေသြးမ်ားခ်င္းခ်င္းနီကာ စုတ္ျပတ္ေနသည္ကို ေတြ႔ရသည္။
ဖာဂူးနီးေဒဝီသည္ ေက်ာက္ေတာင္ေပၚသို႔အတက္တြင္ ေခ်ာမြတ္ေသာ ေက်ာက္ေတာင္တစ္ခုကို နင္းမိျပီး အလြန္ျမင့္မားေသာအျမင့္မွ ျပဳတ္က်ခဲ့ျခင္း ျဖစ္သည္။
ဖာဂူးနီးေဒဝီ ၾကံဳရေသာအျဖစ္မ်ဳိးမွာ ေဂးေလာရြာသားမ်ားအတြက္ အဆန္းတၾကယ္မဟုတ္။
ထိုရြာကေလးတြင္ေနထိုင္ၾကသူတို႔ မ်ဳိးဆက္မ်ားစြာ ဤေတာင္ေပၚမွ ျပဳတ္က်ကာ ထိခိုက္အနာတရျဖစ္ၾကသူ မေရမတြက္ႏို္င္ေအာင္ရွိျပီး ျဖစ္သည္။
ဖာဂူးနီး၏ ဒဏ္ရာမွာ ေဆးထည့္ရန္လိုအပ္သည့္အျပင္ ေဆးဝါးကုသမႈမ်ားျပဳလုပ္ရန္လည္း လိုသည့္အေျခအေနမ်ဳိး ျဖစ္သည္။ သို႔အတြက္ ခင္ပြန္းျဖစ္သူ ဒက္ရွ္ရက္ မန္ဂ်ီက ဂယာျမိဳ႕သို႔ ေဆးဆရာ သြားပင့္ရသည္။
မန္ဂ်ီ ဂယာျမိဳ႕သို႔ ေရာက္ခ်ိန္တြင္ ေမွာင္ရီပ်ဳိးစျဖစ္ေနျပီ ျဖစ္သည္။ ေဆးဆရာက ေက်ာက္ေတာင္ေပၚတြယ္တက္ရသည့္ အႏၱရာယ္မ်ားေသာ လမ္းမွ မသြားလို။ အထူးသျဖင့္ ညၾကီးမင္းၾကီးအခ်ိန္မ်ဳိးတြင္ ေက်ာက္ေတာင္ေပၚ တြယ္မတက္ဝံ့။ သို႔အတြက္ ၃၂ မိုင္ရွည္သည့္ လမ္းေၾကာင္းမွသာ လူနာၾကည့္ရန္ လိုက္လာခဲ့ရာ ရြာသို႔ေရာက္ခ်ိန္တြင္ ေနာက္တေန႔ နံနက္ျဖစ္ေနျပီ။
ဆရာဝန္လည္း ဖာဂူးနီးေဒဝီ၏ ဒဏ္ရာကိုၾကည့္ရႈကာ ကုသမႈမ်ားျပဳလုပ္ေပး၏။ သို႔ေသာ္ အလြန္ေနာက္က်သြားခဲ့ျပီ။ အခ်ိန္မီ ေဆးကုသမႈ မရေသာေၾကာင့္ ဖာဂူးနီးေဒဝီမွာ ဆံုးပါးသြားခဲ့သည္။ ဤအျဖစ္ဆိုးမ်ဳိးမွာလည္း ေဂးေလာရြာတြင္ မၾကာခဏၾကံဳရေလ့ရွိသည့္ အျဖစ္မ်ဳိးပင္။
ဆရာဝန္မွာ ဂယာတြင္သာရွိသည္။ ဂယာသို႔သြားရာလမ္းတြင္ ေတာင္တန္းတစ္ခုခံေနသည္။
သို႔အတြက္ ရြာသားတို႔မွာ အခ်ိန္မီ ေဆးကုသမႈ မရေသာေၾကာင့္ မၾကာခဏေသဆံုးၾကရေလ့ရွိ၏။
(သမားရိုးက်မဟုတ္ေသာ လုပ္ေဆာင္မႈ)
ဇနီးျဖစ္သူ ရုတ္တရက္ကြယ္လြန္သြားျပီးေနာက္ ဒက္ရွ္ရက္ မန္ဂ်ီ၏ စိတ္ႏွလံုးတြင္ သမားရိုးက်မဟုတ္ေသာ စိတ္ကူးတစ္ခု ျဖစ္တည္လာသည္။
ဤရြာတြင္ေနလွ်င္ ဤအျဖစ္မ်ဳိးၾကံဳရသည္မွာမဆန္းဟု သာမန္အေတြးအေခၚမ်ဳိးကို မန္ဂ်ီ လက္မခံ။
ဇနီးကို ေသပြဲဝင္ေစခဲ့သည့္ ေတာင္ၾကီးကို မန္ဂ်ီျဖိဳခ်လုိသည္။ မိမိတို႔ မိသားစု၏ အျဖစ္ဆိုးမ်ဳိး ေနာက္ထပ္အျခားသူမ်ား မျဖစ္ေစလို။
ထိုအေတြးကို လက္ေတြ႔အေကာင္အထည္ေဖာ္ရန္ ဒက္ရွ္ရက္ မန္ဂ်ီ ဆံုးျဖတ္လုိက္သည္။
ဇနီးျဖစ္သူဆံုးပါးသြားျပီးေနာက္ေန႔တြင္ပင္ မန္ဂ်ီက သူ၏ ဆိတ္ ၃ ေကာင္ကို ေရာင္းလိုက္၏။
ဆိတ္ေရာင္းရေငြျဖင့္ တူၾကီးတစ္လက္ႏွင့္ ေဆာက္တစ္ခု ဝယ္လိုက္သည္။
ထိုေန႔တြင္ပင္ ေက်ာက္ေတာင္ၾကီးကို စတင္ထြင္းထုျဖိဳခ်မႈ စတင္ျပဳလုပ္ေတာ့သည္။
(သူအလုပ္လုပ္ေနသည့္ ယာေတာတြင္ အလုပ္မရွိသည့္အခါမ်ဳိး၌ ဒက္ရွ္ရက္ မန္ဂ်ီသည္ ေတာင္ျဖိဳသည့္အလုပ္ကို လုပ္ကိုင္ေနေလ့ရွိသည္)
ေန႔စဥ္ေန႔တိုင္း မန္ဂ်ီသည္ နံနက္ ၄ နာရီထကာ အလုပ္ဆင္းရမည့္ နံနက္ ၈ နာရီအထိ ေက်ာက္ေတာင္ျဖိဳ သည့္ အလုပ္သြားေရာက္လုပ္ကိုင္ေလ့ရွိ၏။
မြန္းလြဲ ၁ နာရီဆိုလွ်င္ သူ၏ လယ္ေတာအလုပ္မ်ား အျပီးသတ္သည္။ ထို႔ေနာက္ ထမင္း ကသုတ္ကရက္စားကာ ေက်ာက္ေတာင္ဆီ ျပန္လာေလ့ရွိသည္။
ထို႔ေနာက္ ေဆာက္၊ တူတို႔ျဖင့္ ေမွာင္ရီပ်ဳိးလာသည္အထိ တူးေဖာ္ျဖိဳခ်ေနေလ့ရွိသည္။
ထိုပံုစံအတိုင္း တစ္ေန႔ျပီးတစ္ေန႔၊ တစ္ပတ္ျပီးတစ္ပတ္၊ တစ္လျပီးတစ္လ လုပ္ေဆာင္ေလသည္။
(တုန္႔ျပန္မႈမ်ား)
မန္ဂ်ီက ေတာင္ျဖိဳေနသည့္သတင္းမွာ ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားျပီး ရြာသားမ်ား ေတြးထင္ၾကသည္မွာ မန္ဂ်ီ ရူးသြားျပီဟု ထင္ၾကသည္။ မျဖစ္ႏိုင္သည့္အလုပ္တစ္ခုအေပၚ အခ်ိန္ျဖဳန္းေနသည္ဟု အမ်ားက ယူဆကာ ေလွာင္ေျပာင္ၾကသည္။
၂၀၀၇ ခုႏွစ္အတြင္း အိႏိၵယသတင္းစာတစ္ေစာင္ျဖစ္ေသာ Tehelka က မန္ဂ်ီအား ေတြ႔ဆံုေမးျမန္းမႈ တစ္ခု ျပဳလုပ္ခဲ့သည္။ “ရြာသားအမ်ားစုက ကၽြန္ေတာ့္ကို ျပက္ရယ္ျပဳၾကပါတယ္” ဟု ေတြ႔ဆံုေမးျမန္းခန္းတြင္ မန္ဂ်ီက ေျပာသည္။
၂၀၁၅ ခုႏွစ္သို႔ ေရာက္ေသာအခါတြင္လည္း အိႏိၵယ သတင္းဌာနတစ္ခုျဖစ္ေသာ Milaap က ေတြ႔ဆံုေမးျမန္းမႈ ျပဳလုပ္ခဲ့ရာတြင္ မန္ဂ်ီ၏ တူေတာ္စပ္သူ Dahu Manjhi က ေျပာခဲ့သည္မွာ “လူေတြက မန္ဂ်ီ႕ကို ေျပာၾကတယ္။ သူဘယ္လိုမွ ျပီးေအာင္လုပ္ႏိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကပါတယ္။ စားဝတ္ေနေရး လံုးပန္းေနရတဲ့ လူဆင္းရဲတစ္ေယာက္သာျဖစ္တယ္လို႔ ေျပာၾကတယ္။ မန္ဂ်ီရဲ႕ အကိုကလည္း သူ႔ကို အရူးလို႔ ေခၚပါတယ္။ ဒါေပမယ့္ မန္ဂ်ီကေတာ့ သူ႔ရဲ႕ ရူးသြပ္မႈနဲ႔ပဲ ေတာင္ကိုဆက္ျပီး ျဖိဳခ်ေနဆဲပါ” ဟု ဆိုသည္။
(ေတာင္ကို စျပီးတူးေဖာ္ျဖိဳခ်ခ်ိန္မွာ လူေတြက ကၽြန္ေတာ့္ကို ငမိုက္သားတစ္ေယာက္လို႔ ေခၚၾကတယ္။ ဒါေတြကပဲ ကၽြန္ေတာ့္ဆံုးျဖတ္ခ်က္ကို ပိုျပီးခိုင္မာေစခဲ့တယ္- ဒက္ရွ္ရက္ မန္ဂ်ီ)
မန္ဂ်ီႏွင့္ အရင္းႏွီးဆံုးသူမ်ားကပင္ သူ၏လုပ္ေဆာင္မႈအေပၚ ျပက္ရယ္ျပဳၾကသည္။
သို႔ေသာ္ ဒက္ရွ္ရက္မန္ဂ်ီက မတုန္လႈပ္။ ေတာင္ကိုသာ ဆက္လက္ထြင္းထုျဖိဳခ်မႈ ျပဳလုပ္ေနသည္။
(လမွသည္ ႏွစ္သို႔…)
အခ်ိန္အားျဖင့္ ၄ ႏွစ္ခန္႔ ကုန္လြန္ျဖတ္သန္းသြားသည္။ ဒက္ရွ္ရက္ မန္ဂ်ီကား နံနက္တိုင္း အိပ္ယာေစာစာထကာ ေက်ာက္ေတာင္တိုက္ပြဲကို ဆက္လက္ဆင္ႏႊဲေနျမဲ။
ထိုအခ်ိန္တြင္ကား ရြာသားအခ်ဳိ႕၏ ေလွာင္ေျပာင္မႈမ်ား ရပ္ဆိုင္းသြားသည္။ အဘယ့္ေၾကာင့္ဆိုလွ်င္ မန္ဂ်ီ၏ ေအာင္ပဲြကို ျမင္လာရျပီျဖစ္ေသာေၾကာင့္ပင္။
ေက်ာက္ေတာင္ကုန္း၏ အစိတ္အပိုင္းအခ်ဳိ႕ကို တူးထုတ္လိုက္ႏိုင္ေလျပီ။
ရြာသားအခ်ဳိ႕က တူးေဖာ္ေရးပစၥည္းကိရိယာအခ်ဳိ႕ ဝယ္ေပးျခင္း၊မန္ဂ်ီ၏ မိသားစုအတြက္ အစားအစာေပးျခင္းတို႔ျဖင့္ အကူအညီေပးမႈမ်ားပင္ ျပဳလုပ္လာသည္။
မန္ဂ်ီက အကူအညီမ်ားကို ၾကိဳဆိုလက္ခံျပီး ဆက္လက္တူးေဖာ္၏။ ထြင္း၏။ ျဖိဳခ်၏။
ထိုသို႔ျဖင့္ ၅ ႏွစ္။ ထိုမွသည္ ၁၀ ႏွစ္--။ အႏွစ္ ၂၀ ….ကုန္လြန္သြားသည္။
၂၂ ႏွစ္တာ ၾကာျမင့္ျပီးေနာက္ တစ္ေန႔ေသာအခါတြင္ကား မန္ဂ်ီသည္ သူ၏ရြာကေလးႏွင့္ ဂယာျမိဳ႕အၾကား ဆီးတားပိတ္ဆို႔ထားေသာ ေက်ာက္ေတာင္ကို အျပီးသတ္ထြင္းခ်၊ ျဖိဳခ်ႏိုင္ခဲ့ေလသည္။ မန္ဂ်ီ ေအာင္ႏိုင္ခဲ့ျပီ။
ဒက္ရွ္ရက္ မန္ဂ်ီသည္ Gehlaur ေက်ာက္ေတာင္ၾကီး၏ ေက်ာရိုးကို လက္ခ်ည္းသက္သက္ျဖင့္ ထြင္းခ်၊ ျဖိဳခ်ႏိုင္ခဲ့ျခင္း ျဖစ္၏။ မန္ဂ်ီ ထြင္းထုျဖိဳခ်ခဲ့သည့္ အတိုင္းအတာမွာ အက်ယ္ ေပ ၃၀၊ အျမင့္ ၂၅ ေပ၊ အလ်ား ေပ ၃၆၀ ျဖစ္သည္။
ထုထည္ပမာဏအားျဖင့္ ေက်ာက္တံုးကုဗေပ ၁၃၅၀၀၀ ျဖစ္ျပီး နည္းနည္းခ်င္းသယ္ထုတ္ခဲ့ျခင္း ျဖစ္သည္။
မန္ဂ်ီက ေက်ာက္ေဆာင္မ်ားေပၚတြင္ မီးဖိုကာ ေရေအးျဖင့္ ျငိမ္းသတ္မႈမ်ား မၾကာခဏျပဳလုပ္ေပး၏။ ေက်ာက္ေဆာင္မ်ား ကြဲအက္လာခ်ိန္တြင္ ထြင္းထုတ္မႈမ်ား ျပဳလုပ္၏။
ယခင္က ကာဆီးေနခဲ့ေသာ ေက်ာက္ေတာင္ၾကီး၏ အလယ္ဗဟိုတစ္ေလွ်ာက္ ျပန္႔ျပဴးေသာ လမ္းတစ္ခု ေပၚေပါက္လာကာ ေမာ္ေတာ္ယာဥ္မ်ားပင္ ေမာင္းႏွင္သြားလာႏိုင္ေနျပီ ျဖစ္သည္။
မန္ဂ်ီ၏လမ္းသည္ ေဂးေလာရြာမွ ဂယာျမိဳ႕သို႔ ခရီးအကြာအေဝးကို ၄ ပံု ၁ ပံုခန္႔ျဖစ္သြားေအာင္ ေလွ်ာ့ခ်ေပးလိုက္ႏိုင္သည္။
၁၉၆၀ ျပည့္ႏွစ္မွ စတင္ခဲ့ျပီး ၁၉၈၂ ခုႏွစ္တြင္ အျပီးသတ္ေဖာက္လုပ္ႏိုင္ခဲ့သည့္ လမ္းသည္ မန္ဂ်ီ၏ ရြာကေလးသာမက အနီးဝန္းက်င္ ရြာေပါင္း ၆၀ အတြက္လည္း ဂယာသို႔ ခရီးကိုေလွ်ာ့ခ်လိုက္ႏိုင္ျပီး မူလက ၅၅ ကီလိုမီတာသြားရသည့္ခရီးမွာ ၁၅ ကီလိုမီတာသာ ေဝးကြာေတာ့သည္။
ေက်ာက္ေတာင္ၾကီးကို ၂၂ ႏွစ္ၾကာ ထြင္းေဖာက္ေအာင္ျမင္ျပီးေနာက္ မန္ဂ်ီသည္ ဘီဟာျပည္နယ္ ဝန္ၾကီးခ်ဳပ္ Nitish Kumar ထံ သြားေရာက္ေတြ႔ဆံုခဲ့သည္။ ထုိလမ္းကေလးကို ကတၱရာေလာင္းႏိုင္ေရးအတြက္ ျဖစ္၏။
မန္ဂ်ီေရာက္ရွိသြားခ်ိန္တြင္ ဘီဟာျပည္နယ္ဝန္ၾကီးခ်ဳပ္မွာ သတင္းမီဒီယာတို႔ႏွင့္ ေတြ႔ဆံုေနခ်ိန္ျဖစ္သည္။
ဝန္ၾကီးခ်ဳပ္ Nitish က မန္ဂ်ီ၏ လုပ္ေဆာင္ခ်က္ကို သိလိုက္ရခ်ိန္တြင္ မ်ားစြာေလးစားသြားျပီး သူ၏ ထိုင္ခံုတြင္ ထိုင္ကာ သတင္းမီဒီယာမ်ားအား စကားေျပာေပးရန္ ဖိတ္ေခၚခဲ့သည္။
ဇာတ္နိမ့္၊ ဇာတ္ျမင့္ခြဲျခားမႈ အလြန္ျပင္းထန္ေသာ အိႏိၵယတြင္ ဝန္ၾကီးခ်ဳပ္၏ ႏွိမ့္ခ်မႈမွာလည္း ေျပာစမွတ္တြင္ခဲ့သည္။
(ရထားစီးခြင့္မရ)
တခါကလည္း မန္ဂ်ီသည္ နယူးေဒလီသို႔ ရထားျဖင့္သြားရန္ စီစဥ္ရာ ရထားတာဝန္ရွိသူမ်ားက စီးခြင့္မေပးေသာေၾကာင့္ မန္ဂ်ီသည္ ရထားလမ္းအတိုင္း လမ္းေလွ်ာက္သြားခဲ့သည္ဟုဆိုသည္။
(ေက်ာင္းသံုးစာအုပ္တြင္ ျပဌာန္း)
အိႏိၵယ၏ အနာဂတ္မ်ဳိးဆက္တို႔အေနျဖင့္ မန္ဂ်ီ၏ ခိုင္မာသည့္စိတ္ဓာတ္ကို စံနမူနာယူႏိုင္ၾကေစရန္ မန္ဂ်ီ၏ ဘဝဇာတ္ေၾကာင္းကို ေက်ာင္းသံုးစာအုပ္မ်ားတြင္ ထည့္သြင္းျပဌာန္းထားသည္။
(ကြယ္လြန္ျခင္း)
မန္ဂ်ီသည္ ဘီဟာျပည္နယ္ဝန္ၾကီးခ်ဳပ္ႏွင့္ေတြ႔ဆံုျပီး မၾကာမီ ကင္ဆာေဝဒနာျဖင့္ ၂၀၀၇ ခုႏွစ္၊ ၾသဂုတ္လ ၁၇ ရက္တြင္ ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၃ ႏွစ္ရွိျပီ ျဖစ္သည္။
မန္ဂ်ီေဖာက္ခဲ့ေသာ လမ္းကိုလည္း သူ၏ အမည္ပင္ေပးထားသည္။
(ရုပ္ရွင္ရိုက္ကူးျပီ)
မန္ဂ်ီ၏ ဘဝဇာတ္ေၾကာင္းကို Manjhi- The Mountain Man အမည္ျဖင့္ ရုပ္ရွင္ရိုက္ကူးခဲ့ျပီး ၂၀၁၅ ခုႏွစ္၊ ၾသဂုတ္လ ၂၁ ရက္တြင္ ရံုတင္ျပသခဲ့ရာ ဝင္ေငြ ရူပီးသန္း ၁၈၀ ခန္႔ ရရွိခဲ့သည္။
(မန္ဂ်ီေဖာက္လုပ္ခဲ့ေသာ လမ္း၏ တည္ေနရာ)
24°52'37.5"N 85°14'34.6"E
သင္သည္ ဘဝတြင္ ၾကီးမားေသာ အခက္အခဲအတားအဆီး ေတာင္ကုန္း၊ ေတာင္တန္းၾကီးမ်ားႏွင့္ ရင္ဆိုင္ေနရသူဆိုပါက မန္ဂ်ီ၏ ဇြဲလံု႔လကို ျပန္လည္သတိရလိုက္ပါ။
မည္မွ်ၾကီးမားခက္ခဲသည့္အလုပ္ျဖစ္ပါေစ ေန႔စဥ္မွန္မွန္ၾကိဳးစားလုပ္ေဆာင္သြားမည္ဆိုပါက တစ္ေန႔တြင္ မုခ်ေအာင္ျမင္ရမည္သာ ျဖစ္သည္။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: The Man Who Moved a Mountain .. (thetrumpet)